Wednesday, May 27, 2015
တရုတ်စာရေးဆရာ Yan Liankeပြောတဲ့ စာပေဆု
တရုတ်စာရေးဆရာ Yan Liankeပြောတဲ့ စာပေဆု
-------------------------------------------------------------
၂ဝ၁၄ခုနှစ် အောက်တိုဘာလ ၂၂ရက်နေ့ညနေမှာ ၂ဝ၁၄ခုနှစ်ရဲ့တစ်နှစ်တာ Kafka စာပေဆုကို ချက်သမ္မတနိုင်ငံရဲ့မြို့တော် Pragueမြို့မှာ ကျင်းပခဲ့တယ်။ တရုတ်စာရေးဆရာ Yan Lianke က ဒီKafka စာပေဆုပြုလုပ်လာခဲ့တဲ့ ၁၄နှစ်တာကာလအတွင်းမှာ ဒီဆုချီးမြှုင့်ခြင်းခံရတဲ့ ပထမဆုံးသော တရုတ်စာရေးဆရာဖြစ်တယ်။ ဒါကြောင့် သူ့ဘေးပတ်လည်မှာ သတင်းထောက်တွေ ဝိုင်းဝိုင်လည်ခဲ့တယ်။
သတင်းထောက်တစ်ဦးက “ဒီဆုအတွက် အံ့သြမိပါသလား ဆရာ” လို့မေးတော့ Yan Lianke က “နည်းနည်းမှ မအံ့သြမိဘူး”လို့ ပြန်ဖြေတယ်။ သူ့အဖြေကြောင့် သတင်းထောက်တွေ နေမသိထိုင်မသာဖြစ်သွားကြတယ်။
Yan Lianke ကဆက်ပြီး “ဒီဆုကို ကျွန်တော်မယူခင် ရှေ့ရက်ပိုင်းမှာ အကဲဖြတ်ဒိုင်အဖွဲ့က ကျွန်တော့်ဆီအီးမေးလ်ပို့တယ်၊ Pragueမြို့လာပြီး ဆုလက်ခံနိုင်မလားတဲ့။ သူတို့က အရွေးခံစာရင်းဝင်ထားတဲ့ စာရေးဆရာတိုင်းဆီကို ဒီလိုအီးမေးလ်မျိုးပို့ခဲ့မယ်လို့ ကျွန်တော်ထင်တယ်။ ဒါကြောင့် မအံ့သြမိဘူး။ တကယ်ဆုရပြီလို့ကြေညာချိန်ကျမှ အော်.. ငါ ဆုရစာရင်းထဲပါပြီလို့ တွေးမိတယ်။ ဆုရတယ်ဆိုတာ သာမန်ပဲလေ.. ဘာထူးဆန်းအံ့သြတာမျိုးမှ ကျွန်တော်မခံစားမိဘူး”လို့ ဖြေတယ်။
သတင်းထောက်ကဆက်ပြီး “စာပေနိုဘယ်လ်ဆုကို လူအများအာရုံစိုက်ကြတယ်။ ၂ဝ၁၂ခုနှစ်တုန်းက စာရေးဆရာ Mo Yan ရပြီးတဲ့နောက် စာပေလောကမှာ နောက်ထပ်နိုဘယ်လ်ဆုရနိုင်တဲ့ တရုတ်စာရေးဆရာဟာ ဆရာပဲဖြစ်မယ်လို့ ခန့်မှန်းနေကြတယ်။ စာပေဆုအပေါ် ဆရာရဲ့သဘောထားနဲ့ အမြင်ကို ကျေးဇူးပြုပြီးပြောကြည့်ပေးပါ” လို့မေးတယ်။
ဆရာ Yan Lianke က “ကျွန်တော့်အထင် စာရေးဆရာတစ်ဦးဟာ စာပေဆုအပေါ်ထားတဲ့ အကောင်းဆုံးသဘောထားက သူ့အလိုအလျောက်ပဲဖြစ်သင့်တယ်။ အဲဒီဆုတွေကို “မိုးပေါ်ကကျလာတဲ့မုန့်”လို့ပဲ သဘောထားသင့်တယ်။ ကျလာပြီး ကိုယ့်ခေါင်းတည့်တည့်လာထိရင် လက်ခံလိုက်ပေါ့။ တကယ့်လို့မထိခဲ့ရင် ခြေလှမ်းကျဲခွလှမ်း လက်ဆန့်ထုတ်ပြီး သွားမခံလိုက်နဲ့၊ ဒီလိုဆိုရင် အဲဒီမုန့်က အမှိုက်ဖြစ်သွားလိမ့်မယ်”။
ဆုရတာနဲ့ပတ်သက်ပြီးပြောနေတဲ့ Yan Liankeရဲ့မျက်နှာက အေးအေးဆေးဆေး တည်တည်ငြိမ်ငြိမ်ပါပဲ။
“ဆုရတယ်ဆိုတာ တခဏတာအမှတ်တရလေးပါပဲ.. နောက်ပိုင်း ရှည်လျားတဲ့စာပေခရီးမှာ စာရေးခြင်း၊ စာရေးခြင်းပဲရှိနေပါတယ်။ စာရေးဆရာဆိုတာ စာဖတ်သူတွေအတွက် အကောင်းဆုံးစာပေတွေ အများကြီးရေးထုတ်ပေးနေမှ ဒါဟာ သူ့ရဲ့တကယ့်အင်အားကိုပြရာ အကောင်းဆုံးသက်သေဖြစ်တယ်” လို့ Yan Liankeပြောခဲ့တဲ့ စကားတစ်ခွန်းက သတင်းထောက်နဲ့ပရိသတ်အများကို ပိုလေးလေးနက်နက် ခံစားစေခဲ့ပါတယ်။
--------
**** Kafka စာပေဆုက ဂျာမဏီဘာသာစကားနဲ့ စာတွေရေးသားခဲ့တဲ့စာရေးဆရာ Franz Kafka ကို ဂုဏ်ပြုတဲ့ဆုဖြစ်တယ်။ တစ်နှစ်တစ်ခါကျင်းပတဲ့ အပြည်ပြည်ဆိုင်ရာစာပေဆုဖြစ်တယ်။ ၂ဝဝ၁ခုနှစ်က စတင်ခဲ့တာဖြစ်ပြီး တစ်ကမ္ဘာလုံးမှာ အရေးပါတဲ့ဆုဖြစ်သလို ဒီကနေ့ခေတ်မှာ ဂုဏ်အရှိဆုံးစာပေဆုတွေထဲက တစ်ခုအပါအဝင်ဖြစ်တယ်။ နိုင်ငံ၊ လူမျိုးမခွဲခြားတဲ့ဆုဖြစ်ပေမယ့် အနည်းဆုံးတော့ ဆုရစာရေးဆရာရဲ့စာအုပ်တစ်အုပ် သို့မဟုတ် ဝတ္ထုတစ်ပုဒ်ဟာ ချက်ဘာသာစကားအဖြစ် ပြန်ဆိုခံထားရမှာဖြစ်ပါတယ်။ ဆုရသူကို Pragueမြို့တော်ဝန်နဲ့ ချက်လွှတ်တော်အမတ်က အမေရိကန်ဒေါ်လာတစ်သောင်းနဲ့ Kafkaရုပ်တုချီးမြှင့်ပါတယ်။ ဂျပန်စာရေးဆရာ Haruki Murakami က ဒီဆုကိုရခဲ့တဲ့ ပထမဦးဆုံးသော အာရှစာရေးဆရာဖြစ်ပါတယ်။
နိုင်းနိုင်းစနေ (April. 28. 2015)
Monday, May 25, 2015
ပါသုံးပါ၊ ချာသုံးချာ၊ ကွာသုံးကွာ
အိမ်ထောင်ဖက်ရွေးချယ်ရာတွင် ရှောင်အပ်သော “ ပါသုံးပါ၊ ချာသုံးချာ၊ ကွာသုံးကွာ”
------
မြန်မာ လူမျိုး များ အတွက် မှတ်သားသင့်သော စကားစုများ..
အိမ်ထောင်ဖက်ရွေးချယ်ခြင်းနှင့် ပတ်သက်ပြီး
“ ပါသုံးပါ၊ ချာသုံးချာ၊ ကွာသုံးကွာ”
ဟူသော ရှေးရိုးစဉ်လာ စကားမှာလည်း မှတ်သားလိုက်နာဖွယ်ကောင်းလှသည်။၎င်းတို့ မှာ..
“ ပါသုံးပါ “ ဟူသည်
( ၁ ) အကြွေးတွေပါလာသူ၊
( ၂ ) ရောဂါဘယ ပါလာသူ၊
( ၃ ) အပိုစားမည့်သူ ပါလာသူ
“ ချာသုံးချာ “ ဟူသည်
( ၁ ) ပညာအရည်အချင်း နုံချာသူ၊
( ၂ ) အကျင့်စာရိတ္တ နုံချာသူ၊
( ၃ ) အလုပ်အကိုင် နုံချာသူ၊
“ ကွာသုံးကွာ “ ဟူသည်
( ၁ ) တိုင်းနိုင်ငံနှင့် လူမျိုးမတူ ကွာခြားသူ၊
( ၂ ) အယူဝါဒမတူ ကွာခြားသူ၊
( ၃ ) စိတ်သဘောမတူ ကွာခြားသူတို့ ဖြစ်ကြသည်။
(မြန်မာတို့၏ ယဉ်ကျေးမှုပုံရိပ်များ)
Friday, May 22, 2015
မောင်…နဲ့ငါနဲ့ဇတ်လမ်း
မောင်…နဲ့ငါနဲ့ဇတ်လမ်း
အဲ ဖေ့ဘုတ်တခုလုံးလဲ ”မောင်” နေပြီ ငါလဲခါတော်မီ ”မောင်” ဦးမှပါ ဟုကျွန်ုပ်သည် စိတ်ကူးပြီးသကာလ ပထမဆုံးစဉ်းစားမိတာက ”ငါလခွမ်း ငါ့နာမည်မှာက(ကျော်စံလင်း) မောင်မှမပါတာ ” ဟယ် ဂွမ်းလရော့… မဖြစ်သေးပါဘူး သူများတွေ”မောင်”နေတာ ငါလဲ”မောင်”ချင်တာပေါ့လို့ဟု အံကိုခဲ … ရှိသမျှ ဥာဏ်နီဥာဏ်နက်တွေ ညှစ်ချပြီး သူများတွေ ဘာတွေလုပ်သလဲလို့လိုက်ကြည့် … အဲ အဲ တွေ့ပါပြီဗျာ အရင်တုန်းက ဒီကောင် ဒီနာမည်မဟုတ်ပါဘူး သေချာကြည့်တော့မှ ဘယ်ဟုတ်မလဲ.. ခါတော်မီ နာမည်ပြောင်းထားလိုက်သကိုး… နိပ်ဟ .. ငါလဲလုပ်ရင်ကောင်းမလား ??? မဖြစ်သေးပါဘူးလေ.. ကိုယ်တွေက နာမည်တစ်လုံးနဲ့ လူလုပ်လာတာ။ "မောင်”ချင်တာလေး တစ်ခုတည်းနဲ့တော့ နာမည်မပြောင်းတော့ပါဘူး.. နောက်တစ်နည်းကြံအုန်းမှ ဆက်စဉ်းစားစမ်း …… အယ်..ဒီကိစ္စက လွယ်နေတာကို ကျောင်းမှာတုန်းက ငါ့နာမည်က မောင်ကျော်စံလင်း လေ… အခုမှ ဖေ့ဘုတ်ပေါ်ရောက်မှ ”မောင်” ပျောက်သွားတာ ဟဲဟဲဟဲ (မေးစေ့လေးပွတ်ပြီး) … ”အခုမှပြန်ထည့်လိုက်ရင်ပြီးပြီ… သိက္ခာလဲမကျတော့ဘူး…” အကြံမပိုင်ဘူးလားဆိုပြီး တစ်ယောက်တည်း ပီတီတွေဖြာနေတုန်း.. သေချာအောင် ငါ့လည်ပင်းမှာဆွဲထားတဲ့ ကဒ်မှာကြည့်အုန်းမှပါ… ဆိုပြီးအကြံပေါ်လာပြီးသကာလ… ”အိ.. ဂွမ်းလရော့ ၀န်ထမ်းကဒ်မှာ ဦးကျော်စံလင်းတဲ့” မျက်ရည်လေးအ၀ိုင်းသားနဲ့ ဟုတ်ပေသားပဲ နောက်လဆိုရင် ၂၉ နှစ်ပဲရောက်တော့မယ် ဒီအချိန်မှ ဦးတပ်မခေါ်ရင် အခေါင်းထဲကျမှ ခြေရင်းမှာ ထည့်ရေးရတော့မှာပဲဆိုပြီး စိတ်ကိုလျော့… တစ်လောကလုံး ”မောင်” နေတာငါနဲ့မဆိုင်ဘူး သူ့ဟာသူ ကလေးအစ ခွေးအဆုံး မောင်ပလေ့စေ မင်းနဲ့မဆိုင်ဘူး ဆိုပြီးစိတ်ဒုံးဒုံးချ ဒီဘ၀တော့ ”မောင်ရေ” နှမလက်လျော့နေလေရော့ ဆိုတဲ့ထုံး နှလုံးမူပြီး ဒီစာကိုအဆုံးသတ်မလို့ရှိသေး… ”မောင် ထမင်းစားတော့မလားတဲ့” အဲ… မောင်နဲ့ကိုယ်နဲ့ မဆိုင်ဘူးလို့စဉ်းစားနေတုန်း အဲ့ဒီအသံကြားလိုက်တော့ …. ၀မ်းသာပီတိ ဂွမ်းဆီထိသကဲ့သို့ ရင်ဘက်ထဲကို ဆို့ကနဲ ဆို့ကနဲ တက်တာတာ (အပျော်လုံး) ဟဲဟဲ… တစ်လောကလုံးက အခုမှ ”မောင်”တာ ငါက လွန်ခဲ့တဲ့ ၈ နှစ်တည်းက ”မောင်”တာကွ ငှဲငှဲငှဲ
 ( ပြီးပါပြီ )
ပြီးအောင်ဖတ်ပေးသူများအားလုံးကိုလေးစားလျှက်
(မောင်)ကျော်စံလင်း
(21-05-2015)
Monday, May 4, 2015
မျိုးချစ်​စိတ်​.
မျိုးချစ်​စိတ်​.
သား..         အ​ဖေ မျိုးချစ်​စိတ်​ဆိုတာဘာလဲ
အ​ဖေ..        သား​ဘောလုံးအသင်း​တွေထဲမှာ ဘယ်​အသင်းကိုကြိုက်​လဲ?
သား..        မန်​ယူပါအ​ဖေ
                  ဘယ်​ပွဲကို ငါ့သားကြည့်​မလဲ
သား..        မြန်​မာပွဲပါ အ​ဖေ
အ​ဖေ..         ​အေး.... အဲ့ဒါမျိုးချစ်​စိတ်​ပဲသားရဲ့
ကိုယ်တိုင်ရေးထားတာလေးတွေရှိပါသေးတယ်ဗျာ... သူများရေးတာတွေချည်းပဲ ရှဲ နေရတာ အားနာလာလို့ ပိးတော့ ကျွန်တော်က ငပျင်းဗျ.... စာရွက်နဲ့ ရေးထားတာတွေကို စာပြန်ရိုက်ဖို့ တော်တော်အရှိန်ယူရတယ်.. 
ပျင်းတာကိုးဗျ... ဒီနောက်ပိုင်း အချိန်လေးရလာရင်တော့ ဆက်တိုက်တင်ပေးဖို့တွေရှိနေပါသေးတယ်ဗျာ... 
အစဉ်လေးစားလျှက်
ကျော်စံလင်း 
ဘာကြောင့် စာဖတ်သင့်.
ဘာကြောင့် စာဖတ်သင့်.
·        ပီတာလေး မမအကျီကို ချွတ်လိုက်စမ်း…
-      ဟုတ်…. ဟုတ်ကဲ့..
·        မမ စကတ်ကိုပါချွတ်…
-      ဟု…… တ်.
·        မမပင်တီနဲ့ ရှင်မီးကိုပါချွတ်…..
ဒီအထိဖတ်ပြီးတဲ့ စာဖတ်သူတစ်ယောက်အနေနဲ့ အခုစာပိုဒ်ကိုတောင်ကိုတောင်ကျော်ပြီး အောက်မှာ ဘာဆက်ဖြစ်မလဲ အရမ်းကို သိချင်နေလောက်ပါပြီ….
 18 +  စာများလားလို့
·        နောက်ဆို မမအ၀တ်အစားတွေ ယူမဆော့နဲ့..
ဒီတစ်ကြောင်းပါ ဖတ်လိုက်ရတော့မှ 18+ စာမဟုတ်ပဲ မောင်လေးတစ်ယောက်ကို အမကြီးတစ်ယောက်က ဆုံးမနေတာ ဖြစ်ကြောင်းသိလိုက်ပါလိမ့်မယ်….
ဒီလိုမျိုးရဿ      မျိုး က စာဖတ်ခြင်းမှာသာရရှိနိုင်တဲ့ ရဿ      များပင်ဖြစ်ပါတယ်..၊  တခြား ရုပ်ရှင်၊ ပြဇတ် စသည်တို့မှာ မရနိုင်ပါဘူး။
ဒီအကြောင်းကို အကြည်တော်ရဲ့ စာအုပ်တွေကို ဖတ်ရင်လည်းသိနိုင်ပါတယ်။ ဆရာအကြည်တော်ရဲ့ စာအုပ်ကိုတွေဖတ်ရင်  ဟာသ ရဿ  မြောက်လွန်းလို့ ဘေးကလူတွေကို ဂရုမစိုက်နိုင်ပဲ ရီတတ်ကြလို့ လူကြားထဲမဖတ်ရဲလောက်အောင် ဖြစ်ဘူးကြမှာပါ… ဒါပင်မဲ့ ရီရလွန်းလို့ဆိုပြီး အဲ့ဒီဝတ္တုကို ရုပ်ရှင်ပြန်ရိုက်တဲ့အခါ ၀တ္တု ဖတ်တုန်းကလောက်မရီရတာလည်း ကြုံဘူးကြမှာပါ… ဘာကြောင့်လဲ…
ဆရာအကြည်တော်ရဲ့ စာအရေးအသားကြောင့်ပဲဆိုတာ မြစ်ပြင်မှာ ထင်ကျန်ခဲ့သော မြွေခြေရာများ ဆိုတဲ့စာအုပ်မှာ ရှင်းပြသွားခဲ့ပါတယ်…။ အဲ့ဒါ စာရေးခြင်းပညာပါပဲ။ စာကို ဖတ်တဲ့အခါ ကျွန်တော်တို့ရဲ့ ဥာဏ်မျက်စိထဲမှာ အဲဒီစာက ပေးတဲ့ရဿအတိုင်း တသွေမတိမ်း ပုံဖော်ပြီး မြင်ရတာပါ… ရုပ်ရှင်၊ ပြဇာတ် စတာတွေမှာက သရုပ်ဆောင်သူများပြတဲ့ သရုပ်ဆောင်မှုကိုပဲ မြင်ရပြီး ရဿကို ခံစားရဖြစ်ပါတယ်။ ဒီတော့ကာ ပညာပေးတစ်ခုကို စာဖတ်တာနဲ့ ရုပ်ရှင်ကြည့်တာနဲ့ဆိုရင် စာဖတ်တာက နှလုံးအိမ်ထဲမှာ စွဲမြဲသွားပါတယ်။
ဆရာမကြီး တစ်ယောက်ပြောဘူးတာကို မှတ်သားထားတာလေး ပြန်ရှဲပါမယ်..
လူတစ်ယောက်က စာဖတ်တာများလာရင် နောက် ၁ နှစ် ၂ နှစ်ကြာလာရင် သူဖတ်ဖူးထားတဲ့ စာတွေကို မှတ်မိမှာမဟုတ်တော့ဘူးတဲ့ ဒါပင်မဲ့ ဖတ်လိုက်တဲ့စာတွေက ရင်ထဲမှာစွဲသွားပြီး အဲ့ဒီသူရဲ့ အကျင့်စရိုက်တွေ၊ တွေးခေါ်မှုတွေ ဖြစ်လာတာပဲတဲ့….
မယုံရင် ကိုယ်တိုင်စမ်းကြည့်လို့ရပါတယ်…. သုတ စာအုပ်တစ်အုပ်ကိုယူ {တရားစာအုပ်ဆိုပိုကောင်း} (အပိုင်ဝယ်) ပြီးတော့ ဖတ်…. ၁ ခေါက်၊ နောက် ၁ လလောက်ကြာရင် နောက်တစ်ခေါက်၊ နောက် ၃ လလောက်ကြာရင် နောက်တစ်ခေါက်၊ နောက် ၆ လလောက်ကြာရင် တစ်ခေါက်ထပ်ဖတ်ပါ။ ၃ ခေါက်လောက်ဖတ်ပြီးရင် အဲ့ဒီစာအုပ်ကို သိမ်းထား….။ တစ်နှစ်လောက်ကြာရင် တစ်ခေါက်ထပ်ဖတ်ကြည့်ပါ…။ ဒီတစ်နှစ်တာလုံးမှာ လုပ်ထားတဲ့ အကျင့်စရိုက်တွေကို ဖတ်ရင်းနဲ့ ပြန်စဉ်းစားကြည့်ပါ။ ထူးခြားစွာတိုက်ဆိုင်နေတာ လုပ်ဖူးတဲ့ သူတိုင်းသိကြပါတယ်။
ဒါကြောင့် ကျွန်တော်တို့တွေ စာဖတ်ဖို့လိုပါတယ်… စာကောင်းပေကောင်းတွေဖတ်ဖို့လိုပါတယ်
ကျွန်တော့ခံယူချက်ကတော့
စာဖတ်တတ်ဖို့ ခက်ပါတယ်
ဖတ်သမျှစာတွေကို မှတ်မိဖို့ ပိုခက်ပါတယ်
အခက်ဆုံးကတော့ အသုံးချဖို့ခက်ပါတယ်လို့
ကျော်စံလင်း
သူများပြောတာနော်...
လောကကို ပြောင်းလဲလိုပါက လူပျိုဘ၀၌ အားထုတ်ပါ
- အိမ်ထောင်ကျပြီးပါက TV Channel ပင် ပြောင်းခွင့်မရှိပါ
- ဇနီးသည်၏ စကားကို နားထောင်ခြင်းသည် အင်တာနက်
- ၀က်ဘ်ဆိုဒ်မှ Terms and Conditions များကို
- ဖတ်ရှုရခြင်းနှင့် အလားသဏ္ဍာန်တူ၏ ...
- ဘာကိုမှ နားမလည်သော်လည်း သဘောတူရခြင်းပင်
- စစ်တုရင်သည် ကမ္ဘာပေါ်ရှိ ကစားနည်းအားလုံးတွင်
- လင်ယောက်ျားဖြစ်သူ၏ အဖြေသနစ်မှန်ကို
- ထင်ဟပ်သည့် တခုတည်းသော ကစားနည်းဖြစ်သည်
- သနားစရာ ဘုရင်ကြီးသည် တကြိမ်တွင် တကွက်သာ
- ရွေ့နိုင်သော်လည်း အာဏာရှိသော ဘုရင်မမှာမူ
- လိုသလောက် ရွေ့နိုင်၏ ...
- ယောက်ျားအပေါင်းတို့သည် ရဲရင့်ကြကုန်၏ ...
- Horror Movie များသည် သူတို့အား
- ကြောက်လန့်စေခြင်းငှာ မတတ်နိုင်ကြကုန် ...
- ဇနီးသည်ထံမှ Missed Calls ၅ ခုကသာ
- သူတို့ကို ထိတ်လန့်စေကုန်၏ .... ။
Credit to
ညီနောင် ။