[Zawgyi]
ဒီလိုဗ်
>><<
”အမွန္တရားက ဖိနပ္စီးခ်ိန္မွာ
မုသားက ကမာၻတစ္ပတ္ ပတ္ၿပီးၿပီတဲ့”
ကိုယ္ေတြကေတာ့ ခပ္ပိန္းပိန္းပဲေတြးလိုက္တယ္
"မုသားဆိုတာ ဖိနပ္စီးဖို႔ မလိုဘူး"
အမွန္တရား စီးေနတဲ့ဖိနပ္ႀကီးက
ေက်ကြဲစြာနဲ႕ ရွင္းျပရွာတယ္
"အမွန္တရားဆိုတဲ့ ငတုံးက
အျပင္မထြက္တာၾကာပီ
ငါ့ကိုသူ ငယ္ငယ္က တခါပဲစီးဖူးတာ
အခုမွ ျပန္စီးဖို႔ လုပ္ေတာ့ မေတာ္ေတာ့ဘူးေလ"
"မေတာ္တဲ့ ဖိနပ္ကို စီးဖို႔ႀကိဳးစားေနမွေတာ့
ကမာၻပတ္ဖို႔ ဘယ္မီပါ့မလဲ"တဲ့
မုသားက ဝမ္းနည္းေနတဲ့ မွန္တရားကို
လာၿပီးႏွစ္သိမ့္တယ္
ငါျမင္သမွ် ၾကားရသမွ် မင္းကို ျပန္ေျပာျပမယ္
ဒီလိုနဲ႕
ဒီလိုနဲ႕
အမွန္တရားသိထားတဲ့ ကမာၻႀကီးအေၾကာင္းက
မုသားက ေျပာထားတာခ်ည္းပဲျဖစ္ေနေရာ
#သူရိန္သစ္
[Unicode]
ဒီလိုဗျ
>><<
”အမှန်တရားက ဖိနပ်စီးချိန်မှာ
မုသားက ကမ္ဘာတစ်ပတ် ပတ်ပြီးပြီတဲ့”
ကိုယ်တွေကတော့ ခပ်ပိန်းပိန်းပဲတွေးလိုက်တယ်
"မုသားဆိုတာ ဖိနပ်စီးဖို့ မလိုဘူး"
အမှန်တရား စီးနေတဲ့ဖိနပ်ကြီးက
ကျေကွဲစွာနဲ့ ရှင်းပြရှာတယ်
"အမှန်တရားဆိုတဲ့ ငတုံးက
အပြင်မထွက်တာကြာပီ
ငါ့ကိုသူ ငယ်ငယ်က တခါပဲစီးဖူးတာ
အခုမှ ပြန်စီးဖို့ လုပ်တော့ မတော်တော့ဘူးလေ"
"မတော်တဲ့ ဖိနပ်ကို စီးဖို့ကြိုးစားနေမှတော့
ကမ္ဘာပတ်ဖို့ ဘယ်မီပါ့မလဲ"တဲ့
မုသားက ဝမ်းနည်းနေတဲ့ မှန်တရားကို
လာပြီးနှစ်သိမ့်တယ်
ငါမြင်သမျှ ကြားရသမျှ မင်းကို ပြန်ပြောပြမယ်
ဒီလိုနဲ့
ဒီလိုနဲ့
အမှန်တရားသိထားတဲ့ ကမ္ဘာကြီးအကြောင်းက
မုသားက ပြောထားတာချည်းပဲဖြစ်နေရော
#သူရိန်သစ်
No comments:
Post a Comment