ဝက်ခေါက်ကင်
ဝက်ခေါက်ကင်
တရုတ်စတိုင် ၀က်ခေါက်ကို ကြွပ်ရွအောင် ကင်တဲ့ ကင်နည်းပါ။ ဆိုင်ကလို အခေါက်ကြွပ်ရွရွလေး လုပ်စားချင်သူများ အတွက်ပါ။ လုပ်ရတာလည်း လွယ်တာမို့ ခုပဲ တူတူကင်ကြည့်ရအောင်…
ဝက်ခေါက်ကင်တွင် ပါဝင်ပစ္စည်းများ
- ၀က်သား သုံးထပ်သား – ၄၀၀ ဂရမ်
- ဆား – လက်ဖက်ရည်ဇွန်း ၁ဇွန်း
- သကြား – စားပွဲတင်ဇွန်း တ၀က်
- တရုတ်မဆလာ – လက်ဖက်ရည်ဇွန်း ၁ဇွန်း
- ရှာလကာရည် – လက်ဖက်ရည်ဇွန်း ၁ဇွန်း
- ငရုတ်ကောင်းမှုန့် – လက်ဖက်ရည်ဇွန်း တ၀က်
- ဆားကြမ်း – များများ (အပေါ်မှဖြူးရန်)
၁။ ၀က်သား အသားပိုင်းကို ဓားဖြင့် အရှည်လိုက် မွန်းပေးပါ။
၂။ ပြီလှင်ျ ခွက်တစ်ခုထဲတွင် (ဆား၊ သကြား၊ တရုတ်မဆလာ၊ ငရုတ်ကောင်းမှုန့်) တို့ကို သမအောင် ရောနုယ်ပေးပါ။
၃။ ပြီမှ ရောနုယ်ထားသည်များကို ၀က်သား အဆီနဲ့ အသားပိုင်းကို နုယ်ပေးပါ။ အပေါ်မှ ရှာလကာရည်များ ဖြူးပြီ အရသာ စိမ့်ဝင်အောင် နုယ်ပေးပါ။

၎။ ထို့နောက် ၀က်ခေါက်ကို ခရင်း(သို့) ဆူတံဖြင့် အပေါက်ကလေးများ ဖြစ်အောင် အနှံ့ထိုးပေးပါ။

၅။ ထို့နောက် ၀က်ခေါက်မျက်နှာပြင်ကို တီရူးဖြင့် ခြောက်အောင် သုပ်ပေးပါ။
၆။ ရေခဲသေတ္တာအောက်ထပ်တွင် အနည်းဆုံး ၈နာရီ(သို့) ၁ညသိပ် နုပ်ပေးထားပါ။
ကင်နည်း
၁။ ကင်ဖို့အတွက် Aluminum Foil(သတ္တုပြား) ဖြင့် ၀က်သား ပတ်ပတ်လည်ကို ကာလိုက်ပါ။

၂။ ပြီလျှင် အပေါ်မှ ဆားကြမ်းများကို ဖြူးပေးပါ။

၃။ ပြီနောက် Oven ထဲထည့်ပြီ ၁၈၀ ဒီဂရီဖြင့် ၄၅မိနစ်ခန့် ကင်ပေးပါ။
၎။ ကင်ပြီလျှင် ၀က်သားပေါ်မှ ဆားကြမ်းများကို ပြန်ဖယ်ထားလိုက်ပါ။

၅။ ပြီမှ နောက်ထပ် ၁၈၀ ဒီဂရီဖြင့် မိနစ် ၂၀ခန့် ထပ်ကင်ပေးပါ။

၆။ အခါက်က ကြွပ်ရွပြီ အရမ်းစားကောင်းလို့ကောင်းတဲ့ ၀က်ခေါက်ကင်ကို ရရှိပါပြီ…
ရ။ ကိုယ်ကြိုက်နှစ်သက်သလို အတုံး (သို့) ပါးပါးလှီးပြီ သုံးဆောင်နိုင်ပါပြီ…

No comments:
Post a Comment