ယနေ့ကျွန်ုပ်တို့၏ ကမ္ဘာကြီးမှာ-
(၁) အချစ်စစ်တွေဈေးကြီးပြီး လိင်မှုကိစ္စတွေဈေးပေါနေသည်။
(၂) Galaxy S4 တစ်လုံးကို ဆုံးရှုံးခြင်းက အပျိုစင်ဘဝကို ဆုံးရှုံးခြင်းထက် ပိုမိုနာကျင်လာနေသည်။
(၃) သင်၏ချစ်သူအား မလှည့်စားတတ်ပါက သင်သည် ပါးနပ်ပြီး ဆွဲဆောင်မှုရှိသောသူ မဖြစ်နိုင်သောနေရာ ဖြစ်လာနေသည်။
(၄) သန့်စင်ခန်းသည် တဖြည်းဖြည်းနှင့် ဓာတ်ပုံစတူဒီယို ဖြစ်လာနေသည်။
(၅) iPhone ပိုင်ဆိုင်ခြင်းက BSc ဘွဲ့ပိုင်ဆိုင်ခြင်းထက် ပိုမိုကြီးကျယ်လာနေသည်။
(၆) Google ကို ကျွမ်းကျင်စွာ သုံးတတ်ခြင်းက ဘွဲ့ရခြင်းထက် ပိုမိုတောက်ပသော အနာဂတ်ကို ပိုင်ဆိုင်လာနေသည်။
(၇) ဘုရားကျောင်းကန်ဟာ အတွဲတွေချိန်းတွေ့တဲ့ နေရာတစ်ခု ဖြစ်လာနေသည်။
(၈) Facebook ကို သုံးစွဲခြင်းက ကျောင်းသုံးဖတ်စာအုပ်ကို သုံးစွဲခြင်းထက် ပိုမိုအရေးကြီးလာနေသည်။
(၉) မကောင်းမှုတွင် မွေ့လျော်မှုက ဘာသာတရားလိုက်စားမှုထက် ပိုမိုရေပန်းစားလာနေသည်။
(၁ဝ) လိမ်ညာမှုတို့သည် အမှန်တရားထက် ပိုမို မျက်နှာသာပေးခံလာရသည်။
(၁၁) မိန်းကလေးများသည် ကိုယ်ဝန်ရှိခြင်းကို HIV ပိုးရှိခြင်းထက် ပိုမိုကြောက်ရွံ့လာနေသည်။
(၁၂) ပီဇာပို့သည့်ကားသည် အရေးပေါ်လူနာတင်ကားထက် ပိုမိုမြန်ဆန်လာနေသည်။
မှတ်ချက်။ ။ ရှုထောင့်တစ်ခုမှသာ ရသတစ်ခုအနေဖြင့် ရေးသားထားခြင်းဖြစ်ပြီး ကမ္ဘာကြီးအား အဆိုးမြင်နေခြင်း မဟုတ်ပါ။
No comments:
Post a Comment