Colorless
>>>><<<<
ဒီလိုပဲ
#သူရိန်သစ်
၁၃.၄.၂၀၁၆
Colorless
>>><<<<
သူများကြိုးဆွဲထားတဲ့ ခွေးလေးပဲဖြစ်ဖြစ်
လမ်းမှာတွေ့တဲ့ ခွေးလေးပဲဖြစ်ဖြစ်
ကျွန်တော် ချစ်တတ်ပါတယ်။
သူများအိမ်က ကြောင်လေးပဲဖြစ်ဖြစ်
လမ်းမှာတွေ့တဲ့ ကြောင်လေးပဲဖြစ်ဖြစ်
ကျွန်တော် ချစ်တတ်ပါတယ်။
ကောင်းကင်ပျံတဲ့ ငှက်ပဲဖြစ်ဖြစ်
ပြတင်းပေါက်မှာနားတဲ့ ငှက်ဖြစ်ဖြစ်
ကျွန်တော် ချစ်တတ်ပါတယ်။
ဒီလိုပဲ
သူ့ကို ကျွန်တော်ချစ်ပါတယ်
ခွေးလေး ကြောင်လေး ငှက်လေးထက်
လူလေးဖြစ်နေ၍ ပိုချစ်ပါတယ်
အရာတစ်ခုစီအတွက် အချစ်ကို
အရောင်တစ်ခုစီနဲ့ ပြောရင်
သူ့ကိုချစ်တဲ့အချစ် ဘာရောင်မှန်းမသိ
သေချာတာက အပြာရောင်တော့မဟုတ်
#သူရိန်သစ်
၁၃.၄.၂၀၁၆
No comments:
Post a Comment