တိုက္ခိုက္ရတာ ႀကိဳက္တယ္ အႏိုင္ရတာေပ်ာ္တယ္ဆိုတဲ့ ေကာင္မေလးတစ္ေယာက္နဲ႔ ဆံုေတြ႔ခဲ့ဘူးတယ္
သူက ေနရာတစ္ခုရဖို႔ အေျခအေနတစ္ခုရဖို႔ သူလိုခ်င္တဲ့ တစ္ခုခုအတြက္ဆို တိုက္ခိုက္ၿပီး ရယူတတ္တယ္ ... တိုက္ခိုက္ရယူလို႔ ရတာကိုမွ တန္ဖိုး႐ွိတယ္ ထိုက္တန္တယ္လို႔ သူ..သူဆတယ္။ ဒီလိုနဲ႔ ကြၽန္ေတာ္နဲ႔ေတြ႔တယ္...
ကြၽန္ေတာ္ေျပာတယ္ေလ "ေနရာတကာ တိုက္ခိုက္ေနရင္ ေနရာတကာ အႏိုင္လိုခ်င္ေနရင္ မင္းလိုခ်င္တာ ရတဲ့ေန႔ မင္းေဘးမွာ ဘယ္သူမွ် ႐ွိေနမွာ မဟုတ္ေတာ့ဘူးလို႔"
ဒီလိုနဲ႔ အေျခအတင္ ျဖစ္ပါေလေရာ..
ကြၽန္ေတာ္က ညႇိႏိုင္းေရးသမား သူက တိုက္ခိုက္ေရးသမား...
ကြၽန္ေတာ့ ထံုးစံအတိုင္း သူ႔ကို ဥပမာေပးဖို႔ ႀကိဳးစားတယ္ "မင္းကို ခ်စ္လြန္းလွပါတယ္ဆိုတဲ့ လူတစ္ေယာက္က မင္းကို မတရားၾကံၿပီး သီမ္းပိုက္တာနဲ႔ စာခ်ဳပ္မွာ လက္မွတ္ထိုးလက္ထပ္ၿပီး သိမ္းပိုက္တာ ဘယ္အရာက မင္းအတြက္ အေကာင္းဆံုး ျဖစ္ေစမလဲ" လို႔...
အဲ့ဒီစကားက ေနာက္ဆံုးပါပဲ ကြၽန္ေတာ္တို႔ ေရစက္ကုန္သြားတယ္ ... သူ႔အေျဖကို ကြၽန္ေတာ္မသိခဲ့ ပါဘူး
သူရိန္သစ္
Unicode
တိုက်ခိုက်ရတာ ကြိုက်တယ် အနိုင်ရတာပျော်တယ်ဆိုတဲ့ ကောင်မလေးတစ်ယောက်နဲ့ ဆုံတွေ့ခဲ့ဘူးတယ်
သူက နေရာတစ်ခုရဖို့ အခြေအနေတစ်ခုရဖို့ သူလိုချင်တဲ့ တစ်ခုခုအတွက်ဆို တိုက်ခိုက်ပြီး ရယူတတ်တယ် ... တိုက်ခိုက်ရယူလို့ ရတာကိုမှ တန်ဖိုးရှိတယ် ထိုက်တန်တယ်လို့ သူ..သူဆတယ်။ ဒီလိုနဲ့ ကျွန်တော်နဲ့တွေ့တယ်...
ကျွန်တော်ပြောတယ်လေ "နေရာတကာ တိုက်ခိုက်နေရင် နေရာတကာ အနိုင်လိုချင်နေရင် မင်းလိုချင်တာ ရတဲ့နေ့ မင်းဘေးမှာ ဘယ်သူမျှ ရှိနေမှာ မဟုတ်တော့ဘူးလို့"
ဒီလိုနဲ့ အခြေအတင် ဖြစ်ပါလေရော..
ကျွန်တော်က ညှိနိုင်းရေးသမား သူက တိုက်ခိုက်ရေးသမား...
ကျွန်တော့ ထုံးစံအတိုင်း သူ့ကို ဥပမာပေးဖို့ ကြိုးစားတယ် "မင်းကို ချစ်လွန်းလှပါတယ်ဆိုတဲ့ လူတစ်ယောက်က မင်းကို မတရားကြံပြီး သီမ်းပိုက်တာနဲ့ စာချုပ်မှာ လက်မှတ်ထိုးလက်ထပ်ပြီး သိမ်းပိုက်တာ ဘယ်အရာက မင်းအတွက် အကောင်းဆုံး ဖြစ်စေမလဲ" လို့...
အဲ့ဒီစကားက နောက်ဆုံးပါပဲ ကျွန်တော်တို့ ရေစက်ကုန်သွားတယ် ... သူ့အဖြေကို ကျွန်တော်မသိခဲ့ ပါဘူး
သူရိန်သစ်
No comments:
Post a Comment