Wednesday, April 30, 2014

မှတ်ပီလား (ဟာသ)

 မှတ်ပီလား

ပန်းခြံထဲထိုင်ပြီး ပီတာလေး ချောကလက်တစ်ခုပြီး တစ်ခုစားသည်။
ခြောက်ခုမြောက်ရောက်လာသောအခါ ခပ်လှမ်းလှမ်းက ခုံတွင် ထိုင်နေသောလူကြီးက
ပြောသည်။
" ချာတိတ်၊ ချောကလက် သိပ်စားတာ မကောင်းဘူးကွ၊ သွားပိုးစားမယ်၊ ကြီးလာရင်
ထိပ်ပြောင်မယ်ကွဲ့ "
" ဒါပေမယ့် ကျွန်တော့်အဘိုး အသက် 106နှစ် အထိ နေသွားတာပဲ"
" ဘာလဲ၊ သူလဲ မင်းလိုပဲ တစ်နေ့ကို ချောကလက် ခြောက်ခုစားသလား "
" ဟင့်အင်း၊ ကိုယ်နဲ့မဆိုင်တဲ့ ကိစ္စမှာ ဘယ်တော့မှ ဘာမှ ၀င်မပြောလို့”


 

No comments:

Post a Comment