ကျွန်တော်နှင့်လမ်း အတွေးများ (၂)
လမ်းလျောက်သူ
* ဟေ့… ညီလေး ဘယ်လဲ
@ လမ်းလျောက်အကိုရေ
* အကိုမေးတာက ဘယ်ကိုသွားမှာလဲရဲ့အတိုကောက် ဘယ်လဲလို့မေးတာလေ
@ အေ့လေ… ကျွန်တော်လဲ လမ်းလျောက် တယ်လို့ဖြေပြီးပြီလေ
* မင်းကို ဘာလုပ်နေလဲလို့မေးတာမဟုတ်ဘူး…. ဘယ်သွားမလဲ. $#@%$#@
တခါတရံ ကျွန်တော်တို့က ရည်ရွယ်ချက် ၁ ခုခုနဲ့ လုပ်နေတဲ့ အလုပ်တစ်ခုကို တခြားသူက သူ့ရဲ့ အတွေ့အကြုံနဲ့ နားမလည်တဲ့အခါ ကျွန်တော်တို့တွေ စိတ်ဆိုး စိတ်ကောက်ခံရနိုင်ပါတယ် ကျွန်တော့်အတွက်က လမ်းလျောက်ခြင်းဟာ လေ့ကျင့်ခန်းတစ်ခုဖြစ်ပြီး
သူ့အတွက်က တနေရာရာကို သွားဖို့ဖြစ်ပါတယ်။ လုပ်ရပ်တူပါတယ်။ ရည်ရွယ်ချက်မတူပါ။ ဒီတော့ ခံစားချက်မတူပါ။ ဒီလိုအခြေအနေမှာ ကျွန်တော် ရန်သူတစ်ယောက်မဖြစ်လိုပါ ဒါကြောင့်
@ အကိုရယ် ကျွန်တော်က ဟိုနားဒီနားပါဗျာ .. ကိုယ့်စိတ်ကူးနဲ့ကိုယ်ဆိုတော့ ရုတ်တရက် ဖြေမိဖြေရာဖြေလိုက်တာပါဗျာ သွားပြီနော်အကို….
.
တချို့လူတွေကို မလိုအပ်တာတွေ ရှင်းပြခြင်းဖြင့် အချိန်ကုန်မှာ နှမျှောမိပါတယ် ဒါကြောင့် ကျွန်တော်
(ရူးချင်ယောင် ဆောင်ပါတယ်)
သူရိန်သစ်
No comments:
Post a Comment