အာဇာနည်ကား ရှားမှရှား
အာနန္ဒတ္ထေရပဥှ ဝတ္ထု
ဇာတ်လမ်းအကျဉ်း။ ။
မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းနေတော်မူစဉ် ယောကျာ်းအာဇာနည်သည် အဘယ်အမျိုး၌ ဖြစ်ထွန်းပေါ်ပေါက်ပါသနည်းဟူသော အရှင်အာနန္ဒာ လျှောက်ထားအပ်သော အမေးကို အကြောင်းပြု၍ ဟောတော်မူခဲ့သည်။
၁၉၃။။
‘‘ဒုလ္လဘော ပုရိသာဇညော, န သော သဗ္ဗတ္ထ ဇာယတိ;။
ယတ္ထ သော ဇာယတီ ဓီရော, တံ ကုလံ သုခမေဓတီ’’တိ။။ (ဓမ္မ၊ဋ္ဌ၊၂၊၁၆၁။)
မြန်မာပြန်။ ။
၁။ ယျောာ်းမြတ် အာဇာနည်ကို ရရှိရန် ခဲယဉ်းလှပေသည်။ ယောကျာင်္းမြတ် အာဇာနည်သည် မျိုးနွယ်တိုင်၊ အရပ်တိုင်းမှာ ဖြစ်ထွန်းပေါ်ပေါက်သည်ကား မဟုတ်ပါပေ။ အသိဉာဏ်ပြည့်ဝသော ယောင်္ကျားမြတ် အာဇာနည် ဖြစ်ထွန်းပေါ်ပေါက်ရာ အမျိုးအနွယ်သည် ချမ်းသာသုခကို ရရှိနိုင်ပေသည်။
အာဇာနည်ကား ရှားမှရှား
၁။ လွန်ကဲထူးချွန်၊ သူမတန်၊ အမှန်ကြံစည် အာဇာနည်။
၂။ ကြံစည်သိတတ်၊ ယောကျာ်းမြတ်၊ ခေါ်မှတ် အာဇာနည်။
၃။ သိဥာဏ်ပွားစည်၊ အာဇာနည်၊ တည်ကြည် ယောကျာ်း ရှားမှရှား။
၎။ အာဇာနည်ဇာတ်၊ ယောကျာ်းမြတ်၊ ခဲကတ် ပေါ်ငြား ရှားမှရှား။
၅။ များပြားထွေလာ၊ ရပ်တကာ၊ ဖြစ်ရာ မလျော်ငြား ရှားမှရှား။
၆။ ဇာနည်မျိုးသာ၊ ဖြစ်ပေါ်လာ၊ ချမ်းသာစီးပွား တိုးတက်များ။
နီတိကျမ်းလာ ရှားပါးသည့် စွမ်းအားရှင် လေးယောက်
၁။ သူရ- စွမ်းအားရှင်
၂။ ပဏ္ဍိတ- ဥာဏ်စွမ်းရှင်
၃။ ဝတ္တာ- နှုတ်စွမ်းအားရှင်
၎။ ဒါတာ- စွန့်လွှတ်နိုင်သော စွမ်းအားရှင်။
သတေသု ဇာယတေ သူရော၊ သဟေဿသုစ ပဏ္ဍိတော။
ဝတ္တာ သတသေဿသု၊ ဒါတာ ဇဂတိ ဒုလ္လဘာ။
ဆိုလိုသည်မှာ
၁။ ရဲဝံ့စွန့်စားမှု ရဲစွမ်းသတ္တိရှိသူသည် တစ်ရာမှာ တစ်ယောက် ပေါ်ပေါက်ခဲ၏။
၂။ ဥာဏ်အမြှော်အမြင် ရှိသူသည် တစ်ထောင်မှာ တစ်ယောက် ပေါ်ပေါက်ခဲ၏။
၃။ နှုတ်စွမ်းရှိသူသည် တစ်သိန်းမှာ တစ်ယောက် ပေါ်ပေါက်ခဲ၏။
၎။ စွန့်လွှတ်နိုင်စွမ်းရှိသူသည် တစ်မြေမှာ တစ်ယောက် ပေါ်ပေါက်ခဲ၏။
၁။ တစ်ရာတစ်ယောက်၊ ထွန်းပေါ်ပေါက်၊ ပြောင်မြောက် စွမ်းအားရှင်။
(ရဲဝံ့စွန့်စား၊ ရှားမှရှား၊ မှတ်သား သူရစွမ်းအားရှင်)။
၂။ တစ်ထောင်တစ်ယောက်၊ ထွန်းပေါ်ပေါက်၊ မှတ်လောက် ဥာဏ်စွမ်းရှင်။
(ကြောင်းကျိုး မြင်က၊ ပဏ္ဍိတ၊ ဥာဏစွမ်းအားရှင်)။
၃။ တစ်သိန်းတစ်ယောက်၊ ထွန်းပေါ်ပေါက်၊ ဖြစ်မြောက် နှုတ်စွမ်းရှင်။
(လိမ္မာပါးနပ်၊ ပြောဆိုတတ်၊ ခေါ်မှတ် ဝတ္တာရှင်)။
၎။ တစ်မြေတစ်ယောက်၊ ထွန်းပေါ်ပေါက်၊ အံ့လောက် စွန့်လွှတ်ရှင်။
(စွန့်လွှတ်စွန့်စား၊ နှလုံးသား၊ ပိုင်ငြား ဒါတာရှင်)။
ပညာရိပ်သာဆရာတော်
သီတဂူ ဒေါက်တာသုတာစာရာလင်္ကရ
Myanmar Martyrs' Day
July 19-2015
No comments:
Post a Comment