Saturday, December 5, 2015

သားသမီးကိုု ဘယ္လိုု ျပဳစုု ပ်ိဳးေထာင္မလဲ မိဘတိုုင္းဖတ္ထားသင့္ပါတယ

သားသမီးကိုု ဘယ္လိုု ျပဳစုု ပ်ိဳးေထာင္မလဲ မိဘတိုုင္းဖတ္ထားသင့္ပါတယ္ #Knowledge
----------------------------------------------------------------------------------

စာေရးဆရာမ Elizabeth Gilbert ဟာ သူမရဲ႕ ဘဝ အခ်ိန္ေတြ ေတာ္ေတာ္မ်ားမ်ားကို ခရီးသြားရင္း၊ သတင္းပုိ႔ရင္း၊ သူ႔ရဲ႕ တီထြင္ဉာဏ္ကုိ ေဖာ္ထုတ္ျပႏိုင္ဖို႔ ႐ုန္းကန္ရင္း ကုန္ဆံုးခဲ့တဲ့ ေအာင္ျမင္တဲ့ စာေရးဆရာမတစ္ေယာက္ပါ။ ဒီမွာ သူ႔မိဘေတြက သူ႔ကို ဘယ္လို ျပဳစုပ်ိဳးေထာင္ခဲ့ဲဆိုတာ သူက ျပန္ေျပာျပထားပါတယ္။

၁. သူတို႔ဟာ ေမြးေန႔ေတြကို ၁၀၀ ရာခိုင္ႏႈန္း မေပ်ာ္ခိုင္းပါဘူး

ႏွစ္တိုင္းမွာ ကြၽန္မမိဘေတြက ေမြးေန႔ေရာက္ရင္ လက္ေဆာင္တစ္ခုနဲ႔ အတူ တာဝန္ယူမႈ တစ္ခုပါ ေပးတတ္ပါတယ္။ အဲဒီ တာဝန္ယူမႈက ဘာျဖစ္မလဲဆိုတာလဲ ႀကိဳစဥ္းစားထားပါတယ္။ ကြၽန္မ အသက္ ၉ ႏွစ္ျပည့္ ေမြးေန႔မွာ ကြၽန္မမိဘေတြက ကြၽန္မရဲ႕ ကိုယ္ပိုင္ ႐ုပ္ရည္နဲ႔ ပါတ္သတ္ၿပီး တာဝန္မယူေတာ့ပါဘူး။ ကြၽန္မ ေခါင္းမေလ်ွာ္ခ်င္ရင္၊ ေက်ာင္းကို အဝတ္ေဟာင္းေတြပဲ ျပန္ဝတ္သြားရင္ သူတို႔ ဘာမွ မေျပာေတာ့ပါဘူး။ အဲဒါ ကြၽန္မ တာဝန္ယူမႈပါ တဲ့။

အသက္ ၉ ႏွစ္နဲ႔ပဲ ၿပီးမသြားပါဘူး။ ကြၽန္မအေမက ကြၽန္မအခန္းနဲ႔ ပါတ္သတ္ၿပီး ဘာမွ လုပ္မေပးေတာ့တဲ့ ေမြးေန႔ကိုလဲ ၾကံဳရဖူးပါတယ္။ ဝက္သိုက္ျဖစ္ရင္ ျဖစ္ပေစ သူတို႔ ဘာမွ မေျပာပါဘူး။ ကြၽန္မ ကိုယ့္ဘာသာ ႐ွင္းခ်င္မွ ႐ွင္းပါ တဲ့။

အဲဒီလိုနဲ႔ အသက္ ၁၁၊ ၁၂ ေလာက္မွာ ကိုယ့္အဝတ္ ကိုယ္ေလ်ွာ္တတ္ေနပါၿပီ။ အထက္တန္းေက်ာင္းေရာက္ေတာ့ ကိုယ္တိုင္ အဝတ္အစား ဝယ္ၿပီး ကိုယ့္ဘာသာ ဆင္တတ္ေနပါၿပီ။ အဲဒီလိုနဲ႔ အကုန္ လုပ္တတ္လာတာပါပဲ။

၂. အေႂကြးေၾကာက္စိတ္ကို ထည့္ေပးခဲ့ပါတယ္

ကြၽန္မ အေဖက ကိုယ့္အားကိုယ္ကိုးစိတ္ အရမ္း ႐ွိသူပါ။ သူ႔အတြက္ သူ႔မိသားစုဟာ ေငြေၾကးဆိုင္ရာ လြတ္လပ္မႈ ႐ွိဖို႔ အရမ္း အေရးႀကီးပါတယ္ တဲ့။ အေႂကြးကင္းတဲ့ ဘဝဟာ သူ႔အတြက္ ေပ်ာ္စရာႀကီးပါ။ အဲဒီ အခ်ိန္၊ ငယ္ေသးတုန္းကေတာ့ ကြၽန္မက သူ နည္းနည္းမ်ားေနၿပီ ထင္ခဲ့ပါတယ္။ ဒါေပမယ့္ အေႂကြးကင္းတာဟာ ကြၽန္မဘဝကို သူမ်ားေတြထက္ ပိုၿပီး သန္မာေအာင္ လုပ္ေပးခဲ့တာေတာ့ ကြၽန္မ ထည့္ေျပာရပါမယ္။ အဲဒါဟာ လြတ္လြတ္လပ္လပ္ ႐ွိၿပီး ကြၽန္မႀကိဳက္တဲ့ ဝါသနာေတြကို ကိုယ္တိုင္ ဖမ္းယူႏုိင္ခဲ့ပါတယ္။

၃. ဘယ္လို ေခြၽတာရမလဲ သင္ေပးခဲ့ပါတယ္

ကြၽန္မေဖေဖ ေျပာခဲ့တာ " မ်ားမ်ားသိေလ၊ နည္းနည္းလိုေလ" ပါ။ အဲဒီ စကားပံုေလးကို ကြၽန္မ အရမ္းႀကိဳက္ပါတယ္။ ေကာလိပ္ၿပီးတဲ့ အခ်ိန္က် ကြၽန္မမွာ ကိုယ့္ဘာသာ ဘယ္လို ဂ႐ုစိုက္ရမလဲဆိုတာ သိေနခဲ့ပါၿပီ။ ဘယ္လို တစ္ေယာက္ထဲ ခရီးေတြ သြားရမလဲဆိုတာ သိေတာ့ ကြၽန္မစိတ္ႀကိဳက္ အလုပ္ေတြကို ပံုမွန္လူေတြနဲ႔ မတူပဲ လုပ္ကိုင္ႏိုင္ခဲ့ပါတယ္။ ျပသနာေတြ ႐ွိေပမယ့္ အရမ္း လူမိုက္ဆန္တဲ့ ျပသနာေတြ မ႐ွိခဲ့ပါဘူး။ ဖိနပ္တစ္ရံကို ေဒၚလာ ၅၀၀ နဲ႔ ဝယ္မဲ့အစား ေျခာက္လေလာက္ ေငြစုၿပီး ဥေရာပကို သြားတာမ်ိဳး ကြၽန္မ လုပ္ႏိုင္ခဲ့ပါတယ္။

၄. ၿပီးေတာ့ သူတို႔ဟာ ကြၽန္မကို ဥေပကၡာ ျပဳထားလိုက္ပါတယ္

ဒီကိစၥနဲ႔ ပါတ္သတ္ၿပီး ကြၽန္မ သူတို႔ိကုိ ေျပာခဲ့ဖူးပါတယ္။ သူတို႔က လံုးလံုးကို ဂ႐ုမစိုက္ပါဘူး။ ဥေပကၡာ ျပဳထားတာပါ။ အခုခ်ိန္ ျပန္စဥ္းစားၾကည့္ေတာ့ သူတို႔မွန္ေနပါတယ္။ ကြၽန္မဟာ သူတို႔ရဲ႕ ျပဳစုပ်ိဳးေထာင္မႈေတြအတြက္ လံုေလာက္တဲ့ လူႀကီးတစ္ေယာက္အျဖစ္ အရြယ္ေရာက္မလာေသးပါဘူး။ သူတို႔ဟာလဲ အဲဒါကို သိေနလို႔ ကြၽန္မ ပိုရင့္က်က္ဖို႔ ႏွင္ထုတ္လိုက္တာပါ။

ကြၽန္မဟာ သူတို႔ ကြၽန္မအေပၚ ယံုၾကည္မႈ အတိုင္းအတာ တစ္ခုအထိ ႐ွိတာသိပါတယ္။ ဒါေပမယ့္ ကြၽန္မ သိတာ ေနာက္တစ္ခုကေတာ့ သူတို႔ဟာ ဘယ္လို လူႀကီး လုပ္ရမွန္း မသိတဲ့ သူေတြအျဖစ္ ျပဳစုပ်ိဳးေထာင္မိမွာ ေၾကာက္ေနတာပါ။ သူတို႔ဟာ အဲဒီလို လူမ်ိဳးေတြကို ျမင္ဖူးၾကၿပီး သူတို႔ရဲ႕ ကေလးတစ္ေယာက္ျဖစ္တဲ့ ကြၽန္မ ဘယ္လို လူႀကီး လုပ္ရမွန္း မသိမွာကို ကြၽန္မ မေပ်ာ္မွာထက္ ပိုေၾကာက္ၾကတာပါ။

GM ရဲ့ တျခား ဗဟုုသုုတႏွင့္ ပက္သက္ေသာ ေဆာင္းပါးမ်ားကို ဖတ္ခ်င္ရင္ http://mmgentleman.com/category/knowleadge/ မွာအလြယ္တကူ ဝင္ေရာက္ေလ့လာနိုင္ပါတယ္။

----------------------------------------------------------------------------

မိန္းခေလးတိုင္းေတာင့္တၿပီး ေယာက်ာ္းေလးတိုင္း အားက်ေစဖို႔

© Gentleman Magazine 🄶🄼

Cyan Calyx

==============================================

ကလေးတစ်ယောက်ကို ပြုစုပျိုးထောင်ခြင်း

စာရေးဆရာမ Elizabeth Gilbert ဟာ သူမရဲ့ ဘဝ အချိန်တွေ တော်တော်များများကို ခရီးသွားရင်း၊ သတင်းပို့ရင်း၊ သူ့ရဲ့ တီထွင်ဉာဏ်ကို ဖော်ထုတ်ပြနိုင်ဖို့ ရုန်းကန်ရင်း ကုန်ဆုံးခဲ့တဲ့ အောင်မြင်တဲ့ စာရေးဆရာမတစ်ယောက်ပါ။ ဒီမှာ သူ့မိဘတွေက သူ့ကို ဘယ်လို ပြုစုပျိုးထောင်ခဲ့ဆိုတာ သူက ပြန်ပြောပြထားပါတယ်။

၁. သူတို့ဟာ မွေးနေ့တွေကို ၁၀၀ ရာခိုင်နှုန်း မပျော်ခိုင်းပါဘူး

နှစ်တိုင်းမှာ ကျွန်မမိဘတွေက မွေးနေ့ရောက်ရင် လက်ဆောင်တစ်ခုနဲ့ အတူ တာဝန်ယူမှု တစ်ခုပါ ပေးတတ်ပါတယ်။ အဲဒီ တာဝန်ယူမှုက ဘာဖြစ်မလဲဆိုတာလဲ ကြိုစဉ်းစားထားပါတယ်။ ကျွန်မ အသက် ၉ နှစ်ပြည့် မွေးနေ့မှာ ကျွန်မမိဘတွေက ကျွန်မရဲ့ ကိုယ်ပိုင် ရုပ်ရည်နဲ့ ပါတ်သတ်ပြီး တာဝန်မယူတော့ပါဘူး။ ကျွန်မ ခေါင်းမလျှော်ချင်ရင်၊ ကျောင်းကို အဝတ်ဟောင်းတွေပဲ ပြန်ဝတ်သွားရင် သူတို့ ဘာမှ မပြောတော့ပါဘူး။ အဲဒါ ကျွန်မ တာဝန်ယူမှုပါ တဲ့။

အသက် ၉ နှစ်နဲ့ပဲ ပြီးမသွားပါဘူး။ ကျွန်မအမေက ကျွန်မအခန်းနဲ့ ပါတ်သတ်ပြီး ဘာမှ လုပ်မပေးတော့တဲ့ မွေးနေ့ကိုလဲ ကြုံရဖူးပါတယ်။ ဝက်သိုက်ဖြစ်ရင် ဖြစ်ပစေ သူတို့ ဘာမှ မပြောပါဘူး။ ကျွန်မ ကိုယ့်ဘာသာ ရှင်းချင်မှ ရှင်းပါ တဲ့။

အဲဒီလိုနဲ့ အသက် ၁၁၊ ၁၂ လောက်မှာ ကိုယ့်အဝတ် ကိုယ်လျှော်တတ်နေပါပြီ။ အထက်တန်းကျောင်းရောက်တော့ ကိုယ်တိုင် အဝတ်အစား ဝယ်ပြီး ကိုယ့်ဘာသာ ဆင်တတ်နေပါပြီ။ အဲဒီလိုနဲ့ အကုန် လုပ်တတ်လာတာပါပဲ။

၂. အကြွေးကြောက်စိတ်ကို ထည့်ပေးခဲ့ပါတယ်

ကျွန်မ အဖေက ကိုယ့်အားကိုယ်ကိုးစိတ် အရမ်း ရှိသူပါ။ သူ့အတွက် သူ့မိသားစုဟာ ငွေကြေးဆိုင်ရာ လွတ်လပ်မှု ရှိဖို့ အရမ်း အရေးကြီးပါတယ် တဲ့။ အကြွေးကင်းတဲ့ ဘဝဟာ သူ့အတွက် ပျော်စရာကြီးပါ။ အဲဒီ အချိန်၊ ငယ်သေးတုန်းကတော့ ကျွန်မက သူ နည်းနည်းများနေပြီ ထင်ခဲ့ပါတယ်။ ဒါပေမယ့် အကြွေးကင်းတာဟာ ကျွန်မဘဝကို သူများတွေထက် ပိုပြီး သန်မာအောင် လုပ်ပေးခဲ့တာတော့ ကျွန်မ ထည့်ပြောရပါမယ်။ အဲဒါဟာ လွတ်လွတ်လပ်လပ် ရှိပြီး ကျွန်မကြိုက်တဲ့ ဝါသနာတွေကို ကိုယ်တိုင် ဖမ်းယူနိုင်ခဲ့ပါတယ်။

၃. ဘယ်လို ချွေတာရမလဲ သင်ပေးခဲ့ပါတယ်

ကျွန်မဖေဖေ ပြောခဲ့တာ " များများသိလေ၊ နည်းနည်းလိုလေ" ပါ။ အဲဒီ စကားပုံလေးကို ကျွန်မ အရမ်းကြိုက်ပါတယ်။ ကောလိပ်ပြီးတဲ့ အချိန်ကျ ကျွန်မမှာ ကိုယ့်ဘာသာ ဘယ်လို ဂရုစိုက်ရမလဲဆိုတာ သိနေခဲ့ပါပြီ။ ဘယ်လို တစ်ယောက်ထဲ ခရီးတွေ သွားရမလဲဆိုတာ သိတော့ ကျွန်မစိတ်ကြိုက် အလုပ်တွေကို ပုံမှန်လူတွေနဲ့ မတူပဲ လုပ်ကိုင်နိုင်ခဲ့ပါတယ်။ ပြသနာတွေ ရှိပေမယ့် အရမ်း လူမိုက်ဆန်တဲ့ ပြသနာတွေ မရှိခဲ့ပါဘူး။ ဖိနပ်တစ်ရံကို ဒေါ်လာ ၅၀၀ နဲ့ ဝယ်မဲ့အစား ခြောက်လလောက် ငွေစုပြီး ဥရောပကို သွားတာမျိုး ကျွန်မ လုပ်နိုင်ခဲ့ပါတယ်။

၄. ပြီးတော့ သူတို့ဟာ ကျွန်မကို ဥပေက္ခာ ပြုထားလိုက်ပါတယ်

ဒီကိစ္စနဲ့ ပါတ်သတ်ပြီး ကျွန်မ သူတို့ကို ပြောခဲ့ဖူးပါတယ်။ သူတို့က လုံးလုံးကို ဂရုမစိုက်ပါဘူး။ ဥပေက္ခာ ပြုထားတာပါ။ အခုချိန် ပြန်စဉ်းစားကြည့်တော့ သူတို့မှန်နေပါတယ်။ ကျွန်မဟာ သူတို့ရဲ့ ပြုစုပျိုးထောင်မှုတွေအတွက် လုံလောက်တဲ့ လူကြီးတစ်ယောက်အဖြစ် အရွယ်ရောက်မလာသေးပါဘူး။ သူတို့ဟာလဲ အဲဒါကို သိနေလို့ ကျွန်မ ပိုရင့်ကျက်ဖို့ နှင်ထုတ်လိုက်တာပါ။

ကျွန်မဟာ သူတို့ ကျွန်မအပေါ် ယုံကြည်မှု အတိုင်းအတာ တစ်ခုအထိ ရှိတာသိပါတယ်။ ဒါပေမယ့် ကျွန်မ သိတာ နောက်တစ်ခုကတော့ သူတို့ဟာ ဘယ်လို လူကြီး လုပ်ရမှန်း မသိတဲ့ သူတွေအဖြစ် ပြုစုပျိုးထောင်မိမှာ ကြောက်နေတာပါ။ သူတို့ဟာ အဲဒီလို လူမျိုးတွေကို မြင်ဖူးကြပြီး သူတို့ရဲ့ ကလေးတစ်ယောက်ဖြစ်တဲ့ ကျွန်မ ဘယ်လို လူကြီး လုပ်ရမှန်း မသိမှာကို ကျွန်မ မပျော်မှာထက် ပိုကြောက်ကြတာပါ။

GM ရဲ့ တခြား ဗဟုသုတနှင့် ပက်သက်သော ဆောင်းပါးများကို ဖတ်ချင်ရင် http://mmgentleman.com/category/knowleadge/ မှာအလွယ်တကူ ဝင်ရောက်လေ့လာနိုင်ပါတယ်။

----------------------------------------------------------------------------

မိန်းခလေးတိုင်းတောင့်တပြီး ယောက်ျားလေးတိုင်း အားကျစေဖို့

© Gentleman Magazine 🄶🄼

Cyan Calyx

==============================================

No comments:

Post a Comment