Wednesday, April 30, 2014

ethics ကောင်းအောင်မွေးယူပါ

ethics ကောင်းအောင်မွေးယူပါ
*************************
ပြီးခဲ့တဲ့တစ်၇က်လောက် Message ပို့မေးလာလို့ပါ... ခုမှခဏအားလို့ ပြန်ဖြေပေးလိုက်တာပါ...

လူရယ်လို့ဖြစ်လာရင် ethics ကိုမဖြစ်မနေမွေးယူသင့်တယ် ...
၁။ လက်တစ်ကမ်းက ပစ္စည်းကိုလိုချင်တာကို ကိုယ်တိုင်ထယူပါ ... ဘေးလူမခိုင်းလိုက်ပါနဲ့ ... အဲ့ဒါ မိမိကိုယ်တိုင်နိုးကြွခြင်းအတွက်ပါ...
တကယ်လက်တွေ့လေ့ကျင့်ကြည့်ပါ... ထင်သလောက်မလွယ်ဘူးနော် ...
၂။ မှားလိုက်ရင် ချက်ခြင်းတောင်းပန်ပါ ..... ဘယ်လိုအဆင့်ပဲဖြစ်ဖြစ် မှားတာကို မှားတယ်လို့ ၀န်ခံရဲရမယ် ... အဲ့ဒါ မိမိကိုယ်ကို ပြင်ဆင်တတ်ခြင်းအတွက်ပါ ...
၃။ ဘယ်သူမှမရှိတဲ့နေရာမှာရောက်နေပါစေ.. သူတစ်ပါးပစ္စည်းကို မထိမိပါစေနဲ့ ..
သူများအိမ်သွားလည်တယ် .... အိမ်ရှင်က လက်ဖက်ရည်ထဖျော်နေချိန် ခပ်လှမ်းလှမ်းက ဂျာနယ်ကိုပင်ယူမဖတ်ပါနဲ့... အိမ်ရှင်ပြန်ရောက်လာမှ ထယူဖတ်ပါ ...
အဲ့ဒါကတော့ အမှတ်တမဲ့စိတ်ကို မမွေးမိအောင် ကျင့်ယူတာပါ ...
၎။ စည်းကမ်းဆိုတာကို နေရာတိုင်းမှာရှာယူပါ ....
ဥပမာ - တန်းစီရမယ့်နေရာတိုင်းမှာ နေရာကျော်မယူမိပါစေနဲ့ ....
၅။ လိုတာထက်ပိုမယူပါနဲ့ ....
တန်သင့်သလောက်သာ ရယူပါ။ ပစ္စည်းဝယ်ပြီးပြန်အမ်းတဲ့အခါ မှားပြီး ငွေပိုပါလာရင် ချက်ခြင်း ပြန်ပေးတာမျိုးတွေ၊ ၁၀၀ တန်မှန်းသိရဲ့သားနဲ့ ၉၀ ထားပါလို့ ချိုးနှိမ်ပြီး ရယူတာတွေ မလုပ်မိပါစေနဲ့ ... နေ့တိုင်း ၃၀၀၀ တန်ခရီးကို Taxi ငှားစီးနေကြကို ကားသမားက အရင်ဘယ်လောက်ပေးနေရလဲလို့ မေးလိုက်တာနဲ့ ၂၅၀၀ ဆိုပြီး မတန်တာကို မပေးမိပါစေနဲ့ ....
အဲ့ဒါ မတော်တရား ရလိုစိတ်ကိုမမွေးမြူတာပါ..

ဒီငါးချက်ကိုအရင်လေ့ကျင့်ကြည့်ပါ ethics ကောင်းသူဖြစ်လာမှာပါ ...

အမှတ်တရ
သန်းထိုက်

No comments:

Post a Comment