သူတို့ဟာ သင်မမြင်နိုင်တဲ့ တိုက်ပွဲဝင် သူရဲကောင်းတွေပါ
သူတို့ဟာ သင်ပျော်ပါးနေချိန်မှာ ဖင်ကုန်းပြီးစာကျက်နေရသူတွေပါ
သူတို့ဟာ ယတြာလည်းလုပ်ရပါတယ်.. နံကြားထောက်လည်းကျင့်ရပါတယ်..Spot လည်းရိုက်ရပါတယ်...အင်မတန်အလုပ်များပါတယ်..
သူတို့ တစ်ကိုယ်လုံးမှာ မကျေနပ်ချက်တွေ၊ နာကြည်းချက်တွေ၊ ခံစားချက်တွေ နဲ့ တစ်ကိုယ်လုံး မီးဟုန်းတောက်နေပါတယ်..
သူတို့ ဟာသူတို့ မဟုတ်ပါ.. စိုးရိမ်မှု.. ပလပ်ကျွပ်မှု..Exam stress.. စတာတွေရဲ့ ကြိုးဆွဲရာကနေတဲ့ ရုပ်သေးရုပ်တွေပါ..
သူတို့ စိတ်ဟာ ခုချိန်မှာ ဟောင်သောခွေးတောင် ဖက်ကိုက်ချင် နေပါတယ်... ကိုက်သောခြင်တောင် ၁၀ ကြိမ် ၁၀ ခါ ပါးဖြတ်ရိုက်ချင် နေပါတယ်.. အိပ်နေသောကြောင်ကို ဘလိုင်းကြီး ပိတ်ကန်ချင် နေပါတယ်..
နောက်ဆုံး လေလည်ရင်တောင် မိုးကြိုးပစ်သလို ခံစားရပါတယ်...
ထို အစွန်းစွန်ဆုံး hyperစမ်းစမ်းတင့် နေကြသော ထို နွားသိုးကြိုးပြတ်များသည် မည်းမည်းမြင်ရာ ၀င်အောင်းချင်နေပါတယ်.. သင်မြေစာပင်အဖြစ်မခံလိုပါလျှင် အောက်ပါ အချက်များကို တသွေမသိမ်းလိုက်နာပါ
၁။ စကားကို ချိုသာစွာပြောပါ... သမီးလေး..သားလေး..ချစ်သူငယ်ချင်.. "my beloved dear friend" အစရှိသဖြင့် သင့်လျော်ရာစကားလုံးကိုရွေးပြီး ချော့ပြောပါ..
၂။ လုံးဝ မအော်ပါနဲ့ လုံးဝ မဟောက်ပါနဲံ..သူတို့မှားနေရင်တောင် သည်းခံပြီး သွားသာဖြဲပြပါ.. လေသံမာမာနဲ့ပင် ခွန်းတုံ့မပြန်ပါနဲ့..
၃။ ညဖက်သူတို့စာကျက်ချိန်တွေဆို အလိုက်တသိနဲံ ခဲဖွယ်ဘောဇဉ် အဖွယ်ဖွယ် (eg. pizza company မှ pizza, YKKO မှ ကြေးအိုး, fuji မှ sushi ..စသဖြင့်) များကို delivery ပို့ပေးပါ..
၎။ သူတို့ကို စာနာသောအားဖြင့် သင်လည်းညလုံးပေါက်မအိပ်ပါနဲ့.. ၁နာရီခြား Alarm ပေးပြီး သူတို့ ထံ အားပေးစကားများကို Message send ပါ
၅။ သူတို့ စာမေးပွဲဖြေနေချိန် ၉နာရီမှ ၁၂နာရီထိ ဘုရားစင်ရှေ့တွင်ငုတ်တုပ်ထိုင်ပြီး မေတ္တာသုတ်ကို မထစတန်း တရစပ် ရွတ်ဖတ်ပူဇော်ပါ..
၆။ ပြီးလျှင်ညနေတိုင် ဘုရားသွား ပြီး..နေတိုင်း ရွှေဆိုင်း ၂၀၀၀၀ ဖိုးအနည်းဆုံးကပ်လှူပါ..
၇။ သူတို့ တင်သမျှ စားမွဲပလက်ကျွပ် status များအား တွေ့ တိုင်း like ပါ..
ထိုသို့ပြုရ မြတ်ဒါနကြောင့် နောင် ၅၀၅ ကြိမ်မြှောက် ဘ၀တွင် "အလုပ်မလုပ်ပဲချမ်းသာ စော်/ဘဲ ကြည် ချမ်းသာ" ပါစေသော်ဝ်..
နတ်လူသာဓုခေါ်စေသောဝ်
(မှတ်ချက် ။ ။ supple လွတ်လျှုင် သာကူ ၂ ယောက် တစ်စေ့ကျွေးမည်)
By Z (ပလက်ကျွပ်အထူးပြု XD )

No comments:
Post a Comment