ငတုံး (ဟာသ)
တစ်ခါ က အမွှာညီအကို
နှစ်ယောက်ရှိတယ်.......
သူတို့ထဲက အငယ်ဟာ အရမ်းလည်သလောက်.. အကြီးကတော့အရမ်းကိုအတယ်......
တစ်ရက် အငယ်ကောင်လေးဟာ အိမ်က ပိုးဟပ်လေးဖမ်းပီး သူတို့မြို့ကနာမည်ကြီးဆိုင်ကိုသွားစားတယ်
အဲမှာ မှာချင်တာ မှာ... စားချင်တာစားပီး သူက စားပွဲထိုးလေးကို ချည်ဟင်းတစ်ခွက် ထပ်မှာလိုက်တယ်..
ပီးတော့ချဉ်ဟင်းထဲမှာ ပိုးဟပ်အသေလေးကိုထည့်လိုက်ပီး .... အာ........
မင်းတို့ဆိုင်က ညံ့လှချည်လားကွာ ချဉ်ဟင်းထဲမှာတောင် ပိုးဟပ်ပါတယ်ဆိုပီး စားပွဲထိုးလေးကိုခေါ်ပြောတယ်...
ဒါနဲ့ဆိုင်ရှင်ကလည်းကိုယ့်ဆိုင်ကနာမည်ကြီးဆိုတော့ ပိုက်ဆံမရှင်းခိုင်းပဲ တောင်းပန်ပီးပြန်လွှတ်လိုက်တယ်....
ဒါကိုသူကသူ့အကိုကိုသွားကြွားလေတယ်........
အကိုဖြစ်သူကလည်းသူလိုပင် ပိုးဟပ်အသေကိုယူသွားပီး အဲဆိုင်သို့ပင်သွားစားလေသည်
ဆိုင်ရှင်ကလည်း စားပွဲထိုးလေးများကို အဲအကိုကိုကောင်းကောင်းလုပ်ပေးကြပါကွာ
အသန့်အရှင်းအရမ်းကြိုက်တယ်... အမှားမမှာစေနဲ့လို့ထပ်တလဲလဲမှာလေသည်
အကြီးကောင်လည်းအားရပါးရစားသောက်လေတော့သည်.....
အဲလိုနဲ့စားသောက်ပီးငွေရှင်းခါနီးကျ ချဉ်ဟင်းတပွဲထပ်မှာလေသည်
စားပွဲထိုးလေးကလည်း
... အကိုချဉ်ဟင်းကကုန်သွားပီဗျလို့ပြောလိုက်လေသည်......
ထိုအခါ အကြီးကောင်ဖြစ်သူပြောလိုက်သည်က......
.... ဟအဲဒါဆို... ငါကဒီပိုးဟပ်ကြီးယူလာပီးဘာလုပ်ရမှာလဲကွ...တဲ့ဗျားးးး

--
အလင်းစေတမန် မှ ဖြစ်ပါသည်။
အလင်းစေတမန် မှ ဖြစ်ပါသည်။
ကျော်စံလင်း
No comments:
Post a Comment