[Zawgyi]
က်ေနာ္ စာေပ အဆိပ္သင့္ခဲ့ဖူးတယ္...
( ကို႐ူပပဲခူး ေရးသည္။)
( စာနည္းနည္းရွည္ေပမယ့္ အခ်ိန္ေလးေပးၿပီး ဖတ္ၾကည့္ေပးပါခင္ဗ်ာ
စာေပဟာ အဆိပ္သင့္တတ္လားဆိုတဲ့ ေမးခြန္းကို က်ေနာ္ ကိုယ္တိုင္ သင့္ခဲ့ဖူးလို႔ သင့္နိုင္တယ္လို႔ ေျဖပါမယ္။ ဘယ္အခ်ိန္တုန္းကလဲဆိုေတာ့ က်ေနာ္ တကၠသိုလ္ေက်ာင္းသားဘဝတုန္းကပါ။ ငယ္ငယ္က ဆရာမေတြက ေျပာတယ္။ လူႀကီးမိဘေတြကလည္း ေျပာတယ္။ စာဆိုတာ ဖတ္သာဖတ္၊ မဖတ္သင့္တဲ့စာေပဆိုတာ မရွိဘူး တဲ့။ က်ေနာ္တို႔ ငယ္စဥ္တုန္းကဆို အခု လူငယ္ေတြလို ပုန္ကန္တဲ့အေတြးေတြ ဘယ္ေတြးရဲမလဲ။ ေခတ္ကိုက အာဏာရွင္အုပ္စိုးတဲ့ေခတ္ဆိုေတာ့ လူေတြရဲ႕ စိတ္ဓာတ္ေတြကအစ အာဏာရွင္ဆန္ေနၾကတယ္။ မိဘ၊ ဆရာ ကို ျပန္ေထာက္ျပခြင့္ လုံးဝမရွိဘူး။ က်ေနာ္တို႔ကလည္း မေထာက္ရဲခဲ့ၾကပါဘူး။ ေထာက္ဖို႔လည္း မစဥ္းစားခဲ့ၾက ပါဘူး။ ေစတနာနဲ႕ ေျပာတာဆိုတဲ့ အသိကိုသာ ရင္မွာပိုက္လို႔ သူတို႔ေျပာသလိုပဲ စာေပဆိုတာ ဘာစာမဆို ဖတ္ ဖို႔ သင့္တယ္လို႔ ေတြးမိသြားေတာ့တာပါပဲ။ ( ေစတနာနဲ႕ ေျပာတိုင္း လက္ခံသင့္သလားဆိုတာကို ေနာက္မွ သပ္သပ္ေဆြးေႏြးပါမယ္။ ) လူႀကီးမိဘေတြနဲ႕ ဆရာေတြကလည္း ဘာစာေတြက ဖတ္သင့္တယ္၊ ဘာစာေတြက ေတာ့ ေရရွည္စြဲမဖတ္သင့္ဘူး ဘာညာနဲ႕ ေထာက္ျပတာမ်ိဳးလည္း မရွိခဲ့ပါဘူး။ စာဖတ္လို႔ပဲ ေျပာခဲ့ၾကတာပါ။ က်ေနာ့္ ပတ္ဝန္းက်င္မွာေပါ့။
ဒီေတာ့ က်ေနာ္လည္း ဘာေတြ ဖတ္သလဲဆိုေတာ့ ကေလးဘဝမွာ ႐ုပ္ျပေတြ၊ ကာတြန္းေတြေပါ့။ ေနာက္ သတင္းစာေတြ ပါေသးတယ္။ သတင္းစာေတြမွာ ဘာေတြပါသလဲဆိုေတာ့ ေဒၚေအာင္ဆန္းစုၾကည္ကို ႐ုပ္ေျပာင္ကာတြန္းေတြနဲ႕ ေစာ္ကားထားတာေတြ၊ ေဆာင္းပါးေတြနဲ႕ အပုတ္ခ်ထားတာေတြေပါ့။ ကိုယ္ေတြငယ္ ငယ္က အခုလို ဖတ္စရာ မေပါပါဘူး။ စာအုပ္အငွားဆိုင္မွာ ငွားဖတ္မွ ဖတ္နိုင္တာဆိုေတာ့ မုန႔္ဖိုးရွိတဲ့အခ်ိန္ ငွားဖတ္၊ မရွိတဲ့အခ်ိန္မွာ ပုံမွန္ ဖတ္တာကေတာ့ သတင္းစာေပါ့။ စြဲစြဲၿမဲၿမဲကို ဖတ္ျဖစ္ခဲ့တာပါ။ အဲ့ဒီမွာ ဘာစ အဆိပ္သင့္သလဲဆိုေတာ့ ေဒၚေအာင္ဆန္းစုၾကည္ကို စစ္အစိုးရ သတင္းစာေတြ ပုံေဖာ္တဲ့အတိုင္း မေကာင္းျမင္ လာေတာ့တာပါပဲ။ ကေလးပီပီ အမုန္းႀကီးေတာင္ မုန္းမိေသးတာ မွတ္မိေသးတယ္။ ကံေကာင္းတာတစ္ခုက က်ေနာ့္မိသားစုက ေဒၚေအာင္ဆန္းစုၾကည္ကို ေလးစားတဲ့ မိသားစုျဖစ္ေနလို႔ပဲ။ အေမတို႔ အေဖတို႔ရဲ႕ စကား ေတြေၾကာင့္သာ က်ေနာ့္ စိတ္ေတြ လမ္းမလြဲသြားခဲ့ရတာ။ နို႔မို႔ဆိုလို႔ကေတာ့ က်ေနာ္လည္း အခုခ်ိန္ Anti – Suu သက္သက္ကို ျဖစ္ေနၿပီ။ ဒါက ကေလးဘဝမွာ အဆိပ္သင့္တာ။
တကၠသိုလ္ေက်ာင္းသားဘဝေရာက္ေတာ့ ငယ္ငယ္က ႀကိဳးစားထားသမွ် အတိုးခ် ၾကဴးမယ္ဆိုတဲ့ သႏၷိဌာန္နဲ႕ က်ေနာ္လည္း တကၠသိုလ္မွာ အပီကို လြတ္ေတာ့တာပဲ။ လြတ္တယ္ဆိုေတာ့ အခ်ိန္အားေတြလည္း ေပါၿပီေပါ့။ အဲ့ဒီမွာ စာဖတ္ျဖစ္ေတာ့တာပါပဲ။ စာဖတ္ဖို႔ကလည္း မေကြးမွာ ေဈးခ်ိဳခ်ိဳနဲ႕ ငွားလို႔ရတဲ့ စာအုပ္ဆိုင္တစ္ဆိုင္ ရွိ တယ္။ ေမတၱာလမ္းထိပ္မွာဗ်ာ။ One star တဲ့။ အဲ့စာအုပ္ဆိုင္မွာက စာအုပ္ေတြ မ်ိဳးစုံရတယ္။ ငွားရလြန္းတဲ့ စာအုပ္ေတြဆို တစ္မ်ိဳးထဲေတာင္ ဆယ္အုပ္ေလာက္ရွိတယ္။ ေဈးခ်ိဳခ်ိဳနဲ႕ စာအုပ္အစုံရေတာ့ က်ေနာ္ ႀကိဳက္ၿပီ ေလ။ စငွားတုန္းက မွတ္မိေသးတယ္။ စာအုပ္မ်ိဳးစုံကို စိတ္ႀကိဳက္ေ႐ြးလိုက္တာ အုပ္ ၂၀ ေလာက္ျဖစ္သြားတ ယ္။ က်ေနာ္ကလည္း အကုန္ငွားပစ္လိုက္တယ္။ စာအုပ္ဆိုင္ကေတာင္ ေနာက္ၿပီး ေမးတယ္။ စာအုပ္ဆိုင္ ျပန္ဖြင့္ မလို႔လားဟင္တဲ့။ ဘာစာအုပ္ေတြလဲဆိုေတာ့ ကာတြန္းစာအုပ္ေတြနဲ႕ အေပ်ာ္ဖတ္ေတြခ်ည္းပဲ။ က်ေနာ္ အဓိက ႀကိဳက္တာကေတာ့ အခ်စ္ဝတၳဳေတြေပ့ါ။ လြန္းထားထား၊ ရွင္မိုး ဆို က်ေနာ့္ favourite ပဲ။
ဒီလို စာအုပ္ေတြပဲ ဖတ္ေနေတာ့ က်ေနာ့္စိတ္ထဲ ဘာျဖစ္လာလဲ။ အားေန ဖြန္ေၾကာင္ခ်င္စိတ္ေတြပဲ ျဖစ္လာ တယ္။ အဆင့္အတန္းျမင့္တဲ့ လူတန္းစားေတြကိုခ်ည္း ေဇာင္းေပးေရးထားတာေတြ ဖတ္ရေတာ့ ကိုယ့္ဘ၀ ကိုယ္ စိတ္ပ်က္လာတယ္။ ( က်ေနာ္ ေက်ာင္းတက္တုန္းက ခ်ိဳ႕ခ်ိဳ႕ငဲ့ငဲ့ သင္ခဲ့ရတာကိုး။ ) ဇာတ္လမ္းထဲမွာ မင္း သားက ဆင္းရဲ ၊ မင္းသမီး ကားနဲ႕ ဝင္တိုက္ ၿပီးေတာ့ ဇာတ္လမ္းဆက္ၾက၊ အဲ့ဒါမ်ိဳးေတြ ဖတ္ပါမ်ားေတာ့ စိတ္ထဲ မွာ ငါလည္း အဲ့လို ျဖစ္ရင္ ေကာင္းမွာပဲလို႔ ေတြးလာတယ္။ လမ္းေလွ်ာက္ရင္း ကားအေကာင္းစားႀကီးေတြ ေတြ႕ရင္ေတာင္ ဝင္တိုက္ခံလိုက္ရင္ေကာင္းမလား ဘာညာ ေတြးမိတဲ့အထိ။ ဟုတ္တယ္ေလ။ ဝင္တိုက္မိလို႔ ကိုယ္ဖတ္ဖူးတဲ့ ဇာတ္လမ္းထဲကလို ေကာင္မေလးေခ်ာေခ်ာေလးက ထြက္လာ။ ၿပီးေတာ့ ဇာတ္လမ္းဆက္။ မေကာင္းလားဗ်ာ။ အဲ့လိုကို ႐ူးခဲ့မိတာ။ တကယ္ေတာ့ အဲ့ဒီဇာတ္လမ္းေတြက ဖတ္ေကာင္း႐ုံ ေရးထားတဲ့ အေပ်ာ္ဖတ္သက္သက္ပဲ။ ဗဟုသုတရစရာလည္းမရွိဘူး။ အဲ့ဒီဇာတ္လမ္းဖတ္ၿပီး ကိုယ့္စိတ္ဓာတ္ခြန္အားရသြား စရာ အေၾကာင္းလည္း မရွိဘူး။ ဘာစာဖတ္ရမလဲဆိုတာ ေတြးေပးမယ့္သူမရွိေတာ့ ေတြ႕ရာစာဖတ္ရင္း က်ေနာ္ ဟာ စာဖတ္ရင္း လမ္းေပ်ာက္ေနခဲ့ပါတယ္။ စာဖတ္နာတဲ့သူဟာ ကိုယ့္ဘဝေရွ႕ေရးအတြက္ ႀကိဳးစားခ်င္စိတ္ ရွိ မယ္တဲ့။ က်ေနာ္ကေတာ့ ေျပာင္းျပန္။ စာဖတ္ရင္း စိတ္ကူးေတြပဲ ယဥ္ေနခဲ့မိတယ္။ စာေတာင္ ေကာင္းေကာင္း မက်က္ခဲ့လို႔ ေနာက္ဆုံးႏွစ္ အပိုင္း(က)ေရာ၊ အပိုင္း(ခ)မွာပါ supply ထိတဲ့အထိပဲ။ ဒါေတြဟာ လူငယ္ဘဝမွာ က်ေနာ္ စာဖတ္ရင္း အဆိပ္သင့္ခဲ့တာေတြပါ။
ေက်ာင္းၿပီးလို႔ house surgeon ဆင္းေတာ့ က်ေနာ္က ဘုန္းႀကီးေက်ာင္းသားလုပ္ရင္း ေဆး႐ုံဆင္းတယ္။ အဲ့ဒီ ဘုန္းႀကီးေက်ာင္းမွာ ေဘာဂၾကည္ခိုင္ဆိုတဲ့ က်ဴရွင္ဆရာတစ္ေယာက္နဲ႕ ခင္မင္မိသြားတယ္။ သူနဲ႕ ခင္မင္မိသြား တာ စာေပအဆိပ္သင့္ၿပီး စာဖတ္ရင္း လမ္းလြဲေနတဲ့ က်ေနာ့္အတြက္ ကံေကာင္းျခင္းပါပဲ။ သူက စာအုပ္ဝယ္စု တာ ဝါသနာပါတယ္။ သူ႕ဆီမွာ စာအုပ္ေတြ အမ်ားႀကီးရွိတယ္။ ဒီေတာ့ သူ႕ဆီက က်ေနာ္ စာအုပ္ငွားဖတ္တယ္ ေပါ့။ သူ႕မွာ က်ေနာ္ သေဘာက်တာရွိတယ္။ သူက စကားေျပာအရမ္းေကာင္းတယ္။ က်ေနာ္က ေက်ာင္းသာ ၿပီးသြားတာ။ စကားေျပာ အင္မတန္ညံ့တယ္။ ေျပာရရင္ လူခ်စ္ေအာင္ကို မေျပာတတ္တာ။ ေက်ာင္းတုန္းက က်ေနာ္နဲ႕ ခင္တဲ့သူေတြ က်ေနာ္ အေျပာအဆို မတတ္တာ။ ဆက္ဆံေရးညံ့တာ ေကာင္းေကာင္းသိၾကတယ္။ က်ေနာ္ညံ့ဖ်င္းတာက သူ႕မွာ ရွိေတာ့ က်ေနာ္ သူ႕ဆီက စနည္းနာၾကည့္တယ္။ ကိုၾကည္ခိုင္ေရ... အစ္ကို ဘာလို႔ စကားေျပာေကာင္းတာလဲဗ်ဆိဳေတာ့ သူက ေျပာတယ္။ သူ စာေတြ ဖတ္လို႔ပါတဲ့။ အင္... က်ေနာ္လည္း စာေတြ ဖတ္တာပဲဟာဆိုေတာ့ သူက ေျပာတယ္။ စာဆိုတာ ဖတ္သင့္တဲ့စာ၊ မဖတ္သင့္တဲ့စာ ရွိတယ္တဲ့။ သူဖတ္တဲ့ စာေတြျပမယ္ဆိုၿပီး သူ႕စာအုပ္စင္က စာအုပ္ေတြထဲက က်ေနာ္ ဖတ္သင့္မယ္ထင္တာေလးေတြ ေ႐ြးေပးတယ္။ အဲ့ဒီမွာ က်ေနာ္စာေပအဆိပ္သင့္တာေတြ စေျပေတာ့တာပါပဲ။ ဖတ္သင့္တာေတြပဲ ေတာက္ေလွ်ာက္ဖတ္ရ ေတာ့ က်ေနာ္ စာေပဝမ္းစာ အေတာ္အတန္ ျပည့္လာတယ္။ သုတပိုင္း ပိုႂကြယ္လာတယ္။ ရသပိုင္း ပိုအား ေကာင္းလာတယ္။ ေနာက္ပိုင္း သူနဲ႕ သိပ္မဆုံျဖစ္ေတာ့ေပမယ့္ သူ႕လိုပဲ စာအုပ္ေတြ စ စုေတာ့တယ္။ အရင္က ဆို အျခားနည္းလမ္းေတြနဲ႕ ပိုက္ဆံျဖဳန္းတယ္။ အခုေတာ့ က်ေနာ့္ရဲ႕ အဓိက ပိုက္ဆံသုံးစြဲမႈက စာအုပ္ေတြ ဝယ္ ျခင္းပါပဲ။ စာအုပ္ေကာင္းေတြကို စာဖတ္နာသူေတြဆီက အၫႊန္းေတာင္းၿပီး ဝယ္စုတယ္။ ဝယ္ဖတ္တယ္။ ဒီလို နဲ႕ က်ေနာ္ စာေပအဆိပ္သင့္ရာက လြတ္ေျမာက္စျပဳလာတယ္။ စိတ္ကူးယဥ္တာထက္ လက္ေတြ႕က်က် စဥ္း စားတတ္လာတယ္။
ေနာက္ပိုင္းမွာ ဦးဝင္းေမာင္ဆိုတဲ့ ဆရာႀကီးတစ္ေယာက္နဲ႕ ထပ္ခင္မိျပန္တယ္။ သူကလည္း က်ေနာ္ ဖတ္သင့္ တာေတြ ၫႊန္းေပးတယ္။ ဘာေၾကာင့္ ဖတ္သင့္တယ္ဆိုတာပါ ေျပာျပတယ္။ သူနဲ႕ ခင္တာၾကာလာေလေလ၊ သူၫႊန္းတဲ့စာအုပ္ေတြ ဖတ္တာ ၾကာလာေလေလ၊ က်ေနာ့္ စာဖတ္ရွိန္က က်ေနာ့္ဘဝကိုပါ ေျပာင္းလဲစျပဳလာ တယ္။ က်ေနာ္ကိုယ္ပိုင္ အေတြးေတြးတတ္လာတယ္။ စာစေရးျဖစ္လာတယ္။ ကံေကာင္းေထာက္မစြာနဲ႕ က်ေနာ့္ကို ေျမေတာင္ျမႇောက္ေပးမယ့္ ဆရာေကာင္းသန႔္ရဲ႕ သား ဆရာသဲေအာင္နဲ႕ ခင္မင္ခြင့္ရတယ္။ သူ႕ဂ်ာ နယ္မွာ က်ေနာ့္ေဆာင္းပါးစပါခြင့္ရတယ္။ ေနာက္ပိုင္းေတာ့ ယုံၾကည္ခ်က္ေတာ္ေတာ္ရသြားလို႔ က်ေနာ္ အျခား ဂ်ာနယ္ေတြမွာပါ တိုးတယ္။ ဆရာႀကီးကလည္း အားေပးတယ္။ ဒီလိုနဲ႕ က်ေနာ္ စာေရးသူတစ္ေယာက္ ျဖစ္လာ တယ္။ နာမည္မႀကီးေပမယ့္ ကိုယ့္ပတ္ဝန္းက်င္မွာေတာ့ အေလးစားခံလူတစ္ေယာက္ ျဖစ္လာတယ္။
ျဖစ္စဥ္ေတြကို သတၱဳခ်လိဳက္တဲ့အခါ က်ေနာ့့္ဘဝရဲ႕ စာေပသမိုင္းမွာ လမ္းျပမယ့္သူ၊ က်ေနာ္ဘာဖတ္သင့္တယ္ ဆိုတာကို ၫႊန္းေပးနိုင္တဲ့သူေတြသာ မရွိခဲ့ဖူးဆိုရင္ က်ေနာ္ဟာ အခုခ်ိန္ထိ စိတ္ကူးယဥ္အိပ္မက္ထဲက ႐ုန္း မထြက္နိုင္ေသးတဲ့ ေယာင္လည္လည္ေကာင္တစ္ေကာင္သာ ျဖစ္ေနမယ္ဆိုတာပါပဲ။ ဒီေတာ့ လူငယ္ေတြကို ဘာစာဖတ္ဖတ္၊ စာမွန္သမွ် ဖတ္သင့္တယ္လို႔ တာဝန္မဲ့တဲ့စကားကို က်ေနာ္ မေျပာဝံ့ေတာ့ပါဘူး။ က်ေနာ့္လို မျဖစ္ေစခ်င္လို႔ပါ။ သူတို႔ရဲ႕ ငယ္႐ြယ္ႏုမ်စ္တဲ့အခ်ိန္မွာ အက်ိဳးရွိတဲ့စာေပေတြနဲ႕ပဲ ဘဝျမင့္မားသြားေစခ်င္တယ္ ေလ။ က်ေနာ့္ေစတနာပါ။ ဒီေတာ့ က်ေနာ့္ပတ္ဝန္းက်င္က က်ေနာ့္တပည့္ေတြနဲ႕ က်ေနာ္နဲ႕ ခင္တဲ့လူငယ္ေတြကို သူတို႔ level နဲ႕ ဖတ္သင့္တာေတြကို က်ေနာ္ကိုယ္တိုင္ ေ႐ြးေပးပါတယ္။ ဘာေၾကာင့္ အဲ့ဒီ စာအုပ္ကို ဖတ္သင့္ တာ၊ အဲ့ဒီစာအုပ္က ဘာေတြ ရနိုင္တာေတြကိုပါ လမ္းၫႊြန္ေပးပါတယ္။ စာဖတ္နာတဲ့ က်ေနာ့္တပည့္ေတြေတာ့ မွန္ကန္တဲ့ စာအုပ္ေတြ ဖတ္လို႔လားေတာ့ မသိဘူး။ mind-set ေတြေတာင္ ေျပာင္းကုန္ၾကတာေတြ႕ရပါတယ္။ ေတြ႕ကရာ စာအုပ္ေတြသာ လိုက္ဖတ္ေနရင္ သူတို႔ အသိတရားက ေအာက္ေျခက တက္ပါဦးမလားလို႔ က်ေနာ္ ေတြးေတြးေနမိပါတယ္။
က်ေနာ္ ေနာက္ထပ္ စာေပအဆိပ္သင့္ခဲ့တာ ရွိပါေသးတယ္။ အဲ့ဒါကေတာ့ ကိုးကြယ္မႈအဆိပ္သင့္တာပါ။ က်ေနာ္တို႔နိုင္ငံဟာ hero သိပ္ရွာလြန္းတယ္။ က်ေနာ္တို႔တေတြဟာလည္း ကိစၥတိုင္းမွာ သူရဲေကာင္းရွာၿပီး ကိုး ကြယ္လြန္းၾကတယ္။ ဒီ mind-set ဟာ စာဖတ္တဲ့အခါမွာလည္း သူရဲေကာင္းရွာဖတ္သလို ျဖစ္သြားတယ္။ ကိုယ္အေတြးအေခၚတစ္ခုခုကို ေလးစားမိၿပီဆိုရင္ ဒါမွမဟုတ္ သူေရးတဲ့ ဗဟုသုတတစ္ခုခုကို ႏွစ္ၿခိဳက္မိၿပီဆို ရင္ အဲ့ဒီ စာေရးဆရာကို ကိုးကြယ္ေတာ့တာပါပဲ။ ေလးစားတာ မဟုတ္ပါဘူး။ ကိုးကြယ္တာပါ။ ကိုးကြယ္တယ္ လို႔ ဘာေၾကာင့္ ေျပာသလဲဆိုေတာ့ သူေျပာသမွ်၊ သူေရးသမွ် အကုန္ မွန္တယ္လို႔ ထင္သြားတာေၾကာင့္ပါပဲ။ ဒီ လိုနဲ႕ က်ေနာ္လည္း စာေရးဆရာအခ်ိဳ႕ရဲ႕ စာေပအဆိပ္သင့္ခဲ့တယ္။ သူတို႔ ေျပာသမွ် ေရးသမွ်က အမွန္ပဲ၊ လိုက္နာသင့္တဲ့ကိစၥပဲဆိုၿပီး ပုဂၢိဳလ္ေရးကိုးကြယ္မႈေတြနဲ႕ အစြန္းေရာက္ခဲ့တယ္။ က်ေနာ္ေျပာခ်င္တဲံ စာေပ အဆိပ္သင့္တယ္ဆိုတာ အေတြးအေခၚ အဆိပ္သင့္တာပါ။ အေတြးအေခၚေတြက အဆိပ္သင့္တတ္လားလို႔ ျပန္ကတ္သပ္ေမးရင္ေတာ့ စစ္အစိုးရေလာ္ဘီေတြရဲ႕ စာေတြကိုသာ ေလ့လာၾကည့္ပါေတာ့လို႔ ေျပာပါရေစေတာ့ ။ ေနာက္ပိုင္း စာဖတ္သက္ရင့္လာေတာ့မွ ကိုးကြယ္မႈေတြ ေပ်ာက္ေတာ့တယ္။ ဘယ္ေလာက္ ေလးစား ေလးစား သူေရးတဲ့စာေတြကို ခ်က္ခ်င္း လက္မခံေသးဘူး။ ကိုယ့္စိတ္နဲ႕ ေတြးၾကည့္တယ္။ အဘက္ဘက္က သုံး သပ္ၾကည့္တယ္။ ၿပီးမွ လက္ခံသင့္ရင္ လက္ခံတယ္။ လက္မခံသင့္ရင္ပယ္တယ္။
က်ေနာ့္လိုမ်ိဳး လူငယ္ေတြ မျဖစ္ေစခ်င္ေတာ့ ပတ္ဝန္းက်င္ကလူငယ္ေတြကို ကိုးကြယ္ၿပီး စာမဖတ္ၾကဖို႔ ေျပာ တယ္။ စာဖတ္ၿပီးရင္ ေတြးပါ။ ေတြးၿပီးေတာ့ သုံးသပ္ပါ။ ၿပီးမွ အသုံးက်တာ ယူပါ။ အသုံးမက်တာ ပယ္ပါ။ သူ မွိုင္းတိုက္တယ္လို႔ ထင္ရတဲ့ အခ်က္ေတြကို ရွာေဖြပါ။ ကိုယ့္လို စာဖတ္သူေတြအခ်င္းခ်င္း ေဆြးေႏြးပါ စသည္ျဖင့္ ေပ့ါဗ်ာ။ အေတြးအေခၚ အဆိပ္သင့္တာ၊ ကိုးကြယ္မႈေတြနဲ႕ အစြန္းေရာက္တာေတြေတြ႕ခ်င္ရင္ အျခားမရွာနဲ႕ ၊ အြန္လိုင္းက ကိုယ္ႀကိဳက္တဲ့ နာမည္ႀကီး ဆယ္လီတစ္ေယာက္ထိတာနဲ႕ သူဟုတ္လား၊ မဟုတ္လား ေတာင္မစဥ္းစားေတာ့ဘဲ တစ္ဖက္လူကို ပက္ပက္စက္စက္ တိုက္ခိုက္ေနၾကတာကို ၾကည့္ရင္ အဲ့ ဒီ အဆိပ္သင့္မႈကို သိနိုင္တယ္။
ေျပာစရာေတြ အမ်ားႀကီးဆိုေတာ့ ေဆာင္းပါးေတြက်မွပဲ ဆက္ေျပာပါေတာ့မယ္။ အခ်ဳပ္ေျပာရရင္ေတာ့ စာေပ အဆိပ္သင့္ျခင္းဆိုတာ ရွိပါတယ္။ လူငယ္ေတြ စာဖတ္ဆိုၿပီး နီးစပ္ရာ စာဖတ္နာသူေတြက စာၫႊန္းမေပးရင္ ေတြ႕ရာစာဖတ္ၿပီး ေတြးခ်င္ရာေတြး၊ လုပ္ခ်င္ရာလုပ္၊ အစြန္းေတြေရာက္ကုန္ပါလိမ့္မယ္။ အဲ့ဒီေတာ့မွ ကယ္မယ္ ဆိုရင္ေတာ့ အနာနဲ႕ေဆး မတည့္ျဖစ္ပါလိမ့္မယ္။ အခ်ိဳ႕စာေပအဆိပ္သင့္တာေတြက ကုလို႔ရေပမယ့္ အခ်ိဳ႕က ေတာ့ ကုရာနတၳိေဆးမရွိပါပဲ။ ျဖစ္မွကုတာထက္ မျဖစ္ခင္ ႀကိဳတင္ကာကြယ္တာ ပိုေကာင္းပါလိမ့္မယ္။ ဒါ ေၾကာင့္ လူငယ္ေတြ ဘာစာဖတ္ဖတ္ စာေပအဆိပ္မသင့္နိုင္ဘူးလို႔ တာဝန္မဲ့စကားေတြနဲ႕ က်ဳံးေအာ္ေနမယ့္ အစား ကိုယ့္ပတ္ဝန္းက်င္က လူငယ္ေတြကို ကိုယ္တတ္နိုင္သေလာက္ ဖတ္သင့္တာေတြ စာၫႊန္းေပးၿပီး ကူညီ တာက လူငယ္ေတြအေပၚ ေစတနာ တကယ္ရွိရာေရာက္တယ္လို႔ ေျပာခ်င္ပါတယ္ဗ်ာ။
အားလုံးကို ေလးစားလ်က္
#ကို႐ူပပဲခူး
Copy from Naung Soe Say Magway
====
ဘာစာအုပ္ေတြဖတ္ရမလဲ
===============
ဒီေမးခြန္းက ကြၽန္ေတာ္အေမးအခံရဆုံးေမးခြန္း။ ေျဖလည္း
ေျဖဖူးတယ္။ ဒီတစ္ခါ ေသေသခ်ာခ်ာေလး ပိုေျဖေပးပါ့မယ္။
ကြၽန္ေတာ္စာအုပ္စဖတ္ေတာ့ ကြၽန္ေတာ့္အေမဖတ္တဲ့စာအုပ္
ေတြ ယူဖတ္တာမ်ားပါတယ္။ အေမက ဘာသာေရးစာအုပ္
ေတြဖတ္ေလ့ရွိပါတယ္။ ဂမၻီရ၊ လျပည့္ဝန္း၊ စသျဖင့္ေပါ့။
ကြၽန္ေတာ္က အၿမဲယူဖတ္ေလ့ရွိတယ္။ ဒါေပမယ့္ ဖတ္သမွ်
စာကို ယုံတတ္တဲ့ အေလ့အထ ကြၽန္ေတာ့္မွာ မရွိဘူး။ ဒါက
ငယ္ငယ္ေလးတည္းက အက်င့္။ ကြၽန္ေတာ့္ကို Logicက်က်
မရွင္းျပနိုင္တဲ့သူမရွိရင္ ကြၽန္ေတာ္ယုံေလ့မရွိဘူး။ ကြၽန္ေတာ့္
အက်င့္ေလးကို ဒီေနရာမွာ ထည့္ေျပာတာပါ။ ဒီလိုနဲ႕ ဘာသာ
ေရး မဂၢဇင္းေတြက စိတ္ဝင္စားစရာအေၾကာင္းအရာေလး
ေတြက ကြၽန္ေတာ့္ကို စာဖတ္ခ်င္စိတ္ေပၚေပါက္ေစခဲ့တယ္။
ေနာက္ေတာ့ ကြၽန္ေတာ္ဖတ္တာ ကာတြန္း ဘိုဘို၊ ပါဝါ
ရိန္းဂ်ား၊ တစ္ခါတစ္ေလ ဒီရဲဂ်ာ နံမည္ေတြမွားရင္ေတာ့
ခြင့္လႊတ္ပါ။ ေသေသခ်ာခ်ာႀကီးမမွတ္မိေတာ့လို႔ပါ။ထားပါ။
ေျပာခ်င္တာက ကာတြန္းစာအုပ္ေတြကို အ႐ူးအမူးဖတ္ခဲ့
တယ္။ ေနာက္ေတာ့ သိုင္းဝတၳဳဆီေရာက္သြားတယ္။ ႀကိဳက္
တယ္။ ၅အုပ္တြဲေလာက္ကို ရက္အနည္းငယ္အတြင္း အၿပီး
ဖတ္တယ္။ အဲ့ဒီအခ်ိန္အေမက အလုပ္ခိုင္းရင္ စိတ္ဆိုးတတ္
တယ္။ ဒီလိုနဲ႕ဆယ္တန္းေအာင္အၿပီးမွာေတာ့ ဖတ္ျဖစ္တာ
က လြန္းထားထား၊ဂ်ဴး၊ ေမာင္လွမ်ိဳး(ခ်င္းေခ်ာင္းၿခံ) စသျဖင့္
အခ်စ္ဝတၳဳေတြဖတ္တယ္။
အဲ့ဒီထက္အသက္နည္းနည္းပိုႀကီးလာေတာ့ ဦးႏု၊ျမတ္ၿငိမ္း၊
ဘာသာျပန္၊ နိုင္ငံတကာက Best Sellerစာအုပ္ေတြဖတ္
ျဖစ္လာတယ္။ အခုအခ်ိန္ထိလည္း တစ္လတစ္အုပ္ေတာ့
အနည္းဆုံးဖတ္ျဖစ္ေအာင္ ႀကိဳးစားဆဲပါပဲ။ ကြၽန္ေတာ္
ေ႐ႊဥေဒါင္းတို႔ဘာတို႔ ဖတ္တယ္ဆိုၿပီးလည္း မဟုတ္ပဲ
မႂကြားခ်င္ပါဘူး။ ကြၽန္ေတာ္ဖတ္ဖူးတာ အနည္းငယ္ပဲရွိ
ပါလိမ့္မယ္။ နာမည္ေတြလည္း မမွတ္မိေတာ့ပါဘူး။
ဒီေတာ့ ကြၽန္ေတာ္ေျပာခ်င္တာက ကြၽန္ေတာ္ဟာ စာႀကီး
ေပႀကီးေတြကို ဝုန္းဒိုင္းဆိုၿပီး ဖတ္ခဲ့သူတစ္ေယာက္လုံးဝ
မဟုတ္ပါဘူး။ စာေပကိုခ်စ္ျမတ္နိုးေအာင္ ကာတြန္းေလး
ေတြက စတင္ခဲ့တာပါ။ စာေပဆိုရင္ ကြၽန္တာ့္မ်က္လုံးထဲ
မွာ ဘယ္ဟာကိုမွ အထင္မေသးပါဘူး။ အားလုံးကိုလည္း
မ်က္လုံးမွိတ္ယုံတတ္တဲ့အထဲမွာ ကြၽန္ေတာ္မပါပါဘူး။
စာဖတ္တာကို တာဝန္ႀကီးတစ္ခုလို ခံယူထားတဲ့ လူထဲမွာ
လည္း ကြၽန္ေတာ္မပါဝင္ပါဘူး။ စာဖတ္တာကို ကြၽန္ေတာ္
ကိုယ္တိုင္ရင္ထဲက ႀကိဳက္ႏွစ္သက္ပါတယ္။ မဖတ္အား
တာက အလုပ္မ်ားတာကတစ္ေၾကာင္း, Technology
က အရင္ကေလာက္ စာမဖတ္ျဖစ္ေအာင္ ေႏွာက္ယွက္
ေနတာက တစ္ေၾကာင္းပါ။ အတတ္နိုင္ဆုံး တြန္းလွန္ေန
ေပမယ့္ အရင္ကေလာက္ေတာ့ စာမဖတ္ျဖစ္ေတာ့တာ
အမွန္ပါ။
ဒီစာေလးရဲ႕ ေနာက္ဆုံးမွာ ကြၽန္ေတာ္ေျပာခ်င္တာက
စာေတြကို ဖတ္ေလ့မရွိရင္ ေပ်ာ္စရာ၊ စိတ္ဝင္စားစရာ
စာေပေလးေတြက စၿပီးဖတ္ေစခ်င္ပါတယ္။ မိမိစာဖတ္
တာကိုသူမ်ားကို လိုက္ႂကြားဖို႔ မလိုပါဘူး။ လိုက္ႂကြား
တယ္ဆိုထဲက အဲ့ဒီလူဟာ စာေတာ့ဖတ္ဖူးၿပီး စာေပ
အဆိပ္သင့္ေနတဲ့သူပါ။ မိမိကိုယ္ကို ျပည့္တယ္လို႔ထင္
တဲ့အိုးဟာဘယ္ေတာ့မွ ေရထပ္ျဖည့္လို႔မရပါဘူး။
ကြၽန္ေတာ္သည္လည္း ဘာေကာင္မွ မဟုတ္ပါ။ကြၽန္ေတာ္
ေျပာတိုင္းလည္း ယုံစရာမလိုပါ။ မိမိရဲ႕ ရင္ဘတ္ထဲက ခံစား
ခ်က္၊ခံယူခ်က္နဲ႕ တိုက္ဆိုင္မွ လိုက္နာက်င့္သုံးပါ။ကြၽန္ေတာ္
ဖတ္ဖူးတဲ့စာေတြဟာ စာေကာင္းေပေကာင္းအားလုံးနဲ႕ႏွိုင္း
ယွဥ္ရင္ ျမဴမႈန္အဆင့္ေတာင္ မရွိေသးပါဘူး။ စာေတြဖတ္ရင္
ကြၽန္ေတာ္ေျပာဖူးတဲ့ စာဖတ္နည္း R2A2နဲ႕ဖတ္ပါ။ Read,
Rethink, Analyse, Applyပါ။ အေသးစိတ္ကေတာ့ ကြၽန္
ေတာ့္ရဲ႕ စာအုပ္ထဲမွာ ထည့္ေပးထားပါတယ္။
စာဖတ္ျခင္းက ကြၽန္ေတာ့္ကို ဒီေနရာအထိေရာက္ေအာင္
တြန္းပို႔ေပးခဲ့တဲ့အရာပါ။ ဒါေပမယ့္ ကြၽန္ေတာ့္ကို အထင္ႀကီး
ဖို႔ ဒီစကားေျပာျခင္းမဟုတ္ပါ။
"ကြၽန္ေတာ္ လူအထင္ေသးတဲ့ ဒဏ္ကိုခံနိုင္တယ္။ မဟုတ္
မဟတ္ လာအထင္ႀကီးတဲ့ ဒဏ္ကိုမခံနိုင္ဘူး၊ သူတို႔ခတ္တဲ့
ေဘာင္နဲ႕မေနနိုင္လို႔ပါ။"
#မိုးရွင္း (I.M.T) ေရးသားသည္။
[Unicode]
ကျနော် စာပေ အဆိပ်သင့်ခဲ့ဖူးတယ်...
( ကိုရူပပဲခူး ရေးသည်။)
( စာနည်းနည်းရှည်ပေမယ့် အချိန်လေးပေးပြီး ဖတ်ကြည့်ပေးပါခင်ဗျာ
စာပေဟာ အဆိပ်သင့်တတ်လားဆိုတဲ့ မေးခွန်းကို ကျနော် ကိုယ်တိုင် သင့်ခဲ့ဖူးလို့ သင့်နိုင်တယ်လို့ ဖြေပါမယ်။ ဘယ်အချိန်တုန်းကလဲဆိုတော့ ကျနော် တက္ကသိုလ်ကျောင်းသားဘဝတုန်းကပါ။ ငယ်ငယ်က ဆရာမတွေက ပြောတယ်။ လူကြီးမိဘတွေကလည်း ပြောတယ်။ စာဆိုတာ ဖတ်သာဖတ်၊ မဖတ်သင့်တဲ့စာပေဆိုတာ မရှိဘူး တဲ့။ ကျနော်တို့ ငယ်စဉ်တုန်းကဆို အခု လူငယ်တွေလို ပုန်ကန်တဲ့အတွေးတွေ ဘယ်တွေးရဲမလဲ။ ခေတ်ကိုက အာဏာရှင်အုပ်စိုးတဲ့ခေတ်ဆိုတော့ လူတွေရဲ့ စိတ်ဓာတ်တွေကအစ အာဏာရှင်ဆန်နေကြတယ်။ မိဘ၊ ဆရာ ကို ပြန်ထောက်ပြခွင့် လုံးဝမရှိဘူး။ ကျနော်တို့ကလည်း မထောက်ရဲခဲ့ကြပါဘူး။ ထောက်ဖို့လည်း မစဉ်းစားခဲ့ကြ ပါဘူး။ စေတနာနဲ့ ပြောတာဆိုတဲ့ အသိကိုသာ ရင်မှာပိုက်လို့ သူတို့ပြောသလိုပဲ စာပေဆိုတာ ဘာစာမဆို ဖတ် ဖို့ သင့်တယ်လို့ တွေးမိသွားတော့တာပါပဲ။ ( စေတနာနဲ့ ပြောတိုင်း လက်ခံသင့်သလားဆိုတာကို နောက်မှ သပ်သပ်ဆွေးနွေးပါမယ်။ ) လူကြီးမိဘတွေနဲ့ ဆရာတွေကလည်း ဘာစာတွေက ဖတ်သင့်တယ်၊ ဘာစာတွေက တော့ ရေရှည်စွဲမဖတ်သင့်ဘူး ဘာညာနဲ့ ထောက်ပြတာမျိုးလည်း မရှိခဲ့ပါဘူး။ စာဖတ်လို့ပဲ ပြောခဲ့ကြတာပါ။ ကျနော့် ပတ်ဝန်းကျင်မှာပေါ့။
ဒီတော့ ကျနော်လည်း ဘာတွေ ဖတ်သလဲဆိုတော့ ကလေးဘဝမှာ ရုပ်ပြတွေ၊ ကာတွန်းတွေပေါ့။ နောက် သတင်းစာတွေ ပါသေးတယ်။ သတင်းစာတွေမှာ ဘာတွေပါသလဲဆိုတော့ ဒေါ်အောင်ဆန်းစုကြည်ကို ရုပ်ပြောင်ကာတွန်းတွေနဲ့ စော်ကားထားတာတွေ၊ ဆောင်းပါးတွေနဲ့ အပုတ်ချထားတာတွေပေါ့။ ကိုယ်တွေငယ် ငယ်က အခုလို ဖတ်စရာ မပေါပါဘူး။ စာအုပ်အငှားဆိုင်မှာ ငှားဖတ်မှ ဖတ်နိုင်တာဆိုတော့ မုန့်ဖိုးရှိတဲ့အချိန် ငှားဖတ်၊ မရှိတဲ့အချိန်မှာ ပုံမှန် ဖတ်တာကတော့ သတင်းစာပေါ့။ စွဲစွဲမြဲမြဲကို ဖတ်ဖြစ်ခဲ့တာပါ။ အဲ့ဒီမှာ ဘာစ အဆိပ်သင့်သလဲဆိုတော့ ဒေါ်အောင်ဆန်းစုကြည်ကို စစ်အစိုးရ သတင်းစာတွေ ပုံဖော်တဲ့အတိုင်း မကောင်းမြင် လာတော့တာပါပဲ။ ကလေးပီပီ အမုန်းကြီးတောင် မုန်းမိသေးတာ မှတ်မိသေးတယ်။ ကံကောင်းတာတစ်ခုက ကျနော့်မိသားစုက ဒေါ်အောင်ဆန်းစုကြည်ကို လေးစားတဲ့ မိသားစုဖြစ်နေလို့ပဲ။ အမေတို့ အဖေတို့ရဲ့ စကား တွေကြောင့်သာ ကျနော့် စိတ်တွေ လမ်းမလွဲသွားခဲ့ရတာ။ နို့မို့ဆိုလို့ကတော့ ကျနော်လည်း အခုချိန် Anti – Suu သက်သက်ကို ဖြစ်နေပြီ။ ဒါက ကလေးဘဝမှာ အဆိပ်သင့်တာ။
တက္ကသိုလ်ကျောင်းသားဘဝရောက်တော့ ငယ်ငယ်က ကြိုးစားထားသမျှ အတိုးချ ကြူးမယ်ဆိုတဲ့ သန္နိဌာန်နဲ့ ကျနော်လည်း တက္ကသိုလ်မှာ အပီကို လွတ်တော့တာပဲ။ လွတ်တယ်ဆိုတော့ အချိန်အားတွေလည်း ပေါပြီပေါ့။ အဲ့ဒီမှာ စာဖတ်ဖြစ်တော့တာပါပဲ။ စာဖတ်ဖို့ကလည်း မကွေးမှာ ဈေးချိုချိုနဲ့ ငှားလို့ရတဲ့ စာအုပ်ဆိုင်တစ်ဆိုင် ရှိ တယ်။ မေတ္တာလမ်းထိပ်မှာဗျာ။ One star တဲ့။ အဲ့စာအုပ်ဆိုင်မှာက စာအုပ်တွေ မျိုးစုံရတယ်။ ငှားရလွန်းတဲ့ စာအုပ်တွေဆို တစ်မျိုးထဲတောင် ဆယ်အုပ်လောက်ရှိတယ်။ ဈေးချိုချိုနဲ့ စာအုပ်အစုံရတော့ ကျနော် ကြိုက်ပြီ လေ။ စငှားတုန်းက မှတ်မိသေးတယ်။ စာအုပ်မျိုးစုံကို စိတ်ကြိုက်ရွေးလိုက်တာ အုပ် ၂၀ လောက်ဖြစ်သွားတ ယ်။ ကျနော်ကလည်း အကုန်ငှားပစ်လိုက်တယ်။ စာအုပ်ဆိုင်ကတောင် နောက်ပြီး မေးတယ်။ စာအုပ်ဆိုင် ပြန်ဖွင့် မလို့လားဟင်တဲ့။ ဘာစာအုပ်တွေလဲဆိုတော့ ကာတွန်းစာအုပ်တွေနဲ့ အပျော်ဖတ်တွေချည်းပဲ။ ကျနော် အဓိက ကြိုက်တာကတော့ အချစ်ဝတ္ထုတွေပေ့ါ။ လွန်းထားထား၊ ရှင်မိုး ဆို ကျနော့် favourite ပဲ။
ဒီလို စာအုပ်တွေပဲ ဖတ်နေတော့ ကျနော့်စိတ်ထဲ ဘာဖြစ်လာလဲ။ အားနေ ဖွန်ကြောင်ချင်စိတ်တွေပဲ ဖြစ်လာ တယ်။ အဆင့်အတန်းမြင့်တဲ့ လူတန်းစားတွေကိုချည်း ဇောင်းပေးရေးထားတာတွေ ဖတ်ရတော့ ကိုယ့်ဘ၀ ကိုယ် စိတ်ပျက်လာတယ်။ ( ကျနော် ကျောင်းတက်တုန်းက ချို့ချို့ငဲ့ငဲ့ သင်ခဲ့ရတာကိုး။ ) ဇာတ်လမ်းထဲမှာ မင်း သားက ဆင်းရဲ ၊ မင်းသမီး ကားနဲ့ ဝင်တိုက် ပြီးတော့ ဇာတ်လမ်းဆက်ကြ၊ အဲ့ဒါမျိုးတွေ ဖတ်ပါများတော့ စိတ်ထဲ မှာ ငါလည်း အဲ့လို ဖြစ်ရင် ကောင်းမှာပဲလို့ တွေးလာတယ်။ လမ်းလျှောက်ရင်း ကားအကောင်းစားကြီးတွေ တွေ့ရင်တောင် ဝင်တိုက်ခံလိုက်ရင်ကောင်းမလား ဘာညာ တွေးမိတဲ့အထိ။ ဟုတ်တယ်လေ။ ဝင်တိုက်မိလို့ ကိုယ်ဖတ်ဖူးတဲ့ ဇာတ်လမ်းထဲကလို ကောင်မလေးချောချောလေးက ထွက်လာ။ ပြီးတော့ ဇာတ်လမ်းဆက်။ မကောင်းလားဗျာ။ အဲ့လိုကို ရူးခဲ့မိတာ။ တကယ်တော့ အဲ့ဒီဇာတ်လမ်းတွေက ဖတ်ကောင်းရုံ ရေးထားတဲ့ အပျော်ဖတ်သက်သက်ပဲ။ ဗဟုသုတရစရာလည်းမရှိဘူး။ အဲ့ဒီဇာတ်လမ်းဖတ်ပြီး ကိုယ့်စိတ်ဓာတ်ခွန်အားရသွား စရာ အကြောင်းလည်း မရှိဘူး။ ဘာစာဖတ်ရမလဲဆိုတာ တွေးပေးမယ့်သူမရှိတော့ တွေ့ရာစာဖတ်ရင်း ကျနော် ဟာ စာဖတ်ရင်း လမ်းပျောက်နေခဲ့ပါတယ်။ စာဖတ်နာတဲ့သူဟာ ကိုယ့်ဘဝရှေ့ရေးအတွက် ကြိုးစားချင်စိတ် ရှိ မယ်တဲ့။ ကျနော်ကတော့ ပြောင်းပြန်။ စာဖတ်ရင်း စိတ်ကူးတွေပဲ ယဉ်နေခဲ့မိတယ်။ စာတောင် ကောင်းကောင်း မကျက်ခဲ့လို့ နောက်ဆုံးနှစ် အပိုင်း(က)ရော၊ အပိုင်း(ခ)မှာပါ supply ထိတဲ့အထိပဲ။ ဒါတွေဟာ လူငယ်ဘဝမှာ ကျနော် စာဖတ်ရင်း အဆိပ်သင့်ခဲ့တာတွေပါ။
ကျောင်းပြီးလို့ house surgeon ဆင်းတော့ ကျနော်က ဘုန်းကြီးကျောင်းသားလုပ်ရင်း ဆေးရုံဆင်းတယ်။ အဲ့ဒီ ဘုန်းကြီးကျောင်းမှာ ဘောဂကြည်ခိုင်ဆိုတဲ့ ကျူရှင်ဆရာတစ်ယောက်နဲ့ ခင်မင်မိသွားတယ်။ သူနဲ့ ခင်မင်မိသွား တာ စာပေအဆိပ်သင့်ပြီး စာဖတ်ရင်း လမ်းလွဲနေတဲ့ ကျနော့်အတွက် ကံကောင်းခြင်းပါပဲ။ သူက စာအုပ်ဝယ်စု တာ ဝါသနာပါတယ်။ သူ့ဆီမှာ စာအုပ်တွေ အများကြီးရှိတယ်။ ဒီတော့ သူ့ဆီက ကျနော် စာအုပ်ငှားဖတ်တယ် ပေါ့။ သူ့မှာ ကျနော် သဘောကျတာရှိတယ်။ သူက စကားပြောအရမ်းကောင်းတယ်။ ကျနော်က ကျောင်းသာ ပြီးသွားတာ။ စကားပြော အင်မတန်ညံ့တယ်။ ပြောရရင် လူချစ်အောင်ကို မပြောတတ်တာ။ ကျောင်းတုန်းက ကျနော်နဲ့ ခင်တဲ့သူတွေ ကျနော် အပြောအဆို မတတ်တာ။ ဆက်ဆံရေးညံ့တာ ကောင်းကောင်းသိကြတယ်။ ကျနော်ညံ့ဖျင်းတာက သူ့မှာ ရှိတော့ ကျနော် သူ့ဆီက စနည်းနာကြည့်တယ်။ ကိုကြည်ခိုင်ရေ... အစ်ကို ဘာလို့ စကားပြောကောင်းတာလဲဗျဆိုတော့ သူက ပြောတယ်။ သူ စာတွေ ဖတ်လို့ပါတဲ့။ အင်... ကျနော်လည်း စာတွေ ဖတ်တာပဲဟာဆိုတော့ သူက ပြောတယ်။ စာဆိုတာ ဖတ်သင့်တဲ့စာ၊ မဖတ်သင့်တဲ့စာ ရှိတယ်တဲ့။ သူဖတ်တဲ့ စာတွေပြမယ်ဆိုပြီး သူ့စာအုပ်စင်က စာအုပ်တွေထဲက ကျနော် ဖတ်သင့်မယ်ထင်တာလေးတွေ ရွေးပေးတယ်။ အဲ့ဒီမှာ ကျနော်စာပေအဆိပ်သင့်တာတွေ စပြေတော့တာပါပဲ။ ဖတ်သင့်တာတွေပဲ တောက်လျှောက်ဖတ်ရ တော့ ကျနော် စာပေဝမ်းစာ အတော်အတန် ပြည့်လာတယ်။ သုတပိုင်း ပိုကြွယ်လာတယ်။ ရသပိုင်း ပိုအား ကောင်းလာတယ်။ နောက်ပိုင်း သူနဲ့ သိပ်မဆုံဖြစ်တော့ပေမယ့် သူ့လိုပဲ စာအုပ်တွေ စ စုတော့တယ်။ အရင်က ဆို အခြားနည်းလမ်းတွေနဲ့ ပိုက်ဆံဖြုန်းတယ်။ အခုတော့ ကျနော့်ရဲ့ အဓိက ပိုက်ဆံသုံးစွဲမှုက စာအုပ်တွေ ဝယ် ခြင်းပါပဲ။ စာအုပ်ကောင်းတွေကို စာဖတ်နာသူတွေဆီက အညွှန်းတောင်းပြီး ဝယ်စုတယ်။ ဝယ်ဖတ်တယ်။ ဒီလို နဲ့ ကျနော် စာပေအဆိပ်သင့်ရာက လွတ်မြောက်စပြုလာတယ်။ စိတ်ကူးယဉ်တာထက် လက်တွေ့ကျကျ စဉ်း စားတတ်လာတယ်။
နောက်ပိုင်းမှာ ဦးဝင်းမောင်ဆိုတဲ့ ဆရာကြီးတစ်ယောက်နဲ့ ထပ်ခင်မိပြန်တယ်။ သူကလည်း ကျနော် ဖတ်သင့် တာတွေ ညွှန်းပေးတယ်။ ဘာကြောင့် ဖတ်သင့်တယ်ဆိုတာပါ ပြောပြတယ်။ သူနဲ့ ခင်တာကြာလာလေလေ၊ သူညွှန်းတဲ့စာအုပ်တွေ ဖတ်တာ ကြာလာလေလေ၊ ကျနော့် စာဖတ်ရှိန်က ကျနော့်ဘဝကိုပါ ပြောင်းလဲစပြုလာ တယ်။ ကျနော်ကိုယ်ပိုင် အတွေးတွေးတတ်လာတယ်။ စာစရေးဖြစ်လာတယ်။ ကံကောင်းထောက်မစွာနဲ့ ကျနော့်ကို မြေတောင်မြှောက်ပေးမယ့် ဆရာကောင်းသန့်ရဲ့ သား ဆရာသဲအောင်နဲ့ ခင်မင်ခွင့်ရတယ်။ သူ့ဂျာ နယ်မှာ ကျနော့်ဆောင်းပါးစပါခွင့်ရတယ်။ နောက်ပိုင်းတော့ ယုံကြည်ချက်တော်တော်ရသွားလို့ ကျနော် အခြား ဂျာနယ်တွေမှာပါ တိုးတယ်။ ဆရာကြီးကလည်း အားပေးတယ်။ ဒီလိုနဲ့ ကျနော် စာရေးသူတစ်ယောက် ဖြစ်လာ တယ်။ နာမည်မကြီးပေမယ့် ကိုယ့်ပတ်ဝန်းကျင်မှာတော့ အလေးစားခံလူတစ်ယောက် ဖြစ်လာတယ်။
ဖြစ်စဉ်တွေကို သတ္တုချလိုက်တဲ့အခါ ကျနော့်ဘဝရဲ့ စာပေသမိုင်းမှာ လမ်းပြမယ့်သူ၊ ကျနော်ဘာဖတ်သင့်တယ် ဆိုတာကို ညွှန်းပေးနိုင်တဲ့သူတွေသာ မရှိခဲ့ဖူးဆိုရင် ကျနော်ဟာ အခုချိန်ထိ စိတ်ကူးယဉ်အိပ်မက်ထဲက ရုန်း မထွက်နိုင်သေးတဲ့ ယောင်လည်လည်ကောင်တစ်ကောင်သာ ဖြစ်နေမယ်ဆိုတာပါပဲ။ ဒီတော့ လူငယ်တွေကို ဘာစာဖတ်ဖတ်၊ စာမှန်သမျှ ဖတ်သင့်တယ်လို့ တာဝန်မဲ့တဲ့စကားကို ကျနော် မပြောဝံ့တော့ပါဘူး။ ကျနော့်လို မဖြစ်စေချင်လို့ပါ။ သူတို့ရဲ့ ငယ်ရွယ်နုမျစ်တဲ့အချိန်မှာ အကျိုးရှိတဲ့စာပေတွေနဲ့ပဲ ဘဝမြင့်မားသွားစေချင်တယ် လေ။ ကျနော့်စေတနာပါ။ ဒီတော့ ကျနော့်ပတ်ဝန်းကျင်က ကျနော့်တပည့်တွေနဲ့ ကျနော်နဲ့ ခင်တဲ့လူငယ်တွေကို သူတို့ level နဲ့ ဖတ်သင့်တာတွေကို ကျနော်ကိုယ်တိုင် ရွေးပေးပါတယ်။ ဘာကြောင့် အဲ့ဒီ စာအုပ်ကို ဖတ်သင့် တာ၊ အဲ့ဒီစာအုပ်က ဘာတွေ ရနိုင်တာတွေကိုပါ လမ်းညွှွန်ပေးပါတယ်။ စာဖတ်နာတဲ့ ကျနော့်တပည့်တွေတော့ မှန်ကန်တဲ့ စာအုပ်တွေ ဖတ်လို့လားတော့ မသိဘူး။ mind-set တွေတောင် ပြောင်းကုန်ကြတာတွေ့ရပါတယ်။ တွေ့ကရာ စာအုပ်တွေသာ လိုက်ဖတ်နေရင် သူတို့ အသိတရားက အောက်ခြေက တက်ပါဦးမလားလို့ ကျနော် တွေးတွေးနေမိပါတယ်။
ကျနော် နောက်ထပ် စာပေအဆိပ်သင့်ခဲ့တာ ရှိပါသေးတယ်။ အဲ့ဒါကတော့ ကိုးကွယ်မှုအဆိပ်သင့်တာပါ။ ကျနော်တို့နိုင်ငံဟာ hero သိပ်ရှာလွန်းတယ်။ ကျနော်တို့တတွေဟာလည်း ကိစ္စတိုင်းမှာ သူရဲကောင်းရှာပြီး ကိုး ကွယ်လွန်းကြတယ်။ ဒီ mind-set ဟာ စာဖတ်တဲ့အခါမှာလည်း သူရဲကောင်းရှာဖတ်သလို ဖြစ်သွားတယ်။ ကိုယ်အတွေးအခေါ်တစ်ခုခုကို လေးစားမိပြီဆိုရင် ဒါမှမဟုတ် သူရေးတဲ့ ဗဟုသုတတစ်ခုခုကို နှစ်ခြိုက်မိပြီဆို ရင် အဲ့ဒီ စာရေးဆရာကို ကိုးကွယ်တော့တာပါပဲ။ လေးစားတာ မဟုတ်ပါဘူး။ ကိုးကွယ်တာပါ။ ကိုးကွယ်တယ် လို့ ဘာကြောင့် ပြောသလဲဆိုတော့ သူပြောသမျှ၊ သူရေးသမျှ အကုန် မှန်တယ်လို့ ထင်သွားတာကြောင့်ပါပဲ။ ဒီ လိုနဲ့ ကျနော်လည်း စာရေးဆရာအချို့ရဲ့ စာပေအဆိပ်သင့်ခဲ့တယ်။ သူတို့ ပြောသမျှ ရေးသမျှက အမှန်ပဲ၊ လိုက်နာသင့်တဲ့ကိစ္စပဲဆိုပြီး ပုဂ္ဂိုလ်ရေးကိုးကွယ်မှုတွေနဲ့ အစွန်းရောက်ခဲ့တယ်။ ကျနော်ပြောချင်တဲံ စာပေ အဆိပ်သင့်တယ်ဆိုတာ အတွေးအခေါ် အဆိပ်သင့်တာပါ။ အတွေးအခေါ်တွေက အဆိပ်သင့်တတ်လားလို့ ပြန်ကတ်သပ်မေးရင်တော့ စစ်အစိုးရလော်ဘီတွေရဲ့ စာတွေကိုသာ လေ့လာကြည့်ပါတော့လို့ ပြောပါရစေတော့ ။ နောက်ပိုင်း စာဖတ်သက်ရင့်လာတော့မှ ကိုးကွယ်မှုတွေ ပျောက်တော့တယ်။ ဘယ်လောက် လေးစား လေးစား သူရေးတဲ့စာတွေကို ချက်ချင်း လက်မခံသေးဘူး။ ကိုယ့်စိတ်နဲ့ တွေးကြည့်တယ်။ အဘက်ဘက်က သုံး သပ်ကြည့်တယ်။ ပြီးမှ လက်ခံသင့်ရင် လက်ခံတယ်။ လက်မခံသင့်ရင်ပယ်တယ်။
ကျနော့်လိုမျိုး လူငယ်တွေ မဖြစ်စေချင်တော့ ပတ်ဝန်းကျင်ကလူငယ်တွေကို ကိုးကွယ်ပြီး စာမဖတ်ကြဖို့ ပြော တယ်။ စာဖတ်ပြီးရင် တွေးပါ။ တွေးပြီးတော့ သုံးသပ်ပါ။ ပြီးမှ အသုံးကျတာ ယူပါ။ အသုံးမကျတာ ပယ်ပါ။ သူ မှိုင်းတိုက်တယ်လို့ ထင်ရတဲ့ အချက်တွေကို ရှာဖွေပါ။ ကိုယ့်လို စာဖတ်သူတွေအချင်းချင်း ဆွေးနွေးပါ စသည်ဖြင့် ပေ့ါဗျာ။ အတွေးအခေါ် အဆိပ်သင့်တာ၊ ကိုးကွယ်မှုတွေနဲ့ အစွန်းရောက်တာတွေတွေ့ချင်ရင် အခြားမရှာနဲ့ ၊ အွန်လိုင်းက ကိုယ်ကြိုက်တဲ့ နာမည်ကြီး ဆယ်လီတစ်ယောက်ထိတာနဲ့ သူဟုတ်လား၊ မဟုတ်လား တောင်မစဉ်းစားတော့ဘဲ တစ်ဖက်လူကို ပက်ပက်စက်စက် တိုက်ခိုက်နေကြတာကို ကြည့်ရင် အဲ့ ဒီ အဆိပ်သင့်မှုကို သိနိုင်တယ်။
ပြောစရာတွေ အများကြီးဆိုတော့ ဆောင်းပါးတွေကျမှပဲ ဆက်ပြောပါတော့မယ်။ အချုပ်ပြောရရင်တော့ စာပေ အဆိပ်သင့်ခြင်းဆိုတာ ရှိပါတယ်။ လူငယ်တွေ စာဖတ်ဆိုပြီး နီးစပ်ရာ စာဖတ်နာသူတွေက စာညွှန်းမပေးရင် တွေ့ရာစာဖတ်ပြီး တွေးချင်ရာတွေး၊ လုပ်ချင်ရာလုပ်၊ အစွန်းတွေရောက်ကုန်ပါလိမ့်မယ်။ အဲ့ဒီတော့မှ ကယ်မယ် ဆိုရင်တော့ အနာနဲ့ဆေး မတည့်ဖြစ်ပါလိမ့်မယ်။ အချို့စာပေအဆိပ်သင့်တာတွေက ကုလို့ရပေမယ့် အချို့က တော့ ကုရာနတ္ထိဆေးမရှိပါပဲ။ ဖြစ်မှကုတာထက် မဖြစ်ခင် ကြိုတင်ကာကွယ်တာ ပိုကောင်းပါလိမ့်မယ်။ ဒါ ကြောင့် လူငယ်တွေ ဘာစာဖတ်ဖတ် စာပေအဆိပ်မသင့်နိုင်ဘူးလို့ တာဝန်မဲ့စကားတွေနဲ့ ကျုံးအော်နေမယ့် အစား ကိုယ့်ပတ်ဝန်းကျင်က လူငယ်တွေကို ကိုယ်တတ်နိုင်သလောက် ဖတ်သင့်တာတွေ စာညွှန်းပေးပြီး ကူညီ တာက လူငယ်တွေအပေါ် စေတနာ တကယ်ရှိရာရောက်တယ်လို့ ပြောချင်ပါတယ်ဗျာ။
အားလုံးကို လေးစားလျက်
#ကိုရူပပဲခူး
Copy from Naung Soe Say Magway
====
ဘာစာအုပ်တွေဖတ်ရမလဲ
===============
ဒီမေးခွန်းက ကျွန်တော်အမေးအခံရဆုံးမေးခွန်း။ ဖြေလည်း
ဖြေဖူးတယ်။ ဒီတစ်ခါ သေသေချာချာလေး ပိုဖြေပေးပါ့မယ်။
ကျွန်တော်စာအုပ်စဖတ်တော့ ကျွန်တော့်အမေဖတ်တဲ့စာအုပ်
တွေ ယူဖတ်တာများပါတယ်။ အမေက ဘာသာရေးစာအုပ်
တွေဖတ်လေ့ရှိပါတယ်။ ဂမ္ဘီရ၊ လပြည့်ဝန်း၊ စသဖြင့်ပေါ့။
ကျွန်တော်က အမြဲယူဖတ်လေ့ရှိတယ်။ ဒါပေမယ့် ဖတ်သမျှ
စာကို ယုံတတ်တဲ့ အလေ့အထ ကျွန်တော့်မှာ မရှိဘူး။ ဒါက
ငယ်ငယ်လေးတည်းက အကျင့်။ ကျွန်တော့်ကို Logicကျကျ
မရှင်းပြနိုင်တဲ့သူမရှိရင် ကျွန်တော်ယုံလေ့မရှိဘူး။ ကျွန်တော့်
အကျင့်လေးကို ဒီနေရာမှာ ထည့်ပြောတာပါ။ ဒီလိုနဲ့ ဘာသာ
ရေး မဂ္ဂဇင်းတွေက စိတ်ဝင်စားစရာအကြောင်းအရာလေး
တွေက ကျွန်တော့်ကို စာဖတ်ချင်စိတ်ပေါ်ပေါက်စေခဲ့တယ်။
နောက်တော့ ကျွန်တော်ဖတ်တာ ကာတွန်း ဘိုဘို၊ ပါဝါ
ရိန်းဂျား၊ တစ်ခါတစ်လေ ဒီရဲဂျာ နံမည်တွေမှားရင်တော့
ခွင့်လွှတ်ပါ။ သေသေချာချာကြီးမမှတ်မိတော့လို့ပါ။ထားပါ။
ပြောချင်တာက ကာတွန်းစာအုပ်တွေကို အရူးအမူးဖတ်ခဲ့
တယ်။ နောက်တော့ သိုင်းဝတ္ထုဆီရောက်သွားတယ်။ ကြိုက်
တယ်။ ၅အုပ်တွဲလောက်ကို ရက်အနည်းငယ်အတွင်း အပြီး
ဖတ်တယ်။ အဲ့ဒီအချိန်အမေက အလုပ်ခိုင်းရင် စိတ်ဆိုးတတ်
တယ်။ ဒီလိုနဲ့ဆယ်တန်းအောင်အပြီးမှာတော့ ဖတ်ဖြစ်တာ
က လွန်းထားထား၊ဂျူး၊ မောင်လှမျိုး(ချင်းချောင်းခြံ) စသဖြင့်
အချစ်ဝတ္ထုတွေဖတ်တယ်။
အဲ့ဒီထက်အသက်နည်းနည်းပိုကြီးလာတော့ ဦးနု၊မြတ်ငြိမ်း၊
ဘာသာပြန်၊ နိုင်ငံတကာက Best Sellerစာအုပ်တွေဖတ်
ဖြစ်လာတယ်။ အခုအချိန်ထိလည်း တစ်လတစ်အုပ်တော့
အနည်းဆုံးဖတ်ဖြစ်အောင် ကြိုးစားဆဲပါပဲ။ ကျွန်တော်
ရွှေဥဒေါင်းတို့ဘာတို့ ဖတ်တယ်ဆိုပြီးလည်း မဟုတ်ပဲ
မကြွားချင်ပါဘူး။ ကျွန်တော်ဖတ်ဖူးတာ အနည်းငယ်ပဲရှိ
ပါလိမ့်မယ်။ နာမည်တွေလည်း မမှတ်မိတော့ပါဘူး။
ဒီတော့ ကျွန်တော်ပြောချင်တာက ကျွန်တော်ဟာ စာကြီး
ပေကြီးတွေကို ဝုန်းဒိုင်းဆိုပြီး ဖတ်ခဲ့သူတစ်ယောက်လုံးဝ
မဟုတ်ပါဘူး။ စာပေကိုချစ်မြတ်နိုးအောင် ကာတွန်းလေး
တွေက စတင်ခဲ့တာပါ။ စာပေဆိုရင် ကျွန်တာ့်မျက်လုံးထဲ
မှာ ဘယ်ဟာကိုမှ အထင်မသေးပါဘူး။ အားလုံးကိုလည်း
မျက်လုံးမှိတ်ယုံတတ်တဲ့အထဲမှာ ကျွန်တော်မပါပါဘူး။
စာဖတ်တာကို တာဝန်ကြီးတစ်ခုလို ခံယူထားတဲ့ လူထဲမှာ
လည်း ကျွန်တော်မပါဝင်ပါဘူး။ စာဖတ်တာကို ကျွန်တော်
ကိုယ်တိုင်ရင်ထဲက ကြိုက်နှစ်သက်ပါတယ်။ မဖတ်အား
တာက အလုပ်များတာကတစ်ကြောင်း, Technology
က အရင်ကလောက် စာမဖတ်ဖြစ်အောင် နှောက်ယှက်
နေတာက တစ်ကြောင်းပါ။ အတတ်နိုင်ဆုံး တွန်းလှန်နေ
ပေမယ့် အရင်ကလောက်တော့ စာမဖတ်ဖြစ်တော့တာ
အမှန်ပါ။
ဒီစာလေးရဲ့ နောက်ဆုံးမှာ ကျွန်တော်ပြောချင်တာက
စာတွေကို ဖတ်လေ့မရှိရင် ပျော်စရာ၊ စိတ်ဝင်စားစရာ
စာပေလေးတွေက စပြီးဖတ်စေချင်ပါတယ်။ မိမိစာဖတ်
တာကိုသူများကို လိုက်ကြွားဖို့ မလိုပါဘူး။ လိုက်ကြွား
တယ်ဆိုထဲက အဲ့ဒီလူဟာ စာတော့ဖတ်ဖူးပြီး စာပေ
အဆိပ်သင့်နေတဲ့သူပါ။ မိမိကိုယ်ကို ပြည့်တယ်လို့ထင်
တဲ့အိုးဟာဘယ်တော့မှ ရေထပ်ဖြည့်လို့မရပါဘူး။
ကျွန်တော်သည်လည်း ဘာကောင်မှ မဟုတ်ပါ။ကျွန်တော်
ပြောတိုင်းလည်း ယုံစရာမလိုပါ။ မိမိရဲ့ ရင်ဘတ်ထဲက ခံစား
ချက်၊ခံယူချက်နဲ့ တိုက်ဆိုင်မှ လိုက်နာကျင့်သုံးပါ။ကျွန်တော်
ဖတ်ဖူးတဲ့စာတွေဟာ စာကောင်းပေကောင်းအားလုံးနဲ့နှိုင်း
ယှဉ်ရင် မြူမှုန်အဆင့်တောင် မရှိသေးပါဘူး။ စာတွေဖတ်ရင်
ကျွန်တော်ပြောဖူးတဲ့ စာဖတ်နည်း R2A2နဲ့ဖတ်ပါ။ Read,
Rethink, Analyse, Applyပါ။ အသေးစိတ်ကတော့ ကျွန်
တော့်ရဲ့ စာအုပ်ထဲမှာ ထည့်ပေးထားပါတယ်။
စာဖတ်ခြင်းက ကျွန်တော့်ကို ဒီနေရာအထိရောက်အောင်
တွန်းပို့ပေးခဲ့တဲ့အရာပါ။ ဒါပေမယ့် ကျွန်တော့်ကို အထင်ကြီး
ဖို့ ဒီစကားပြောခြင်းမဟုတ်ပါ။
"ကျွန်တော် လူအထင်သေးတဲ့ ဒဏ်ကိုခံနိုင်တယ်။ မဟုတ်
မဟတ် လာအထင်ကြီးတဲ့ ဒဏ်ကိုမခံနိုင်ဘူး၊ သူတို့ခတ်တဲ့
ဘောင်နဲ့မနေနိုင်လို့ပါ။"
#မိုးရှင်း (I.M.T) ရေးသားသည်။