မျိုးချစ်စိတ်.
သား.. အဖေ မျိုးချစ်စိတ်ဆိုတာဘာလဲ
အဖေ.. သားဘောလုံးအသင်းတွေထဲမှာ ဘယ်အသင်းကိုကြိုက်လဲ?
သား.. မန်ယူပါအဖေ
အဖေ.. ဒါဆို မြန်မာအသင်း ကန်တဲ့ပွဲနဲ့ မန်ယူအသင်း ကန်တဲ့ပွဲ ပွဲချိန်တိုက်နေရင်
ဘယ်ပွဲကို ငါ့သားကြည့်မလဲ
သား.. မြန်မာပွဲပါ အဖေ
အဖေ.. အေး.... အဲ့ဒါမျိုးချစ်စိတ်ပဲသားရဲ့
ကိုယ်တိုင်ရေးထားတာလေးတွေရှိပါသေးတယ်ဗျာ... သူများရေးတာတွေချည်းပဲ ရှဲ နေရတာ အားနာလာလို့ ပိးတော့ ကျွန်တော်က ငပျင်းဗျ.... စာရွက်နဲ့ ရေးထားတာတွေကို စာပြန်ရိုက်ဖို့ တော်တော်အရှိန်ယူရတယ်..
ပျင်းတာကိုးဗျ... ဒီနောက်ပိုင်း အချိန်လေးရလာရင်တော့ ဆက်တိုက်တင်ပေးဖို့တွေရှိနေပါသေးတယ်ဗျာ...
အစဉ်လေးစားလျှက်
ကျော်စံလင်း
No comments:
Post a Comment