ကျွန်တော်နှင့်လမ်း အတွေးများ (၁)
လမ်းပြသူ
^^^^^^^^^^^^^^^^^^
* ညီလေး ဒီထဲက လိပ်စာကို ဘယ်လိုသွားရလဲ
@ ဟုတ်ကဲ့အကို ဒီလမ်းအတိုင်းတည့်တည့်သွား လမ်းဆုံရောက်ရင် ညာကွေ့ …. အိမ်အမှတ်ရေပြီးသွားလိုက်ပါအကို..
* ဟာ… ဒီလမ်းကတည့်မှမတည့်တာ ဘယ်ဘက်ကြီးကို ကွေ့သွားလေ .. ညီလေးရဲ့
@ အဲ….. အကိုရ ဒီလမ်းကကွေ့တာမဟုတ်ဘူးလေ ကောက်နေတာ… ညီပြောတာ ဒီလမ်းအတိုင်း #%^@
ကျွန်တော်တို့ဟာ တစ်ခါတစ်ရံ လမ်းပြသူတွေ ဖြစ်ခွင့်ရပါတယ်… အသက်ကြီးတာငယ်တာနဲ့မဆိုင်ပါဘူး အတွေ့အကြုံနဲ့ပဲဆိုင်တာပါ.. အရင်တွေ့ကြုံဘူးတဲ့သူက ပြန်ပြောပြတာပါ… လမ်းပြတယ်ဆိုတာ ဒီလမ်းရောက်ဘူးလို့ပေါ့… ကျွန်တော်အများဆုံး လမ်းပြရတဲ့ အတွေ့အကြုံတွေဆိုရင် ဘယ်ဖုန်းဝယ်ရင်ကောင်းမလဲ
ဘယ် ကွန်ပျူတာက သုံးလို့အကောင်းဆုံးလဲ … စသည်ဖြင့် … စသည်ဖြင့်ပေါ့
တခြားသူတွေလည်း ဒီလိုမျိုးဆင်တူသော လမ်းပြမှုမျိုးကို နေ့စဉ်လုပ်နေကြတာပါပဲ.. နောက်လည်း တွေ့ရမှာပါ
ကိုယ့်လမ်းကိုယ်သွားမှာကို မသွားပဲ ရစ်နေတဲ့သူမျိုးအတွက်တော့ ကျွန်တော် အချိန်အကုန်မခံလိုပါ… ဒါကြောင့်
@ အကိုရေ ကျွန်တော်စောစောက ပြောကတည်းက ဒီလမ်းအတိုင်းတည့်တည့်သွားပါလို့ပြောပြီးပြီ လမ်းဆုံရောက်ရင် ညာကွေ့ဖို့လဲပြောပြီးပြီ သွားတာမသွားတာ အကို့သဘောပဲ ကျွန်တော်တော့ သွားပြီ
* ဟာ… ငါ့ညီကလည်း စိတ်ချည်းပဲ… နေပါဦးကွ …
ကျွန်တော့်မှာ လမ်းပြဖို့သာ တာဝန်ရှိပါတယ် သွားချင်းမသွားချင်းက ကျွန်တော်နဲ့မဆိုင်ပါ.. ဆိုင်တယ်လို့လဲမသတ်မှတ်ပါ.. ဒီလိုကိစ္စမှာ ကျွန်တော် (စိတ်ကြီးပါတယ်)
သူရိန်သစ်
No comments:
Post a Comment