ဘာကြောင့်
စာဖတ်သင့်.
·
ပီတာလေး မမအကျီကို ချွတ်လိုက်စမ်း…
- ဟုတ်….
ဟုတ်ကဲ့..
·
မမ စကတ်ကိုပါချွတ်…
- ဟု……
တ်.
·
မမပင်တီနဲ့ ရှင်မီးကိုပါချွတ်…..
ဒီအထိဖတ်ပြီးတဲ့ စာဖတ်သူတစ်ယောက်အနေနဲ့ အခုစာပိုဒ်ကိုတောင်ကိုတောင်ကျော်ပြီး
အောက်မှာ ဘာဆက်ဖြစ်မလဲ အရမ်းကို သိချင်နေလောက်ပါပြီ….
18 + စာများလားလို့
·
နောက်ဆို မမအ၀တ်အစားတွေ ယူမဆော့နဲ့..
ဒီတစ်ကြောင်းပါ ဖတ်လိုက်ရတော့မှ 18+ စာမဟုတ်ပဲ မောင်လေးတစ်ယောက်ကို အမကြီးတစ်ယောက်က
ဆုံးမနေတာ ဖြစ်ကြောင်းသိလိုက်ပါလိမ့်မယ်….
ဒီလိုမျိုးရဿ မျိုး က စာဖတ်ခြင်းမှာသာရရှိနိုင်တဲ့ ရဿ များပင်ဖြစ်ပါတယ်..၊ တခြား ရုပ်ရှင်၊ ပြဇတ် စသည်တို့မှာ မရနိုင်ပါဘူး။
ဒီအကြောင်းကို အကြည်တော်ရဲ့ စာအုပ်တွေကို ဖတ်ရင်လည်းသိနိုင်ပါတယ်။ ဆရာအကြည်တော်ရဲ့
စာအုပ်ကိုတွေဖတ်ရင် ဟာသ ရဿ မြောက်လွန်းလို့
ဘေးကလူတွေကို ဂရုမစိုက်နိုင်ပဲ ရီတတ်ကြလို့ လူကြားထဲမဖတ်ရဲလောက်အောင် ဖြစ်ဘူးကြမှာပါ…
ဒါပင်မဲ့ ရီရလွန်းလို့ဆိုပြီး အဲ့ဒီဝတ္တုကို ရုပ်ရှင်ပြန်ရိုက်တဲ့အခါ ၀တ္တု ဖတ်တုန်းကလောက်မရီရတာလည်း
ကြုံဘူးကြမှာပါ… ဘာကြောင့်လဲ…
ဆရာအကြည်တော်ရဲ့ စာအရေးအသားကြောင့်ပဲဆိုတာ မြစ်ပြင်မှာ ထင်ကျန်ခဲ့သော မြွေခြေရာများ
ဆိုတဲ့စာအုပ်မှာ ရှင်းပြသွားခဲ့ပါတယ်…။ အဲ့ဒါ စာရေးခြင်းပညာပါပဲ။ စာကို ဖတ်တဲ့အခါ ကျွန်တော်တို့ရဲ့
ဥာဏ်မျက်စိထဲမှာ အဲဒီစာက ပေးတဲ့ရဿအတိုင်း တသွေမတိမ်း ပုံဖော်ပြီး မြင်ရတာပါ… ရုပ်ရှင်၊
ပြဇာတ် စတာတွေမှာက သရုပ်ဆောင်သူများပြတဲ့ သရုပ်ဆောင်မှုကိုပဲ မြင်ရပြီး ရဿကို ခံစားရဖြစ်ပါတယ်။
ဒီတော့ကာ ပညာပေးတစ်ခုကို စာဖတ်တာနဲ့ ရုပ်ရှင်ကြည့်တာနဲ့ဆိုရင် စာဖတ်တာက နှလုံးအိမ်ထဲမှာ
စွဲမြဲသွားပါတယ်။
ဆရာမကြီး တစ်ယောက်ပြောဘူးတာကို မှတ်သားထားတာလေး ပြန်ရှဲပါမယ်..
လူတစ်ယောက်က စာဖတ်တာများလာရင် နောက် ၁ နှစ် ၂ နှစ်ကြာလာရင် သူဖတ်ဖူးထားတဲ့ စာတွေကို
မှတ်မိမှာမဟုတ်တော့ဘူးတဲ့ ဒါပင်မဲ့ ဖတ်လိုက်တဲ့စာတွေက ရင်ထဲမှာစွဲသွားပြီး အဲ့ဒီသူရဲ့
အကျင့်စရိုက်တွေ၊ တွေးခေါ်မှုတွေ ဖြစ်လာတာပဲတဲ့….
မယုံရင် ကိုယ်တိုင်စမ်းကြည့်လို့ရပါတယ်…. သုတ စာအုပ်တစ်အုပ်ကိုယူ {တရားစာအုပ်ဆိုပိုကောင်း}
(အပိုင်ဝယ်) ပြီးတော့ ဖတ်…. ၁ ခေါက်၊ နောက် ၁ လလောက်ကြာရင် နောက်တစ်ခေါက်၊ နောက် ၃
လလောက်ကြာရင် နောက်တစ်ခေါက်၊ နောက် ၆ လလောက်ကြာရင် တစ်ခေါက်ထပ်ဖတ်ပါ။ ၃ ခေါက်လောက်ဖတ်ပြီးရင်
အဲ့ဒီစာအုပ်ကို သိမ်းထား….။ တစ်နှစ်လောက်ကြာရင် တစ်ခေါက်ထပ်ဖတ်ကြည့်ပါ…။ ဒီတစ်နှစ်တာလုံးမှာ
လုပ်ထားတဲ့ အကျင့်စရိုက်တွေကို ဖတ်ရင်းနဲ့ ပြန်စဉ်းစားကြည့်ပါ။ ထူးခြားစွာတိုက်ဆိုင်နေတာ
လုပ်ဖူးတဲ့ သူတိုင်းသိကြပါတယ်။
ဒါကြောင့် ကျွန်တော်တို့တွေ စာဖတ်ဖို့လိုပါတယ်… စာကောင်းပေကောင်းတွေဖတ်ဖို့လိုပါတယ်
ကျွန်တော့ခံယူချက်ကတော့
စာဖတ်တတ်ဖို့ ခက်ပါတယ်
ဖတ်သမျှစာတွေကို
မှတ်မိဖို့ ပိုခက်ပါတယ်
အခက်ဆုံးကတော့
အသုံးချဖို့ခက်ပါတယ်လို့
ကျော်စံလင်း
No comments:
Post a Comment