Wednesday, April 30, 2014

ဆရာမ ပြောတဲ့ " အချစ် "

ဆရာမ ပြောတဲ့ " အချစ် "
===============
ကျောင်းသား တစ်ယောက်က ဆရာမကို အချစ် ဆိုတာ ဘာလဲလို့ မေးလိုက် ပါတယ်။ ထိုအခါ ဆရာမက အဲဒီ အဖြေကို ဖြေဖို့အတွက် မင်း ငါခိုင်းတဲ့ အတိုင်း လုပ်ပါ။ ဂျုံခင်း တစ်ခုကို သွားပြီး အရှည်ဆုံး ဂျုံပင်ကို ငါ့ဆီကို ယူလာ ခဲ့လို့ ပြောလိုက်တယ်။

ကျောင်းသား လေးက ဂျုံခင်းသို့ သွားတယ်။ ရောက်ရောက်ချင်း မှာပဲ ဂျုံခင်း စပ်မှ အရှည်ဆုံး အပင်လို့ ထင်ရတဲ့ ဂျုံပင်ကို နုတ်လိုက်တယ်။ သို့သော် လည်းပင် ကျောင်းသား လေးဟာ သူ့ထက် ရှည်တယ်လို့ ထင်ရတဲ့ ဂျုံပင်ကို ထပ်ပြီး တွေ့ပြန်တယ်။ ဂျုံခင်း တစ်ဝက်လောက် ရောက်နေသည့် တိုင်အောင် သူ့မှာ ရွေးချယ်လို့ မရ ဖြစ်နေ ပါတယ်။ ဟိုအပင် ကြည့်တော့လည်း ပိုရှည်သလိုလို ဒီအပင် ကြည့်တောာ့လည်း ရှည်သ လိုလို ဖြစ်နေ ပါတယ်။

ဂျုံခင်း အဆုံးကို ဆက်ပြီး မသွား တော့ဘူးလို့ ကျောင်းသားလေး ဆုံးဖြတ် လိုက်တယ်။ ဒါကြောင့် အလယ်မှာပဲ သူ့အတွက် အရှည်ဆုံးလို့ ထင်ရတဲ့ ဂျုံပင်ကို ရွေးချယ် လိုက်ပါ တော့တယ်။

ထို့နောက် သူ့ဆရာမ ထံသို့ ပြန်လာခဲ့ ပါတယ်။ ဆရာမ ဖြစ်သူက အဲဒါ အချစ်ပဲလို့ ပြောလိုက် ပါတယ်။ သို့သော် လည်းပဲ တစ်ခါ တစ်လေမှာ ကိုယ့်ရွေးချယ် လိုက်တဲ့ အရာထက် ကောင်းတဲ့ ဟာတွေ ရှိပါ သေးလားလို့ စိတ်ထဲမှာ မကျေ မနပ် ဖြစ်နေတတ် တယ်လို့ ဆရာမက ပြောလိုက် ပါတယ်။

သင်ခန်းစာ - အချစ်ဆိုတာ တကယ်တော့ ကိုယ့်အတွက် အကောင်းဆုံး ဖြစ်စေမယ့် ရွေးချယ်မှု တစ်ခု ဖြစ်ပါ တယ်။

ရိုးရာလေး

No comments:

Post a Comment