Thursday, January 28, 2016
Credit to
Gentleman magazine
Unicode
ဘဲငန်းတွေဆီက သင်ယူနိုင်သည့် အောင်မြင်ရေးသင်ခန်းစာများ
၁။ ဘုံဦးတည်ချက်ရှိခြင်း
ဘဲငန်းတစ်ကောင် တောင်ပံခတ်လိုက်တိုင်းမှာ လေခွင်းအားကိုဖြစ်စေနိုင်တဲ့ ပင့်အားတစ်ခုဖြစ်ကျန်ခဲ့ပါတယ်။ ဒီပင့်အားကို အခြားအကောင်တွေက စီးမျောပျံသန်းနိုင်ပါတယ်။ ဒါ့ကြောင့် အင်္ဂလိပ်အက္ခရာ (V) ပုံသဏ္ဍာန်ပျံသန်းခြင်းအားဖြင့် အုပ်စုတစ်ခုလုံးကို တစ်ကောင်ချင်းပျံသန်းနိုင်တဲ့အကွာအဝေးထက် (၇၀)ရာခိုင်နှုန်း ပိုပြီခရီးရောက်စေပါတယ်။
ကျွန်တော်တို့လူသားတွေအနေနဲ့လည်း တူညီတဲ့ ဦးတည်ချက်၊ ရည်မှန်းချက်ပန်းတိုင်းဆီကို အတူတကွ လျှောက်လှမ်းကြမယ်ဆိုရင် အားစိုက်ထုတ်မှုနည်းနည်းနဲ့ လျှင်လျှင်မြန်မြန်ရောက်ရှိနိုင်တာကို သင်ခန်းစာယူတတ်ရမှာဖြစ်ပါတယ်။ ဒါ့ကြောင့် အဖွဲ့အစည်းတစ်ခုလုံး၊ တစ်ဦးချင်းတစ်ယောက်ချင်းစီတိုင်းမှာ တူညီတဲ့ရည်မှန်းချက်ရှိဖို့ လိုအပ်ပါတယ်။
၂။ မြင်နိုင်စွမ်း မြင့်မားခြင်း
ဘဲငန်းတွေ (V) ပုံသဏ္ဍာန်ပျံသန်းကြတဲ့အခါမှာ ငှက်အုပ်ထဲက အကောင်တိုင်းက ရှေ့မှာဘာတွေဖြစ်နေလဲ ဆိုတာကို ရှင်းရှင်းလင်းလင်းမြင်နိုင်ပါတယ်။
လုပ်ငန်းအဖွဲ့အစည်းတွေမှာလည်း အားလုံးမှာ မြင်နိုင်စွမ်းရှိဖို့ လိုအပ်ပါတယ်။ အထက်လူကြီးတွေက လက်အောက်ငယ်သားတွေရဲ့ အခြေအနေကို သိမြင်နိုင်မှသာ အဖွဲ့အစည်းတစ်ခုလုံးအတွက် ပိုမိုကောင်းမွန်တဲ့ ဆုံးဖြတ်ချက်တွေချမှတ်နိုင်မှာ ဖြစ်ပါတယ်။ ဒီလိုပါပဲ။ အောက်ခြေဝန်ထမ်းတွေက အထက်လူကြီးတွေရဲ့ ရည်ရွယ်ချက်ကို သိမြင်နိုင်ခြင်းအားဖြင့် ရေရှည်အတွက်တွေးခေါ်နိုင်ပြီး အဖွဲ့အစည်းရဲ့ ရည်မှန်းချက်တွေကို ပူးပေါင်းအကောင်အထည်ဖော်နိုင်မှာဖြစ်ပါတယ်။
၃။ အကူအညီရရှိဖို့ နှိမ့်ချတတ်ခြင်း
ဘဲငန်းတစ်ကောင်က အုပ်စုလိုက်ပုံစံဖွဲ့ပျံသန်းနေရာကနေ ထွက်ပြီး တစ်ကောင်းတည်းပျံသန်းတာနဲ့ လေထုပွတ်တိုက်အားကို ခံစားရပြီး ပင်ပန်းတကြီး ပျံသန်းရပါတယ်။ ဒီလိုဖြစ်တဲ့အခါမှာ သူ့ရဲ့အမှားကို ထိန်းညှိပြီး ပုံစံအတွင်းသို့ ပြန်ဝင်လေ့ရှိပါတယ်။ ဒီအခါမှာ ပင့်အားပြန်လည်ရရှိပြီး သက်တောင့်သက်သာနဲ့ မြန်မြန်ဆန်ဆန်ခရီးဆက်နိုင်ပါတယ်။
ဒီအချက်က သင်ခန်းစာယူနိုင်တာကတော့ ကျွန်တော်တို့လူသားတွေမှာလည်း အခက်အခဲတွေကြုံလာပြီဆိုရင် အကူအညီရဖို့ နှိမ့်ချတတ်ဖို့ လိုတယ်ဆိုတာပါပဲ။ ဒီလိုနှိမ့်ချပြီး အားလုံးနဲ့ပူးပေါင်းလုပ်ဆောင်ခြင်းက သင်ကိုယ်တိုင်ကိုရော၊ သင့်ရဲ့အဖွဲ့အစည်းကိုပါ အောင်မြင်မှုအလျှင်အမြန်ရရှိစေနိုင်မှာဖြစ်ပါတယ်။
၄။ ဦးဆောင်ခွင့်ပေးအပ်ခြင်း
V ပုံသဏ္ဍာန်ပျံသန်းနေတဲ့ ဘဲငန်းအုပ်မှာ ရှေ့ဆုံးကပျံသန်းရတဲ့ကောင်က အပင်ပန်းဆုံးဖြစ်ပါတယ်။ သူပင်ပန်းလာပြီဆိုရင် အခြားဘဲငန်းတစ်ကောင်ကို ဦးဆောင်ပျံသန်းစေပြီး သူကတော့ နောက်ဖက်မှာ ပင့်အားကို စီးမျောလိုက်ကာ အနားယူလေ့ရှိပါတယ်။
ဒီအချက်ကတော့ လိုအပ်ရင် အခြားသူတွေကို ဦးဆောင်ခွင့်ပေးဖို့ပဲဖြစ်ပါတယ်။ ခေါင်းဆောင်တစ်ယောက်အနေနဲ့ အဖွဲ့အစည်းအတွင်းမှာ အသေးစိတ်အထိ စီမံခန့်ခွဲထိန်းချုပ်တာက သူ့အတွက် ပင်ပန်းရသလို အခြားလူတွေအတွက်လည်း စိတ်ရှုပ်စရာဖြစ်စေပါတယ်။ လူတိုင်းမှာ ထူးခြားတဲ့ အရည်အချင်းတွေ၊ စွမ်းဆောင်ရည်တွေရှိတတ်ပါတယ်။ သူတို့ကို ယုံယုံကြည်ကြည်နဲ့ လိုအပ်သလို ဦးဆောင်ခွင့်ပေးလိုက်ရင် ရလဒ်ကောင်းတွေကို ရရှိစေနိုင်မှာဖြစ်ပါတယ်။
၅။ အလုပ်တိုင်းကို အသိအမှတ်ပြခြင်း
ဘဲငန်းတွေ ပျံသန်းတဲ့အခါမှာ အော်မြည်သံတွေ လုပ်တတ်ကြပါတယ်။ ဒီလို အော်မြည်တာဟာ အချင်းချင်း အရှိန်မပျက် ဆက်လက်ပျံသန်းနိုင်အောင် အားပေးအသိအမှတ်ပြုတာဖြစ်ပါတယ်။
ကျွန်တော်တို့ လူသားတွေအနေနဲ့လည်း အခြားသူတွေကို သူတို့နဲ့ထိုက်တန်တဲ့ အသိအမှတ်ပြုမှုတွေ ပေးသင့်ပါတယ်။ အသိအမှတ်အပြုမခံရတဲ့အတွက် ဝန်ထမ်းတွေက အလုပ်ကိုစိတ်ပျက်ပြီး နှုတ်ထွက်သွားတတ်ကြပါတယ်။ ဒါ့ကြောင့် အဖွဲ့အစည်းအတွင်းမှာ ပုံမှန်အသိအမှတ်ပြု အားပေးတတ်တာဟာ အရေးကြီးပြီး ရည်မှန်းချက်ပန်းတိုင်ကို လျှောက်လှမ်းရာမှာ တက်ကြွနေစေမှာဖြစ်ပါတယ်။
၆။ အခက်အခဲတွေ့ကြုံချိန်မှာ အားပေးကူညီတတ်ခြင်း
ငှက်အုပ်ထဲက ဘဲငန်းတစ်ကောင်ကောင် နေမကောင်းလို့ပဲဖြစ်ဖြစ် ဒဏ်ရာရတဲ့အခါမှာပဲဖြစ်ဖြစ် ဆက်မပျံသန်းနိုင်တဲ့အခါမှာ အခြားဘဲငန်းနှစ်ကောင်ကနေခဲ့ပြီး ကူညီစောင့်ရှောက်ပေးလေ့ရှိပါတယ်။ မပျံနိုင်တဲ့ အကောင် ပျံနိုင်တဲ့အချိန် ဒါမှမဟုတ် သေသွားချိန်အထိ အတူနေပေးတတ်ကြပါတယ်။ ပြီးရင်တော့ သက်ဆိုင်ရာ ငှက်အုပ်ကို အမှီလိုက်ရင်လိုက်၊ မလိုက်ရင်လည်း နောက်ဘဲငန်းအုပ်အတွင်းမှာ ဝင်ရောက်ပျံသန်းပြီး ခရီးဆက်ကြပါတယ်။
ဒီအချက်ကနေ သင်ခန်းစာယူနိုင်တာက ခက်ခဲကြမ်းတမ်းတဲ့အချိန်တွေ ရင်ဆိုင်ရတဲ့အခါမှာ လက်တွဲမဖြုတ်ကြဖို့ပဲဖြစ်ပါတယ်။ အောင်မြင်နေချိန်မှာ ပါဝင်ဖို့က လွယ်ကူပါတယ်။ ဒါပေမယ့် အခက်အခဲတွေ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရချိန်မှာ အပြန်အလှန်အားပေးကူညီမှုက အလိုအပ်ဆုံးဖြစ်ပါတယ်။
၇။ ရည်ရွယ်ချက် တန်ဖိုးများကို ထိန်းသိမ်းတတ်ခြင်း
ဘဲငန်းတွေရဲ့ ရာသီအလိုက်ဒေသပြောင်းပျံသန်းမှုတွေဟာ ဘယ်တော့မှမပြောင်းလဲသွားတတ်ပါဘူး။ နှစ်တိုင်းနှစ်တိုင်း အကောင်အရေအတွက်သာ အပြောင်းအလဲရှိပြီး ပျံသန်းတဲ့လမ်းကြောင်းကတော့ အတူတူပဲ ဖြစ်ပါတယ်။ အကောင်ငယ်လေးတွေက အကြီးတွေဆီကနေ လမ်းကြောင်းကို လေ့လာမှတ်သားရပါတယ်။
ကျွန်တော်တို့တွေအနေနဲ့လည်း အဖွဲ့အစည်းရဲ့ အဓိက ရည်ရွယ်ချက်တွေ၊ တန်ဖိုးတွေကို ထိန်းသိမ်းထားရမှာ ဖြစ်ပါတယ်။ အဖွဲ့အစည်းရဲ့ မဟာဗျူဟာတွေ၊ နည်းဗျူဟာတွေနဲ့ ထုတ်ကုန်တွေကတော့ လိုအပ်ချက်အရ ပြောင်းလဲနိုင်ပေမယ့် အဓိက တန်ဖိုးထားရမယ့် အချက်တွေနဲ့ ရည်ရွယ်ချက်တွေကိုတော့ အမြဲတမ်းစောင့်ထိန်းရမှာဖြစ်ပါတယ်။
Credit to
Gentleman magazine
Tuesday, January 26, 2016
တန်​ဖိုး
သူရိန်​သစ်
Unicode
တိုက်ခိုက်ရတာ ကြိုက်တယ် အနိုင်ရတာပျော်တယ်ဆိုတဲ့ ကောင်မလေးတစ်ယောက်နဲ့ ဆုံတွေ့ခဲ့ဘူးတယ်
သူက နေရာတစ်ခုရဖို့ အခြေအနေတစ်ခုရဖို့ သူလိုချင်တဲ့ တစ်ခုခုအတွက်ဆို တိုက်ခိုက်ပြီး ရယူတတ်တယ် ... တိုက်ခိုက်ရယူလို့ ရတာကိုမှ တန်ဖိုးရှိတယ် ထိုက်တန်တယ်လို့ သူ..သူဆတယ်။ ဒီလိုနဲ့ ကျွန်တော်နဲ့တွေ့တယ်...
ကျွန်တော်ပြောတယ်လေ "နေရာတကာ တိုက်ခိုက်နေရင် နေရာတကာ အနိုင်လိုချင်နေရင် မင်းလိုချင်တာ ရတဲ့နေ့ မင်းဘေးမှာ ဘယ်သူမျှ ရှိနေမှာ မဟုတ်တော့ဘူးလို့"
ဒီလိုနဲ့ အခြေအတင် ဖြစ်ပါလေရော..
ကျွန်တော်က ညှိနိုင်းရေးသမား သူက တိုက်ခိုက်ရေးသမား...
ကျွန်တော့ ထုံးစံအတိုင်း သူ့ကို ဥပမာပေးဖို့ ကြိုးစားတယ် "မင်းကို ချစ်လွန်းလှပါတယ်ဆိုတဲ့ လူတစ်ယောက်က မင်းကို မတရားကြံပြီး သီမ်းပိုက်တာနဲ့ စာချုပ်မှာ လက်မှတ်ထိုးလက်ထပ်ပြီး သိမ်းပိုက်တာ ဘယ်အရာက မင်းအတွက် အကောင်းဆုံး ဖြစ်စေမလဲ" လို့...
အဲ့ဒီစကားက နောက်ဆုံးပါပဲ ကျွန်တော်တို့ ရေစက်ကုန်သွားတယ် ... သူ့အဖြေကို ကျွန်တော်မသိခဲ့ ပါဘူး
သူရိန်သစ်
သင် ဆရာဖြစ်တဲ့အခါ (သို့) အကြီးအကဲဖြစ်တဲ့အခါ
သင် ဆရာဖြစ်တဲ့အခါ (သို့) အကြီးအကဲဖြစ်တဲ့အခါ
=================================
တပည့်တွေအပေါ် မလိုအပ်ဘဲ တစ်သွေး တစ်သံ တစ်မိန့်နဲ့ မခိုင်းပါနဲ့။
တပည့်တွေကို ခိုင်းတဲ့အခါ အရာရာကို အမိန့်နဲ့ မသုံးဘဲ ညင်သာစွာခိုင်းပါ။
တပည့်တွေရဲ့ အခက်အခဲ ပြဿနာတွေကို ရှင်းပြခွင့်ပေးပါ။
တပည့်တွေက မလုပ်သင့်လို့ မလုပ်ချင်တာတွေကို အတင်းမခိုင်းပါနဲ့။
တစ်ခါတစ်ရံ အဆင်မပြေတာလေးတွေ ကို အသုံးမကျဘူး၊ သုံးစားမရဘူးလို့ ထပ်ခါထပ်ခါ မပြောပါနဲ့။
အိမ်၊ တခြားသူတွေနဲ့ ဖြစ်လာတဲ့ပြဿနာတွေကို တပည့်တွေအပေါ် မပေါက်ကွဲပါနဲ့။
တပည့်တွေအပေါ် မေတ္တာထားပါ။
တပည့်တွေရဲ့ အောင်မြင်မှုအပေါ် မုဒိတာပွားပါ။
တပည့်တွေရဲ့ အဆင်မပြေမှု၊ အခက်အခဲတွေအပေါ် ကရုဏာ ထားပါ။
တပည့်တွေ အနေရခက်အောင် မလိုအပ်ဘဲ ဒေါသတွေ ထွက်မနေပါနဲ့။
တပည့်တွေ အထင်သေးစေလောက်အောင် လောဘတွေ အရမ်းတက်မပြပါနဲ့။
တပည့်တွေ အပြစ်ပြောရလောက်အောင် မောဟတွေ အရမ်းမများပါနဲ့။
တပည့်တွေကို လုပ်အားပေးနိုင်သလောက်သာ စေခိုင်းရပါမယ်။
တပည့်တွေကို လုပ်အားခကို အပြည့်အဝပေးရပါမယ်။
တပည့်တွေ မကျန်းမာတဲ့အခါ ပြုစုရပါမယ်။
တပည့်တွေကို အခါအားလျော်စွာ အထူးကျွေးမွေးပြုစုရပါမယ်။
တပည်တွေရဲ့ ရပိုင်ခွင့်ကို အပြည့်အဝ ပေးရပါမယ်။
ဒါတွေ ကျင့်ကြံနိုင်ပြီဆိုရင် ဆရာကောင်း၊ လူကြီးလူကောင်း တစ်ယောက်ဖြစ်လို့ လူများရဲ့ မြတ်နိုးချစ်ခင်မှုတွေရပြီး အစစအရာရာ အောင်မြင် အဆင်ပြေမှာပါ။
အပေါ်က အချက်တွေက မိမိအတွေ့အကြုံအရ ရေးထားတာပါ။ အောက်ဆုံးက ငါးချက်က မြတ်စွာဘုရားဟောထားတာပါ။
မေတ္တာများစွာဖြင့်
သာသနာနွယ်
မယ်တော်မာယာ၏ အံ့ဖွယ် ၁၂ ပါး။
ဆင်ခြင်တုံတရား လက်ကိုင်ထား
အများက စံပြုထိုက်သူဖြစ်အောင် ဆင်ခြင်တုံတရား လက်ကိုင်ထား
အင်းဝခေတ် မင်းကြီးစွာစော်ကဲ ထီးနန်းစိုးစံစဉ် မြန်မာနှစ် ၇၄၅ ခုနှစ်တွင် ရခိုင်ကို အပိုင်စားရသော စောမွန်ကြီး အနိစ္စရောက်၍ စောမည်းအား စေလွှတ်တော်မူရန် စီစဉ်သည်။
စောမည်းကို မစေလွှတ်မီ ''ထန်းစေ့နှင့်ထန်းပင်ကဲ့သို့ မကျင့်နှင့်၊ ညောင်စေ့နှင့်ညောင်ပင်ကဲ့သို့ လည်းကောင်း ၊ ကြောင်လက်သည်း ဝှက်သကဲ့သို့လည်းကောင်း ကျင့်ပါလေ''ဟုမင်းကြီးစွာစော်ကဲက မှာလိုက်သည်။
စောမည်းသည် ရခိုင်သို့ရောက်လျှင် မြို့တွင်းမြို့ပြင်ရှိ ညောင်ပင်တို့ကိုခုတ်၍ ဆင်စာကျွေးသည်။ အလားတူ ကြောင်တို့ကိုလည်း သတ်စားသည်။ ထို့ကြောင့် ရခိုင်သားနှင့် မသင့်မတင့်ဖြစ်ကာ စောမည်းထွက်ပြေးခဲ့ရသည်။ မင်းကြီး၏ အမှာစကားတို့သည် ပညာရှိ အမတ်ကြီး ဘိုးရာဇာ အကြံပြုစကားတို့ကို မိန့်ကြားလိုက်ခြင်းဖြစ်သည်။ ထန်းစေ့နှင့်ထန်းပင်ကဲ့သို့ မကျင့်ဘဲ ညောင်စေ့နှင့်ညောင်ပင်ကဲ့သို့ ကျင့်ဆိုသည်မှာ ထန်းစေ့သည် အရွယ်ကြီးမားပြီး အပင်ပေါက်သောအခါ ပင်စည်မြင့် မားသော်လည်း အရိပ်မရသဖြင့် အများပြည်သူ ခိုနားရန်အရိပ်မပေးနိုင်ချေ။ ညောင်စေ့သည် သေးငယ်သော်လည်း အပင်ပေါက် သည့်အခါ အရိပ်ကောင်းစွာရသဖြင့် အများပြည်သ ခိုနားနိုင်သည်။ ကြောင်သတ္တဝါတို့၏ သဘာဝမှာ သာမန်အချိန်တွင် မိမိလက်သည်းများကို ဝှက်ထားပြီး အရေးကြုံသောအခါမှသာ ထုတ်သုံးကြသည်။
ထို့ကြောင့် အစေ့ကြီးပြီး အပင်မြင့်သော်လည်း အရိပ်မရသော ထန်းစေ့နှင့်ထန်းပင်ကဲ့သို့ မကျင့်ဘဲ အစေ့သေးသော်လည်း အပင်ကြီးအရိပ်ရသော ညောင်ပင်ကဲ့သို့ ကျင့်၍ ပြည်သူများ အားထားမှီခိုရာဖြစ်အောင် ကျင့်ရန်နှင့် မိမိစွမ်းရည်သတ္တိ တို့ကိုလည်း အခါအခွင့်ကြုံမှသာပြရန်ဟူသော အဓိပ္ပာယ်ဖြင့်   ဘိုးရာဇာအကြံပြု လျှောက်တင်ချက်ကို မင်းကြီးစွာစော်ကဲ က စောမည်းအား မှာလိုက်ခြင်းဖြစ်သည်။ သို့သော် စောမည်းအဖို့မှာမူ အကောက်အယူလွဲ၍လော သို့တည်းမဟုတ် မာန်တက်၍လောမဆိုနိုင် ထင်ရာစိုင်းခြင်းကြောင့် အင်းဝသို့ ပြန်ပြေးခဲ့ရသည်။
ဤသို့သောဖြစ်ရပ်မျိုးမှာ မသိသူကို သိအောင်ပြောရန် အခက်အခဲမရှိသော်လည်း သိသူတို့က ဆင်ခြင်တုံတရားရှိရှိဖြင့် လိုက်နာကျင့်သုံးကြရန်မှာမူ သက်ဆိုင်သူ တစ်ဦးချင်းအပေါ် မူတည်ပေသည်။ စာတစ်ကြောင်းကို ဖတ်ပြီးနောက် မိမိကိုယ်မိမိ ဆင်ခြင်တုံတရားဖြင့် ပြုပြင်ကြသူတွေ အများအပြားရှိကြသည်။ စာတစ်ကြောင်းကိုဖတ်၍ မိမိဘဝအောင်မြင် တိုးတက်ရေး အတွက် အားဆေးတစ်ခွက်ပမာ ယုံကြည်ချက် ခံယူချက်ဖြင့် ကြိုးစားကြရာမှ အောင်မြင်မှုရရှိကြသူတွေလည်း ရှိကြသည်။
မည်သည့်လုပ်ငန်း တာဝန်မျိုးမဆို မိမိလုပ်ငန်းတာဝန်အပေါ် တန်ဖိုးထားသူများသည် ကျွမ်းကျင်မှု အရည် အသွေး တောက်ပြောင်စေရန် အမြဲမပြတ် အားထုတ်ကြသူများသာဖြစ်သည်။ မိမိထမ်းဆောင်နေရသော လုပ်ငန်းတာဝန်သည် ဝါသနာနှင့် ကိုက်ညီသည်ဖြစ်စေ၊ မကိုက်ညီသည်ဖြစ်စေ ကျွမ်းကျင်မှုရှိအောင် အာရုံစူးစိုက် လုပ်ကိုင်ကြရမည်သာဖြစ်သည်။ ယနေ့ခေတ်တွင် ဝိဇ္ဇာနှင့်သိပ္ပံ ပညာရပ်များနှင့် နည်းပညာရပ်တို့သည် ကျယ်ဝန်းလှသည်။ သိမြင်စရာ၊ တတ်စရာတွေက များပြားလှသည်။ ဖွံ့ဖြိုးတိုးတက်မှုနှင့် ပြောင်းလဲမှု လျင်မြန်သော ယနေ့ခေတ်ကြီးတွင်  မိမိကတစ်နေရာတွင်တော့  ကျွမ်းကျင်စွာ စွမ်းဆောင်နိုင်သူ တစ်ယောက်ဖြစ်အောင် ကြိုးစားရပေမည်။
သို့ဖြစ်၍ လူဖြစ်ရသည့်ဘဝတွင် အများအကျိုးဆောင်၍ မိမိအကျိုးအောင်စေသော အကြောင်းတရားများအနက်  ဆင်ခြင်တုံ တရား လက်ကိုင်ထားကာ အများကစံပြုထိုက်သူ ဖြစ်အောင် ကြိုးစားအားထုတ်ကြပါရန်   မြဝတီက တိုက်တွန်း နှိုးဆော် လိုက်ရပါသည်။  ။
Credit to မြဝတီိ
Wednesday, January 20, 2016
Taxi မောင်းသူတစ်ဦး ထံမှရတဲ့ အသိပညာတစ်ခု
Taxi မောင်းသူတစ်ဦး ထံမှရတဲ့ အသိပညာတစ်ခု
တစ်နေ့ ကျွန်တော် Taxi ငှားစီးခဲ့ပါတယ်။ Taxi မောင်းသူဟာ အသက် ၃၀ ၀န်းကျင်လူငယ်လေးပါ။ ၀တ်စားထားတာလည်း T-Shirt အဖြူနဲ့ စတိုင်ပင်အနက်နဲ့ပါ။ နေကာမျက်မှန်လေး တပ်ထားပါတယ်။ မောင်းနေရင်း ဆီဆိုင်မှာ ဆီဝယ်ထည့်ခွင့်တောင်းပြီး ဆီဝင်ထည့်ပါတယ်။ ဆီထည့်ပြီးတော့ ပေးတဲ့ဘောက်ချာကို ဗလာစာအုပ်တစ်အုပ်မှာ တွဲချုပ်ထားလိုက်ပါတယ်။ ကားပေါ်မှာ အစုံပါလာသဗျာ.. ဒါနဲ့စကားတွေ စမိလိုက်ပါတယ်ပေါ့.. အတိုချုပ်ပြောရရင် အဲ့ဒီ့ညီလေးဟာ ၀င်ငွေကို အချိုးချသုံးသူဆိုတာ အံ့ဖွယ် တွေ့လိုက်ရပါတယ်။ စာရင်းစာအုပ်ကလေးမှာ အသေးသုံး ၁၀၀ ကအစ ထည့်ရေးထားပါတယ်။ မသိသူဖတ်မိရင် ဘာတွေမှန်းတောင် မသိမှာပါ။ အကြောင်းအရာတွေကို ထိပ်ဆုံးစာမျက်နှာမှာ + လေးတွေနဲ့ မာတိကာ ထုတ်ထားပါတယ်။ တစ်နေ့ချင်း စာရင်းသွားပါတယ်။
ဥပမာ- ထမင်းစား ဆိုတာက ပုံမှန်မဖြစ်နေအလုပ်မို့ +++ ပေးထားပါတယ်။ ဆီထည့်ဆိုရင်လည်း +++++ ငါးလုံး ပေးထားပါတယ်။ လက်ဖက်ရည်သောက်၊ ကွမ်းစားတွေကိုတော့ —- အနုတ်လေးလုံး ပေးထားပြန်ပါတယ်။ ဒီလိုပဲ သူ့စာအုပ်မှာ + – တွေနဲ့ မှတ်တမ်းရေးပါတယ်တဲ့။ ဗဟုသုတ ရစရာကတော့ မဖြစ်မနေ ကိစ္စအသုံးတွေကို + ပြပါတယ်။ အပို သုံးအဖြုန်းတွေကို – ပြပါတယ်။
ညအိမ်ပြန်ရင် တစ်ရက်စာ စာရင်းချုပ်လို့ အပေါင်းကတော့ ပုံမှန်ရှိနေတတ်ပြီး — တွေများလာရင် နောက်နေ့ အစားချေစနစ်နဲ့ အနုတ်တွေကို ညီအောင် မသုံးဘဲ နေပါတယ်တဲ့။ အတန်းကတော့ ၇ တန်းပဲ သင်ဖူးပါတယ်တဲ့ဗျာ။ စာရင်းထားတာနဲ့ တွက်တာ Account သမားတွေ ဆလံသရပါလိမ့်မယ်။
တစ်နေ့ဝင်ငွေကိုလည်း သီးသန့် ကော်လံနဲ့ တွက်ထားသဗျာ ၁၅၀၀၀ ၀င်တဲ့ပေါ့ဗျာ – အ၀တ်ပွန်းခ ၅၀၀ – အသက်ရှင်ကြေး ၁၀၀၀ – အချိန်ကုန်ခ ၅၀၀၀ ဒီသုံးခုကို သီးသန့် ပြန်စုထားပါတယ်တဲ့ တစ်နေ့ကို ၆၅၀၀ မရမနေ ပြန်စုပါတယ်တဲ့။ မပြည့်ရင် + တွေ – တွေကို အစားချေပါတယ်တဲ့ သန်းထိုက် လိုလူတောင် ထိုင်ကန်တော့ချင်စိတ် ပေါက်မိသွားပါတယ်။ ဆက်ပြောသည်မှာ အ၀တ်ပွန်းခ ၅၀၀ ကိုစုပြီး တစ်လတစ်ကြိမ် အ၀တ်ပြန်ဝယ်ပါတယ်။ အဟောင်းကို အပေါင်ဆိုင်ပို့ပြီး မရွေးဘဲ ထားလိုက်ပါတယ်တဲ့။ ရောင်းရင် ပေါင်သလောက် မလွယ်သလို တန်ဖိုးလည်း မရလို့ပါတဲ့။
သူ့မှာ အ၀တ်အား ၅ စုံထက် ပိုမထားပါတဲ့။ အသက်ရှင်ကြေး ၁၀၀၀ ကိုစုပြီး တစ်လတစ်ခါ မိဘပြန်ပေးပါတယ်တဲ့။ သူတို့ကြောင့် အသက်ရှင်နေရလို့ပါတဲ့ဗျာ.. အချိန်ကုန်ခ ၅၀၀၀ ကိုတော့ နောက်ဆက်ရမယ့် အချိန်အတွက် ပြန်စုနေပါတယ်တဲ့ အရင်းအနှီးတစ်ခုရရင် ပြန်သုံးပါတယ်တဲ့။
ဒီကားက ကိုယ်ပိုင်ပါတဲ့ဗျာ ဒါဆို မင်းတွက်တဲ့အထဲမှာ Owner ကြေး မတွေ့ပါလားလို့မေးတော့ နောက်တစ်စီးဝယ်ဖို့အတွက် ဆတူအရင်းဆိုတဲ့ ခေါင်းစဉ်မှာ သီးသန့်ထားပါသတဲ့.. အများကြီးပြောချင်ပါသေး၊ စာတစ်အုပ် ရေးလို့ရတယ်ဗျာ….
Credit : မောင်လုလင်