ပညာ
=======
အသိပညာ၊ အတတ္ပညာ ဘယ္ပညာပဲျဖစ္ျဖစ္ ဟိုးအရင္တည္းက ဆီမီးနဲ႔ ပမာျပဳ သတ္မွတ္ခဲ့တာဘာေၾကာင့္ပါလဲ
ကြၽန္ေတာ္ ဥာဏ္မီသေလာက္ ေျပာၾကည့္မယ္။ စာဖတ္တယ္၊ သတင္းၾကည့္တယ္၊ေနာက္ၿပီး ကြၽန္ေတာ္တို႔ေတြ ဘယ္ကေနပဲ သင္ယူသင္ယူ သင္ၾကားသမ်ွေတြက မီးအတြက္ ေလာင္စာေတြပါ။ ကြၽန္ေတာ္ တို႔ရဲ႕ ဦးေႏွာက္ကေတာ့ မီးစာေပါ့ ။ အသိပညာ အတတ္ပညာ ေကာင္းကို ဦးေႏွာက္ေကာင္း ဆိုတဲ့ မီးစာနဲ႔ေတြ႔မွာ ေလာကကို အလင္းေရာင္ေပးႏိုင္တဲ့ ဆီမီးေကာင္းျဖစ္မွာ။ ဒီလိုမွမဟုတ္ပဲ ဘယ္ေလာက္ပဲ ပညာေကာင္းေတြ ႐ွိေနပါေစ လူေကာင္းဦးေႏွာက္ေကာင္း မဟုတ္ဘူးဆိုရင္ေတာ့ ေလာကကို ေလာင္ႂကြမ္းေစမဲ့ မီး ပဲ ျဖစ္ေစမွာေပါ့။ ကြၽန္ေတာ္ စာေတြဖတ္တယ္ ေမာ္ႂကြားဖို႔ ေက်ာ္ၾကား ဖို႔မဟုတ္။ ကြၽန္ေတာ့ ပတ္ဝန္းက်င္ကို အနည္းငယ္ ပဲျဖစ္ျဖစ္ အလင္းျပေပးႏိုင္ဖို႔။ ကြၽန္ေတာ့အတြက္ လိုအပ္တယ္လို႔ ယူဆတဲ့ စာ(ပညာ)ေတြကို စုစည္းရင္း စုေဆာင္းရင္း ျပန္လည္ ျဖန္႔ေဝဖို႔ ရည္ရြယ္ရင္း ဒီအလုပ္ကို လုပ္ခဲ့တာ။ အဲ့ဒီစိတ္ေလး တစ္ခုတည္းနဲ႔ ဒီေနရာမွာ ရပ္တည္ခဲ့တာ။ ကြၽန္ေတာ္ ဖတ္မိနဲ႔ ရသ ေတြ သုတေတြကို လုပ္ငန္းခြင္မွာသာမဟုတ္ အျပင္မွာလဲ စုစည္း ထားတဲ့ေနရာေလးတစ္ခု႐ွိပါတယ္။ ဒီေနရာေလးက ကြၽန္ေတာ့ရဲ႕ မွတ္စု အေသးစားေလးပါ။www.kyawsanlinn.blogspot.com ဆိုတဲ့ blog ေလးကို အလည္လာခဲ့ပါလို႔။ လုပ္ထားတာ ၂ ႏွစ္ေက်ာ္ေလာက္႐ွိပါၿပီ။
သူရိန္သစ္
Unicode
ပညာ
=======
အသိပညာ၊ အတတ်ပညာ ဘယ်ပညာပဲဖြစ်ဖြစ် ဟိုးအရင်တည်းက ဆီမီးနဲ့ ပမာပြု သတ်မှတ်ခဲ့တာဘာကြောင့်ပါလဲ
ကျွန်တော် ဉာဏ်မီသလောက် ပြောကြည့်မယ်။ စာဖတ်တယ်၊ သတင်းကြည့်တယ်၊နောက်ပြီး ကျွန်တော်တို့တွေ ဘယ်ကနေပဲ သင်ယူသင်ယူ သင်ကြားသမျှတွေက မီးအတွက် လောင်စာတွေပါ။ ကျွန်တော် တို့ရဲ့ ဦးနှောက်ကတော့ မီးစာပေါ့ ။ အသိပညာ အတတ်ပညာ ကောင်းကို ဦးနှောက်ကောင်း ဆိုတဲ့ မီးစာနဲ့တွေ့မှာ လောကကို အလင်းရောင်ပေးနိုင်တဲ့ ဆီမီးကောင်းဖြစ်မှာ။ ဒီလိုမှမဟုတ်ပဲ ဘယ်လောက်ပဲ ပညာကောင်းတွေ ရှိနေပါစေ လူကောင်းဦးနှောက်ကောင်း မဟုတ်ဘူးဆိုရင်တော့ လောကကို လောင်ကြွမ်းစေမဲ့ မီး ပဲ ဖြစ်စေမှာပေါ့။ ကျွန်တော် စာတွေဖတ်တယ် မော်ကြွားဖို့ ကျော်ကြား ဖို့မဟုတ်။ ကျွန်တော့ ပတ်ဝန်းကျင်ကို အနည်းငယ် ပဲဖြစ်ဖြစ် အလင်းပြပေးနိုင်ဖို့။ ကျွန်တော့အတွက် လိုအပ်တယ်လို့ ယူဆတဲ့ စာ(ပညာ)တွေကို စုစည်းရင်း စုဆောင်းရင်း ပြန်လည် ဖြန့်ဝေဖို့ ရည်ရွယ်ရင်း ဒီအလုပ်ကို လုပ်ခဲ့တာ။ အဲ့ဒီစိတ်လေး တစ်ခုတည်းနဲ့ ဒီနေရာမှာ ရပ်တည်ခဲ့တာ။ ကျွန်တော် ဖတ်မိနဲ့ ရသ တွေ သုတတွေကို လုပ်ငန်းခွင်မှာသာမဟုတ် အပြင်မှာလဲ စုစည်း ထားတဲ့နေရာလေးတစ်ခုရှိပါတယ်။ ဒီနေရာလေးက ကျွန်တော့ရဲ့ မှတ်စု အသေးစားလေးပါ။www.kyawsanlinn.blogspot.com ဆိုတဲ့ blog လေးကို အလည်လာခဲ့ပါလို့။ လုပ်ထားတာ ၂ နှစ်ကျော်လောက်ရှိပါပြီ။
သူရိန်သစ်
No comments:
Post a Comment