---------------------------
Serving: ၂ ယောက်စာ
Ingredients:
ကြက်ရိုး ၁၅ကျပ်သား
ချင်း အနည်းငယ်
ကြက်သွန်ဖြူ ၅မွှာ
(မြီးရှည်) မုန့်ဖတ် ၁ထုပ်
မာလာဟင်းအနှစ် ၁ထုပ်(အသေး)
ကိုက်လန် ၄ပင်
ထိုင်ဝမ်မုံညင်း ၄ပင်
ငါးဖယ်လုံး ၈လုံး
ကြက်ဥချောင်း ၂ချောင်း
ရွှေပဲသီး ၁၀တောင့်
မုန်လာဥနီ ၁ဥ
ငုံးဥ ၄လုံး
ပဲပင်ပေါက် ၅ကျပ်သား
တို့ ဖူး
တရုတ်ပဲငါးပိ ဇွန်းသေး ၄ဇွန်း
တရုတ်နံနံပင် ၂ပင်
တရုတ်မဆလာ ဇွန်းသေး ၂ ဇွန်း
ပဲငံပြာရည်အပျစ် ဇွန်းသေး ၂ ဇွန်း
မြေပဲဆံလှော်ထောင်း ထမင်းစားဇွန်း ၃ဇွန်း
နှမ်းဖြူ အနည်းငယ်
ရှမ်းချဉ် အနည်းငယ်
**လက်ကိုင်မြေအိုး လိုအပ်ပါသည်။
**ကြိုက်နှစ်သက်ရာ ဟင်းသီးဟင်းရွက် ထည့်လို့ ရပါတယ်။
Preparation Method
၁) မုန့်ဖတ်ကို ၃နာရီခန့် စောပြီး ရေစိမ်ပါ။ ရေနွေးဖျောပြီးလျှင် ရေစစ်ပါ။ ကိုက်လန်၊ ထိုင်ဝမ်မုံညင်း၊ ရွှေပဲသီး၊ မုန်လာဥနီတို့ ကို အနေတော် လှီးပါ။ ကြက်ဥချောင်းကို ပါးပါးလေးတွေ လှီးထားပါ။ ငုံးဥကို ပြုတ်ပါ။
၂) ကြက်ရိုးတွေကို ဆား၊ ကြက်သွန်ဖြူ ၊ချင်း၊ ပဲငံပြာရည်အပျစ် ဇွန်းသေး ၁ဇွန်းနှင့် ရောနယ်ပြီး မီးအေးအေးဖြင့် ပြုတ်ပါ။ ဟင်းရည်ကြည်ရအောင် အမြှုပ်တွေကို ဖယ်ပါ။
၃) စားခါနီးမှ ချက်မည့်အိုးထဲသို့ တယောက်စာ ဟင်းရည်ကို ခပ်ထည့်ပါ။ တရုတ်ပဲငါးပိ ဇွန်းသေး ၂ဇွန်း၊ မာလာဟင်းအနှစ် ဇွန်းသေး ၂ဇွန်း ထည့်ပါ။ ငါးဖယ်လုံး၊ ကြက်ဥချောင်း ထည့်ပါ။ မုန့်ဖတ် တယောက်စာ ထည့်ပါ။ ဟင်းရွက်တွေနှင့် ငုံးဥကို ထည့်ပါ။ တရုတ်မဆလာနှင့် ပဲငံပြာရည်အပျစ်အနည်းငယ် ထည့်ပါ။
၎) မီးပိတ်ပြီး တရုတ်နံနံပင်၊ မြေပဲဆံလှော်ထောင်း၊ နှမ်းဖြူအနည်းငယ်ဖြူးပြီး ရှမ်းချဉ် နှင့် တွဲစားလို့ ရပါပြီ။
EnJoY!!!
မာလာအနှစ်အတွက်...
ငရုတ်သီးခြောက် စားနိုင်သလောက်
စီချွမ်ငရုတ်ကောင်း ဇွန်းသေး၁၀က်
တရုတ်မဆလာ ဇွန်းသေး၁ဇွန်း
စမုန်နက် ဇွန်းသေး၁ဇွန်း
ကရေဝေး ၃ ၊ နာနာတ်ပွင့် ၂ ၊ဖလာစေ့ ၂ ၊သစ်ကြပိုးခေါက် ၂
wine ဇွန်းသေး၂ဇွန်း
ငရုတ်သီးအကြမ်းဖတ် ထမင်းစားဇွန်း၂ဇွန်း
ပဲငပိငရုတ်သီးကြော် ထမင်းစားဇွန်း၂ဇွန်း
ပဲငပိအငန် ထမင်းစားဇွန်း ၁ဇွန်း
ပဲငံပြာရည်အကျဲ ထမင်းစားဇွန်း ၁ဇွန်း
ကြက်သွန်မိတ် ၊ချင်း အနည်းငယ် ၊ကြက်သွန်ဖြူ ၅မွှာ
မြေပဲဆံထောင်း ၊နှမ်းလှော်
သကြား ဇွန်းသေး ၁ဇွန်း
၁) ဒယ်အိုးထဲကို ဆီထည့်ပြီး ငရုတ်သီးခြောက်တွေကို အရင်ကြော်ပါ။ ဆယ်ယူပြီး အအေးခံထားပါ။
၂) ဆီထဲကို ချင်း အနည်းငယ်၊ ကြက်သွန်ဖြူ၊ ကြက်သွန်မိတ်တွေကို အနံ့ မွှေးလာသည်အထိ မွှေပါ။
၃) ကရေဝေး၊နာနာတ်ပွင့်၊ စီချွမ်ငရုတ်ကောင်း၊ ဖလာစေ့၊ သစ်ကြပိုးခေါက်၊ စမုန်နက်တွေ ထည့်ပြီး မွှေပါ။
၎) ငရုတ်သီးအကြမ်းဖတ်၊ ပဲငပိငရုတ်သီးကြော်၊ပဲငပိအငန်၊ wineနှင့် သကြားထည့်ပြီး မွှေပါ။ ရေနွေး(သို့ ) ကြက်ပြုပ်ရည်ထည့်ြ့ပီး မီးအေးအေးဖြင့် ၁၅မိနစ်ခန့်တည်ပါ။
၅) အနှစ်ရပြီဆိုလျှင် မြေပဲဆံထောင်း၊ ဆားအနည်းငယ်ထည့်ပါ။
Credit : KaeKae's FoodPalace
ကောင်းထက်ကျော်- မြန်မာဒံပေါက်

No comments:
Post a Comment