xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
ဘ၀တစ်လျှောက် လေ့လာလို့ မကုန်ဆုံးနိုင်ပါဘူး။ သင်ယူလို့ လည်း မကုန်နိုင်ဘူး။ ပြီးတော့ ကျင့်ကြံမှုက အနောက်က
ကပ်ပေးရသေးတယ်။ ဒါတောင် တကယ်တွေးကြည့် ကိုယ်ဘာမှ မသိသေးပါဘူး။ ဒါက လေ့လာရင်တော့ ရလာနိုင်မှာပါ။
စာတွေ့ လည်း သင်ယူရမယ်၊ လက်တွေ့ လည်း သင်ယူရမယ်။ ဒီနှစ်ခုကို အချိုးညီညီ ပေါင်းစပ်နိုင်မှ စိတ္တ၊ ကာယ ဖွံ့ ဖြိုးမှု
ရှိလာနိုင်မှာပါ။ စာတွေ့ အကြိမ်တစ်ရာက လက်တွေ့ တစ်ကြိမ်လောက် မကောင်းပါဆိုပြီး ရှိတယ်မို့ လား။
သို့ သော်လည်း စာတွေ့ နဲ့ စပြီး ဘ၀ကို လေ့ကျင့်ရတာ ကောင်းမယ်လို့ ထင်ပါတယ်။ ဘာလို့ လည်းဆိုတော့ စာတွေနဲ့ စ
တင်တဲ့ဘ၀က အမှားပြန်ပြင်ဖို့  စာလုံးလေးတွေပဲလိုတာပါ။ ဒါ ပြင်ရလွယ်တယ်။
လက်တွေ့ ဘ၀ကို စတင် ဖြတ်သန်းမှုကတော့ မှားပြီဆိုရင် ဘ၀ပါ နာကျင်သွားနိုင်ပါတယ်။ ဒါပေမယ့် ရေရှည် ဘ၀လေ့ကျင့်
ခန်းလုပ်ရမှာ ဖြစ်တဲ့အတွက် လက်တွေ့ ဘ၀ကတော့ ပိုအသုံးဝင်မှာပေါ့။ ဘ၀ဟာ လေ့ကျင့်ရေးကွင်းတစ်ခု မဟုတ်ပါလား။
အများကြီး သင်ယူစရာတွေရှိတယ်။ အများကြီးရင်ဆိုင်စရာတွေရှိတယ်။ ဒါမှ အများကြီး မရှုံးနိမ့်နိုင်မှာပေါ့။ ဘ၀မှာ အဆိုး
ဆုံးက မသိတာထက် မသိချင်တဲ့ စိတ်ပါပဲ။ မသိတာက အဖြေကိုရှာဖို့ ကြိုးစားလို့ ရတယ်၊ မသိချင်တာက လုပ်ဖို့ စိတ်ကူးကို
မရှိတာပါ။ ဒါ လူတစ်ယောက်ရဲ့ဘ၀ကို ဖျက်စီးမယ့် စိတ်ပါ။
" လောကမှာ ကျွန်တော်သိတဲ့ အရာ တစ်ခုပဲ ရှိတယ်။ ဒါကတော့ ကျွန်တော် ဘာမှမသိဘူးဆိုတာပဲ " လို့  ဆိုကရေးတီးကြီး
က ပြောခဲ့ပါတယ်။ သူ အများကြီး လေ့လာဖို့ ၊ လေ့ကျင့်ဖို့ လိုတယ်လို့ ပြောတာပါ။ ဒါကြောင့် မသိတာဟာ ကိစ္စမရှိပါ။ ကြိုး
စားလို့ ရပါတယ်။ သို့ သော် မသိချင်ဘူးဆိုတဲ့ စိတ်ကိုတော့ နည်းနည်းမှ အလိုမလိုက်သင့်ပါဘူး။
True Man

No comments:
Post a Comment