၁။ ပစ္ပယ္ခံရတိုင္း အားေလ်ာ့စရာ မဟုတ္ပါဘူး
--------------------
"KFC ၾကက္ေၾကာ္ဆိုင္ တ႐ုတ္ျပည္လာေတာ့ လူ ၂၄ ေယာက္ တိတိ အလုပ္သြားေလွ်ာက္ခဲ့ၾကတယ္။ ၂၃ ေယာက္ အေရြးခံ ရတယ္။ က်ဳပ္ ကံေကာင္းလို႔ က်န္ခဲ့တာ။" - Jack Ma , Founder of Alibaba Group ၏ ကမ႓ာေက်ာ္ စကား
--------------------
၂။ Jack Ma ၏ ခ်မ္းသာေအာင္ ေစ်းေရာင္းနည္း
--------------------
အရင္းႏွီးဆံုး မိတ္ေဆြေတြရယ္ မိသားစုဝင္ေတြရယ္ကို ေစ်းေရာင္းရင္ ခင္ဗ်ား ဘယ္ေလာက္နဲ႔ ေရာင္းေရာင္း သူတို႔စိတ္ထဲမွာ ခင္ဗ်ားသည္ သူတို႔ ေငြကို ယူေနပါတယ္ လို႔ပဲ ျမင္တယ္။ ခင္ဗ်ား ဘယ္လိုပဲ ေစ်း အသက္သာ ဆံုး ထားေပး ထားေပး သူတို႔အေနနဲ႔ ဒါကို ေက်းဇူး တင္ အသိအမွတ္ျပဳလိမ့္မယ္မထင္နဲ႔။
ခင္မင္ရင္းႏွီးတဲ့ လူတစ္ေယာက္ ဆီက ပစၥည္းတစ္ခုကို ဝယ္ရ တာ ထက္ကို တစိမ္းတစ္ေယာက္ လာေရာင္းတဲ့ အမ်ိဳးတူ ပစၥည္း တစ္ခုကို ဝယ္ရတာကို ပိုေက်နပ္ႏိုင္သူ လူတစ္မ်ိဳး ခင္ဗ်ား တို႔ တစ္ေယာက္ ခ်င္းစီ အတြက္ ေလာကမွာ ရွိေနတယ္။ ဒီ ကုန္ ပစၥည္းတစ္ခု ဟာ ခင္ဗ်ား အတြက္ အရင္း ဘယ္ေလာက္ ရွိႏိုင္တယ္ ဆိုတာ၊ အခ်ိန္ ဘယ္ေလာက္ကုန္တယ္ ဆိုတာ၊ ဘယ္ေလာက္ ပင္ပန္း ခက္ခဲစြာ ရလာတယ္ ဆိုတာ ကို စိတ္မဝင္စားဘူး။ ဘာ ေၾကာင့္ လဲ ဆိုရင္ သူတို႔ ရင္ထဲမွာ "ဪ.. ငါ ဒီေလာက္ သက္သာ သြား ပါလား.. ဒါမွ မဟုတ္ ဪ.. ငါ့ကို သူဒီလို လုပ္ေပး ပါလား" ဆိုတဲ့ အျမင္ထက္ "ဪ.. ငါ့ဆီက သူဒီေလာက္ ယူသြားပါလား" ဆိုတဲ့ အျမင္ ရွိေန တယ္။
ဒါ အလြန္ အေျခခံက်တဲ့ ေစ်းေရာင္းျခင္း အေတြးအေခၚပဲ။
ခ်မ္းသာသူတို႔ ဘာ့ေၾကာင့္ ဆက္ကာ ဆက္ကာ ခ်မ္းသာ ၾကသလဲ။ အဓိက အေၾကာင္းရင္းကေတာ့ သူတို႔ဟာ သူတို႔နဲ႔ ဆက္ ႏြယ္ ေနတဲ့ အသိုင္းအဝိုင္း ပတ္ဝန္းက်င္ အတြက္ လိုလို လားလား ေထာက္ပံ့ ေပးလိုစိတ္ ရွိေနလို႔ပဲ။ တစ္ေယာက္က တစ္ေယာက္ ကို ေထာက္ပံ့တဲ့ အခါမွာ တုံ႔ျပန္မႈ သဘာဝအရ ကိုယ့္ဆီ ကို ေထာက္ပံ့မႈ ျပန္လာ တယ္။ သူငယ္ခ်င္း မိတ္ေဆြ ေတြ ဒီလို တစ္ေယာက္ကေန ေနာက္ တစ္ေယာက္၊ ေနာက္ တစ္ေယာက္ကေန ေနာက္ထပ္ တစ္ ေယာက္ စသျဖင့္ ဒီ ခ်မ္းသာမႈ စက္ဝန္းအတြင္းမွာ ေထာက္ပံ့ ေနျခင္းအားျဖင့္ စက္ဝန္းဟာလဲ ႀကီးထြား ႂကြယ္ဝ လာတယ္။
အရမ္းကို ႐ိုးရွင္းတဲ့ ေလာဂ်စ္ပါ။ ခင္ဗ်ား ဒါကို နားလည္တဲ့ အခ်ိန္ ခင္ဗ်ား ခ်မ္းသာၿပီလို႔သာ မွတ္လိုက္။
ကုန္ပစၥည္း တစ္မ်ိဳးကို ခင္ဗ်ား ေရာင္းၿပီ ဆိုပါေတာ့။ ခင္ဗ်ား အာေဘာင္ အာရင္း သန္သန္နဲ႔ ေျပာဆိုေနတာကို ပထမဆံုး ဦးစြာ ခင္ဗ်ားကို စယံုမွာ "သူစိမ္း" တစ္ေယာက္ပဲ။ သူစိမ္း တစ္ေယာက္ ခင္ဗ်ားကို ယံုေနတဲ့ အခ်ိန္ "သူငယ္ခ်င္း" ေတြက ခင္ဗ်ားကို မယံု႔ တယံု ျဖစ္ေနလိမ့္မယ္။ တစ္ခ်ိန္ထဲမွာပဲ "ေဆြမ်ိဳး" ေတြက ခင္ဗ်ားကို ေလွာင္ေျပာင္ ေနၾကလိမ့္မယ္။ ခင္ဗ်ားကို လံုးလံုး မယံုမွာက ခင္ဗ်ား "မိသားစု" ပဲ။
မိသားစုဝင္ေတြကို ခင္ဗ်ား တစ္စံုတစ္ခု ေရာင္းမယ္ဆိုပါေတာ့။ ခင္ဗ်ား ဘယ္ေတာ့မွ အျမတ္ အမ်ားႀကီးမရဘူး။ အဆိုးဆံုးက ခင္ဗ်ား မျမတ္ပါဘူး ဆိုတာကိုလဲ သူတို႔ ယံုလိမ့္မယ္ မထင္နဲ႔။ ဒါ့ေၾကာင့္ မိသားစုသည္ ကိုယ့္ကို မယံုဆံုး နဲ႔ ေရာင္းရ အခက္ဆံုး customer။
တစ္ခ်ိန္မွာ ခင္ဗ်ား ေအာင္ျမင္လာခ်ိန္ ခင္ဗ်ား အေနနဲ႔ မိသားစု အတြက္ ေဆြမ်ိဳး အတြက္ သူငယ္ခ်င္းအတြက္ စသျဖင့္ အသီးသီး ေထာက္ပံ့ႏိုင္လာခ်ိန္။ ခင္ဗ်ားကို ဘယ္သူမွ မယံုခင္ ထဲက ယံုခဲ့တဲ့ "သူစိမ္း" အတြက္ကို စဥ္းစားမိခဲ့ရဲ႕လား။
ဒါ့ေၾကာင့္ ခ်မ္းသာႂကြယ္ဝလာခ်ိန္ မိသားစုေတြ သူငယ္ခ်င္းေတြကို ေထာက္ပံ့ပါ။ ဘာလို႔လဲ ဆိုေတာ့ခင္ဗ်ားရဲ႕ ခ်မ္းသာမႈ စက္ဝန္း ခ်ဲ႕တဲ့ အေနနဲ႔ ျဖစ္တယ္။ ၿပီးေတာ့ မေမ့မေလ်ာ့ "သူစိမ္း" ျဖစ္တဲ့ ခင္ဗ်ားရဲ႕ ေန႔စဥ္ Customer ေတြကိုလဲ ေထာက္ပံ့ပါ။ ဘာလို႔လဲ ဆိုရင္ သူစိမ္း ဆိုတာ ခင္ဗ်ား တို႔ကို တကယ္ ခ်မ္းသာလာေအာင္ လုပ္ေပးႏိုင္တဲ့ The Best Customer ေတြ ျဖစ္လို႔ပါပဲ။
--------------------
၃။ Jack Ma ရဲ႕ အေတြးအေခၚ
--------------------
က်ဳပ္ ပိုကာ ကစားရတာ ႀကိဳက္တယ္ဗ်။ ကစားတာ ေတာ္လွ တယ္ေတာ့ မဟုတ္ဘူး။ ဘာလို႔လဲ ဆိုရင္ က်ဳပ္ မတြက္တတ္လို႔။ ဒါေၾကာင့္ က်ဳပ္ ခံစားမႈေနာက္ လိုက္ၿပီးေတာ့ပဲ ကစားေလ့ ရွိတယ္။ တျဖည္းျဖည္းနဲ႔ က်ဳပ္ ဒီပိုကာကစားဝိုင္း ေနာက္က လူေတြရဲ႕ ဒႆန အေတြးအေခၚေလးေတြကို ရိပ္စား မိလာ တယ္။ လူေတြဟာ ခံစားမႈနဲ႔ပဲ အျပင္ကိုထုတ္ျပ ေလ့ရွိ တယ္။ ဒါေပမယ့္ ဒီေနာက္ကြယ္မွာ နက္နဲတဲ့ အေတြးအေခၚ တစ္ခ်ိဳ႕ရွိတယ္။
က်ဳပ္လည္း ခံစားမႈေနာက္ကို စလိုက္ခဲ့တယ္။ က်ဳပ္ကို က်ဳပ္ ေပ်ာ္ေအာင္ေနတယ္။ ဒီေနာက္ကြယ္က ခံယူခ်က္က က်ဳပ္ မေပ်ာ္ရင္ က်ဳပ္လုပ္ေဖာ္ကိုင္ဖက္ေတြလဲ မေပ်ာ္ေတာ့ဘူး။ က်ဳပ္ ကုမၸဏီ ရွယ္ယာဝင္ ေတြလဲ မေပ်ာ္ေတာ့ဘူး။ ေနာက္ဆံုး က်ဳပ္ရဲ႕ customer ေတြပါ မေပ်ာ္ေတာ့ဘူး။
ဒါ့ေၾကာင့္ က်ဳပ္ ေပ်ာ္ေအာင္ပဲေနတယ္။
ခင္ဗ်ားဟာ ပိုက္ဆံ သိန္းတစ္ေထာင္ရွိသူ တစ္ေယာက္ ဆိုရင္ေတာ့ အလြန္ကံေကာင္းသူ တစ္ေယာက္ေပါ့။ သိန္းေပါင္း တစ္ေသာင္း ေလာက္မ်ား ရွိေနရင္ေတာ့ ခင္ဗ်ား ျပႆနာ တက္ၿပီ။ ေငြေတြ ဒီေလာက္အမ်ားႀကီးေၾကာင့္ ေခါင္းခဲေန ရၿပီေလ။
ဒီ့ထက္ပိုၿပီးေတာ့ ႏိုင္ငံေတာ့္ဘ႑ာအဆင့္ ပမာဏေလာက္ ေငြေတြ ခင္ဗ်ားလက္ထဲမွာ ရွိေနၿပီ ဆိုရင္ေတာ့... ခင္ဗ်ား ထိုင္ေခါင္းခဲေနလို႔ မရေတာ့ဘူး။ ဒါသည္ တာဝန္တစ္ရပ္ ျဖစ္လာၿပီ။ လူထုအားလံုးရဲ႕ ယံုၾကည္မႈကို ခင္ဗ်ား ေခါင္းေပၚ ပိုးထားရတာ။ ဘာကိုယံုၾကည္တာလဲဆိုရင္ ခင္ဗ်ားသည္ အျခားလူေတြထက္ ဒီေငြေတြကို ပို အက်ိဳးရွိစြာ သံုးႏိုင္မယ္ဆိုတဲ့ ယံုၾကည္မႈ။
ဒီလိုအခါမွာ ခင္ဗ်ားရဲ႕ သမား႐ိုးက် ေလးလံတဲ့ လႈပ္ရွားမႈေတြ ကေန ခင္ဗ်ားကိုယ္တိုင္ ဆန္႔က်င္ေနရ လိမ့္မယ္။ ခါတိုင္းလို အရာရာကို ေပါ့ေပါ့ေလး ယူဆထားလို႔ မရေတာ့ဘူး။ ဘာမွ မလုပ္ပဲနဲ႔ ထိုင္ၿပီး စားျမံဳ႕ျပန္ေနတာ လံုးဝ မလုပ္သင့္ေတာ့ဘူး။ အတိတ္က ေအာင္ျမင္ ခဲ့တာေတြကို ခင္ဗ်ားမ်ားမ်ား ေတြးေန ေလ ခင္ဗ်ားက်ရွံဳးမႈ ဘက္ကို ဦးတည္ေနေလပဲ။ ဒါေၾကာင့္ အတိတ္ကိုေတြးတတ္တဲ့ အခ်ိန္ ေတြမွာဆိုရင္ ေတြးေနမယ့္တူတူ ေအာင္ျမင္ခဲ့တဲ့ အတိတ္ထက္ကို က်ရွံဳးခဲ့တဲ့ ျဖစ္ရပ္ေတြကို ပဲေတြးၿပီး အေၾကာင္းကို စဥ္းစားပါ။ ဒါမွသာ အနာဂတ္မွာ ခင္ဗ်ား အမွားကိုျပင္ အမွန္ကို ေလွ်ာက္လို႔ ေနာက္ထပ္ ေအာင္ျမင္မႈ တစ္ခုဆီ တက္လွမ္းႏိုင္မွာ ျဖစ္တယ္။
--------------------
၄။ လူတစ္ေယာက္ ဆင္းရဲတာ ဘာ့ေၾကာင့္လဲ သိလား။ အေျဖက နည္းနည္းဆန္းလိမ့္မယ္။ "ဆင္းရဲတြင္းက မထြက္ခ်င္လို႔ ဆင္းရဲတာ" - Jack Ma
--------------------
အလီဘာဘာ အြန္လိုင္း ပစၥည္းေရာင္းဝယ္ေရး လုပ္ငန္းႀကီးကို မစတင္မီမွာ က်ဳပ္ မိတ္ေဆြ ၂၄ေယာက္ ကို ထမင္းစား ဖိတ္ၿပီး က်ဳပ္ သူတို႔ကို ႏွစ္နာရီေလာက္ နီးနီး ထိုင္ခိုင္းၿပီးေတာ့ လုပ္ခ်င္တဲ့ စီမံကိန္းကို ခ်ျပဖူးတယ္။ က်ဳပ္ပဲ သိပ္ မရွင္းျပ တတ္လို႔လား မသိပါဘူးဗ်ာ... ေျပာေနတာသာ ၿပီးသြားတယ္။ သူတို႔သိပ္ နားမဝင္ဘူးဗ်။ ၂၃ ေယာက္က က်ဳပ္ကို မလုပ္ဖို႔ ဝိုင္းတား ၾကတယ္။ ဘာလို႔လဲလို႔ က်ဳပ္ကေမးေတာ့ " မင္းလို ေက်ာင္း ဆရာ က အင္တာနက္ အေၾကာင္း ဘယ္ေလာက္ သိလို႔လဲ။ ကဲ သိတယ္ပဲထား.. ဘယ္မလဲ ရင္းႏွီးေငြ.." စသျဖင့္ တကယ္ ဟုတ္ေနတဲ့ အေၾကာင္း အခ်က္ ေတြကို ေထာက္ၿပီး ေျပာျပၾကတာ။
ဒီ ေနာက္ဆံုး မိတ္ေဆြ တစ္ေယာက္ပဲ (သူက အဲ့ဒီတုန္းက ဘဏ္ဝန္ထမ္း ထင္တယ္..) က်ဳပ္ကို ဘာေျပာလဲ ဆိုေတာ့.. "ေဟ့ သူငယ္ခ်င္း.. ေတြေဝ မေနနဲ႔.. မင္းလုပ္ခ်င္တယ္ ဆိုရင္ လုပ္လိုက္... အေကာင္းဆံုးေတာ့ လုပ္။ ေအး.. မင္းထင္သလို ျဖစ္မလာ ခဲ့ရင္ လဲကြာ.. မင္း လုပ္ခဲ့တဲ့ အရင္ အလုပ္ကို ျပန္လုပ္ေပါ့.." တဲ့...။ သူေျပာတဲ့အခ်က္ေလးက က်ဳပ္အတြက္ အျမင္သစ္ကို ျဖစ္လာေစ ခဲ့တယ္။ ညလံုးေပါက္ က်ဳပ္ ဒါကိုေတြးၿပီး ေနာက္ေန႔ မနက္မွာ ဆံုးျဖတ္ခ်က္ တစ္ခုကို ပိုင္ပိုင္ႏိုင္ႏိုင္ ခ်ခဲ့ လိုက္တယ္။ ဒီ မိတ္ေဆြ ၂၄ေယာက္လံုး အခု က်ဳပ္ကို လာကန္႔ကြက္ဦး။ က်ဳပ္ ရည္မွန္းခ်က္ကို မျဖစ္ ျဖစ္ေအာင္ လုပ္ကို လုပ္မယ္ ဆိုတာပဲ။
အဲဒီအခ်ိန္တုန္းက က်ဳပ္ မျဖစ္ ျဖစ္ေအာင္ လုပ္ခ်င္စိတ္ ေပၚလာေစတဲ့ တြန္းအားကို ခု ျပန္စဥ္းစား ၾကည့္လိုက္ေတာ့ က်ဳပ္ အင္တာနက္နည္းပညာ ေပၚမွာ ယံုၾကည္ေနတာ မ်ိဳးလဲ မဟုတ္ဖူး။ ၿပီးေတာ့ ဒါရဲ႕ ေနာင္တခ်ိန္က် တိုးတက္လာမွာေတြ ဘာေတြ.. က်ဳပ္ တြက္လဲ မထားခဲ့မိဘူး။ တြက္ လဲ မတြက္ တတ္ဘူး။ ဒါေပမယ့္ တြန္းအားေလးတစ္ခု အမွန္တကယ္ ျဖစ္ေပၚလာခဲ့တယ္။ ဒီ တြန္းအား ေလး က က်ဳပ္သူငယ္ခ်င္းရဲ႕ စကားပဲ.. "မွားရင္ ေနာက္ျပန္ဆုတ္လို႔ ရတယ္" ဆိုတဲ့ စကားေလး.. ဒါေလးက တြန္းအား ျဖစ္ေစခဲ့တယ္။ က်ဳပ္ ဒီတြန္းအားေလး နဲ႔ပဲ ေရွ႕ကို မေၾကာက္မရြံ႕ တရစပ္ တိုးခဲ့တယ္။
ဒီလို လုပ္ကိုင္ရင္းနဲ႔ က်ဳပ္သိလာ ရတာေတြက လူတစ္ေယာက္ စီးပြားေရး ေလာကမွာ က်႐ႈံးတယ္ဆိုတာ ဒီ အခ်က္ ေလးခ်က္ေၾကာင့္ဗ်။
- လူတကာျမင္တဲ့ အခြင့္အေရးကိုျမင္ေပမယ့္ လူနည္းစုပဲ ျမင္တဲ့ ေနာက္ကြယ္က အခြင့္အေရးကို မျမင္ျခင္း
- ျမင္တဲ့ အခြင့္အေရး တိုင္းကိုလဲ အထင္ေသးျခင္း
- မိမိ အလုပ္နဲ႔ ပတ္သက္ၿပီး ဗဟုသုတ မရွိျခင္း
- အခြင့္အေရး ျမင္ျမင္ခ်င္းထ မလုပ္တတ္ျခင္း
ဆိုတဲ့ ေလးခ်က္ ျဖစ္တယ္။ ဒီ ေလးခ်က္ကို မျပဳျပင္ ႏိုင္ဘူး ဆိုတာ ရွင္းပါတယ္။ ေငြ အေပၚမွာ စိတ္ဝင္စားမႈ မရွိတဲ့လူ မျပင္ႏိုင္ဘူး။ ဥပမာ တစ္ခုေပးမယ္။ Starbucks ေကာ္ဖီဆိုင္ ရဲ႕ ေအာင္ျမင္မႈကို ၾကည့္ေနတဲ့ လူေတြ သိန္းသန္းမက ရွိတယ္။ လူတိုင္းလိုလို တြက္ခ်က္ ေနတာ ကေတာ့ ဒီေကာ္ဖီဆိုင္ ရဲ႕ ဝင္ေငြ၊ ထြက္ေငြ ထိန္းသိမ္းပံု။ ဘာ menu နဲ႔ ဆြဲေဆာင္ တယ္။ ဘယ္လို လူေတြ လာဝယ္ ေသာက္တယ္။ ဘယ္ေလာက္ အကြာ ကေန လာဝယ္တယ္။ ဘယ္အခ်ိန္.. စသျဖင့္ သမား ႐ိုးက် လူတစ္ေယာက္ ဦးေႏွာက္နဲ႔ ေတြးထုတ္လို႔ရတဲ့ အပိုင္း မွာ ေလ့လာေနၾကတာမ်ားတယ္။ ၁၉၉၃ ခုႏွစ္မွာ အဆိုပါ လူတစ္သန္း လိုမ်ိဳး အျမင္ ထက္ ပိုတဲ့ အေမရိကန္လူငယ္ တစ္ေယာက္ ေပၚေပါက္လာခဲ့တယ္။ သူ႔နာမည္က Jay Sorensen။ သူသတိျပဳ မိတာကေန ထြက္ေပၚလာတဲ့ တီထြင္မႈ က အလြန္႐ိုးရွင္းေသာ အေတြးစေလး တစ္စပါပဲ။ ေကာ္ဖီခြက္ ေတြအတြက္ စကၠဴအပတ္ (ကိုင္ထားရင္ မပူေအာင္)။ ဒါေလးကို သူ Starbucks အပါအဝင္ အျခား နာမည္ႀကီး ေကာ္ဖီဆိုင္ ေတြမွာ လိုက္လံ ျပသၾကည့္ေတာ့ အားလံုးက သေဘာက် ၿပီးေတာ့ ေအာ္ဒါမွာတာ ေနာက္ဆံုး ဒီဘာမဟုတ္တဲ့ စကၠဴ ပတ္ေလး တစ္ပတ္၊ အဲသည္ စကၠဴပတ္ အရြက္ တစ္ရြက္ကို ျမန္မာေငြ ပ်မ္းမွ် တစ္ရာ ႏွစ္ရာေလာက္ သာတန္တဲ့ စကၠဴ ပတ္ေလးေတြ လိုက္သြင္းရင္းက ယေန႔ေခတ္ ဆယ္ေက်ာ္သက္ အရြယ္ မီလ်ံနာ သူေဌး စာရင္းဝင္ သြားဖူးပါတယ္။
ဒီလိုဆိုရင္ ရွင္းရွင္းေလး။ ဆင္းရဲေနတဲ့ လူတစ္ေယာက္က ဒီ အခ်က္ေလးခ်က္ကို ျပဳျပင္ရ ေကာင္းမွန္းမသိလို႔ က်ိန္းေသ ဆင္းရဲတာ မဟုတ္လား။ ဆင္းရဲျခင္းက လြတ္ခ်င္စိတ္ မျပင္းျပ ေသးသေရြ႕ေတာ့ လူတစ္ေယာက္ဟာ ခုနက က်ဳပ္ေျပာတဲ့ ေလးခ်က္ကို ဘယ္ေတာ့မွ လႊတ္မွာ မဟုတ္ဘူး။ ျပႆနာ တစ္ခုလို႔လဲ သူမထင္ဘူး။ ဒါေလးေတြကို ရွင္းေအာင္ အခ်က္ ေလးေတြ ထုတ္ျပ ၾကည့္မယ္။
- ခင္ဗ်ား ဆင္းရဲတာ ဘာလို႔လဲဆိုေတာ့ ခ်မ္းသာခ်င္စိတ္ မျပင္းျပလို႔။
- ခင္ဗ်ား ဆင္းရဲတာ ဘာလို႔လဲဆိုေတာ့ ေရွ႕ကို ႀကိဳမျမင္ တတ္လို႔။
- ခင္ဗ်ား ဆင္းရဲတာ ဘာလို႔လဲဆိုေတာ့ ခင္ဗ်ားရဲ႕ သမား႐ိုးက် အျမင္ကို ခင္ဗ်ား မေက်ာ္တက္ရဲလို႔။
- ခင္ဗ်ား ဆင္းရဲတာ ဘာလို႔လဲဆိုေတာ့ တိက်တဲ့ ဆံုးျဖတ္ခ်က္ ရယ္၊ ခံယူခ်က္ရယ္ ကင္းမဲ့ေနလို႔။
ဟုတ္တယ္ မဟုတ္လား။ ၿပီးေတာ့ -
- ခ်မ္းသာလိုစိတ္ ေလးပဲရွိလိုက္ ခင္ဗ်ား ခုနက အေျခအေနေတြ အားလံုးကို ျဖတ္ေက်ာ္ၿပီးသား ျဖစ္ေနၿပီ။
- ခ်မ္းသာလိုစိတ္ေလးကပဲ ခင္ဗ်ားကို အသိသစ္ေတြ ေပးလိမ့္ မယ္။ အတတ္သစ္ အျမင္သစ္ေတြ ရွာၾကံေပးလိမ့္မယ္။
- ခ်မ္းသာလိုစိတ္ ေလးပဲ ရွိလိုက္ ခင္ဗ်ား ရဲ႕ ထင္ရွားေနတဲ့ က်႐ႈံးမႈေတြ အားလံုး အခြင့္အေရး အျဖစ္ အသြင္ ေျပာင္းသြား ေစရမယ္။
ဒါပဲ။ ဒီေတာ့ ခင္ဗ်ား စဥ္းစားေတာ့.. ခင္ဗ်ား ေရွ႕ဆက္ရမယ့္ လမ္းက ႏွစ္လမ္းပဲ ရွိတယ္။ ေငြပံုရွိရာ လမ္းရယ္ အိမ္ အျပန္ လမ္းရယ္။ နစ္ခုထဲက တစ္ခုကို ေရြးရလိမ့္မယ္။ ရပ္မေနနဲ႔.. ခင္ဗ်ား အသံုးမက်တဲ့လူ ျဖစ္သြားလိမ့္မယ္။
----------
ကိုးကား - Jack Ma ၏ ဒႆနမ်ား
၁။ ပစ်ပယ်ခံရတိုင်း အားလျော့စရာ မဟုတ်ပါဘူး
--------------------
"KFC ကြက်ကြော်ဆိုင် တရုတ်ပြည်လာတော့ လူ ၂၄ ယောက် တိတိ အလုပ်သွားလျှောက်ခဲ့ကြတယ်။ ၂၃ ယောက် အရွေးခံ ရတယ်။ ကျုပ် ကံကောင်းလို့ ကျန်ခဲ့တာ။" - Jack Ma , Founder of Alibaba Group ၏ ကမ္ဘာကျော် စကား
--------------------
၂။ Jack Ma ၏ ချမ်းသာအောင် ဈေးရောင်းနည်း
--------------------
အရင်းနှီးဆုံး မိတ်ဆွေတွေရယ် မိသားစုဝင်တွေရယ်ကို ဈေးရောင်းရင် ခင်ဗျား ဘယ်လောက်နဲ့ ရောင်းရောင်း သူတို့စိတ်ထဲမှာ ခင်ဗျားသည် သူတို့ ငွေကို ယူနေပါတယ် လို့ပဲ မြင်တယ်။ ခင်ဗျား ဘယ်လိုပဲ ဈေး အသက်သာ ဆုံး ထားပေး ထားပေး သူတို့အနေနဲ့ ဒါကို ကျေးဇူး တင် အသိအမှတ်ပြုလိမ့်မယ်မထင်နဲ့။
ခင်မင်ရင်းနှီးတဲ့ လူတစ်ယောက် ဆီက ပစ္စည်းတစ်ခုကို ဝယ်ရ တာ ထက်ကို တစိမ်းတစ်ယောက် လာရောင်းတဲ့ အမျိုးတူ ပစ္စည်း တစ်ခုကို ဝယ်ရတာကို ပိုကျေနပ်နိုင်သူ လူတစ်မျိုး ခင်ဗျား တို့ တစ်ယောက် ချင်းစီ အတွက် လောကမှာ ရှိနေတယ်။ ဒီ ကုန် ပစ္စည်းတစ်ခု ဟာ ခင်ဗျား အတွက် အရင်း ဘယ်လောက် ရှိနိုင်တယ် ဆိုတာ၊ အချိန် ဘယ်လောက်ကုန်တယ် ဆိုတာ၊ ဘယ်လောက် ပင်ပန်း ခက်ခဲစွာ ရလာတယ် ဆိုတာ ကို စိတ်မဝင်စားဘူး။ ဘာ ကြောင့် လဲ ဆိုရင် သူတို့ ရင်ထဲမှာ "ဪ.. ငါ ဒီလောက် သက်သာ သွား ပါလား.. ဒါမှ မဟုတ် ဪ.. ငါ့ကို သူဒီလို လုပ်ပေး ပါလား" ဆိုတဲ့ အမြင်ထက် "ဪ.. ငါ့ဆီက သူဒီလောက် ယူသွားပါလား" ဆိုတဲ့ အမြင် ရှိနေ တယ်။
ဒါ အလွန် အခြေခံကျတဲ့ ဈေးရောင်းခြင်း အတွေးအခေါ်ပဲ။
ချမ်းသာသူတို့ ဘာ့ကြောင့် ဆက်ကာ ဆက်ကာ ချမ်းသာ ကြသလဲ။ အဓိက အကြောင်းရင်းကတော့ သူတို့ဟာ သူတို့နဲ့ ဆက် နွယ် နေတဲ့ အသိုင်းအဝိုင်း ပတ်ဝန်းကျင် အတွက် လိုလို လားလား ထောက်ပံ့ ပေးလိုစိတ် ရှိနေလို့ပဲ။ တစ်ယောက်က တစ်ယောက် ကို ထောက်ပံ့တဲ့ အခါမှာ တုံ့ပြန်မှု သဘာဝအရ ကိုယ့်ဆီ ကို ထောက်ပံ့မှု ပြန်လာ တယ်။ သူငယ်ချင်း မိတ်ဆွေ တွေ ဒီလို တစ်ယောက်ကနေ နောက် တစ်ယောက်၊ နောက် တစ်ယောက်ကနေ နောက်ထပ် တစ် ယောက် စသဖြင့် ဒီ ချမ်းသာမှု စက်ဝန်းအတွင်းမှာ ထောက်ပံ့ နေခြင်းအားဖြင့် စက်ဝန်းဟာလဲ ကြီးထွား ကြွယ်ဝ လာတယ်။
အရမ်းကို ရိုးရှင်းတဲ့ လောဂျစ်ပါ။ ခင်ဗျား ဒါကို နားလည်တဲ့ အချိန် ခင်ဗျား ချမ်းသာပြီလို့သာ မှတ်လိုက်။
ကုန်ပစ္စည်း တစ်မျိုးကို ခင်ဗျား ရောင်းပြီ ဆိုပါတော့။ ခင်ဗျား အာဘောင် အာရင်း သန်သန်နဲ့ ပြောဆိုနေတာကို ပထမဆုံး ဦးစွာ ခင်ဗျားကို စယုံမှာ "သူစိမ်း" တစ်ယောက်ပဲ။ သူစိမ်း တစ်ယောက် ခင်ဗျားကို ယုံနေတဲ့ အချိန် "သူငယ်ချင်း" တွေက ခင်ဗျားကို မယုံ့ တယုံ ဖြစ်နေလိမ့်မယ်။ တစ်ချိန်ထဲမှာပဲ "ဆွေမျိုး" တွေက ခင်ဗျားကို လှောင်ပြောင် နေကြလိမ့်မယ်။ ခင်ဗျားကို လုံးလုံး မယုံမှာက ခင်ဗျား "မိသားစု" ပဲ။
မိသားစုဝင်တွေကို ခင်ဗျား တစ်စုံတစ်ခု ရောင်းမယ်ဆိုပါတော့။ ခင်ဗျား ဘယ်တော့မှ အမြတ် အများကြီးမရဘူး။ အဆိုးဆုံးက ခင်ဗျား မမြတ်ပါဘူး ဆိုတာကိုလဲ သူတို့ ယုံလိမ့်မယ် မထင်နဲ့။ ဒါ့ကြောင့် မိသားစုသည် ကိုယ့်ကို မယုံဆုံး နဲ့ ရောင်းရ အခက်ဆုံး customer။
တစ်ချိန်မှာ ခင်ဗျား အောင်မြင်လာချိန် ခင်ဗျား အနေနဲ့ မိသားစု အတွက် ဆွေမျိုး အတွက် သူငယ်ချင်းအတွက် စသဖြင့် အသီးသီး ထောက်ပံ့နိုင်လာချိန်။ ခင်ဗျားကို ဘယ်သူမှ မယုံခင် ထဲက ယုံခဲ့တဲ့ "သူစိမ်း" အတွက်ကို စဉ်းစားမိခဲ့ရဲ့လား။
ဒါ့ကြောင့် ချမ်းသာကြွယ်ဝလာချိန် မိသားစုတွေ သူငယ်ချင်းတွေကို ထောက်ပံ့ပါ။ ဘာလို့လဲ ဆိုတော့ခင်ဗျားရဲ့ ချမ်းသာမှု စက်ဝန်း ချဲ့တဲ့ အနေနဲ့ ဖြစ်တယ်။ ပြီးတော့ မမေ့မလျော့ "သူစိမ်း" ဖြစ်တဲ့ ခင်ဗျားရဲ့ နေ့စဉ် Customer တွေကိုလဲ ထောက်ပံ့ပါ။ ဘာလို့လဲ ဆိုရင် သူစိမ်း ဆိုတာ ခင်ဗျား တို့ကို တကယ် ချမ်းသာလာအောင် လုပ်ပေးနိုင်တဲ့ The Best Customer တွေ ဖြစ်လို့ပါပဲ။
--------------------
၃။ Jack Ma ရဲ့ အတွေးအခေါ်
--------------------
ကျုပ် ပိုကာ ကစားရတာ ကြိုက်တယ်ဗျ။ ကစားတာ တော်လှ တယ်တော့ မဟုတ်ဘူး။ ဘာလို့လဲ ဆိုရင် ကျုပ် မတွက်တတ်လို့။ ဒါကြောင့် ကျုပ် ခံစားမှုနောက် လိုက်ပြီးတော့ပဲ ကစားလေ့ ရှိတယ်။ တဖြည်းဖြည်းနဲ့ ကျုပ် ဒီပိုကာကစားဝိုင်း နောက်က လူတွေရဲ့ ဒဿန အတွေးအခေါ်လေးတွေကို ရိပ်စား မိလာ တယ်။ လူတွေဟာ ခံစားမှုနဲ့ပဲ အပြင်ကိုထုတ်ပြ လေ့ရှိ တယ်။ ဒါပေမယ့် ဒီနောက်ကွယ်မှာ နက်နဲတဲ့ အတွေးအခေါ် တစ်ချို့ရှိတယ်။
ကျုပ်လည်း ခံစားမှုနောက်ကို စလိုက်ခဲ့တယ်။ ကျုပ်ကို ကျုပ် ပျော်အောင်နေတယ်။ ဒီနောက်ကွယ်က ခံယူချက်က ကျုပ် မပျော်ရင် ကျုပ်လုပ်ဖော်ကိုင်ဖက်တွေလဲ မပျော်တော့ဘူး။ ကျုပ် ကုမ္ပဏီ ရှယ်ယာဝင် တွေလဲ မပျော်တော့ဘူး။ နောက်ဆုံး ကျုပ်ရဲ့ customer တွေပါ မပျော်တော့ဘူး။
ဒါ့ကြောင့် ကျုပ် ပျော်အောင်ပဲနေတယ်။
ခင်ဗျားဟာ ပိုက်ဆံ သိန်းတစ်ထောင်ရှိသူ တစ်ယောက် ဆိုရင်တော့ အလွန်ကံကောင်းသူ တစ်ယောက်ပေါ့။ သိန်းပေါင်း တစ်သောင်း လောက်များ ရှိနေရင်တော့ ခင်ဗျား ပြဿနာ တက်ပြီ။ ငွေတွေ ဒီလောက်အများကြီးကြောင့် ခေါင်းခဲနေ ရပြီလေ။
ဒီ့ထက်ပိုပြီးတော့ နိုင်ငံတော့်ဘဏ္ဍာအဆင့် ပမာဏလောက် ငွေတွေ ခင်ဗျားလက်ထဲမှာ ရှိနေပြီ ဆိုရင်တော့... ခင်ဗျား ထိုင်ခေါင်းခဲနေလို့ မရတော့ဘူး။ ဒါသည် တာဝန်တစ်ရပ် ဖြစ်လာပြီ။ လူထုအားလုံးရဲ့ ယုံကြည်မှုကို ခင်ဗျား ခေါင်းပေါ် ပိုးထားရတာ။ ဘာကိုယုံကြည်တာလဲဆိုရင် ခင်ဗျားသည် အခြားလူတွေထက် ဒီငွေတွေကို ပို အကျိုးရှိစွာ သုံးနိုင်မယ်ဆိုတဲ့ ယုံကြည်မှု။
ဒီလိုအခါမှာ ခင်ဗျားရဲ့ သမားရိုးကျ လေးလံတဲ့ လှုပ်ရှားမှုတွေ ကနေ ခင်ဗျားကိုယ်တိုင် ဆန့်ကျင်နေရ လိမ့်မယ်။ ခါတိုင်းလို အရာရာကို ပေါ့ပေါ့လေး ယူဆထားလို့ မရတော့ဘူး။ ဘာမှ မလုပ်ပဲနဲ့ ထိုင်ပြီး စားမြုံ့ပြန်နေတာ လုံးဝ မလုပ်သင့်တော့ဘူး။ အတိတ်က အောင်မြင် ခဲ့တာတွေကို ခင်ဗျားများများ တွေးနေ လေ ခင်ဗျားကျရှုံးမှု ဘက်ကို ဦးတည်နေလေပဲ။ ဒါကြောင့် အတိတ်ကိုတွေးတတ်တဲ့ အချိန် တွေမှာဆိုရင် တွေးနေမယ့်တူတူ အောင်မြင်ခဲ့တဲ့ အတိတ်ထက်ကို ကျရှုံးခဲ့တဲ့ ဖြစ်ရပ်တွေကို ပဲတွေးပြီး အကြောင်းကို စဉ်းစားပါ။ ဒါမှသာ အနာဂတ်မှာ ခင်ဗျား အမှားကိုပြင် အမှန်ကို လျှောက်လို့ နောက်ထပ် အောင်မြင်မှု တစ်ခုဆီ တက်လှမ်းနိုင်မှာ ဖြစ်တယ်။
--------------------
၄။ လူတစ်ယောက် ဆင်းရဲတာ ဘာ့ကြောင့်လဲ သိလား။ အဖြေက နည်းနည်းဆန်းလိမ့်မယ်။ "ဆင်းရဲတွင်းက မထွက်ချင်လို့ ဆင်းရဲတာ" - Jack Ma
--------------------
အလီဘာဘာ အွန်လိုင်း ပစ္စည်းရောင်းဝယ်ရေး လုပ်ငန်းကြီးကို မစတင်မီမှာ ကျုပ် မိတ်ဆွေ ၂၄ယောက် ကို ထမင်းစား ဖိတ်ပြီး ကျုပ် သူတို့ကို နှစ်နာရီလောက် နီးနီး ထိုင်ခိုင်းပြီးတော့ လုပ်ချင်တဲ့ စီမံကိန်းကို ချပြဖူးတယ်။ ကျုပ်ပဲ သိပ် မရှင်းပြ တတ်လို့လား မသိပါဘူးဗျာ... ပြောနေတာသာ ပြီးသွားတယ်။ သူတို့သိပ် နားမဝင်ဘူးဗျ။ ၂၃ ယောက်က ကျုပ်ကို မလုပ်ဖို့ ဝိုင်းတား ကြတယ်။ ဘာလို့လဲလို့ ကျုပ်ကမေးတော့ " မင်းလို ကျောင်း ဆရာ က အင်တာနက် အကြောင်း ဘယ်လောက် သိလို့လဲ။ ကဲ သိတယ်ပဲထား.. ဘယ်မလဲ ရင်းနှီးငွေ.." စသဖြင့် တကယ် ဟုတ်နေတဲ့ အကြောင်း အချက် တွေကို ထောက်ပြီး ပြောပြကြတာ။
ဒီ နောက်ဆုံး မိတ်ဆွေ တစ်ယောက်ပဲ (သူက အဲ့ဒီတုန်းက ဘဏ်ဝန်ထမ်း ထင်တယ်..) ကျုပ်ကို ဘာပြောလဲ ဆိုတော့.. "ဟေ့ သူငယ်ချင်း.. တွေဝေ မနေနဲ့.. မင်းလုပ်ချင်တယ် ဆိုရင် လုပ်လိုက်... အကောင်းဆုံးတော့ လုပ်။ အေး.. မင်းထင်သလို ဖြစ်မလာ ခဲ့ရင် လဲကွာ.. မင်း လုပ်ခဲ့တဲ့ အရင် အလုပ်ကို ပြန်လုပ်ပေါ့.." တဲ့...။ သူပြောတဲ့အချက်လေးက ကျုပ်အတွက် အမြင်သစ်ကို ဖြစ်လာစေ ခဲ့တယ်။ ညလုံးပေါက် ကျုပ် ဒါကိုတွေးပြီး နောက်နေ့ မနက်မှာ ဆုံးဖြတ်ချက် တစ်ခုကို ပိုင်ပိုင်နိုင်နိုင် ချခဲ့ လိုက်တယ်။ ဒီ မိတ်ဆွေ ၂၄ယောက်လုံး အခု ကျုပ်ကို လာကန့်ကွက်ဦး။ ကျုပ် ရည်မှန်းချက်ကို မဖြစ် ဖြစ်အောင် လုပ်ကို လုပ်မယ် ဆိုတာပဲ။
အဲဒီအချိန်တုန်းက ကျုပ် မဖြစ် ဖြစ်အောင် လုပ်ချင်စိတ် ပေါ်လာစေတဲ့ တွန်းအားကို ခု ပြန်စဉ်းစား ကြည့်လိုက်တော့ ကျုပ် အင်တာနက်နည်းပညာ ပေါ်မှာ ယုံကြည်နေတာ မျိုးလဲ မဟုတ်ဖူး။ ပြီးတော့ ဒါရဲ့ နောင်တချိန်ကျ တိုးတက်လာမှာတွေ ဘာတွေ.. ကျုပ် တွက်လဲ မထားခဲ့မိဘူး။ တွက် လဲ မတွက် တတ်ဘူး။ ဒါပေမယ့် တွန်းအားလေးတစ်ခု အမှန်တကယ် ဖြစ်ပေါ်လာခဲ့တယ်။ ဒီ တွန်းအား လေး က ကျုပ်သူငယ်ချင်းရဲ့ စကားပဲ.. "မှားရင် နောက်ပြန်ဆုတ်လို့ ရတယ်" ဆိုတဲ့ စကားလေး.. ဒါလေးက တွန်းအား ဖြစ်စေခဲ့တယ်။ ကျုပ် ဒီတွန်းအားလေး နဲ့ပဲ ရှေ့ကို မကြောက်မရွံ့ တရစပ် တိုးခဲ့တယ်။
ဒီလို လုပ်ကိုင်ရင်းနဲ့ ကျုပ်သိလာ ရတာတွေက လူတစ်ယောက် စီးပွားရေး လောကမှာ ကျရှုံးတယ်ဆိုတာ ဒီ အချက် လေးချက်ကြောင့်ဗျ။
- လူတကာမြင်တဲ့ အခွင့်အရေးကိုမြင်ပေမယ့် လူနည်းစုပဲ မြင်တဲ့ နောက်ကွယ်က အခွင့်အရေးကို မမြင်ခြင်း
- မြင်တဲ့ အခွင့်အရေး တိုင်းကိုလဲ အထင်သေးခြင်း
- မိမိ အလုပ်နဲ့ ပတ်သက်ပြီး ဗဟုသုတ မရှိခြင်း
- အခွင့်အရေး မြင်မြင်ချင်းထ မလုပ်တတ်ခြင်း
ဆိုတဲ့ လေးချက် ဖြစ်တယ်။ ဒီ လေးချက်ကို မပြုပြင် နိုင်ဘူး ဆိုတာ ရှင်းပါတယ်။ ငွေ အပေါ်မှာ စိတ်ဝင်စားမှု မရှိတဲ့လူ မပြင်နိုင်ဘူး။ ဥပမာ တစ်ခုပေးမယ်။ Starbucks ကော်ဖီဆိုင် ရဲ့ အောင်မြင်မှုကို ကြည့်နေတဲ့ လူတွေ သိန်းသန်းမက ရှိတယ်။ လူတိုင်းလိုလို တွက်ချက် နေတာ ကတော့ ဒီကော်ဖီဆိုင် ရဲ့ ဝင်ငွေ၊ ထွက်ငွေ ထိန်းသိမ်းပုံ။ ဘာ menu နဲ့ ဆွဲဆောင် တယ်။ ဘယ်လို လူတွေ လာဝယ် သောက်တယ်။ ဘယ်လောက် အကွာ ကနေ လာဝယ်တယ်။ ဘယ်အချိန်.. စသဖြင့် သမား ရိုးကျ လူတစ်ယောက် ဦးနှောက်နဲ့ တွေးထုတ်လို့ရတဲ့ အပိုင်း မှာ လေ့လာနေကြတာများတယ်။ ၁၉၉၃ ခုနှစ်မှာ အဆိုပါ လူတစ်သန်း လိုမျိုး အမြင် ထက် ပိုတဲ့ အမေရိကန်လူငယ် တစ်ယောက် ပေါ်ပေါက်လာခဲ့တယ်။ သူ့နာမည်က Jay Sorensen။ သူသတိပြု မိတာကနေ ထွက်ပေါ်လာတဲ့ တီထွင်မှု က အလွန်ရိုးရှင်းသော အတွေးစလေး တစ်စပါပဲ။ ကော်ဖီခွက် တွေအတွက် စက္ကူအပတ် (ကိုင်ထားရင် မပူအောင်)။ ဒါလေးကို သူ Starbucks အပါအဝင် အခြား နာမည်ကြီး ကော်ဖီဆိုင် တွေမှာ လိုက်လံ ပြသကြည့်တော့ အားလုံးက သဘောကျ ပြီးတော့ အော်ဒါမှာတာ နောက်ဆုံး ဒီဘာမဟုတ်တဲ့ စက္ကူ ပတ်လေး တစ်ပတ်၊ အဲသည် စက္ကူပတ် အရွက် တစ်ရွက်ကို မြန်မာငွေ ပျမ်းမျှ တစ်ရာ နှစ်ရာလောက် သာတန်တဲ့ စက္ကူ ပတ်လေးတွေ လိုက်သွင်းရင်းက ယနေ့ခေတ် ဆယ်ကျော်သက် အရွယ် မီလျံနာ သူဌေး စာရင်းဝင် သွားဖူးပါတယ်။
ဒီလိုဆိုရင် ရှင်းရှင်းလေး။ ဆင်းရဲနေတဲ့ လူတစ်ယောက်က ဒီ အချက်လေးချက်ကို ပြုပြင်ရ ကောင်းမှန်းမသိလို့ ကျိန်းသေ ဆင်းရဲတာ မဟုတ်လား။ ဆင်းရဲခြင်းက လွတ်ချင်စိတ် မပြင်းပြ သေးသရွေ့တော့ လူတစ်ယောက်ဟာ ခုနက ကျုပ်ပြောတဲ့ လေးချက်ကို ဘယ်တော့မှ လွှတ်မှာ မဟုတ်ဘူး။ ပြဿနာ တစ်ခုလို့လဲ သူမထင်ဘူး။ ဒါလေးတွေကို ရှင်းအောင် အချက် လေးတွေ ထုတ်ပြ ကြည့်မယ်။
- ခင်ဗျား ဆင်းရဲတာ ဘာလို့လဲဆိုတော့ ချမ်းသာချင်စိတ် မပြင်းပြလို့။
- ခင်ဗျား ဆင်းရဲတာ ဘာလို့လဲဆိုတော့ ရှေ့ကို ကြိုမမြင် တတ်လို့။
- ခင်ဗျား ဆင်းရဲတာ ဘာလို့လဲဆိုတော့ ခင်ဗျားရဲ့ သမားရိုးကျ အမြင်ကို ခင်ဗျား မကျော်တက်ရဲလို့။
- ခင်ဗျား ဆင်းရဲတာ ဘာလို့လဲဆိုတော့ တိကျတဲ့ ဆုံးဖြတ်ချက် ရယ်၊ ခံယူချက်ရယ် ကင်းမဲ့နေလို့။
ဟုတ်တယ် မဟုတ်လား။ ပြီးတော့ -
- ချမ်းသာလိုစိတ် လေးပဲရှိလိုက် ခင်ဗျား ခုနက အခြေအနေတွေ အားလုံးကို ဖြတ်ကျော်ပြီးသား ဖြစ်နေပြီ။
- ချမ်းသာလိုစိတ်လေးကပဲ ခင်ဗျားကို အသိသစ်တွေ ပေးလိမ့် မယ်။ အတတ်သစ် အမြင်သစ်တွေ ရှာကြံပေးလိမ့်မယ်။
- ချမ်းသာလိုစိတ် လေးပဲ ရှိလိုက် ခင်ဗျား ရဲ့ ထင်ရှားနေတဲ့ ကျရှုံးမှုတွေ အားလုံး အခွင့်အရေး အဖြစ် အသွင် ပြောင်းသွား စေရမယ်။
ဒါပဲ။ ဒီတော့ ခင်ဗျား စဉ်းစားတော့.. ခင်ဗျား ရှေ့ဆက်ရမယ့် လမ်းက နှစ်လမ်းပဲ ရှိတယ်။ ငွေပုံရှိရာ လမ်းရယ် အိမ် အပြန် လမ်းရယ်။ နစ်ခုထဲက တစ်ခုကို ရွေးရလိမ့်မယ်။ ရပ်မနေနဲ့.. ခင်ဗျား အသုံးမကျတဲ့လူ ဖြစ်သွားလိမ့်မယ်။
----------
ကိုးကား - Jack Ma ၏ ဒဿနများ
- မှတ်စုကြမ်းမှ ဘာသာပြန်သည်။ #kyawnge
- မွတ္စုၾကမ္းမွ ဘာသာျပန္သည္။ #kyawnge
No comments:
Post a Comment