ကောက်ညှင်းဆနွင်းမကင်း ချက်နည်း
----------------------------------------
ဒေါ်ပုလက်ရာ
ကောက်ညှင်းဆန်နို့ဆီဗူး ၁ ဗူး
အုန်းနို့ နို့ဆီဗူး တဝက်
သကြား တစ်ဆယ်သား
ထောပတ် ထမင်းစားဇွန်း ၃ ဇွန်း
ဆီ ထမင်းစားဇွန်း ၂ ဇွန်း
ဆား အနည်းငယ်

ကောက်ညှင်းဆန်နို့ဆီဗူး ၁ ဗူးကို ဆန်ပေါ် ရေလက်တစ်ဆစ် ကျော်ထည့်ကာ
ထမင်းပေါင်းအိုးဖြင့်ချက်ပါ။ အုန်းနို့နို့ဆီဗူးတဝက်လောက်ကို သကြား
တစ်ဆယ်သားဖြင့်ရေမထည့်ပဲ အနည်းငယ် သကြားရည် ပျစ်အောင် ကျိုထားပါ။
ကောက်ညှင်းဆန်များကျက်လျှင် ကျိုထားသောအုန်းနို့၊သကြား၊ဆား အနည်းငယ်တို့ဖြင့် နှံ့အောင်ရောနယ်ထားပါ။ပြီးလျှင် မုန့် ဖုတ်မည့် ဗန်းထဲတွင် ဆီနှင့်ထောပတ်သုပ်ကာ နယ်ထားသော ကောက်ညှင်းများကို
ဖြန့်ထည့်ပေးပြီး အပေါ်မှ မျက်နှာပြင်ကို ညီအောင်ညှိ၍ ဆီနှင့်ထောပတ်သုပ်ပြီး အပေါ်မီး အောက်မီးဖြင့် မီးအပူချိန် Oven ၁၈၀ ဒီဂရီထားပြီ ၃၀ မိနစ် (သို့) ၄၀ မိနစ်ခန့်ဖုတ်ပါ။
ဖုတ်နေစဉ်အတွင်း Oven ကို မကြာခဏဖွင့်ကြည့်ပါ။
ကောက်ညှင်းအရောင်များ တဗန်းလုံး ရွှေရောင်သမ်းလာပြီး ကျက်တာညီလာလျှင် ထုတ်၍ အအေးခံကာ ကြိုက်နှစ်သက်သလို လှီးစားပါ။ ချိုမွှေးပြီး အရသာရှိသော ကောက်ညှင်းဆနွင်းမကင်းလေး သုံးဆောင်လို့ရပါပြီရှင်။
Credit : ဒေါ်ပုလက်ရာ
ကောင်းထက်ကျော်- မြန်မာဒံပေါက်

No comments:
Post a Comment