အဆင့်နိမ့်စိတ်ကို ဖယ်ထုတ်ပါ
++++++++++++++++++
ကလေးဘ၀တုန်းက
ကိုယ့်ရဲ့အိမ်စည်းရိုးအတွင်း၊ အ၀န်းအ၀ိုင်းအတွင်းဟာ အကျယ်ဆုံး ထင်ခဲ့မိတာ
အမှန်ပါ။ အရွယ်လေးရောက်လာခါကျတော့ ကိုယ်ကြုံတွေ့ ရတဲ့ တွေ့ အကြုံတွေ၊
မြင်ခဲ့ရတဲ့ အမြင်တွေ၊ ကြားခဲ့ရတဲ့ သတင်းတွေဟာ အိမ်မက်ထဲမှာတောင် မမက်ခဲ့ဖူးတဲ့ အခြေနေတွေပါပဲ။
ပြင်ပလောကနဲ့ ပြောင်းလဲတိုးတက်နေတဲ့အချိန်တွေကြားမှာ ကြီးပြင်းလာရတာဟာ
လွန်ခဲ့သောအချိန်တွေနဲ့ ကြီးပြင်းလာခဲ့လူတွေ အတွက်လည်း
အရမ်းသိမ်ငယ်နေမှာပါ။ အချိန်
တွေနဲ့ အညီ နည်းပညာတွေက အံ့မခန်းတိုးတက်နေတဲ့ ခေတ်စနစ်ကိုရောက်နေကြပြီလေ။
ပြောင်းလဲမှုတံခွန်ထူနေတဲ့ အချိန်မှာ အရာအားလုံးနဲ့ မပြောင်းလဲနိုင်သေးတာ
လူတွေရဲ့ စိတ်ပါပဲ။ သူတို့ က ပတ်ဝန်းကျင်ကြီး တိုးတက်နေတာကို မြင်ကြတယ်၊
ကိုယ့်ရဲ့ တိုးတက်ဖို့ 
လမ်းကို မမြင်ကြဘူး၊မရှာကြဘူး။ ပတ်ဝန်းကျင်မှာ
ပြုပြင်ပြောင်းလဲတာကို ထိုင်ကြည့်နေတယ်၊ မိမိကိုယ်ကို
ပြုပြင်ပြောင်းလဲလိုစိတ် မရှိကြဘူး။
အဆင့်နိမ့်စိတ်တွေကို ကိုယ်သွားရာ
တောင်လျှောက်ခေါ်နေကြတုန်းပါ။ တစ်ချိန်တုန်းက ခြံထဲမှာ နေခဲ့ရတဲ့ စိတ်တွေကို
ခြံထဲမှာလောက်ပဲထားခဲ့လိုက်ပါ။ ခြံအပြင်ရောက်တဲ့အခါ
ကျယ်ပြန်တဲ့
စိတ်တွေ လက်ခံရဦးမှာပဲလေ။ ကိုယ်မမြင်နိုင်ခဲ့တဲ့ အရှိတရားတွေ အတွက်
မိမိရဲ့စိတ်ကို ဖြန့် ကျက်ပစ်လိုက်ပါ။ တစ်နေရာပြောင်းပြီးတိုင်း
အခြားနေရာအတွက် မလိုအပ်
တဲ့စိတ်တွေကို အလေးချိန်လျော့ထားခဲ့လိုက်ပါ။
စိတ်လေးရင် လူလေးပါတယ်၊ စိတ်ပေါ့ရင် လူပေါ့ပါတယ်။ အမြင့်ကိုတက်နိုင်ဖို့ 
လေးလံပြီး မကျိုးမရှိမဲ့ ၀န်ထုတ်ဝန်ပိုးတွေကို ချထားမှ ဖြစ်မှာပါ။ ဒါမှာ
အမြင့်ကို အချိန်တိုတိုနဲ့ တက်
နိုင်ပြီး အနိမ့်မှာ ကိုယ်မြင်ခဲ့ရတဲ့ မြင်ကွင်းထက် လှပကျယ်ဝန်းတဲ့ နေရာတွေကို မြင်နိုင်၊ခံစားနိုင်မှာဖြစ်ပါတယ်။
ကိုယ့်မျှော်လင့်ချက်တွေ အတွက် ထိပ်ကိုတက်နိုင်သလောက်တက်ပါ။ အမြင့်ရောက်လေ
မြင်ကွင်းပိုကျယ်လေဖြစ်ပါတယ်။ မြင်ကွင်းကျယ်တာကို မြင်ချင်ရင်တော့
အမြင့်တက်ဖို့ အား
မွေးပါ၊ လေးပင်မဲ့ အရာတွေကို သံယောဇဉ်တွယ်မနေပါနဲ
့ပတ်ဝန်းကျင်က လေဒဏ်ကိုလည်း မကြောက်ပါနဲ့ ။ "
အပေါ်ကိုတက်မဲ့ခြေဖ၀ါးတစ်ဖက်ရဖို့  အောက်မှာရှိတဲ့ ခြေဖ၀ါးတစ်
ဖက်ကို စွန့် လွှတ်ရစမြဲ " ပါ။
ရနေတဲ့အချိန်၊ ပြောင်းလဲနေတဲ့ပတ်ဝန်းကျင်ဟာ ကိုယ့်အတွက် အကောင်းဆုံး
ခွန်အားပါ။ ရရှိတဲ့ အချိန်တွေနဲ့ ပတ်ဝန်းကျင်မှာ ဘ၀ကို ပြောင်းလဲမှာလား၊
သို့ တည်းမဟုတ် ပြောင်း
လဲနေတဲ့ပတ်ဝန်းကျင်ကြားမှာ မင်းဘ၀ကို
အချိန်ကုန်ခံမလား ဆိုတာ ကိုယ်တိုင် ဆုံးဖြတ်ပေါ့။ အချိန်တွေ၊ပတ်ဝန်းကျင်တွေ
ဘယ်လောက်ပြောင်းပြောင်း ကိုယ့်ရဲ့အဆင့်နိမ့်စိတ်တွေ
မပြောင်းလဲလို့ ကတော့ ဘ၀မှာ အလိုမကျတာတွေချည်း ကြုံနေဦးမှာပါ။
မိမိရဲ့အိမ်မက်ကြီးကို ကံကြမ္မာကြီးက အကောင်အထည်ဖော်ဖို
့အခွင့်အရေးပေးလာမှတော့ မြဲစွာဆုပ်ကိုင်ထားဖို့ လိုတာပေါ့။ " လက်ထဲမှာ
ရှိတဲ့ ငှက်တစ်ကောင်ဟာ အဝေးမှာရှိတဲ့
ငှက်သုံးကောင်ထက့် ကောင်းပါတယ်"
ဆိုသလိုမျိုးပေါ့၊ "လက်ထဲမှာ ဆုပ်ကိုင်ထားတဲ့ အခွင့်အရေးတစ်ကြိမ်ဟာ
ဘယ်လိုဖြစ်လာမည်မှန်းမသေချာတဲ့ အခွင့်အရေးအကြိမ်ပေါင်းများစွာထက်
ပိုကောင်းပါတယ်" ။
လုပ်ရမှာက အဆင့်နိမ့်တဲ့ စိတ်၊ မလိုအပ်တဲ့ စိတ် ဒီအရာတွေကို ဖယ်ထားခဲ့ပါ။ နောက်
ထပ် လုပ်ရမှာအတွက် ၀န်ထုပ်ဝန်ပိုးဖြစ်စေပါတယ်။ ဒါ့ကြောင့် လိုတာတွေကိုထပ်ဖြည့်
ဖို့ အတွက် မလိုတာတွေကို ဖယ်ထုတ်ခဲ့လိုက်ပါ။
True Man
No comments:
Post a Comment