Monday, January 26, 2015

မသိတာထက် မသိချင်တာက ပိုဆိုးတယ်

မသိတာထက် မသိချင်တာက ပိုဆိုးတယ်
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
ဘ၀တစ်လျှောက် လေ့လာလို့ မကုန်ဆုံးနိုင်ပါဘူး။ သင်ယူလို့ လည်း မကုန်နိုင်ဘူး။ ပြီးတော့ ကျင့်ကြံမှုက အနောက်က
ကပ်ပေးရသေးတယ်။ ဒါတောင် တကယ်တွေးကြည့် ကိုယ်ဘာမှ မသိသေးပါဘူး။ ဒါက လေ့လာရင်တော့ ရလာနိုင်မှာပါ။
စာတွေ့ လည်း သင်ယူရမယ်၊ လက်တွေ့ လည်း သင်ယူရမယ်။ ဒီနှစ်ခုကို အချိုးညီညီ ပေါင်းစပ်နိုင်မှ စိတ္တ၊ ကာယ ဖွံ့ ဖြိုးမှု
ရှိလာနိုင်မှာပါ။ စာတွေ့ အကြိမ်တစ်ရာက လက်တွေ့ တစ်ကြိမ်လောက် မကောင်းပါဆိုပြီး ရှိတယ်မို့ လား။
သို့ သော်လည်း စာတွေ့ နဲ့ စပြီး ဘ၀ကို လေ့ကျင့်ရတာ ကောင်းမယ်လို့ ထင်ပါတယ်။ ဘာလို့ လည်းဆိုတော့ စာတွေနဲ့ စ
တင်တဲ့ဘ၀က အမှားပြန်ပြင်ဖို့  စာလုံးလေးတွေပဲလိုတာပါ။ ဒါ ပြင်ရလွယ်တယ်။
လက်တွေ့ ဘ၀ကို စတင် ဖြတ်သန်းမှုကတော့ မှားပြီဆိုရင် ဘ၀ပါ နာကျင်သွားနိုင်ပါတယ်။ ဒါပေမယ့် ရေရှည် ဘ၀လေ့ကျင့်
ခန်းလုပ်ရမှာ ဖြစ်တဲ့အတွက် လက်တွေ့ ဘ၀ကတော့ ပိုအသုံးဝင်မှာပေါ့။ ဘ၀ဟာ လေ့ကျင့်ရေးကွင်းတစ်ခု မဟုတ်ပါလား။
အများကြီး သင်ယူစရာတွေရှိတယ်။ အများကြီးရင်ဆိုင်စရာတွေရှိတယ်။ ဒါမှ အများကြီး မရှုံးနိမ့်နိုင်မှာပေါ့။ ဘ၀မှာ အဆိုး
ဆုံးက မသိတာထက် မသိချင်တဲ့ စိတ်ပါပဲ။ မသိတာက အဖြေကိုရှာဖို့ ကြိုးစားလို့ ရတယ်၊ မသိချင်တာက လုပ်ဖို့ စိတ်ကူးကို
မရှိတာပါ။ ဒါ လူတစ်ယောက်ရဲ့ဘ၀ကို ဖျက်စီးမယ့် စိတ်ပါ။
" လောကမှာ ကျွန်တော်သိတဲ့ အရာ တစ်ခုပဲ ရှိတယ်။ ဒါကတော့ ကျွန်တော် ဘာမှမသိဘူးဆိုတာပဲ " လို့  ဆိုကရေးတီးကြီး
က ပြောခဲ့ပါတယ်။ သူ အများကြီး လေ့လာဖို့ ၊ လေ့ကျင့်ဖို့ လိုတယ်လို့ ပြောတာပါ။ ဒါကြောင့် မသိတာဟာ ကိစ္စမရှိပါ။ ကြိုး
စားလို့ ရပါတယ်။ သို့ သော် မသိချင်ဘူးဆိုတဲ့ စိတ်ကိုတော့ နည်းနည်းမှ အလိုမလိုက်သင့်ပါဘူး။
True Man

မျှတစွာ ဆုံးဖြတ်တတ်ဖို့ လိုပါတယ်

မျှတစွာ ဆုံးဖြတ်တတ်ဖို့ လိုပါတယ်
++++++++++++++++++++++
လူတစ်ယောက်ကို လူတစ်ယောက်က ဖိအားတွေ သိပ်မပေးသင့်ဘူး။ ကိုယ့်ဘ၀အတွက် ဘာမှ မဟုတ်လောက်တဲ့ အခက်အခဲလေးက
သူတစ်ပါးအတွက်တော့ အရမ်းလေးလံနေတတ်ပြန်ပါတယ်။
နောက်တစ်ခုက အခွင့်အရေးတစ်ခုကို မျှော်လင့်တဲ့သူတိုင်းအပေါ်ကို ဒီအခွင့်အရေးကို ဖန်တီးနိုင်ခွင့် ရှိတဲ့သူများဟာ မျှတစွာ ယှဉ်ပြိုင်
စေပြီးမှ ရွေးချယ်ကြဖို့  လိုအပ်ပါတယ်။
ဆိုလိုချင်တာက လူတိုင်းမှာ သူတို့ ကျွမ်းကျင်တဲ့ အရည်အချင်းတစ်ခုစီ ရှိစမြဲပါ။ ဒီအရည်အချင်းတွေကို ရွေးချယ်စီစစ်ဖို့ အတွက် ပုဂ္ဂိုလ်
ရေးဆန်တဲ့ အတွေးမျိုးတွေ ခဏလောက် ဖယ်ထားဖို့ လိုအပ်တယ်။
သာဓက တစ်ခုပြရရင် မြင်းရယ်၊ လိပ်ရယ်၊ ပါရွက်ဆိတ်ရယ် သုံးကောင်းရှိတယ်ဆိုပါစို့ ဗျာ။ လူတစ်ယောက်က သူတို့ သုံးကောင်ကို ပြိုင်
ပွဲတစ်ခု စီစဉ်ပေးတယ်ပေါ့။
ဒီနေရာမှာ ပြိုင်ပွဲကို စီစဉ်ပေးတဲ့သူက ဟိုဘက်တောအုပ်ကနေ ယခုတာထွက်တဲ့ နေရာကို အချိန်အမြန်ဆုံးနဲ့ အလျင်မြန်ဆုံးပြေးနိုင်တဲ့
သူက အနိုင်ရမယ်ဆိုပြီး ဆုံးဖြတ်ရင်တော့ ဒါဟာ ဘယ်မျှတပါ့မလဲ။ မြင်းကိုယ်နိုင်စေချင်လို့  ဒီလိုလုပ်လိုက်တာ အထင်သားလေ။
ဆုံးဖြတ်ချက်ချတဲ့သူက မြင်းကိုချစ်လို့ မြင်းကို အနိုင်ရစေချင်လို့  ယခုလို ဆုံးဖြတ်လိုက်ပေမယ့် ကျန်တဲ့ လိပ်နဲ့ ပုရွက်ဆိတ်ကျတော့ရော
ဒီပြိုင်ပွဲက သူတို့ အတွက် ဘ၀နဲ့ ဆိုင်ပြီး အရေးကြီးနေရင် ဘယ်သို့ ရှိမလဲ။
အလားတူ ကိစ္စတွေဟာ လူ့ လောကမှာ များစွာ ဖြစ်ခဲ့တဲ့ အဖြစ်ပျက်တွေပါ။ ဘ၀တစ်ခုကို ကယ်စေချင်ယုံနဲ့  ဘ၀နှစ်ခုကိုဖျက်စီးပစ်ဖို့ 
ဘယ်သင့်ပါ့မလဲ။ လူတိုင်း သူတို့ ဘ၀အတွက် အရေးကြီးတာပါပဲ။
အောင်မြင်ခြင်းနဲ့ ကျရှုံးခြင်းက ဒီလောက်လေးတင် လွယ်လင့်တကူ ပြီးဆုံးသွားရင်တော့ ကိစ္စမရှိပေ။ ကျရှုံးတဲ့သူကို တဖက်သတ်ကျ
ရှုံးစေရန် ရွည်ရွယ်ချက်ဖြင့် သိသိသာသာ စီမံတယ်ဆိုရင်တော့ တဖက်မှာ ထိခိုက်မှု များသွားနိုင်ပါတယ်။
ရှုံးနိမ့်သူရဲ့ အိမ်မက်တွေ ပျက်သုန်းသွားနိုင်ပါတယ်၊ လမ်းတွေ ပျောက်သွားနိုင်ပါတယ်၊ နောက်ဆုံး ဘ၀ပါ ပျက်သွားနိုင်တဲ့ထိ ဖြစ်သွား
နိုင်တယ်ဆိုတာ တွေးကြည့်စေချင်ပါတယ်။
အရည်အချင်းကို အမှန်တကယ် စီစစ်ချင်တယ်ဆိုရင် လူသားအားလုံးအပေါ်မှာ မျှတတဲ့ အချက်အလက်တွေနဲ့  ပုဂ္ဂိုလ်ရေးကင်းစွာ ရွေး
ချယ်စေချင်ပါတယ်။ စစ်မှန်တဲ့ အရည်အချင်းတစ်ခုကို မှားယွင်းတဲ့ ဖိအားပေးမှုတွေနဲ့  မရွေးချယ်စေဖို့  အကြံပြုပါရစေ။
True Man

သစ်ပင်ကလေးရဲ့ သင်ခန်းစာ

သစ်ပင်ကလေးရဲ့ သင်ခန်းစာ
++++++++++++++++++
ရွာလေး တစ်ရွာမှာ မြေးအဖွားနှစ်ယောက် နေထိုင်ကြသတဲ့။ တစ်နေ့ မှာ အဖွားလုပ်သူက မြေကွက်လပ်လေးမှာ
သစ်ပင်ပေါက် တစ်ပင်ကို စနစ်တကျ စိုက်ပျိုးနေပါတယ်။
ဒါကို မြေးလေးက မြင်တော့
" အဖွား.... သစ်ပင်လေးကို ဘာလို့  အမြတ်တနိုး ခုလို ဂရုစိုက်ပြီး စိုက်ပျိုးရတာလည်း.."
"ငါ့မြေး.. သစ်တစ်ပင်ဟာ ရိုးရိုးလေးပဲ ကြည့်မယ်ဆိုရင် သူ့ ရဲ့တန်ဖိုးဟာ အညတရပဲ။ သင်ခန်းစာဖြစ်အောင် ကြည့်
မယ်ဆိုရင် လူတွေကို များတဲ့ သင်ခန်းစာတွေ သူက ပေးပါတယ်...."
" ဘယ်လို သင်ခန်းစာတွေများ သစ်ပင်က ရယူနိုင်သလဲ အဖွား........"
" သစ်ပင်တွေဟာ အပင်ပေါက်ဘ၀မှာ အညွှန့် လေးတွေ တစ်လူလူနဲ့ မို့  အပင်ရနံ့ လေးကလည်း သင်းနေတော့
လူတွေကို စိတ်ချမ်းသာစေပါတယ်၊ စိတ်ကြည်နူးစေပါတယ်။ အပင်ကြီး ဘ၀ရောက်လာပြီဆိုရင်လည်း သတ္တ၀ါတိုင်း
ကို အရိပ်အာဝါသပေးပါတယ်။ ကျေးငှက် သာရကလေးတွေကိုလည်း နားခိုစရာ ဖြစ်စေတယ်။ ကလေးတွေ အတွက်
ကစားကွင်းဖြစ်စေတယ်။ အသီးအပွင့်တွေ ဖြစ်လာပြီဆိုရင်လည်း သတ္တာဝါတိုင်းကို အစာအဟာရ အဖြစ်ပေးဆပ်ကြ
တယ်။ "
" ဒါတင်ပဲလား အဖွား..နောက်ရော ဘာတွေ အကျိုးပြုသေးလည်းဟင်...."
" သစ်ပင်တွေဟာ သက်တမ်းကုန်ဆုံးတဲ့ အခါကျရင်လည်း သူ့ တို့ ရဲ့ ဘ၀ကို လူနေအိမ်တွေ အဖြစ် ဖန်တီးပေးကြ
ပြန်တယ်။ လမ်းတံတားတွေ အဖြစ် ကျောခင်းပေးကြတယ်။ လူသုံးကုန် ပစ္စည်းတွေ အဖြစ် ဖန်ဆင်း ပေးကြတယ်။
ထင်း၊မီးသွေးကဲ့ သို့ လည်း လောင်စာအဖြစ် နောက်ဆုံးချိန်အထိ ဘ၀ကို ပေးဆပ်ပါတယ်"
" ဒါဆို သစ်ပင်ရဲ့ တန်ဖိုးဟာ သိပ်ကြီးတာပေါ့နော် အဖွား.."
" ဒါပေါ့ မြေးရယ်....ဒီသစ်ပင်တွေလိုသာ လူသားတွေဟာ ပေးဆပ်ခြင်းတွေမှာ ပျော်မွေ့ ကျရင် ကောင်းမှာပါ။ ငါ့မြေး
လည်း အဖွားစိုက်တဲ့ သစ်ပင်လေးလို လောကမှာ တန်ဖိုးရှိအောင်နေထိုင်သွားပါ။ နောင်လာ နောက်သားတွေကိုလည်း
အဖွားရဲ့ စကားလေးကို လက်ဆင့်ကမ်းပေးသွားပါ။ "
ဒီလို မှာပြီးတာနဲ့  အဖွားအိုဟာ အိမ်ကလေးထဲကို တရွေ့ ရွေ့ နည်း လျှောက်သွားပါတော့တယ်။ မြေးမလေးကတော့
သစ်ပင်လေးနားမှာ ခြေစုံရပ်ပြီး အတွေးတွေ ချဲ့ ထွင်ပြီး ကျန်ခဲ့ပါတယ်။
အဖွားရဲ့ စကားတွေ အတိုင်း ဖြစ်စေရပါ့မည်လို့ လည်း သူမရဲ့ စိတ်ထဲမှာ ကတိတွေ အထပ်ထပ် ပေးနေမိပါတော့တယ်။
အဖွား စိုက်ပျိုးထားတဲ့ သစ်ပင်လေးကလည်း မြေကြီးပေါ်မှာ ၀ံ့ထည်စွာ မားမားမတ်မတ်နေရာ ယူထားပြီးပါပြီ။
သစ်ပင်လေးက လောကကြီးကို ပေးဆပ်ရမှာမို့  ပျော်နေတယ် ထင်ပါရဲ့ အညွှန့် လေးက ဘယ်ယိမ်း၊ ညာယိမ်းနဲ့ .. လေ
အဟုန်နဲ့ ကနေလိုက်တာ။ သစ်ပင်လေးရယ် ငါလည်း နင့်လို ဘ၀ကို ဒီနေ့ ကစပြီး ရှင်သန်ပါတော့မယ်။ ကလေးမလေး
ဟာ သစ်ပင်ပေါက်လေးကို ကြည့်ပြီး လက်သီးလေးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ပါတော့တယ်။
True Man

ဖမ်းခြင်း နှင့် လွှတ်ခြင်း

ဖမ်းခြင်း နှင့် လွှတ်ခြင်း
 --------------------------------------------
မြတ်စွာဘုရား သာဝတ္တိပြည် ဇေတ၀န်ကျောင်းမှာ သီတင်းသုံးနေစဉ်အခါက ဒကာဒကာမတွေဟာ ဥပုသ်နေ့ရောက်ပြီဆိုရင် မနက်ပိုင်းမှာ အဝတ်ဖြူလေးတွေဝတ်ပြီး ဘုရားကျောင်းကိုသွားလေ့ရှိပါတယ်။ ကျောင်းရောက်တဲ့အခါ ကိုယ်တတ်နိုင်သလောက် ဆွမ်းဒါနပြုပြီး နေ့လည်ပိုင်းမှာ တော့ ကိုယ်နဲ့အကျွမ်းဝင်းရာ ကိုယ်ကြည်ညိုရာ ရဟန်းတွေဆီသွားပြီး ဆည်းကပ်ကြပါတယ်။
ညနေချမ်းရောက်လာရင်တော့ တရားပွဲကျင်းပလေ့ရှိကြပါတယ်။ အလှည့်ကျရဟန်းတော်တွေက တရားဟောကြပါတယ်။ တရားဟော ချိန်ရောက်ပြီဆိုရင်တော့ တရားပွဲရှိရာကို သွားနာကြပါတယ်။
တစ်နေ့ညနေမှာတော့ တရားဟောနေရင်းနဲ့ မှောင်သွားပါတယ်။ မှောင်သွားတာကို သတိထားမိတဲ့ အမျိုးသမီးလေးတစ်ယောက်က “ဒီအချိန်မှာ ဆီမီးထွန်းရမယ့်အချိန်ပဲ”လို့ တွေးလိုက်ပါတယ်။ ဒါကြောင့် အိမ်ကဆီမီးကိုယူပြီး တရားဟောပလ္လင်ရှေ့မှာ ထွန်းပေးထားလိုက်ပါတယ်။
အမျိုးသမီးလေးက လှူထားတဲ့ ဆီမီးလေးကိုကြည့်ပြီး ဝမ်းမြောက်လို့မဆုံးဖြစ်နေပါတယ်။တရားဆုံးတဲ့အခါမှာတော့ ဝမ်းသာကျေနပ်စိတ်နဲ့ပဲ အိမ်ကိုပြန်ခဲ့ပါတယ်။ အမျိုးသမီးလေးက သူလှူလိုက်ရတဲ့ ဆီမီးအလှူလေးကို မေ့လို့မရတော့ပါဘူး။
တစ်နေ့မှာတော့ ရောဂါတစ်ခုနဲ့ပဲ ပြုခဲ့တဲ့ဆီမီးကုသိုလ်လေးကို အာရုံပြုပြီး သေလွန်သွားပါတယ်။ သေလွန်သွားတော့ တာဝတိံသာနတ်ပြည်မှာ ဇောတိရသ နတ်သမီးရယ်လို့ သွားဖြစ်ပါတယ်။ ဇောတိရသနတ်သမီးလေးရဲ့ ကိုယ်ရောင်ကိုယ်ဝါဟာ ဆီမီးလှူရတဲ့ကုသိုလ်ကြောင့် တခြားနတ် တွေထက် ပိုတောက်ပနေတယ်လို့ ဆိုပါတယ်။
တစ်ရက်မှာ အရှင်မဟာမောဂ္ဂလာန် တာဝတိံသာနတ်ပြည်ကိုကြွလာပါတယ်။ အရောင်အဝါတောက်ပမှု သူများထက်သာလွန်နေတဲ့ ဇောတိရသ နတ်သမီးလေးကိုတွေ့ရတော့ “ဘယ်ကုသိုလ်ကြောင့် အရောင်အဝါတွေ တင့်တယ်တောက်ပ နေတာလဲ”လို့မေးပါတယ်။ ဇောတိရသနတ်သမီးလေး က “တရားပွဲတစ်ခုမှာ ဆီမီး လှူရတဲ့ကုသိုလ်ကြောင့် တာဝတိံသာနတ်ပြည်မှာဖြစ်ပြီး အရောင်အဝါတောက်ပ နေရတာပါ”လို့ ပြန်လျှောက်ပြ ပါတယ်။
အရှင်မဟာမောဂ္ဂလာန်က ဇောတိရသနတ်သမီးလေးရဲ့ အဖြေစကားဆုံးတော့ ဒါနအကြောင်းကစပြီး တရားဟောပြပေးပါတယ်။ ဟောရင်းနဲ့ နတ်သမီးလေး ကြည်လင်ခိုင်ခံ့တဲ့စိတ် ဖြစ်လာတဲ့အခါမှာတော့ သစ္စာလေးပါးကို ဆက်ဟောပြပေးပါတယ်။ တရားအဆုံးမှာတော့ ဇောတိရသ နတ်သမီးလေးနဲ့အတူ အခြံအရံအားလုံး သောတာပတ္တိဖိုလ် တည်သွားခဲ့ပါတယ်။
(ဝိမာနဝတ္ထုအဋ္ဌကထာ- စာမျက်နှာ-၄၄)
တစ်ခါတလေ ကုသိုလ်တွေက မျှော်လင့်မထားဘဲ ဖြစ်လာတတ်ပါတယ်။ ဇောတိရသနတ်သမီးရဲ့ ကုသိုလ်လေးက မမျှော်လင့်ဘဲရလိုက်တဲ့ ကုသိုလ်လေးပါ။ တကူးတက ဆီမီးလှူဖို့သွားတာလည်းမဟုတ်ပါဘူး။ လိုအပ်နေတဲ့အချိန်လေးမှာ လိုအပ်နေတဲ့အရာလေးကို ပေးလှူလိုက်တာပါ။ ပြီးတော့ ကုသိုလ်လေးက အကြီးကြီးလည်း မဟုတ်ပါဘူး။ သေးသေးလေးပါ။ ဒါပေမယ့် ကိုယ်လုပ်တဲ့ ကုသိုလ်လေးကို မြတ်မြတ်နိုးနိုးနဲ့ တန်ဖိုးထား လုပ်သွားတာပါ။
အခြေခံလူတန်းစားတစ်ယောက်အနေနဲ့ ကုသိုလ်တွေစုံအောင်လုပ်ဖို့, ကုသိုလ် အကြီးကြီးတွေလုပ်ဖို့ဆိုတာ မလွယ်ပါဘူး။ မလွယ်ပေမယ့် ကိုယ်လုပ်တဲ့ ကုသိုလ်လေးတွေကို တန်ဖိုးထားပြီးလုပ်ဖို့ပါပဲ။ ကိုယ့်ကုသိုလ်အပေါ် တန်ဖိုးထားတယ်ပြောလိုက်ရင် လေးစားတာ,ရိုသေတာ, မြတ်နိုးတာ, ဝမ်းမြောက်တာ, ကျေနပ်တာစသည်တွေလည်း ပါနေပါတယ်။ ဒါတွေကို ကိုယ့်ဟာကိုယ်ပဲသိပါတယ်။ သူများမသိပါဘူး၊ သူများသိဖို့က အဓိကလည်းမကျပါဘူး။ သူများသိဖို့ဘက်ကို စိတ်ညွတ်လိုက်ရင် ကိုယ့်ကုသိုလ်အပေါ် စိတ်ညွတ်မှုကလျော့သွားနိုင်ပါတယ်။
ကုသိုလ်ရဲ့သဘောက ပြန်ပြန်တွေးတိုင်း ထပ်ထပ်ကုသိုလ်ရနေတာပါ။ စာလိုပြောရင်တော့ စာဂါနုဿတိကုသိုလ်ပါ။ ဒီတော့ ကိုယ်လုပ်တဲ့ ကုသိုလ်လေးကို ကျေကျေနပ်နပ်နဲ့ မြတ်မြတ်နိုးနိုးလေးလုပ်ထားလိုက်ရင် သတိရတိုင်းကုသိုလ်တွေ ထပ်ပွါးနေတော့မှာ။
တစ်နေ့တစ်နေ့ ကိုယ့်ရှေ့မှာ ကုသိုလ်လေးတွေက ပုံစံမျိုးစုံနဲ့ ရောက်ရောက်နေမှာပါ။ ရောက်လာတဲ့ကုသိုလ်လေးတွေကို ကိုယ်က မိသလောက် ဖမ်းထားလိုက်ဖို့ပါပဲ။
ဒီလိုပါပဲ၊ အကုသိုလ်လေးတွေကလည်း ကိုယ့်ရှေ့ကိုပုံစံမျိုးစုံနဲ့ ရောက်ရောက်လာနေမှာပါ။ ကိုယ်ကအဲဒီအကုသိုလ်တွေကို မဖမ်းမိဖို့ သိပ်အရေးကြီးပါတယ်။ ပုထုဇဉ်အားလျှော်စွာ အကုသိုလ်တွေကိုဖမ်းမိခဲ့ရင်လည်း ချက်ချင်းပြန်လွှတ်ပစ်ရမှာပါ။
ဒါဆိုလူ့ဘဝမှာ ဖမ်းခြင်းနှစ်မျိုးရှိနေပါလိမ့်မယ်။ ကုသိုလ်ဖမ်းတာရယ်၊ အကုသိုလ်ဖမ်းတာရယ်ပါ။ ကုသိုလ်တွေကတော့ ရသလောက် ဖမ်းထားရမှာပါပဲ။ ဒါပေမယ့် ကုသိုလ်နဲ့ အကုသိုလ်မှာတော့ ကုသိုလ်ဖမ်းဖို့ထက် အကုသိုလ်မဖမ်းမိဖို့က ပိုအရေးကြီးပါတယ်။ ကုသိုလ်မဖမ်းရင် ကုသိုလ်မဖြစ်ရုံဘဲရှိပါတယ်။ အကုသိုလ်တွေ ဖမ်းမိရင်တော့ အကုသိုလ်ရဲ့အကျိုးအပြစ်ကို ခံရတော့မှာပါ။ တကယ်လို့ အကုသိုလ်တွေ ဖမ်းမိရင်လည်း ချက်ချင်းပြန်လွှတ်နိုင်ရပါမယ်။ သတိရှိတဲ့လူတွေကျတော့ အကုသိုလ်တွေဖမ်းမိရင် ချက်ချင်းပြန်လွှတ်လေ့ရှိပါတယ်။ အကြာကြီး ဖမ်းမထားပါဘူး။ အကြာကြီးဖမ်းထားရင် သံသရာမှာ အတိုးနဲ့ပြန်ဆပ်နေရမှာပါ။
နေ့စဉ် ကိုယ့်ရှေ့မှာ ကုသိုလ်လေးတွေရော အကုသိုလ်လေးတွေရော လာလာရပ်နေမှာပါပဲ။ ရပ်ရုံတင်မကပါဘူး၊ ကုသိုလ်လေးတွေက “ကျွန်တော့်ကိုဖမ်းပါနော်၊ ကျွန်တော့်ကိုဖမ်းပါနော်” ပြောနေမှာပါ။ ဉာဏ်နားနဲ့နားထောင်ရင် သူတို့ပြောတဲ့အသံကို ကြားရပါတယ်။ အကုသိုလ်လေး တွေကလည်း အားကျမခံ “ကျွန်တော့်ကိုဖမ်းပါနော်၊ ကျွန်တော့်ကိုဖမ်းပါနော်”လို့ ပြောပြောနေပါတယ်။
သတိရှိတဲ့သူကတော့ ကုသိုလ်ကိုဖမ်းပြီး သတိမရှိတဲ့သူကတော့ အကုသိုလ်ကို ဖမ်းတော့တာပါ။ အကုသိုလ်ဖမ်းမိလို့ အပါယ်လေးပါး ရောက်သွားရင် လူ့ဘဝတော်တော်နဲ့ပြန်မရောက်နိုင်တော့ပါဘူး။ အပါယ်လေးပါးကလွတ်ပြီး လူ့ဘဝကိုပြန်ရောက်ဦးတော့ အကုသိုလ်အကြွေး မကုန်သေးရင် ထပ်ဆပ်နေရဦးမှာပါ။
တချို့က ကုသိုလ်ဖမ်းရတာဝါသနာပါတယ်။ မြင်သမျှတွေ့သမျှကုသိုလ် ဖမ်းတော့တာပါ။ တချို့ကျတော့ အကုသိုလ်ဖမ်းရတာ ဝါသနာပါပါတယ်။ ဝါသနာစွဲသွားရင် နောက်ဘဝအထိ အထုံလိုက်သွားတတ်ပါတယ်။
ဝါသနာဒုပ္ပမုဉ္စာဝ ၊ အလေ့အကျင့်ဝါသနာကို ဖြေဖြတ်ဖို့ခဲယဉ်းလှပါတယ်တဲ့။
ဘ၀ါဘ၀ံနုဂစ္ဆရေ၊ ဘ၀အဆက်ဆက် ဘ၀ကြီးဘ၀ငယ်ကိုလည်း အစဉ်လိုက်တတ်ပါတယ်တဲ့။
ဒီတော့ ၀ါသနာတစ်ခုဟာ စွဲနေရင် ဖြတ်တောက်ဖို့ ခဲယဉ်းပါတယ်။ ဒါတင်မကပါဘူး၊ အဲဒီဝါသနာဟာ နောက်ဘ၀တွေအထိ လိုက်တော့တာပါ။
ကုသိုလ်ဖမ်းတဲ့ ၀ါသနာလေးတွေစွဲနေရင် ကုသိုလ်မြင်တိုင်းမြင်တိုင်း ဖမ်းဖမ်းနေတော့မှာပါ။ ဒီလိုပါပဲ၊ အကုသိုလ်ဖမ်းတာလေးတွေစွဲနေရင်လည်း အကုသိုလ်မြင်တိုင်း ဖမ်းဖမ်းနေတော့မှာပါ။ ၀ါသနာရဲ့ အစွဲလေးတွေကို အာရုံပြုပြီး ကုသိုလ်ဖမ်းတဲ့ဝါသနာလေးတွေ စွဲနေအောင် လုပ်ထားဖို့ပါ။
ဒုတိယရွှေကျင်သာသနာပိုင် ဒီပဲယင်းဆရာတော်ဘုရားကြီး မိမိ ဒီပဲယင်းအရပ်ကို ကြွရောက်တဲ့အခါ လူကြီးတွေက “အရှင်ဘုရား.. ခေတ်ကြီး အခါကြီး ဘယ်တော့များ ကောင်းပါဦးမလဲ”လို့ လျှောက်ကြတော့ ဒီပဲယင်းဆရာတော်ဘုရားကြီးက “ဗုဒ္ဓဗေဒင်အရဆိုရင် ယခုအချိန် ယခုအခါဟာ အကောင်းဆုံးပဲဒကာတို့၊ ဒါတောင်မှ ငါတို့ထိုင်နေတဲ့ အခိုက်အတန့်ကာလဟာ သာပြီးအကောင်းဆုံးပဲ”လို့ မိန့်ပြပါတယ်။ ဒီပဲယင်း ဆရာတော်ကြီး ခေတ်ဟာ အင်္ဂလိပ်ခေတ်ပါ။
အခုလည်း ကုသိုလ်ဖမ်းဖို့အတွက်, အကုသိုလ်လွှတ်ဖို့အတွက် ဘယ်အချိန် အကောင်းဆုံးလဲဆိုရင် အခုအချိန်ဟာ အကောင်းဆုံးပါပဲ။ ကုသိုလ်ဆိုတာ မသေခင်လေး လုပ်ကြရတာပါ။ သေသွားရင် လုပ်လို့မရတော့ပါဘူး။
ဒီပဲယင်းဆရာတော်ဘုရားကြီး မိန့်တဲ့အတိုင်း အခုထိုင်နေတဲ့ အချိန်လေးဟာ အကောင်းဆုံးပါပဲ။ ဥပမာ ရုံးမှာထိုင်နေရင်လည်း ၀င်လေထွက်လေ ပဲဖြစ်ဖြစ်၊ ဖောင်းတယ်ပိန်တယ်ပဲဖြစ်ဖြစ် မှတ်နေလို့ရသလို တင်ပါးနဲ့ထိုင်ခုံနဲ့ ထိနေတဲ့ သဘောလေးကို အာရုံပြုပြီး ‘ထိတယ်ထိတယ်’လို့ မှတ်နေလို့ရတာပါပဲ။
ဒါမှမဟုတ် အရဟံဂုဏ်တော်လေးပွါးနေလို့လည်းရတာပါပဲ။ ဒါမှမဟုတ် ရုံးသူရုံးသားတွေကို မေတ္တာပွါးနေလို့လည်းရတာပါပဲ။ နောက်ဆုံးအိမ်သာဝင်တဲ့အခါမှာလည်းဖမ်းရမှာပါပဲ။ ’စွန့်ချင်တယ်’ ‘စွန့်တယ်’စသည်ဖြင့်မှတ်ရမှာပါ။ဒါလည်း ထိုင်နေတဲ့အချိန်ကောင်းလေးမှာ ကုသိုလ်လေးတွေ ဖမ်းနေလိုက်တာပါ။
ကုသိုလ်ဖမ်းမိရင် လက်ငင်းအကျိုးက စိတ်ချမ်းသာရတာပါပဲ။ ဒါလည်း ကိုယ်တွေ့သိနေကြတာပါပဲ။ ကုသိုလ်ဖမ်းလို့ စိတ်ဆင်းရဲရတယ်ဆိုတာ မရှိပါဘူး။ အကုသိုလ်ဖမ်းလို့ပဲ စိတ်ဆင်းရဲကြရတာပါ။
သတိရှိနေရင် ကုသိုလ်နဲ့ အကုသိုလ်ကို ခွဲခွဲပြီး သိနေတာများပါတယ်။ ဒီတော့ သတိရှိနေတဲ့သူက ကုသိုလ်တွေပဲ ဖမ်းဖမ်းနေတော့တာပါ။ သတိလွတ်ပြီး အကုသိုလ်ကို ဖမ်းမိဦးတော့ ချက်ချင်းပြန်လွှတ်ပစ်ပါတယ်။
ဇောတိရသနတ်သမီးကတော့ ကုသိုလ်လေးတစ်ခုဖမ်းပြီး နတ်ပြည်လည်းရောက် သောတာပတ္တိဖိုလ်လည်း ရသွားတာပါ။ တကယ့်ချစ်စရာ ကောင်းတဲ့ ဇာတ်လမ်းလေးပါပဲ။ ပြုလိုက်တဲ့ကုသိုလ်လေးတွေက လောကီကောင်းကျိုးတင် မကပါဘူး၊ လောကုတ္တရာကောင်းကျိုးအထိ ပေးသွားတာပါ။
ဒါလေးတွေကိုထောက်ပြီး ကိုယ်ပြုတဲ့ကုသိုလ်တွေဟာ လောကီကောင်းကျိုးတင် မကဘဲ မဂ်ဖိုလ်နိဗ္ဗာန်အထိ အထောက်အပံ့တွေ ပေးနေတာပါ။ လိုရင်းကတော့ ကိုယ်ပြုတဲ့ကုသိုလ်အပေါ် ကြီးကြီး,ငယ်ငယ် တန်ဖိုးထားပြီး မြတ်မြတ်နိုးနိုးနဲ့ လုပ်ဖို့ပါပဲ။
တကယ်တော့ လူ့ဘ၀ဆိုတာ တကယ့်ခဏလေးပါပဲ။ ခဏလေးအခိုက်မှာ သာသနာနဲ့ ကြုံနေရတာပါ။ သာသနာနဲ့ကြုံခိုက်မှာ သာသနာ ရဲ့အနှစ်ဖြစ်တဲ့ သီလ၊ သမာဓိ၊ ပညာ သိက္ခာသုံးပါးကို ရအောင်ယူထားရမှာပါ။ ဒါတောင် ဘာမှမသိတဲ့ ကလေးဘ၀၊ အိပ်ချိန်၊ စားချိန်၊ သောက်ချိန်၊ လိုင်းကားစောင့်ချိန်၊ လူကြီးစောင့်ချိန်တွေ နှုတ်လိုက်ရင် ဘာမှမကျန်တော့ပါဘူး။
ဘာပဲပြောပြော အခုပစ္စုပ္ပန်အခိုက်အတန့်လေးမှာ ကိုယ့်ရှေ့ရောက်လာတဲ့ ကုသိုလ်လေးတွေကို ရသလောက်,မိသလောက်လေး ဖမ်းထားလိုက် ဖို့ပါပဲလေ။
ရဝေနွယ် (အင်းမ)
ကျမ်းကိုး
ဝိမာန၀တ္ထုတော်ကြီး၊
မြို့မိဆရာတော်။

အဆင့်နိမ့်စိတ်ကို ဖယ်ထုတ်ပါ

အဆင့်နိမ့်စိတ်ကို ဖယ်ထုတ်ပါ
++++++++++++++++++
ကလေးဘ၀တုန်းက ကိုယ့်ရဲ့အိမ်စည်းရိုးအတွင်း၊ အ၀န်းအ၀ိုင်းအတွင်းဟာ အကျယ်ဆုံး ထင်ခဲ့မိတာ အမှန်ပါ။ အရွယ်လေးရောက်လာခါကျတော့ ကိုယ်ကြုံတွေ့ ရတဲ့ တွေ့ အကြုံတွေ၊
မြင်ခဲ့ရတဲ့ အမြင်တွေ၊ ကြားခဲ့ရတဲ့ သတင်းတွေဟာ အိမ်မက်ထဲမှာတောင် မမက်ခဲ့ဖူးတဲ့ အခြေနေတွေပါပဲ။
ပြင်ပလောကနဲ့ ပြောင်းလဲတိုးတက်နေတဲ့အချိန်တွေကြားမှာ ကြီးပြင်းလာရတာဟာ လွန်ခဲ့သောအချိန်တွေနဲ့ ကြီးပြင်းလာခဲ့လူတွေ အတွက်လည်း အရမ်းသိမ်ငယ်နေမှာပါ။ အချိန်
တွေနဲ့ အညီ နည်းပညာတွေက အံ့မခန်းတိုးတက်နေတဲ့ ခေတ်စနစ်ကိုရောက်နေကြပြီလေ။
ပြောင်းလဲမှုတံခွန်ထူနေတဲ့ အချိန်မှာ အရာအားလုံးနဲ့ မပြောင်းလဲနိုင်သေးတာ လူတွေရဲ့ စိတ်ပါပဲ။ သူတို့ က ပတ်ဝန်းကျင်ကြီး တိုးတက်နေတာကို မြင်ကြတယ်၊ ကိုယ့်ရဲ့ တိုးတက်ဖို့ 
လမ်းကို မမြင်ကြဘူး၊မရှာကြဘူး။ ပတ်ဝန်းကျင်မှာ ပြုပြင်ပြောင်းလဲတာကို ထိုင်ကြည့်နေတယ်၊ မိမိကိုယ်ကို ပြုပြင်ပြောင်းလဲလိုစိတ် မရှိကြဘူး။
အဆင့်နိမ့်စိတ်တွေကို ကိုယ်သွားရာ တောင်လျှောက်ခေါ်နေကြတုန်းပါ။ တစ်ချိန်တုန်းက ခြံထဲမှာ နေခဲ့ရတဲ့ စိတ်တွေကို ခြံထဲမှာလောက်ပဲထားခဲ့လိုက်ပါ။ ခြံအပြင်ရောက်တဲ့အခါ
ကျယ်ပြန်တဲ့ စိတ်တွေ လက်ခံရဦးမှာပဲလေ။ ကိုယ်မမြင်နိုင်ခဲ့တဲ့ အရှိတရားတွေ အတွက် မိမိရဲ့စိတ်ကို ဖြန့် ကျက်ပစ်လိုက်ပါ။ တစ်နေရာပြောင်းပြီးတိုင်း အခြားနေရာအတွက် မလိုအပ်
တဲ့စိတ်တွေကို အလေးချိန်လျော့ထားခဲ့လိုက်ပါ။
စိတ်လေးရင် လူလေးပါတယ်၊ စိတ်ပေါ့ရင် လူပေါ့ပါတယ်။ အမြင့်ကိုတက်နိုင်ဖို့  လေးလံပြီး မကျိုးမရှိမဲ့ ၀န်ထုတ်ဝန်ပိုးတွေကို ချထားမှ ဖြစ်မှာပါ။ ဒါမှာ အမြင့်ကို အချိန်တိုတိုနဲ့ တက်
နိုင်ပြီး အနိမ့်မှာ ကိုယ်မြင်ခဲ့ရတဲ့ မြင်ကွင်းထက် လှပကျယ်ဝန်းတဲ့ နေရာတွေကို မြင်နိုင်၊ခံစားနိုင်မှာဖြစ်ပါတယ်။
ကိုယ့်မျှော်လင့်ချက်တွေ အတွက် ထိပ်ကိုတက်နိုင်သလောက်တက်ပါ။ အမြင့်ရောက်လေ မြင်ကွင်းပိုကျယ်လေဖြစ်ပါတယ်။ မြင်ကွင်းကျယ်တာကို မြင်ချင်ရင်တော့ အမြင့်တက်ဖို့ အား
မွေးပါ၊ လေးပင်မဲ့ အရာတွေကို သံယောဇဉ်တွယ်မနေပါနဲ့ ပတ်ဝန်းကျင်က လေဒဏ်ကိုလည်း မကြောက်ပါနဲ့ ။ " အပေါ်ကိုတက်မဲ့ခြေဖ၀ါးတစ်ဖက်ရဖို့  အောက်မှာရှိတဲ့ ခြေဖ၀ါးတစ်
ဖက်ကို စွန့် လွှတ်ရစမြဲ " ပါ။
ရနေတဲ့အချိန်၊ ပြောင်းလဲနေတဲ့ပတ်ဝန်းကျင်ဟာ ကိုယ့်အတွက် အကောင်းဆုံး ခွန်အားပါ။ ရရှိတဲ့ အချိန်တွေနဲ့ ပတ်ဝန်းကျင်မှာ ဘ၀ကို ပြောင်းလဲမှာလား၊ သို့ တည်းမဟုတ် ပြောင်း
လဲနေတဲ့ပတ်ဝန်းကျင်ကြားမှာ မင်းဘ၀ကို အချိန်ကုန်ခံမလား ဆိုတာ ကိုယ်တိုင် ဆုံးဖြတ်ပေါ့။ အချိန်တွေ၊ပတ်ဝန်းကျင်တွေ ဘယ်လောက်ပြောင်းပြောင်း ကိုယ့်ရဲ့အဆင့်နိမ့်စိတ်တွေ
မပြောင်းလဲလို့ ကတော့ ဘ၀မှာ အလိုမကျတာတွေချည်း ကြုံနေဦးမှာပါ။
မိမိရဲ့အိမ်မက်ကြီးကို ကံကြမ္မာကြီးက အကောင်အထည်ဖော်ဖို့ အခွင့်အရေးပေးလာမှတော့ မြဲစွာဆုပ်ကိုင်ထားဖို့ လိုတာပေါ့။ " လက်ထဲမှာ ရှိတဲ့ ငှက်တစ်ကောင်ဟာ အဝေးမှာရှိတဲ့
ငှက်သုံးကောင်ထက့် ကောင်းပါတယ်" ဆိုသလိုမျိုးပေါ့၊ "လက်ထဲမှာ ဆုပ်ကိုင်ထားတဲ့ အခွင့်အရေးတစ်ကြိမ်ဟာ ဘယ်လိုဖြစ်လာမည်မှန်းမသေချာတဲ့ အခွင့်အရေးအကြိမ်ပေါင်းများစွာထက်
ပိုကောင်းပါတယ်" ။
လုပ်ရမှာက အဆင့်နိမ့်တဲ့ စိတ်၊ မလိုအပ်တဲ့ စိတ် ဒီအရာတွေကို ဖယ်ထားခဲ့ပါ။ နောက်
ထပ် လုပ်ရမှာအတွက် ၀န်ထုပ်ဝန်ပိုးဖြစ်စေပါတယ်။ ဒါ့ကြောင့် လိုတာတွေကိုထပ်ဖြည့်
ဖို့ အတွက် မလိုတာတွေကို ဖယ်ထုတ်ခဲ့လိုက်ပါ။

True Man