မနေနိုင်မထိုင်ဖြစ်နေလို့ ပုံပြင်လေးတစ်ပုဒ်ပြောအုန်းမယ်ဗျာ သီးခံပြီး ဖတ်ပေးကြပေါ့...ရောင်းရင်းများ
ဥယျာဉ်ထဲက မျောက်
တစ်ချိန်တုန်းက ဘာတိုင်းပြည်ကြီးတစ်ခုမှာ ဘာမင်းကြီးအုပ်ချုပ် တုန်းကပေါ့ကွယ်….
တစ်နေ့တော့ ဘုရင်ကြီးက ဘုရင်တို့ထုံးစံအတိုင်း ကမြင်းကြောထ (အဲလေ) တောကစားထွက်တော်မူသတဲ့..
တောကစားထွက်ရင်းနဲ့ တောထဲမှာ မျက်စိလည်လမ်းမှား…. သူ့ရဲ့ကိုယ်ရံတော်ဆိုတဲ့သူတွေလည်း အလျိုလျိုပျောက် သွားသတဲ့ကွယ်…. ဘုရင်ကြီးလဲ တောထဲမှာ ပေကြောင်ပေကြောင်နဲ့ လျောက်သွားရင်း ဗိုက်ကလေးကို ပွတ်လို့ပေါ့ကွယ်… အဲ့ဒါကို မျောက်တွေက တွေ့ပြီး ကျွေးမွေးစောင့်ရှောက်ပြီး ဘုရင့်နန်းတော်ကို ပြန်ပို့ပေးလိုက်ကြသတဲ့….
ဘုရင်ကြီးကလည်း ခေသူမှမဟုတ်တာ … ကျေးဇူးတရား လက်ကိုင်ထားတဲ့ ဘုရင်ဆိုတော့ကာ.. မူးမတ်တွေနဲ့တိုင်ပင်ပြီး မျောက်တွေကို သူကောင်းပြုဖို့လုပ်သတဲ့… မူးမတ်တွေကလည်း “သင့်မြတ်လှကြောင်းပါ” ဆိုတာချည်းပဲ… ဒါနဲ့ပဲ မျောက်တွေ နန်းတော်ထဲရောက်လာတာပေါ့ကွယ်….. (ဇာတ်လမ်းက အခုမှစတာ)
ဒါပင်မဲ့ မျောက်ဆိုတဲ့ကောင်က နန်းတော်နဲ့မှ မဆိုင်ပဲ … ဒီတော့ နန်းတော်ထဲမှာ လန်းလန်း လန်းလန်းနဲ့ သွားနေကြတာ နန်းတွင်းသူ နန်းတွင်းသားတွေက မျက်စိနောက်လာတာနဲ့ ဘုရင်ကြီးကိုလာတိုင်ကြတယ်… ဘုရင်ကြီးကလည်း “ဒါက ငါ့ကျေးဇူးရှင်တွေ ပြန်တော့မလွှတ်နိုင်ဘူး” ဟု မိန့်သတဲ့.. ဒီလိုနဲ့ စဉ်းစားကြရင်း ဘုရင့် ဥယျာဉ်ထဲမှာ ထားဖို့နဲ့ ဥယျာဉ်မှူးခန့်ဖို့ အားလုံးက သဘောတူလိုက်ကြသတဲ့ကွယ်…
မျောက်တွေကလည်း တာဝန်နဲ့ ၀တ္တရားကို နားလည်တဲ့မျောက်တွေဆိုတော့ “ဒီ ဥယျာဉ်ကြီး စိမ်းလန်းစိုပြေဖို့ ငါတို့မှာ တာဝန်ရှိသည် ” ဆိုတဲ့ ဆောင်ပုဒ်ကို လက်ကိုင်ထားပြီး ဒီအပင်တွေကို ငါတို့ရေလောင်းကြရမယ် ဘယ်လိုရေလောင်းရမလဲဆိုတော့ အပင်ရဲ့ အမြစ်အတိုအရှည်ကို ကြည့်ပြီး တိုရင် နည်းနည်း၊ ရှည်ရင်များများလောင်းရမယ်လို့ ဆုံးဖြတ်လိုက်သတဲ့ကွယ်….
ပြီပြီ
(ကြားဖူးနားဝ ပုံပြင်ကို ခေတ်မီအောင်ပြုပြင်ထားပါသည်)
ကျန်တာကိုယ်ဖာသာကိုယ် ဆက်စဉ်းစားပေတော့ ငိငိ
သူရိန်သစ်
8 August 2015 13:30
Published
No comments:
Post a Comment