ပျားရည်သောက်ရန် သင့်တော်သူများနှင့် မသင့်တော်သူများ
-----------------------------------------
ပျားရည်သောက်တော့မယ်ဆိုရင် နံနက်စောစော အိပ်ယာထချိန်ဖြစ်တဲ့ ဝမ်းဗိုက်ထဲမှာ ဘာအစာမျှမရှိ တဲ့အချိန်ဟာ ပျားရည်သောက်ရန် အသင့်တော်ဆုံးအချိန်ပဲ ဖြစ်ပါတယ်။ သို့မဟုတ် ညစာမစားခင် နှစ် နာရီခန့်အလိုနဲ့ ညအိပ်ယာဝင်ခါနီးချိန်တွေမှာလည်း သောက်ပေးနိုင်ပါတယ်။ အရွယ်ရောက်ပြီးသူ လူတစ်ယောက်ဟာ ပျားရည်ကိုတစ်နေ့လျှင် လက်ဘက်ရည်ဇွန်း နှစ်ဇွန်းထက်ပို၍ မသောက်သင့်ပါ ဘူး။ ဆေးညွှန်းပမာဏမှာ တစ်ကြိမ်သောက်တိုင်း ကြက်သီးနွေးခန့်ပူသော ရေနွေးဖြူတစ်ဖန်ခွက်နှင့် ပျားရည်စစ်စစ်တစ်ဇွန်း (လက်ဖက်ရည်ဇွန်းအရွယ်) ဖြစ်ပါတယ်။ ၎င်းဖျော်ရည်ကို အကြာကြီးအအေး ခံမထားသင့်ဘဲ ချက်ချင်းသောက်ပေးသင့်ပါတယ်။
ပျားရည်သောက်ရန် သင့်တော်သူများ
(၁) နို့တိုက်မိခင်များ
မီးဖွားပြီးစနှင့် နို့ချိုတိုက်ချိန်များမှာ ပျားရည်စားသင့်ပါတယ်။ အထူးသဖြင့် မီးဖွားပြီစ သွေးသားနုချိန်မှာ ပျားရည်ကို အရက်နှင့်ရော၍ သောက်ပါ။ အမျိုးသမီးများ ဓမ္မတာရာသီလာချိန်မှာလည်း ပျားရည် သောက်သင့်ပါတယ်။
(၂) ကင်ဆာ ရောဂါသည်များ
အရိုးကင်ဆာနှင့် အဆာအိမ်ကင်ဆာ ဝေဒနာသည်များဟာ သဘာဝနှစ်ချို့ပျားရည်စစ်စစ်နှင့် သစ်ကြ ပိုးခေါက်မှုန့်တို့ကို လက်ဖက်ရည်ဇွန်းတစ်ဇွန်းကျ ပမာဏစီ ဆတူရော၍ ၎င်းဆေးညွှန်းအတိုင်း တစ် နေ့လျှင် သုံးကြိမ်နှုန်းဖြင့် အစာမစားမီ နာရီဝက်အလို သို့မဟုတ် အစာစားပြီးနောက် နာရီဝက်အကြာ မှာ သောက်သုံးပေးရပါမယ်။ အထူးသတိပြုရန်မှာ ဆေးသောက်ပြီးတဲ့အခါ သောက်ရေအေးတစ်ဖန် ခွက်သောက်ပါ (ရေခဲရေနှင့် ရေနွေးပူတို့မဟုတ်ပါ။)ျ
(၃) အပူကန် လည်ချောင်းနာသူများ
ပျားရည်ဟာ အပူဓာတ်ရှိတာကြောင့် ကိုယ်တွင်းအပူဓာတ်များသူတွေက ပျားရည်သောက်ရန်သင့်၊ မသင့် ဒွိဟဖြစ်နေကြပါတယ်။ တကယ်တော့သောက်လို့ရပါတယ်။ အပူကန်လည်ချောင်းနာသူများဟာ ပျားရည်ကို ရှောက်ရည်ညှစ်၍ သောက်သုံးခြင်းဖြင့် အပူငြိမ်း၍ ရောဂါပျောက်စေပါတယ်။
(၄) ချောင်းဆိုးနေသူများ
ချောင်းဆိုနေသူများအတွက် ပျားရည်က ဆေးကောင်းတစ်ခွက်ပါပဲ။ ဆေးသောက်ရန်အသင့်တော်ဆုံး အချိန်ကတော့ နံနက်အိပ်ယာထ ဘာမျှမစားခင်ဖြစ်ပြီး၊ ရေနွေးဖြူတစ်ဖန်ခွက်ထဲကို ပျားရည်လက် ဖက်ရည်ဇွန်း တစ်ဇွန်းထဲ့၍ ဖျော်သောက်ပေးရမှာပါ။ တဖန်နှာစေး၊ ချောင်းဆိုးခြင်းအတွက် ပျားရည်ကို ရှောက်ရှည်၊ သို့မဟုတ် သံပုရာရည်ဖြင့် ဆတူရော၍ သောက်ပါ။
(၅) အသက်တစ်နှစ်နှင့်အထက် ကလေးငယ်များ
(က) ကလေးငယ်များ ချွဲကျပ်၊ ရင်ကျပ်ဖြစ်ရင် ပျားရည်ကိုသံပုရာရည်ဖြင့် ဆတူရော၍ တိုက်ပါ။
(ခ) ကလေးငယ်များ ဝမ်းပျက်၊ ဝမ်းလျောခြင်းအတွက် ပျားရည်အနည်းငယ်ကျွေးပါ။
(ဂ) ပျားရည်က စိတ်ကိုထိန်းပေးနိုင်သော အစွမ်းသတ္တိရှိ၍ အိပ်ရာထဲအပေါ့စွန့်တတ်သော ကလေး များကို ညအိပ်ယာဝင်ခါနီး ပျားရည်ကျွေးပေးခြင်းဖြင့် အပေါ့အပါးမသွားအောင် ဟန့်တားနိုင်ပါတယ်။
(ဃ) ကလေးငယ်များ သူငယ်နာအကြောဆွဲ၍ သေလုမျောပါးဖြစ်နေရင် ပျားရည်ကျွေးပေးခြင်းဖြင့် အသက်ချမ်းသာရာ ရနိုင်ပါတယ်။
(င) တုတ်ကောင်၊ သန်ကောင် ရှိသောကလေးငယ်များကို နာနတ်သီးကို ပျားရည်ဖြင့်နယ်၍ ကျွေး ပါ။ သို့မဟုတ်ပျားရည်နှင့် အုန်းနို့ရောစပ်၍ တိုက်ပါ။
ပျားရည်သောက်ရန် မသင့်တော်သူများ
(၁) အသက်တစ်နှစ်အောက် ရင်ခွင်ပိုက် ကလေးငယ်များ၊ ပျားရည်ထဲမှာ Microorganisms လို့ ခေါ်တဲ့ Clostridium ဗက်တီးရီးယားပိုးငယ်လေးတွေ မြောက်များစွာပါရှိနေကြပါတယ်။ အရွယ်ရောက် ပြီးသူများ၏ အစာချေလမ်းကြောင်းက ၎င်းဗက်တီးရီးယားများကို ကောင်းစွာချေဖျက်နိုင်သော်လဲပဲ ကလေးငယ်များအတွက်ကတော့ အစာချေလမ်းကြောင်းမှာ သွေးခဲ၍အစာအဆိပ်သင့် ဝေဒနာကိုဖြစ် စေပါတယ်။
ဒါကြောင့်အသက်တစ်နှစ်အောက် ရင်ခွင်ပိုက်ကလေးငယ်များကို ပျားရည် (လုံးဝ) မကျွေးသင့်ပါဘူး။
(၂) ကိုယ်ဝန်ဆောင် မိခင်လောင်းများ
Botulinumtoxin (ခေါ်) ပျားရည်ထဲရှိ ဗက်တီးရီးယားပိုးမှ စွန့်ထုတ်ပစ္စည်းများ အဆိပ်တစ်မျိုးကြောင့် ကိုယ်ဝန်သည်တွေက ပျားရည်သောက်ရန် သင့်လား၊ မသင့်ဘူးလားဆိုတာကို ဝေခွဲမရဖြစ်နေကြပါ တယ်။ အရွယ်ရေစက်ပြီးသူ တစ်ယောက်ဟာပျားရည်သောက်ပြီးနောက်၊ ခန္ဓာကိုယ်၏ ဇီဝကမ္မဖြစ်စဉ် ကပျားရည်ထဲမှာပါရှိတဲ့ Botulinumtoxin အဆိပ်ကို အလိုအလျောက် ဖယ်ရှားသုတ်သင်ပေးလေ့ရှိပါ တယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်များ ပျားရည်သောက်လို့ရပါတယ်။ ပဋိသန္ဓေသားကိုလည်း လုံးဝ ဘေးဥပဒ်မဖြစ်စေနိုင်ပါဘူး။ သို့သော်မိခင်လောင်းအများစုဟာ ကိုယ်ဝန်ဆောင်နေစဉ်မှာ သွေးထဲရှိ သကြားပမာဏ မြင့်တက်လေ့ရှိကြပါတယ်။ ပျားရည်ထဲမှာလည်း Fructose သကြားပမာဏမြင့်မားစွာ ပါရှိနေတာကြောင့် ကိုယ်ဝန်သည်များအနေဖြင့် ပျားရည်မစားတာ ဘေးအကင်းဆုံးပဲ ဖြစ်ပါတယ်။
(၃) ဆီးချို သွေးချို ရောဂါသည်များ
ပျားရည်ထဲမှာ Fructose နှင့် Glucose တို့ဓာတ်တွေ ပြည့်ဝတူညီစွာပါရှိနေပါတယ်။ ဒါကြောင့် ဆီးချို သွေးချိုရောဂါသည်များနှင့် သွေးထဲမှာ Glucose ပြဿနာရှိနေသူများဟာ ပျားရည်စားသုံးခြင်းမှ အထူးရှောင်ရှားရပါမယ်။
(၄) ကိုယ်အလေးချိန် လျော့ချလိုသူများ
ပျားရည်နဲ့သကြားညို (သဘာဝသကြား) တို့ကို နှိုင်းယှဉ်ကြည့်ပါက လက်ဖက်ရည်ဇွန်း တစ်ဇွန်းစာ ပမာဏစီရှိကြသော ပျားရည်ထဲတွက် ကယ်လိုရီ ၂၂ ပါရှိနေပြီး၊ သကြားထဲတွင် ကယ်လိုရီ ၁၆ ပါရှိနေ ပါတယ်။ ဒါကြောင့်ပျားရည်ဟာ ကယ်လိုရီတက်စေတာကြောင့် ကိုယ်အလေးချိန် လျှော့ချလိုသူများအ နေဖြင့် ပျားရည်မသောက်သင့်ပါဘူး။
ပျားရည် သံပုရာကို သောက်ခြင်းဖြင့် ရရှိလာမည့် ကျန်းမာရေး အကျိုးကျေးဇူးများ
ရေနွေးဖြူ တစ်ဖန်ခွက်ထဲကို ပျားရည်နှင့် သံပုရာရည်တို့အား လက်ဖက်ရည်ဇွန်း တစ်ဇွန်းကျစီရော၍ နံနက်အိပ်ရာထ ဗိုက်ထဲမှာ ဘာအစာမျှမရှိခင်မှာ သောက်ပေးရမှာဖြစ်ပါတယ်။
၎င်းဆေးပျားရည်ကို သောက်ပေးခြင်းဖြင့် တစ်နေ့တာလုံး အစာကျေညက်စေခြင်း၊ အူသိမ်အူမထဲမှ ချွဲအကျိ အရိအရွဲများကျစေခြင်း၊ အူမကြီးကို သန့်စင်သက်သာစေခြင်း၊ ကိုယ်အလေးချိန်ကျစေခြင်း၊ စိတ်ဖိစီးမှုတွေ ပြေပျောက်စေခြင်း၊ ကိုယ်ခံစွမ်းအားကို တိုးတက်မြင့်မားလာခြင်း၊ ဆီးပုပ်များသက်ဆင်း ၍ ဆီးလမ်းကြောင်းကို သန့်စေခြင်း၊ ခံတွင်းရနံ့သင်းပျံ့ခြင်း၊ ခန္ဓာကိုယ်အနံ့ဆိုးထွက်ခြင်းမှ ကာကွယ် ပေးခြင်း၊ အသားအရည်ဝင်းပကြည်လင်ခြင်းစတဲ့ ကျန်းမာရေးအကျိုးကျေးဇူးကို ရရှိနိုင်မှာဖြစ်ပါတယ်။
ကြေးမုံသတင်းစာ၏
စက်တင်ဘာလ (၂၅) ရက်၊ ၂၀၁၅ ခုနှစ်
No comments:
Post a Comment