Saturday, January 2, 2016

မီလ်ံနာေတြဆီက အံ့အားသင့္ဖြယ္ သင္ခန္းစာ ၇ ခု

မီလ်ံနာေတြဆီက အံ့အားသင့္ဖြယ္ သင္ခန္းစာ ၇ ခု

လြန္ခဲ့တဲ့ ႏွစ္ႏွစ္ သံုးႏွစ္အတြင္းက စြန္႔ဦးတီထြင္သူ၊ မီလ်ံနာေပါင္း ၆၅
ေယာက္ကို လုပ္ငန္းေအာင္ျမင္မႈအေၾကာင္းကို entrepreneur.com
အဖြဲ႔ေတြက အင္တာဗ်ဴးေတြလုပ္ခဲ့ပါတယ္။ သူတုိ႔ဟာ ဒီသန္းၾကြယ္သူေဌး
ေပါင္းမ်ားစြာကို အင္တာဗ်ဴးခဲ့စဥ္မွာ ေအာင္ျမင္မႈနဲ႔ပတ္သက္ၿပီး
ပတ္သက္ၿပီးေတာ့ရခဲ့တဲ့ အံ့အားသင့္ဖုိ႔ေကာင္းတဲ့ သင္ခန္းစာေတြ
အမ်ားႀကီးရရွိခဲ့ပါတယ္။ ရခဲ့တဲ့သင္ခန္းစာေတြထဲကေကာက္ႏႈတ္ခ်က္တခ်ိဳ႕ကိုေဖာ္ျပသြားမွာျဖစ္ပါတယ္။

၁။ သင့္ဝန္ထမ္းထက္ သင္ပိုသိေနတယ္ဆုိတာကို မယံုပါနဲ႔

အင္အားႀကီးတဲ့ လုပ္ငန္းေခါင္းေဆာင္ေတြ၊ အားလံုးသိ၊ အားလံုးတတ္
လုိလူမ်ဳိးကို ႐ုတ္တရက္ပံုေဖာ္ၾကည့္ရင္ Donald Trump လုိ ေခါင္းေဆာင္
မ်ဳိးေတြထိပ္ဆံုးက ေပၚလာပါလိမ့္မယ္။ ဒါေပမယ့္ သူ႔လိုမ်ဳိးဆုိတာ တစ္ကယ့္
လက္ေတြ႕မွာ ျဖစ္လာဖုိ႔ မလြယ္ပါဘူး။ ကၽြန္ေတာ္တုိ႔ဟာ ကံေကာင္းစြာနဲ႔ပဲ အေမရိကန္သူေဌးႀကီး Richard Branson နဲ႔ အင္တာဗ်ဴးခြင့္ရခဲ့ၿပီး
ေခါင္းေဆာင္မႈစြမ္းရည္အေပၚ သူ႔ရဲ႕ ထင္ျမင္ပံုက အားလံုးနဲ႔ ကြဲျပားခဲ့ပါတယ္။

"ကၽြန္ေတာ့္ ဝန္ထမ္းေတြရဲ႕ စကားကို ကၽြန္ေတာ္အၿမဲနားေထာင္တယ္၊ သူတုိ႔ကုိ ကၽြန္ေတာ္ယံုတယ္၊ ၿပီးေတာ့ ေလးစားပါတယ္။ ဒါေၾကာင့္ သူတုိ႔လုပ္ခ်င္တာကို လြတ္လြတ္လပ္လပ္ ေပးလုပ္တယ္။ ကၽြန္ေတာ္ဟာ သူတို႔ထက္ ပုိသိ၊ ပုိတတ္တယ္လို႔ မယံုပါဘူး"လုိ႔ Richard Branson ကဆုိပါတယ္။

ဒါဟာ Branson အတြက္ ကမာၻ႕အခ်မ္းသာဆံုး စာရင္းဝင္ အဆင့္ကို ေရာက္လာေစတဲ့ အဓိက အေၾကာင္းအရင္းတစ္ခုျဖစ္ခဲ့ပါတယ္။

၂။ ေျခလွမ္းက်ယ္က်ယ္မလွမ္းပါနဲ႔ (သို႔) ေနာက္ဆုတ္လုိက္ပါ။

ကၽြန္ေတာ္တုိ႔ဟာ စြန္႔ဦးတီထြင္ လုပ္ငန္းရွင္ေတြကို ေစ်းကြက္ထဲ
ေျခလွမ္းက်ယ္က်ယ္လွမ္းဖုိ႔၊ ႀကီးႀကီးက်ယ္က်ယ္လုပ္ၿပီး ဘုရင့္ေနာင္ ေဖာင္ဖ်က္သလုိလုပ္ဖုိ႔ အၿမဲတမ္းအႀကံေပးခဲ့ၾကပါတယ္။ ဒါပေမယ့္ စိတ္ဝင္
စားစရာေကာင္းတဲ့ သင္ခန္းစာကို မားကတ္တင္းဆရာနဲ႔ အေရာင္းရဆံုး စာအုပ္ေရးသားသူ Seth Godin နဲ႔ အင္တာဗ်ဴးမွာရခဲ့ပါတယ္။ သူ႔ရဲ႕ အႀကံကေတာ့ "အခုပဲ ခပ္ေသးေသးေလးစလုပ္ၾကည့္လိုက္ပါ"ဆုိတာပါပဲ။

၃။ ေဖာက္သည္က အၿမဲမမွန္ပါဘူး

စြန္႔ဦးတီထြင္လုပ္ငန္းရွင္ ေတာ္ေတာ္မ်ားမ်ားကေတာ့ ေဖာက္သည္က
အၿမဲမွန္တယ္ (customer is always right) ဆုိတာကို လက္ကိုင္
ထားၾကပါတယ္။ New York Times အေရာင္းရဆံုး စာရင္းဝင္ စာအုပ္ေရးသားသူ Tim Ferriss ကေတာ့ ေဖာက္သည္ေတြက အၿမဲမမွန္ဘူးလို႔
ဆုိထားပါတယ္။ သူ႔ရဲ႕ အဆုိအရ တစ္ခ်ဳိ႕ ေဖာက္သည္ေတြက ေကာင္းမြန္တဲ့ဝန္ေဆာင္မႈမ်ဳိးရဖုိ႔ မတန္ဘူးလို႔ဆုိထားပါတယ္။ ဆက္ဆံရခက္ခဲတဲ့
ေဖာက္သည္ေတြနဲ႔ ဆက္ဆံရတာက ေကာင္းမြန္တဲ့ ေဖာက္သည္ေတြကို
ဆက္ဆံဖုိ႔ အခ်ိန္ေတြေလ်ာ့ေစတယ္လို႔ သူကဆုိထားပါတယ္။

၄။ ေအာင္ျမင္ဖုိ႔ အေတာ္ဆံုးျဖစ္ဖုိ႔မလိုပါ

စြန္႔ဦတီထြင္ လုပ္ငန္းရွင္ျဖစ္လုိသူေတြက သူတို႔ဟာ လုပ္ငန္းနယ္ပယ္ထဲ
အေတာ္ဆံုး၊ အတတ္ဆုံး ျဖစ္ေနရမယ္လို႔ ေတြးထင္ထားတတ္ၾကပါတယ္။
တစ္ကယ္ေတာ့ သူတုိ႔ရဲ႕ အိပ္မက္ေတြကို သူတုိ႔ရဲ႕ ဦးေနာက္ဥာဏ္ရည္က
ထိန္းခ်ဳပ္ထားတာပဲျဖစ္ပါတယ္။

သင့္ရဲ႕ ကုမၸဏီဟာ အားလံုးထဲမွာ အေကာင္းဆံုး ျဖစ္ဖုိ႔ လုပ္ေနရမယ္
ဆုိေပမယ့္ Kissmetrics ကုမၸဏီတည္ေထာင္သူ Neil Patel ရဲ႕ အဆုိအရ
သင္ဟာ အေတာ္ဆံုးျဖစ္ေနဖုိ႔မလိုဘဲ လူေတာ္ေတြကို ေရြးခ်ယ္ခန္႔ထားဖုိ႔ပဲ
လုိအပ္တယ္လို႔ ဆုိပါတယ္။

၅။ ျပႆနာေျဖရွင္းဖို႔ တစ္ကုိယ္ေကာင္းဆန္ပါ

ေအာင္ျမင္တဲ့ စီးပြားေရးလုပ္ငန္းရွင္ေတြဟာ အျခားသူေတြရဲ႕ ျပႆနာေတြကို
ရွင္းရေလ့ရွိပါတယ္။ ဒါေပမယ့္ Indiegogo ကုမၸဏီတည္ေထာင္သူ Danae Ringelmann ရဲ႕အဆုိအရ လုပ္ငန္းတစ္ခုေအာင္ျမင္ဖုိ႔ ကုိယ့္ျပႆနာကိုယ္ရွင္းဖုိ႔ပဲလုိတယ္လို႔ သိရပါတယ္။

သူမဟာ အသက္ ၂၀ခန္႔က ျပႆနာတစ္ခုႀကံဳေတြ႕ခဲ့ရၿပီး ဒီျပႆနာဟာ သူမတစ္ေယာက္တည္း ရင္ဆုိင္ေနရတာမဟုတ္ဘဲ အျခားသူေတြပါ ရင္ဆုိင္ေနရတယ္ဆုိတာကို သတိထားမိလာခဲ့ပါတယ္။ ဒါေၾကာင့္ သူတုိ႔ျပႆနာေတြဟာ ကုိယ့္လုပ္ငန္းကိုလည္း ထိခိုက္တဲ့အတြက္ နယ္ပယ္တစ္ခုမွာ ေအာင္ျမင္ဖုိ႔ ကုိယ့္ျပႆနာကိုပဲ အာ႐ံုစိုက္ဖုိ႔ လုိတယ္လို႔ သူမကဆုိပါတယ္။

၆။ ကိုယ့္လုပ္ငန္း ေအာက္ေျခခုိင္ဖုိ႔ပဲ ရင္းႏွီးပါ

လုပ္ငန္းရွင္ ေတာ္ေတာ္မ်ားမ်ားက ေစ်းကြက္သစ္ေတြေဖာက္ခ်င္ၾကပါတယ္။ ဒါေပမယ့္ Barbara Corcoran ရဲ႕ အဆုိအရ လုပ္ငန္းအမ်ားစု က်႐ံႈးရတဲ့အဓိက အေၾကာင္းအရင္းက ေစ်းကြက္သစ္ေနာက္ကို လုိက္ၾကလို႔ဆုိတာ
သိရပါတယ္။

"ကၽြန္မထက္ေတာ္တဲ့ လူေတြ၊ ကၽြန္မထက္ ပိုက္ဆံပိုရတဲ့သူေတြ က်႐ံႈးသြားတာကို ျမင္ရပါတယ္။ သူတုိ႔က်႐ံႈးရတဲ့အဓိကအေၾကာင္းအရင္းက ေတာ့ လုပ္ငန္းခုိင္မာဖုိ႔ ထပ္မံ ရင္းႏွီးျမဳပ္ႏွံမႈေတြမလုပ္ဘဲ ေစ်းကြက္သစ္ေတြအေပၚပဲ အာ႐ံုစိုက္လုိက္ေနၾကလို႔ပါ"လုိ႔ Corcoran ကဆုိခဲ့ပါတယ္။

၇။ ပိုက္ဆံက အဓိက အေၾကာင္းအရင္းမဟုတ္ပါ

လူေတာ္ေတာ္မ်ားမ်ားက ပိုက္ဆံအတြက္ အလုပ္လုပ္ၾကတာျဖစ္ပါတယ္။
ဒါေပမယ့္ ပိုက္ဆံက အဓိကအေၾကာင္းအရင္းမဟုတ္ဘူးဆုိတာကို Marie TV နဲ႔ B-School တည္ေထာင္သူ Marie Forleo က ေျပာၾကားခဲ့ပါတယ္။

"ပိုက္ဆံက အဓိကအေၾကာင္းအရင္းမဟုတ္ပါဘူး၊ ကၽြန္ေတာ္ေတြ႕ခဲ့ရတဲ့
ေအာင္ျမင္တဲ့ စီးပြားေရးလုပ္ငန္းရွင္ေတြဆီမွာ ပိုက္ဆံထက္ပိုတဲ့ အရာေတြရွိပါတယ္။ သူတို႔ရဲ႕ ေအာင္ျမင္လုိစိတ္၊ အမ်ားနဲ႔မတူလုိစိတ္၊ ဖန္တီးလိုစိတ္
ေတြေၾကာင့္ အခုလုိေအာင္ျမင္လာတာျဖစ္ပါတယ္။ ပိုက္ဆံေနာက္ပဲ
လိုက္ၾကတဲ့သူေတြက ပိုက္ဆံေၾကာင့္ပဲ ပ်က္ဆီးတတ္ၾကပါတယ္"လုိ႔ ၎က ေျပာၾကားခဲ့ပါတယ္။

ဒါေတြက ကၽြန္ေတာ္တုိ႔ေလ့လာခဲ့ရတဲ့ သင္ခန္းစာေတြထဲက အေရးအႀကီးဆံုး သင္ခန္းစာေတြျဖစ္ပါတယ္။ စြန္႔ဦးတီထြင္လုပ္ငန္းရွင္ေတြအေနနဲ႔ ယေန႔ေခတ္လုပ္ငန္းနယ္ပယ္ထဲ ထပ္မံသင္ယူရမယ့္ သင္ခန္းစာေတြ အမ်ားအျပားရွိ
ေနေသးတယ္လို႔ အႀကံေပးခ်င္ပါတယ္။

Entrepreneur.com မွ 7 Surprising Lessons About Success Learned From Interviewing More Than 65 Millionaires
ဆီေလွ်ာ္ေအာင္ဘာသာျပန္ထားတာျဖစ္ပါတယ္။
ဓာတ္ပံု-entrepreneur

@@@
SFJ Strategy First Journal ကို Strategy First Institute က စီစဥ္
တင္ဆက္ေနတာျဖစ္ၿပီး Facebook Page ကို Like လုပ္ၿပီး Follow
လုပ္ထားမယ္ဆိုရင္ ေန႔စဥ္ ျဖစ္ေပၚေျပာင္းလဲေနတဲ့ ျပည္တြင္း၊ ျပည္ပ
သတင္းနဲ႔ အထူးတင္ဆက္မွုေတြကို ဖတ္ရွုနိုင္မွာျဖစ္ပါတယ္။
- - - - -

မီလျံနာတွေဆီက အံ့အားသင့်ဖွယ် သင်ခန်းစာ ရ ခု

လွန်ခဲ့တဲ့ နှစ်နှစ် သုံးနှစ်အတွင်းက စွန့်ဦးတီထွင်သူ၊ မီလျံနာပေါင်း ၆၅
ယောက်ကို လုပ်ငန်းအောင်မြင်မှုအကြောင်းကို entrepreneur.com
အဖွဲ့တွေက အင်တာဗျူးတွေလုပ်ခဲ့ပါတယ်။ သူတို့ဟာ ဒီသန်းကြွယ်သူဌေး
ပေါင်းများစွာကို အင်တာဗျူးခဲ့စဉ်မှာ အောင်မြင်မှုနဲ့ပတ်သက်ပြီး
ပတ်သက်ပြီးတော့ရခဲ့တဲ့ အံ့အားသင့်ဖို့ကောင်းတဲ့ သင်ခန်းစာတွေ
အများကြီးရရှိခဲ့ပါတယ်။ ရခဲ့တဲ့သင်ခန်းစာတွေထဲကကောက်နှုတ်ချက်တချို့ကိုဖော်ပြသွားမှာဖြစ်ပါတယ်။

၁။ သင့်ဝန်ထမ်းထက် သင်ပိုသိနေတယ်ဆိုတာကို မယုံပါနဲ့

အင်အားကြီးတဲ့ လုပ်ငန်းခေါင်းဆောင်တွေ၊ အားလုံးသိ၊ အားလုံးတတ်
လိုလူမျိုးကို ရုတ်တရက်ပုံဖော်ကြည့်ရင် Donald Trump လို ခေါင်းဆောင်
မျိုးတွေထိပ်ဆုံးက ပေါ်လာပါလိမ့်မယ်။ ဒါပေမယ့် သူ့လိုမျိုးဆိုတာ တစ်ကယ့်
လက်တွေ့မှာ ဖြစ်လာဖို့ မလွယ်ပါဘူး။ ကျွန်တော်တို့ဟာ ကံကောင်းစွာနဲ့ပဲ အမေရိကန်သူဌေးကြီး Richard Branson နဲ့ အင်တာဗျူးခွင့်ရခဲ့ပြီး
ခေါင်းဆောင်မှုစွမ်းရည်အပေါ် သူ့ရဲ့ ထင်မြင်ပုံက အားလုံးနဲ့ ကွဲပြားခဲ့ပါတယ်။

"ကျွန်တော့် ဝန်ထမ်းတွေရဲ့ စကားကို ကျွန်တော်အမြဲနားထောင်တယ်၊ သူတို့ကို ကျွန်တော်ယုံတယ်၊ ပြီးတော့ လေးစားပါတယ်။ ဒါကြောင့် သူတို့လုပ်ချင်တာကို လွတ်လွတ်လပ်လပ် ပေးလုပ်တယ်။ ကျွန်တော်ဟာ သူတို့ထက် ပိုသိ၊ ပိုတတ်တယ်လို့ မယုံပါဘူး"လို့ Richard Branson ကဆိုပါတယ်။

ဒါဟာ Branson အတွက် ကမ္ဘာ့အချမ်းသာဆုံး စာရင်းဝင် အဆင့်ကို ရောက်လာစေတဲ့ အဓိက အကြောင်းအရင်းတစ်ခုဖြစ်ခဲ့ပါတယ်။

၂။ ခြေလှမ်းကျယ်ကျယ်မလှမ်းပါနဲ့ (သို့) နောက်ဆုတ်လိုက်ပါ။

ကျွန်တော်တို့ဟာ စွန့်ဦးတီထွင် လုပ်ငန်းရှင်တွေကို စျေးကွက်ထဲ
ခြေလှမ်းကျယ်ကျယ်လှမ်းဖို့၊ ကြီးကြီးကျယ်ကျယ်လုပ်ပြီး ဘုရင့်နောင် ဖောင်ဖျက်သလိုလုပ်ဖို့ အမြဲတမ်းအကြံပေးခဲ့ကြပါတယ်။ ဒါပမေယ့် စိတ်ဝင်
စားစရာကောင်းတဲ့ သင်ခန်းစာကို မားကတ်တင်းဆရာနဲ့ အရောင်းရဆုံး စာအုပ်ရေးသားသူ Seth Godin နဲ့ အင်တာဗျူးမှာရခဲ့ပါတယ်။ သူ့ရဲ့ အကြံကတော့ "အခုပဲ ခပ်သေးသေးလေးစလုပ်ကြည့်လိုက်ပါ"ဆိုတာပါပဲ။

၃။ ဖောက်သည်က အမြဲမမှန်ပါဘူး

စွန့်ဦးတီထွင်လုပ်ငန်းရှင် တော်တော်များများကတော့ ဖောက်သည်က
အမြဲမှန်တယ် (customer is always right) ဆိုတာကို လက်ကိုင်
ထားကြပါတယ်။ New York Times အရောင်းရဆုံး စာရင်းဝင် စာအုပ်ရေးသားသူ Tim Ferriss ကတော့ ဖောက်သည်တွေက အမြဲမမှန်ဘူးလို့
ဆိုထားပါတယ်။ သူ့ရဲ့ အဆိုအရ တစ်ချို့ ဖောက်သည်တွေက ကောင်းမွန်တဲ့ဝန်ဆောင်မှုမျိုးရဖို့ မတန်ဘူးလို့ဆိုထားပါတယ်။ ဆက်ဆံရခက်ခဲတဲ့
ဖောက်သည်တွေနဲ့ ဆက်ဆံရတာက ကောင်းမွန်တဲ့ ဖောက်သည်တွေကို
ဆက်ဆံဖို့ အချိန်တွေလျော့စေတယ်လို့ သူကဆိုထားပါတယ်။

၄။ အောင်မြင်ဖို့ အတော်ဆုံးဖြစ်ဖို့မလိုပါ

စွန့်ဦတီထွင် လုပ်ငန်းရှင်ဖြစ်လိုသူတွေက သူတို့ဟာ လုပ်ငန်းနယ်ပယ်ထဲ
အတော်ဆုံး၊ အတတ်ဆုံး ဖြစ်နေရမယ်လို့ တွေးထင်ထားတတ်ကြပါတယ်။
တစ်ကယ်တော့ သူတို့ရဲ့ အိပ်မက်တွေကို သူတို့ရဲ့ ဦးနောက်ဉာဏ်ရည်က
ထိန်းချုပ်ထားတာပဲဖြစ်ပါတယ်။

သင့်ရဲ့ ကုမ္ပဏီဟာ အားလုံးထဲမှာ အကောင်းဆုံး ဖြစ်ဖို့ လုပ်နေရမယ်
ဆိုပေမယ့် Kissmetrics ကုမ္ပဏီတည်ထောင်သူ Neil Patel ရဲ့ အဆိုအရ
သင်ဟာ အတော်ဆုံးဖြစ်နေဖို့မလိုဘဲ လူတော်တွေကို ရွေးချယ်ခန့်ထားဖို့ပဲ
လိုအပ်တယ်လို့ ဆိုပါတယ်။

၅။ ပြဿနာဖြေရှင်းဖို့ တစ်ကိုယ်ကောင်းဆန်ပါ

အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်းရှင်တွေဟာ အခြားသူတွေရဲ့ ပြဿနာတွေကို
ရှင်းရလေ့ရှိပါတယ်။ ဒါပေမယ့် Indiegogo ကုမ္ပဏီတည်ထောင်သူ Danae Ringelmann ရဲ့အဆိုအရ လုပ်ငန်းတစ်ခုအောင်မြင်ဖို့ ကိုယ့်ပြဿနာကိုယ်ရှင်းဖို့ပဲလိုတယ်လို့ သိရပါတယ်။

သူမဟာ အသက် ၂၀ခန့်က ပြဿနာတစ်ခုကြုံတွေ့ခဲ့ရပြီး ဒီပြဿနာဟာ သူမတစ်ယောက်တည်း ရင်ဆိုင်နေရတာမဟုတ်ဘဲ အခြားသူတွေပါ ရင်ဆိုင်နေရတယ်ဆိုတာကို သတိထားမိလာခဲ့ပါတယ်။ ဒါကြောင့် သူတို့ပြဿနာတွေဟာ ကိုယ့်လုပ်ငန်းကိုလည်း ထိခိုက်တဲ့အတွက် နယ်ပယ်တစ်ခုမှာ အောင်မြင်ဖို့ ကိုယ့်ပြဿနာကိုပဲ အာရုံစိုက်ဖို့ လိုတယ်လို့ သူမကဆိုပါတယ်။

၆။ ကိုယ့်လုပ်ငန်း အောက်ခြေခိုင်ဖို့ပဲ ရင်းနှီးပါ

လုပ်ငန်းရှင် တော်တော်များများက စျေးကွက်သစ်တွေဖောက်ချင်ကြပါတယ်။ ဒါပေမယ့် Barbara Corcoran ရဲ့ အဆိုအရ လုပ်ငန်းအများစု ကျရှုံးရတဲ့အဓိက အကြောင်းအရင်းက စျေးကွက်သစ်နောက်ကို လိုက်ကြလို့ဆိုတာ
သိရပါတယ်။

"ကျွန်မထက်တော်တဲ့ လူတွေ၊ ကျွန်မထက် ပိုက်ဆံပိုရတဲ့သူတွေ ကျရှုံးသွားတာကို မြင်ရပါတယ်။ သူတို့ကျရှုံးရတဲ့အဓိကအကြောင်းအရင်းက တော့ လုပ်ငန်းခိုင်မာဖို့ ထပ်မံ ရင်းနှီးမြုပ်နှံမှုတွေမလုပ်ဘဲ စျေးကွက်သစ်တွေအပေါ်ပဲ အာရုံစိုက်လိုက်နေကြလို့ပါ"လို့ Corcoran ကဆိုခဲ့ပါတယ်။

၇။ ပိုက်ဆံက အဓိက အကြောင်းအရင်းမဟုတ်ပါ

လူတော်တော်များများက ပိုက်ဆံအတွက် အလုပ်လုပ်ကြတာဖြစ်ပါတယ်။
ဒါပေမယ့် ပိုက်ဆံက အဓိကအကြောင်းအရင်းမဟုတ်ဘူးဆိုတာကို Marie TV နဲ့ B-School တည်ထောင်သူ Marie Forleo က ပြောကြားခဲ့ပါတယ်။

"ပိုက်ဆံက အဓိကအကြောင်းအရင်းမဟုတ်ပါဘူး၊ ကျွန်တော်တွေ့ခဲ့ရတဲ့
အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်းရှင်တွေဆီမှာ ပိုက်ဆံထက်ပိုတဲ့ အရာတွေရှိပါတယ်။ သူတို့ရဲ့ အောင်မြင်လိုစိတ်၊ အများနဲ့မတူလိုစိတ်၊ ဖန်တီးလိုစိတ်
တွေကြောင့် အခုလိုအောင်မြင်လာတာဖြစ်ပါတယ်။ ပိုက်ဆံနောက်ပဲ
လိုက်ကြတဲ့သူတွေက ပိုက်ဆံကြောင့်ပဲ ပျက်ဆီးတတ်ကြပါတယ်"လို့ ၎င်းက ပြောကြားခဲ့ပါတယ်။

ဒါတွေက ကျွန်တော်တို့လေ့လာခဲ့ရတဲ့ သင်ခန်းစာတွေထဲက အရေးအကြီးဆုံး သင်ခန်းစာတွေဖြစ်ပါတယ်။ စွန့်ဦးတီထွင်လုပ်ငန်းရှင်တွေအနေနဲ့ ယနေ့ခေတ်လုပ်ငန်းနယ်ပယ်ထဲ ထပ်မံသင်ယူရမယ့် သင်ခန်းစာတွေ အများအပြားရှိ
နေသေးတယ်လို့ အကြံပေးချင်ပါတယ်။

Entrepreneur.com မှ 7 Surprising Lessons About Success Learned From Interviewing More Than 65 Millionaires
ဆီလျှော်အောင်ဘာသာပြန်ထားတာဖြစ်ပါတယ်။
ဓာတ်ပုံ-entrepreneur

@@@
SFJ Strategy First Journal ကို Strategy First Institute က စီစဉ်
တင်ဆက်နေတာဖြစ်ပြီး Facebook Page ကို Like လုပ်ပြီး Follow
လုပ်ထားမယ်ဆိုရင် နေ့စဉ် ဖြစ်ပေါ်ပြောင်းလဲနေတဲ့ ပြည်တွင်း၊ ပြည်ပ
သတင်းနဲ့ အထူးတင်ဆက်မှုတွေကို ဖတ်ရှုနိုင်မှာဖြစ်ပါတယ်။
- - - - -

1 comment:

  1. Good morning how are you?

    My name is Emilio, I am a Spanish boy and I live in a town near to Madrid. I am a very interested person in knowing things so different as the culture, the way of life of the inhabitants of our planet, the fauna, the flora, and the landscapes of all the countries of the world etc. in summary, I am a person that enjoys traveling, learning and respecting people's diversity from all over the world.

    I would love to travel and meet in person all the aspects above mentioned, but unfortunately as this is very expensive and my purchasing power is quite small, so I devised a way to travel with the imagination in every corner of our planet. A few years ago I started a collection of used stamps because trough them, you can see pictures about fauna, flora, monuments, landscapes etc. from all the countries. As every day is more and more difficult to get stamps, some years ago I started a new collection in order to get traditional letters addressed to me in which my goal was to get at least 1 letter from each country in the world. This modest goal is feasible to reach in the most part of countries, but unfortunately it’s impossible to achieve in other various territories for several reasons, either because they are countries at war, either because they are countries with extreme poverty or because for whatever reason the postal system is not functioning properly.

    For all this I would ask you one small favor:
    Would you be so kind as to send me a letter by traditional mail from Myanmar? I understand perfectly that you think that your blog is not the appropriate place to ask this, and even, is very probably that you ignore my letter, but I would call your attention to the difficulty involved in getting a letter from that country, and also I don’t know anyone neither where to write in Myanmar in order to increase my collection. a letter for me is like a little souvenir, like if I have had visited that territory with my imagination and at same time, the arrival of the letters from a country is a sign of peace and normality and an original way to promote a country in the world. My postal address is the following one:

    Emilio Fernandez Esteban
    Avenida Juan de la Cierva, 44
    28902 Getafe (Madrid)
    Spain

    If you wish, you can visit my blog www.cartasenmibuzon.blogspot.com where you can see the pictures of all the letters that I have received from whole World.

    Finally I would like to thank the attention given to this letter, and whether you can help me or not, I send my best wishes for peace, health and happiness for you, your family and all your dear beings.

    Yours Sincerely

    Emilio Fernandez

    ReplyDelete