Tuesday, February 16, 2016

ရုပ်တူရင် ညားမယ်

"ရုပ်တူရင် ညားမယ်" တဲ့...

ချစ်သူနှစ်ဦး ကြာလေကြာလေ ရုပ်တူလေ ဆိုတာ -

သူတို့ရည်းစားစဖြစ်ကတည်းက ရုပ်တူတဲ့သူကိုပဲ ရှာရွေးကြိုက်ခဲ့တာလားလို့ သံသယဖြစ်ဖွယ်ရှိတယ်..

အချို့ကပြောကြတယ်..

နောက်ဆုံးတော့ လူတွေက ကိုယ့်ကိုယ်ကိုပဲ အချစ်ဆုံးတဲ့.. ကြည့်လေ.. ချစ်သူရွေးတာတောင် ကိုယ်နဲ့ တူတဲ့သူကိုရွေးထားကြတယ်တဲ့.. (သူ့မြင်တိုင်း ကိုယ့်ရုပ်ကိုယ် မှန်ကြည့်သလိုပေါ့... )

အချို့ကျတော့ပြောတယ်..

သူတို့နှစ်ယောက်က ကိုယ့်အခြမ်းကိုယ် ရှာတွေ့သွားတာတဲ့..

အချစ်ဗီးနပ်(စ်) နတ်မင်းကြီးက ကမ္ဘာဦးအစထဲက လူတစ်ယောက်ဆီက နံရိုးတစ်ချောင်းထုတ်ပြီး မိန်းမတစ်ယောက်ဖန်ဆင်းပြီး လူတွေကြားထဲမှာလျှောက်ရောထည့်လိုက်ပြီး အသက်ကြီးလာတော့ အဲလူနှစ်ယောက်ကို ပြန်ရှာခိုင်းတာတဲ့... ( ယုံတမ်းပေါက်ကရတွေ.. လျှောက်မယုံနဲ့သက်လား..
😂
😂
😂
)

အမှန်မှာ အဲလိုမဟုတ်ဘူး..

သိပ္ပံပညာရှင်တွေပြောတာက သူတို့ ချစ်သူ့သက်တမ်းတစ်လျှောက် စားတာတူတယ်.. သွားတာတူတယ်.. ခံစားချက်ချင်းတူတယ်... (သူငိုရင် ကိုယ်ငိုတယ် .. သူရယ်ရင် ကိုယ်ရယ်တယ် ) တစ်ဦးကို တစ်ဦးရိုင်းပင်းကူညီတယ်၊ တစ်ဦးကို တစ်ဦး နှစ်သိမ့်အားပေးတယ်.. ၊ အတွေးချင်းတူတယ်.. ကိုယ့်စိတ်ထဲကအကြောင်းသူနဲ့ တိုင်ပင်ရင်း တိုင်ပင်ရင်းနဲ့ သွေးလေတူပြီး Gene တွေဆင်သလိုဖြစ်လာပြီး ရုပ်တွေတဖြည်းဖြည်းနဲ့ တူလာကြတာတဲ့...

Valentine's day ဗဟုသုတ present ပေါ့
credit to Nann amara linn

No comments:

Post a Comment