ဆောင်းဦးအိပ်မက်
ဆောင်းရာသီရောက်တိုင်း ဆောင်းတွင်းအိပ်မက် မက်လေ့ရှိတာ လူတိုင်းနီးပါးပါပဲ။ ကျနော်လဲ အပါအ၀င်ပေါ့၊ ထူးခြားတာက အိပ်မက်တစ်ခုကို စမက်ပြီဆိုရင် နောက်နေ့ပြန်အိပ်လဲ အဲ့ဒီနေရာက ပြန်စတာတော့ ကျနော့ထူးခြားချက်ပါ…
ဒီညကလည်း အိပ်မက်မက်တယ်ပေါ့..
အိပ်မက်ထဲမှာ ကျနော်က လူကူးမျဉ်းကျားက မကူးလို့ အဖမ်းခံရတာ၊ ကျနော့ကို ဖမ်းတာက ရဲမေလေး…။ မျဉ်းကျားကမကူးလို့ ဖမ်းရင် သူတို့က ကားပြည့်တဲ့အထိစောင့်ရတာထုံးစံ။ ကျနော်ကလည်း ဘယ်ရလိမ့်မလဲ ကားပေါ်က ရဲမေအန်တီကြီးကို ရအောင်ပြောပြီး စာမေးပွဲရှိလို့ပါ မမှီတော့လို့ပါဆိုပြီး သနားအောင်ပြောတာပေါ့။ ဒါနဲ့ အန်တီကြီးက သနားပြီး ဒါဆိုလည်း လွတ်အောင်ပြေးလေဆိုပြီး မသိချင်ယောင်ဆောင်နေပေးရှာတယ်။ ကျနော်ကလည်း ပြေးပြီလေ။ တစ်ခေါက်ပြေးတယ် ပြန်မိတယ်။ နောက်တစ်ခေါက်ပြေးတယ် ထပ်မိတယ်။ အဲဒီရဲမေပဲ။ ပြီးတော့ ပြောသေးတယ် ထွက်ပြေးရင် ဒဏ်ငွေ ၂ ဆတဲ့။ ကျနော့်ဆီမှာ ၁၀၀ ပဲပါတာသူမှမသိတာ။ ဒီလိုနဲ့ လန့်နိုးသွားရော…။ ကျနော်မကျေနပ်ဘူး.. ဘာလို့လွတ်အောင်မပြေးနိုင်ရတာလဲဆိုပြီး… ရေသောက်တယ်… ပြန်အိပ်တယ်..
အဲ့ဒီနေရာကပြန်မက်တယ်…
ဒါပင်မဲ့ ဘယ်လိုဘယ်လိုဖြစ်ပြီး အခန်းတွေကျော်သွားလဲမသိဘူး။ အဲ့ဒီရဲမေလေးနဲ့ ကျနော်အိမ်ထောင်ကျ ပြီးနေပြီတဲ့…ခ်ခ်
အလုပ်သွားခါနီး ရဲမေလေးက တတွတ်တွတ်နေနဲ့မှာနေတာက “လမ်းကူးရင် မျဉ်းကျားကကူးနော်” တဲ့ ခဏနေတော့ နိုးစက်သံကြောင့် တကယ်နိုးသွားတယ်။
အိပ်မက်အစစ်ဖြစ်ပါကြောင်း
#ThurainThit

No comments:
Post a Comment