Friday, April 24, 2015

"ခ- သံဃာဒိသိသ်သိက္ခာပုဒ် (၁၃ ပါး)"

"ခ- သံဃာဒိသိသ်သိက္ခာပုဒ် (၁၃ ပါး)"
==========================
ထိုအာပတ်သည် ကုစား၍ရသော အာပတ်ဖြစ်သော်လည်း အင်မတန်ကြီးလေးသော အပြစ်ဖြစ်သောကြောင့် ကုစားရာ၌ အစ၊ အလယ်၊ အဆုံး သုံးပါးလုံးတွင် သံဃာပါဝင်မှသာ ကုစားနိုင်သော သိက္ခာပုဒ် (၁၃) ပါးဖြစ်သည်။
သံဃာဒိသိသ် (၁၃) ပါးမှာ-
(၁) သာယာစိတ်ဖြင့် လုံ့လပြု၍ သုက်မလွှတ်ရ၊

(၂) အမျိုးသမီးနှင့် ကိုယ်လက် မနှီးနှောရ၊
[ရဟန်းများ မထိမကိုင်ကောင်းသော အရာဝတ္ထုများမှာ
၁- အမျိုးသမီး၊
၂- အမျိုးသမီး၏ အသုံးဆောင်များ၊
၃- အမျိုးသမီး ရုပ်ပုံ, ဓါတ်ပုံ, ရုပ်တု၊
၎- စပါးအမျိုးမျိုး၊
၅- ပဲအမျိုးမျိုး၊
၆- ထန်းသီး, အုန်းသီး, ငှက်ပျောသီး စသော အသီးအမျိုးမျိုး၊
၇- ရတနာအမျိုးမျိုး၊
၈- ငွေစက္ကူ, ငွေအသဟြအမျိုးမျိုး၊
၉- လက်နက်အမျိုးမျိုး၊
၁၀- တူရိယာအမျိုးမျိုး စသည်တို့ကို ထိကိုင်လျှင် ဒုက္ကဋ်အာပတ်သင့်သည်။ အမျိုးသမီးကို သာယာစိတ်ဖြင့် ထိကိုင်လျှင် သံဃာဒိသိသ်။]
(၃) ကာမရာဂနှင့် သက်ဆိုင်သော ညစ်ညမ်းစကား မဟြေဆိုရ၊ (အမျိုးသမီးများ၏ ပခုံးအောက် ဒူးဆစ်အထက်အတွင်းရှိ အင်္ဂါများ)
(၄) မေထုန်အလှူမခံရ၊
(၅) အောင်သွယ်ပေးခြင်း မလုပ်ရ၊
(၆) ကျောင်းဒါယိကာမရှိဘဲ ပမာဏထက်လွန်သော အင်္ဂတေအချောကိုင်ကျောင်း မဆောက်ရ၊
(၇) ကျောင်းဆောက်လို၍ သစ်မခုတ်ရ။ (ကျောင်းမဆောက်အပ် သောအရပ်။ ဆောက်အပ်သည့်အရပ်ပင် ဖြစ်ပါစေ ရဟန်းသည် သစ်မခုတ်ရပါ။)၊
(၈) ပါရာဇိကဖြင့် အကြောင်းမဲ့ မစွပ်စွဲရ။ (စွပ်စွဲနိုင်သော အကြောင်းရင်းရှိလျှင် အာပတ်မသင့်ပါ)၊
(၉) အခြားသောသူများကို စွပ်စွဲလိုသောသူနှင့် အမည်တူပေးလျက် ပါရာဇိကဖြင့် အကြောင်းမဲ့ မစွပ်စွဲရ၊
(၁၀) သံဃာသင်းမခွဲရ၊
(၁၁) သံဃာသင်းခွဲခြင်းကိုလည်း အားပေးနောက်လိုက် မပြုလုပ်ရ၊
(၁၂) အတူနေရဟန်းများ၏ ကြောင်းကျိုးပြ ဆုံးမမှုကို မနာခံဘဲ ပြန်လှန်မဟြေဆိုရ။
(၁၃) ဒါယိကာ/မ တို့၏ စစ်မှန်သော သဒ္ဓါတရားကို မဖျက်ဆီးရ (ကုလဒူသန)။
[ကုလဒူသန (၈) မျိုးမှာ - ဒါယိကာ/မ များကို
၁- ပန်းပေးခြင်း၊
၂- သစ်သီးပေးခြင်း၊
၃- ဆပ်ဟြပေးခြင်း၊
၎- အင်္ဂတေပေးခြင်း (ဘိလပ်မြေ၊ ထုံး၊ သဲ၊ အုတ်)၊
၅- ဒန်ပူပေးခြင်း၊
၆- သစ် ဝါးတို့ကိုပေးခြင်း၊
၇- ဆေးကုခြင်း (ဗေဒင်ဟော၊ ဓာတ်ရိုက် ဓာတ်ဆင်၊ အင်းအိုင်၊ ခါးလှဲ့၊ လက်ဖွဲ့)၊
၈- လူတို့၏အစေပါးခံ သတင်းစကားပေးပို့ခြင်း။]
(ဇော်ထက်မောင် / ရဟန်းကျင့်ဖွယ် ၂၂၇ သွယ်မှ ထုတ်နုတ်သည်)

Wednesday, April 22, 2015

အမျိုးသမီးတို့အတွက်​ အမျိုးသားများအ​ကြောင်း

ဒါကတော့ ချစ်သူရှိပြီးသား၊ အိမ်ထောင်ရှိပြီးသား အမျိုးသမီးတွေ သိထားသင့်တဲ့ အရာတွေပါ။ ကိုယ့်ချစ်သူကောင်လေးတွေဟာ သူတို့ခန္ဓာကိုယ်ရဲ့ ဘယ်အစိတ်အပိုင်းတွေကို ထိတွေ့တဲ့အခါ စိတ်လှုပ်ရှား သွားတတ်ကြပါသလဲ။ အမျိုးသမီးတွေလိုပဲ သူတို့မှာလည်း ထိလိုက်တာနဲ့ အသည်းယား၊ စိတ်လှုပ်ရှားသွားတဲ့ နေရာမျိုးတွေ ရှိနေပါတယ်။ အဲ့ဒါတွေကတော့

၁။မေးရိုး

အမျိုးသားတွေဟာ သူတို့ရဲ့ မေးရိုး၊ မေးစေ့တွေကို ချစ်သူ အမျိုးသမီးက လက်ချောင်းလေးတွေနဲ့ လာရောက် ထိတွေ့တဲ့အခါ စိတ်လှုပ်ရှားတတ်ကြပါတယ်တဲ့။ ပျော်ရွှင်မှုကိုလည်း ခံစားရတယ်လို့ ဆိုပါတယ်။ ဒီအကြောင်းကို ပြောပြထားသူကတော့ အိပ်ယာထဲက အမျိုးသားများ (Men in Bed) ဆိုတဲ့ စာအုပ်ကို ရေးသားခဲ့တဲ့ စာရေးဆရာ Barbara Keesling ပဲဖြစ်ပါတယ်။ ဒါ့ကြောင့် ချစ်သူကောင်လေးနဲ့ အနမ်းမခြွေခင် သင့်ရဲ့ လက်ချောင်းလေးတွေနဲ့ နားအောက်ပိုင်း မေးရိုးတောက်လျှောက် ညင်သာစွာ ပွတ်သပ်ပေးဖို့ လိုပါတယ်။

၂။ပခုံးသား

နောက်ထပ် အမျိုးသားတွေ စိတ်လှုပ်ရှားစေတဲ့ နေရာကတော့ ပခုံးသားတွေပါပဲ။ ပခုံးကို ပွတ်သပ်ပေးခြင်းအားဖြင့် အမျိုးသားတွေဟာ extra sensitive ဖြစ်တယ်လို့ ဆိုရတဲ့အထိကို သူတို့စိတ်ထဲ ကျေနပ်မှု၊ ပျော်ရွှင်မှု၊ စိတ်လှုပ်ရှားမှုတွေကို သင်ဖန်ဆင်းပစ်လိုက်နိုင်မှာပါ။ ပခုံးဆိုတာ စိတ်ဖိစီးမှုတွေရှိတဲ့အခါ တောင့်တောင့်တင်းတင်းလည်း အရှိနိုင်ဆုံးနေရာပါ။ ဒီတော့ ချစ်သူနဲ့ မျက်နှာချင်းဆိုင်လိုက်ပါ။ အဲ့ဒီနောက်မှာ လက်မလေးကိုသုံးပြီး သူ့ပခုံးတစ်လျှောက် ညင်သာစွာ ပွတ်ဆွဲပေးလိုက်ပါ။ သူ့ပုံစံက သက်သက်သာသာရှိလာပြီ၊ ဖိစီးမှုတွေနည်းသွားတဲ့ပုံပေါက်မှသာ သင့်လက်ကိုလွှတ်ချလိုက်ပါ။

၃။ပေါင်အတွင်းသား

အမျိုးသားတွေဟာ သူတို့ပေါင်အတွင်းဘက်ကို ထိမိလိုက်ရင် နည်းနည်းတွန့်သွားတတ်ပါတယ်။ ကိုယ့်ချစ်သူ ပေါင်အတွင်းသားကို ဆွဲယူပြီး ကိုင်ထိရမယ်ဆိုတာကလည်း နှစ်ယောက်စလုံးအတွက် အူတိအူကြောင်နိုင်လွန်းတယ်လို့ ထင်နိုင်ပါတယ်။ ဒါပေမယ့် ပေါင်အတွင်းဘက်က သွေးကြောတွေကို ထိတွေ့ပေးခြင်းဟာ အမျိုးသားတွေကို စိတ်လှုပ်ရှားစေနိုင်သလို ကာမစိတ်လည်း နိုးကြားစေတယ်လို့ သိရပါတယ်။ ဒီအချက်ကတော့ အိမ်ထောင်သည်တွေ ပိုသိထားသင့်တဲ့ အကြောင်းအရာပါပဲ။ ကိုယ့်အိမ်ထောင်ဖက်နဲ့ အတူမနေခင် သူတို့ပေါင်တွင်းသားတွေကို နှိပ်ပေးခြင်းဟာ နှစ်ဦးစလုံးအတွက် ကောင်းမွန်တဲ့အိမ်ထောင်ရေးသုခကို ခံစားရစေမှာပါ။

၎။တင်ပါး

အမျိုးသားတွေဟာ သူတို့တင်ပါးကို များသောအားဖြင့် အထိမခံတတ်ကြပါဘူး။ ဘာရယ်မဟုတ်ပေမယ့် စနောက်ပြီး ကိုယ်မယ်လုပ်လိုက်ရင်တောင် မရရတဲ့နည်းနဲ့ ရှောင်တတ်ကြပါတယ်။ ဒါပေမယ့် သင့်အိမ်ထောင်ဖက်ကို သူ့တင်ပါးကိုင်ပြီး စနောက်တာမျိုး မဟုတ်ပဲ နှိပ်နယ်ပေးမယ့်အကြောင်း ပြောပြပြီး သူတို့တင်ပါးကို ညင်သာစွာ နှိပ်နယ်ပေးခြင်းဟာလည်း အမျိုးသားတွေကို စိတ်လှုပ်ရှားပျော်ရွှင်စေတဲ့အရာပါပဲ။

Ref:cosmopolitan

Wednesday, April 8, 2015

မှတ်ဥာဏ်ကောင်းမွန်စေမည့် အလွယ်နည်းများ

မှတ်ဥာဏ်ကောင်းမွန်စေမည့် အလွယ်နည်းများ
==================================
သိပြီးသားအရာတွေကို ပြန်အစဖော်ဖို့ ခက်ခဲနေတာ၊ မှတ်မိအောင် ဘယ်လိုအာရုံစိုက်ရမလဲ စတာတွေကို ဖြေရှင်းနိုင်ဖို့ လွယ်လွယ်ကူကူ နဲ့ ပြုလုပ်နိုင်မယ့် နည်းလမ်းတွေကို ဖော်ပြလိုက်ပါတယ်။
(၁) ရှစ်စက္ကန့်အကြာ အာရုံစိုက်ပါ
(၂) ပီကေ၀ါးပါ
(၃) လက်သီးဆုပ်ပါ
(၄) အိပ်ရေး၀၀အိပ်ပါ
(၅) လေ့ကျင့်ခန်းလုပ်ပါ
(၆) စိတ်ကူးပုံဖော်ကြည့်ပါ
(၇) ရှုပ်ထွေးသော စာလုံးများကို ဖတ်ပါ
(၈) ချရေးထားပါ
(၉) တေးဂီတကို ဘယ်အချိန်နားထောင်သင့်သလဲ သိပါစေ
(၁၀) ပုံဆွဲပါ၊ ခြစ်ရေးပါ
(၁၁) သူငယ်ချင်းများနှင့်အချိန်ကုန်ဆုံးပါ
(၁) ရှစ်စက္ကန့်အကြာ အာရုံစိုက်ပါ
သင်မှတ်မိချင်တဲ့အရာတစ်ခုကို စွဲစွဲမြဲမြဲမှတ်ထားချင်ရင် အနည်းဆုံးရှစ်စက္ကန့် အချိန်ပေးပြီး အဲဒီ အရာပေါ်မှာ အာရုံစူးစိုက်လိုက်ပါ။
ရှစ်စက္ကန့်ဟာ ကြာတယ်လို့ထင်ရပေမယ့် အရာဝတ္ထုတစ်ခုကို မှတ်မိနေဖို့ ဒါဟာ လုံလောက်တဲ့အချိန်ပါပဲ။ လေ့လာတွေ့ရှိချက်တွေအရ ဦးနှောက်ဟာ အရာဝတ္ထု တွေကိုမှတ်တဲ့အခါ ရေရှည်မှတ်ဥာဏ်ကနေ ရေတိုမှတ်ဥာဏ်အဖြစ် ပြောင်းလဲဖို့ ရှစ်စက္ကန့်ကြာ အချိန်ယူရတာကြောင့်ဖြစ်တယ်လို့ သိရပါတယ်။
(၂) ပီကေ၀ါးပါ
လွန်ခဲ့တဲ့ မိနစ်သုံးဆယ်က မှတ်ထားတဲ့ ကိစ္စတစ်ခုကို ပြန်မှတ်မိချင်ရင် ပီကေ၀ါးလိုက်ပါ။ လတ်တလော လေ့လာချက်များအရ ပီကေ၀ါးတဲ့သူတွေဟာ အကြားအမြင်ဆိုင်ရာ မှတ်ဥာဏ် အလွန် ကောင်းပြီး အာရုံစူးစိုက်တာ ပိုအားကောင်းလာတယ်လို့ ဆိုပါတယ်။ ဒါမှမဟုတ် ပီကေ၀ါးရတာ မနှစ်သက်တော့ဘူးဆိုရင်တော့ သစ်သီးစားတာ၊ အပျော်တမ်းဥာဏ်စမ်းဂိမ်းတွေ ကစားတာကလည်း
မှတ်ဥာဏ်ကောင်းမွန်စေတာကို တွေ့ရတယ်လို့ ဆိုပါတယ်။
(၃) လက်သီးဆုပ်ပါ
အလုပ်လုပ်နေတဲ့အခါ မှတ်ထားတဲ့ အကြောင်းအရာတွေကို ပြန်စဉ်းစားလို့မရနိုင်တဲ့ အခြေအနေမျိုး ကြုံလာပါက Stress Ball လို ဖိညှစ်လို့ရတဲ့အရာကို လက်သီးဆုပ်သလို ညှစ်ပေးပါ။ ဒီလိုမျိုး လက်သီးဆုပ်ကို တင်းတင်းကျပ်ကျပ် ပြုလုပ်လိုက်တာဟာ မှတ်ဥာဏ်ကို ပြန်လည်အစပျိုးပေးနိုင်ပြီး မေ့နေတာတွေ မှတ်မိလာစေပါတယ်။ သုတေသနပြုလုပ်ချက်တွေအရ သင်ဟာ ညာဘက် သန်တဲ့သူဖြစ်ပြီး အရာဝတ္ထုတစ်ခုကို ပြန်မှတ်မိအောင် အစပျိုးစဉ်းစားနေတယ်ဆိုရင် အဲဒီအချိန်မှာ ညာဘက်လက်သီးကို ဆုပ်ထားပြီး စဉ်းစားပေးပါ။ ပြီးရင် တစ်ကြိမ်မှတ်မိဖို့ လိုအပ်တဲ့အခါ ဘယ်ဘက်လက်သီးကို ဆုပ်ပါ။ ဘယ်ဘက်သန်တဲ့သူတွေလည်း ညာဘက်သန်တဲ့သူတွေ လုပ်တာနဲ့ ဆန့်ကျင်ဘက် လိုက်လုပ်နိုင်ပါတယ်။ လက်သီးဆုပ်တဲ့အခါ ခဏလေးဆုပ်ထားတာမျိုးမဟုတ်ပဲ အနည်းဆုံး ၄၅ စက္ကန့်အကြာလောက်ထိ ဆုပ်ထားပေးသင့်ပါတယ်။ ဒီလိုလုပ်တာဟာ မှတ်ဥာဏ်ကို တိတိကျကျ အကောင်အထည်ဖော် ပေးနိုင်ပြီး အလွယ်တကူ ပြန်မိစေနိုင်တယ်လို့ သိရပါတယ်။
(၄) အိပ်ရေး၀၀အိပ်ပါ
ကျောင်းတက်နေရတဲ့ လူငယ်တွေဟာ အများအားဖြင့် စာမေးပွဲမဖြေခင်အချိန်မှာ အိပ်ရေးပျက်ခံပြီး စာကျက်လေ့ရှိတာကြောင့် ဦးနှောက် အနားယူရမယ့်အချိန်တွေ နည်းသွားလေ့ရှိပါတယ်။ လတ်တလော လေ့လာချက်တွေအရ အိပ်နေတဲ့အချိန်မှာ ဦးနှောက်ဟာ နောက်နေ့အတွက် ပြနမှတ်မိနိုင်မယ့် သတင်းအချက်အလက်တွေကို စုဆောင်းပေးတဲ့ဖြစ်စဉ်ကို ပြုလုပ်နေတာကြောင့် အကယ်၍ စာကျက်နေလို့ အိပ်ချိန်မရလိုက်ဘူးဆိုရင် စာတွေကျက်ပေမယ့် ပြန်မမှတ်မိနိုင်တဲ့ အခြေအနေနဲ့ ကြုံရမှာပါ။ ဒါ့အပြင် အိပ်စက်တာဟာ မနက်ပိုင်းမှာ သိရှိလာတဲ့ သတင်းအချက်အလက်
တွေကို ရေရှည်မှတ်ဥာဏ်အနေနဲ့ ပြောင်းလဲနိုင်ပါတယ်။ ဒါကြောင့် မှတ်ဥာဏ်ကောင်းမွန်ချင်ရင် အိပ်စက်ချိန်များများပေးသင့်တယ်လို့ အကြံပေးချင်ပါတယ်။
(၅) လေ့ကျင့်ခန်းလုပ်ပါ
လေ့ကျင့်ခန်းလုပ်တာဟာ ခန္ဒကိုယ်အတွက် ကောင်းမွန်စေရုံသာမက ဦးနှောက်အတွက်လည်း အကျိုးရှိပါတယ်။ ကိုယ်ကာယလှုပ်ရှားမှုဟာ ဦးနှောက်ကို အောက်ဆီဂျင်ရရှိအောင် ပြုလုပ်ပေးပြီး နိုးနိုးကြားကြား ဖြစ်စေတဲ့အပြင် မှတ်ဥာဏ်အတွက် တာဝန်ယူရတဲ့ ဆဲလ်တွေတိုးပွားနှုန်းကိုလည်း အားပေးပါတယ်။ လေ့လာမှုတစ်ခုအရ လေ့ကျင့်ခန်းလုပ်တဲ့အခါ ပြင်းပြင်းထန်ထန်မဟုတ်ပဲ ပေါ့ပေါ့ပါးပါးလုပ်ရတဲ့ လမ်းလျှောက်တာ၊ တာတိုပြေးတာ၊ ရွရွခုန်တာတွေကို ပြုလုပ်တဲ့ အမျိုးသမီး တွေဟာ မေ့မေ့လျော့လျော့ ဖြစ်တာနည်းပါးပြီး မှတ်ဥာဏ်ကောင်းမွန်တာကို တွေ့ရပါတယ်။ ဒါ့အပြင် ကိုယ်အလေးချိန် ပုံမှန်ထက် တိုးမလာအောင် ခြောက်လကြာထိန်းသိမ်းနိုင်တဲ့ အမျိုးသမီးတွေဟာ စကားလုံးတွေအပြင် နေရာဒေသနဲ့ဆိုင်တဲ့ မှတ်ဥာဏ်စွမ်းအား ပိုမိုကောင်းနေတယ်လို့လည်း သိရပါတယ်။
(၆) စိတ်ကူးပုံဖော်ကြည့်ပါ
ကိုယ်ကြုံဆုံဖူးတဲ့သူတွေကို စိတ်ကူးထဲမှာ ပြန်လည်ပုံဖော်စဉ်းစားတာဟာလည်း မှတ်ဥာဏ်ကောင်း စေဖို့ နည်းလမ်းပဲဖြစ်ပါတယ်။ အကယ်၍ ကိုယ်ဟာ နံပါတ်ရှည်ရှည်တစ်ခုကို ပြန်မှတ်မိအောင် ကြိုးစားနေတဲ့အခါ နံပါတ်အငယ်တွေကို စစဉ်းစားပါ။ နောက်မှ တဖြည်းဖြည်းကိုယ်စဉ်းစားနေတဲ့ နံပါတ်ဆီကို ရောက်အောင် စဉ်းစားကြည့်ပါ။ ဒီလိုပဲ ကိုယ်လိုချင်တဲ့ သတင်းအချက်အလက်ရတဲ့အထိ နည်းနည်းချင်းစီ တွေးတောတာဟာ ဦးနှောက်ကို နိုးကြားစေပြီး မှတ်ဥာဏ်ကောင်းအောင် ကူညီနိုင်တယ်။
(၇) ရှုပ်ထွေးသော စာလုံးများကို ဖတ်ပါ
လူအတော်များများဟာ စာအုပ်တွေ ဖတ်တာဒါမှမဟုတ် အင်တာနက်မှာ စာဖတ်တဲ့အခါ ရိုးရိုးရှင်းရှင်းနဲ့ ဖတ်ရလွယ်ကူတဲ့ စာလုံးမျိုး၊ စကားလုံးမျိုးကိုသာ ဖတ်လေ့ရှိကြပါတယ်။ ဒါပေမဲ့ သုတေသီတွေရဲ့ အဆိုအရ စကားလုံးတွေကို မှတ်မိချင်ရင် အဓိကလုပ်ရမယ့်အချက်က ရှုပ်ယှက်ခတ် နေတဲ့ စကားလုံး၊ စာလုံးတွေကို ဖတ်ဖို့ပါပဲ ။ အရွယ်အစားနဲ့ အရောင်တူညီပြီး မျက်စိရှုပ်မယ့် စာလုံးမျိုးဖတ်တဲ့အခါ အာရုံစူးစိုက်ရတာကြောင့် ပိုမှတ်မိစေပါတယ်။ လေ့လာပြုလုပ်ချက်တစ်ခုမှာ လူတွေကို အရွယ်ကြီးပြီး ရှုပ်ယှက်ခတ်နေတဲ့ စာလုံးနှစ်မျိုးကိုခွဲပြီး မှတ်ခိုင်းတဲ့အခါ အရွယ်ညီပြီး ရှုပ်ထွေးနေတဲ့စာလုံးတွေကို ပိုမှတ်မိနေတာ တွေ့ရတယ်လို့ဆိုပါတယ်။
(၈) ချရေးထားပါ
နည်းပညာတွေ တိုးတက်လာတာနဲ့အမျှ ကိုယ်မှတ်မိလိုတဲ့အရာတွေကို ကွန်ပျူတာနဲ့ ဖုန်းတွေမှာ မှတ်ထားတဲ့အကျင့်ဟာ လူတိုင်းလိုလို ပြုလုပ်နေကြပါပြီ။ မိတ်ဆွေတွေရဲ့ အီးမေးလ်လိပ်စာတွေ၊ အရေးကြီးတဲ့အကြောင်းအရာတွေကို ဖုန်းထဲမှာ အလွယ်တကူမှတ်တယ်ပဲဆိုကြပါစို့။ အကယ်၍ ဖုန်းကို တစ်နေရာရာမှာ မေ့ကျန်ခဲ့ရင်တော့ ကိုယ်လုပ်ရမယ့်ရေးကြီးကိစ္စတွေ အားလုံး လက်လျှော့ လိုက်ရမှာ သေချာပါတယ်။ သုတေသီတွေရဲ့အဆိုအရ ကိုယ်မှတ်ထားချင်တဲ့အရာတွေကို သေသေချာချာ မှတ်မိချင်ရင် စာရွက်တစ်ခုခုမှာ ချရေးထားသင့်တယ်လို့ ဆိုပါတယ်။ ကိုယ်က ပြန်ဖတ်သည်ဖြစ်စေ၊ မဖတ်သည်ဖြစ်စေ တစ်ခါလောက် လက်ရေးနဲ့ ချရေးထားတာဟာ နောက်တစ်ခါပြန်စဉ်းစားတဲ့အခါ အလွယ်မှတ်မိစေနိုင်တယ်လို့ သိရပါတယ်။
(၉) တေးဂီတကို ဘယ်အချိန်နားထောင်သင့်သလဲ သိပါစေ
အလုပ်လုပ်နေတဲ့အချိန်တွေ၊ စာလေ့လာနေတဲ့အချိန်၊ စာအုပ်ဖတ်နေတဲ့အချိန်တွေမှာ သီချင်းကို Sound Box ဒါမှမဟုတ် Earphones နဲ့ နားထောင်တတ်ပါသလား။ ဒါဆိုရင်တော့ ခဏ ပိတ်ထားဖို့တော့ လိုအပ်နေပါပြီ။ စာလေ့လာနေတဲ့အချိန်မှာ သီချင်း ဒါမှမဟုတ် တေးဂီတသံစဉ် တွေကို နားထောင်တာဟာ မှတ်ဥာဏ်ကို ထိခိုက်စေနိုင်ပါတယ်။ ဒါမှမဟုတ် မိမိစာဖတ်နေတဲ့အချိန်မှာ တစ်ယောက်ယောက်ကနေ အဆက်မပြတ်အော်နေတဲ့ အသံကလည်း မိမိဦးနှောက်ရဲ့ မှတ်မိနိုင်တဲ့ စွမ်းရည်ကို အတားအဆီးဖြစ်စေတယ်လို့ သိရပါတယ်။ ဒါကြောင့် တစ်ယောက်တည်း တိတ်ဆိတ်
ငြိမ်သက်တဲ့နေရာမှာ စာဖတ်တာဟာ မှတ်ဥာဏ်ကို အားပေးပြီး အာရုံစိုက်မှု ပိုရရှိစေပါတယ်။
(၁၀) ပုံဆွဲပါ၊ ခြစ်ရေးပါ
ပျင်းရိ ငြီးငွေ့စရာကောင်းတဲ့ ရုံးခန်း ဒါမှမဟုတ် စာသင်ခန်းမှာ ထိုင်နေရတဲ့အခါ ပန်းပွင့်ပုံလေးတွေ၊ အသည်းပုံတွေ ဆွဲချင်တယ်လို့ စိတ်ကူးနေရင်တော့ စာရွက်ပေါ်မှာလွတ်လွတ်လပ်လပ်သာ ချဆွဲလိုက်ပါ။ လေ့လာချက်တစ်ခုမှာ အုပ်စုနှစ်စုခွဲပြီး ပျင်းစရာကောင်းတဲ့ ဖုန်းခေါ်ဆိုမှုကို လက်ခံ
နားထောင်စေခဲ့ပါတယ်။ ပထမအုပ်စုကို ဖုန်းနားထောင်ခိုင်းတဲ့အခါ ပုံဆွဲတာတွေ၊ ရေးခြစ်တာတွေ လုပ်ခိုင်းပြီး နောက်အုပ်စုကိုတော့ ဒီအတိုင်းဘာမှမလုပ်ပဲ ဖုန်းနားထောင်စေတဲ့အခါ ပုံကြမ်းတွေ လျှောက်ခြစ်နေတဲ့အုပ်စုဟာ ငြိမ်ပြီးနေတဲ့ အုပ်စုထက် ၂၉ ရာခိုင်နှုန်း ဖုန်းမှာ ပြောတဲ့ အကြောင်းအရာတွေကို ပိုမှတ်မိနေတာကို တွေ့ရှိခဲ့ရတယ်လို့ ဆိုပါတယ်။ ဒါကြောင့် ပျင်းရိနေတဲ့ အချိန်တွေမှာ ပုံကြမ်းလေးတွေဆွဲတာ၊ ရေးခြစ်တာတွေက ဒီအတိုင်းထိုင်နေတာထက်စာရင် ဦးနှောက်မှတ်ဥာဏ်ကို အားပေးကူညီနိုင်မှာ အသေအချာပါပဲ။
(၁၁) သူငယ်ချင်းများနှင့်အချိန်ကုန်ဆုံးပါ
လူတွေဟာ တစ်ယောက်တည်းနေရတာများတဲ့အခါ အထီးကျန်မှုတွေ ၊စိတ်ဓာတ်ကျတာတွေ အလိုလိုနေရင်း ခံစားရလေ့ရှိပါတယ်။ ဒါဟာ ဦးနှောက်ကို ထိခိုက်စေတာကြောင့် မှတ်ဥာဏ်နဲ့ ချို့ယွင်းချက်တွေ ဖြစ်ပေါ်လာတတ်ပါတယ်။ ဒါကြောင့် တစ်ယောက်တည်း အချိန်ကုန်ဆုံးစေမယ့် အစား သူငယ်ချင်းတွေနဲ့ ပျော်ပျော်ပါးပါးနေတာဟာ စိတ်ကြည်နူးစေပြီး အတွေးသစ်အမြင်သစ် တွေလည်း ရစေပါတယ်။ အကယ်၍ မိတ်ဆွေသူငယ်ချင်းတွေနဲ့ အဆင်မပြေလို့ စိတ်ညစ်နေရင်တော့ ကိုယ်စိတ်ဝင်စားမယ်ထင်တဲ့ သင်တန်းတစ်ခုကိုတက်လိုက်ပါ။ သင်တန်းတက်တာကြောင့် အပေါင်းအသင်းတိုးပြီး စကားများများပြောဖြစ်ကာ သင့်ကို ပျော်ရွှင်စေပါလိမ့်မယ်။
မှတ်ချက်။ ၂၀၁၄ခုနှစ် ဖေဖော်ဝါရိလထုတ် အာရောဂျံမဂ္ဂဇင်း အတွဲ(၂၅၉) မှ အိဖြူ (ဆေးဝါးတက္ကသိုလ်) ရေးသားသည့် ဆောင်းပါးအား ကောက်နုတ်ဖော်ပြသည်။
MOI Webportal
K.K(ကနောင်)

ချစ်သူတွေ ကျော်ဖြတ်ရတဲ့အဆင့် ( ၇ ) ဆင့်

ချစ်သူတွေ ကျော်ဖြတ်ရတဲ့အဆင့် ( ၇ ) ဆင့်
=============================
အဆင့် ၁။ အရူးအမူးဖြစ်ကြတဲ့ အဆင့် *
-----------------------------------------------
ဒါကတော့
ချစ်သူတိုင်းကြုံတွေ့ရတဲ့ ပထမဦးဆုံး အဆင့်ပါ။
ဒီအဆင့်မှာ ချစ်သူတွေဟာ တစ်ယောက်ကို တစ်ယောက် အရမ်းဆွဲဆောင်ကြပါတယ်။ တစ်ယောက်နဲ့ တစ်ယောက်အပြစ်မမြင်ကြဘဲ ကိုယ့်ချစ်သူရဲ့ကောင်းကွက်တွေပဲ ကွက်မြင်ကြတဲ့ အဆင့်ပေါ့။
အဆင့် ၂။ နားလည်မှုရလာတဲ့ အဆင့်* *
------------------------------------------------
ဒီအဆင့်မှာတော့ တစ်ယောက်အကြောင်း
တစ်ယောက်ပိုသိလာကြပြီ။ ညဘက်တွေဆို ချစ်သူနဲ့ ဖုန်းတွေအကြာကြီးပြောမယ်။ မိသားစုအကြောင်းတွေ၊ ရည်းစားဟောင်းအကြောင်းတွေ၊ လျို့ဝှက်ချက်တွေ အကုန်ပြောမယ်။
ပြီးရင် ချစ်သူဆီကလာတဲ့ မက်ဆေ့ခ်ျတိုင်းက
ကိုယ့်အတွက် ချိုမြိန်နေမယ်။ ပျော်ရွင်စရာအချိန်လေးတွေပေါ့။
အဆင့် ၃။ အနှောင့်အယှက်ဝင်တဲ့ အဆင့် ** *
-----------------------------------------------------
ဒီအဆင့်ရောက်တဲ့အခါမှာတော့ ပြသနာလေးတွေ
နည်းနည်းစလာပြီ။
ကိုယ့်ချစ်သူနဲ့ ပထမဦးဆုံး ရန်စဖြစ်ကြတဲ့အချိန်လေးတို့၊ စကားများပြီး စိတ်ကောက်ကြတဲ့အချိန်လေးတို့ကို ပြန်မြင်ယောင်ကြည့်ပေါ့။ ဒါပေမယ့် အဲ့အနှောင့်အယှက်လေးတွေက လွယ်လွယ်နဲ့
ပြီးသွားတာလေးတွေပါပဲ။
အဆင့် ၄။ ပုံသွင်းတဲ့ အဆင့်* ** *
---------------------------------------
ဒီအဆင့်မှာက
တစ်ယောက်နဲ့တစ်ယောက်
အကျင့်စရိုက်လေးတွေကို ဟိုဟာလေးပြင်သင့်တယ်၊ ဒီဟာတော့ မလုပ်ရဘူးလို့ပြောလာပြီ။ ချုပ်ချယ်တာတွေ၊ ဆုံးမတာလေးတွေ လုပ်လာပြီပေါ့။ အဲ့လိုဖြစ်လာပြီဆိုရင် ကိုယ့်ချစ်သူက စိတ်ညစ်လာတာပဲဖြစ်ဖြစ်၊ နှစ်ယောက်ကြားကအချစ်က အရှိန်မြင့်လာတာ ပဲဖြစ်ဖြစ်၊ အကျိုးသက်ရောက်မှုလေးတော့ စရှိလာပြီ။
အဆင့် ၅။ ပြန်လည်ကြည်နူးခြင်းအဆင့် ** ** *
-----------------------------------------------------
ဒီအဆင့်ရောက်ရင်တော့ အခြေအနေေ
တ်ာတော်လေးကောင်းလာပြီ။ ပြီးတော့ တော်တော်များများကိုလည်း
ဖြတ်ကျော်ပြီးသွားပြီဆိုတော့ ကိုယ့်ချစ်သူနဲ့ တော်တော် အဆင်ပြေသွားပြီ။
ဘယ်တော့မှ မခွဲတော့ဘူးတို့ ဘာတို့ စပြောတဲ့အချိန်ပေါ့။
အဆင့် ၆။ ဂြိုလ်ဆိုးဝင်တဲ့  အဆင့် ** ** **
--------------------------------------------------
ဒီအချိန်မှာတော့ သံသယတွေ၊ ပြသနာပေါင်းစုံေ တွစလာပြီ။ နည်းနည်းလေးမတွေ့ရလိုက်တာနဲ့ ဘေးလူတွေကပြောတဲ့  ကိုယ့်ချစ်သူရဲ့ မဟုတ်တဲ့အကြောင်းတွေကြားပြီး ရန်တွေအကြီးအကျယ်ဖြစ်ပြီ။ ဒီအဆင့်မှာ တတိယလူဝင်လာတာတွေရော၊ မိဘရဲ့ နှောင့်ယှက်မှုတွေရော၊
သူငယ်ချင်းတွေက အမြင်မကြည်ခံရတာတွေရော၊ အကုန်ပါလာပြီ။
အခန့်မသင့်တာနဲ့
လမ်းခွဲရနိုင်တဲ့အဆင့်ပေါ့။
အဆင့် ၇။ တည်ငြိမ် ရင့်ကျက်သွားတဲ့ အဆင့် *******
--------------------------------------------------------------
ဒါကတော့ ချစ်သူတို့အတွက် အကောင်းဆုံးအဆင့်
ရောက်သွားပြီလို့ပြောရမလားပဲ။ ဒီအဆင့်ရောက်လာပြီဆိုရင် တော်တော်လည်း နှစ်ယောက်စလုံးရဲ့အချစ်က
တည်ငြိမ်သွားပြီ၊ ပြသနာတွေဝင်လာရင်လည်း တစ်ယောက်ယောက်က တောင်းပန်လိုက်တာနဲ့ ချက်ချင်းအဆင်ပြေသွားကြပြီ။ ဘာအခက်အခဲတွေလာလာ ရင်ဆိုင်နိုင်သွားကြပြီပေါ့။ ဒီအချိန်မှာတော့ ချစ်သူနှစ်ဦးဟာ လွယ်လွယ်နဲ့မပြတ်ကြတော့ပါဘူး။
ကဲ အဲ့ဒီအဆင့်လေးတွေကိုဖတ်ပြီးရင်
ကိုယ့်ကိုယ်ကို အခုဘယ်အဆင့်မှာ ရောက်နေလဲဆိုတာကို
သတိထားပြီး
ချစ်သူနဲ့ အတူတူ
လက်တွဲကျော်ဖြတ်နိုင်အောင်
ကြိုးစားပေါ့။
ပြီးတော့ ဒီအဆင့်လေးတွေကို လှေကားထစ်လေးတွေလို့ သဘောထားပြီး ချစ်သူတိုင်း မျှော်လင့်တဲ့ ပျော်ရွင်ကြည်နူးဖွယ်ရာ အချစ်ဘ၀လေးကို ရောက်အောင်သွားနိုင်ကြပါစေ။
ပြဿနာတွေတော့ရှိမှာပဲ၊ အဖုအထစ်လေးတွေတွေ့မှာပဲ။
ဒါပေမယ့် ကိုယ့်ချစ်သူနဲ့အတူတူ
အချစ်သစ်ပင်လေးကို စိမ်းလန်းစိုပြေအောင်
ထားနိုင်သရွေ့တော့ အရာအားလုံးအဆင်ပြေ ချောမွေ့နေမှာပါ
မိန်းကလေးတိုင်း တောင့်တပြီး
ယောက်ျားလေးတိုင်း အားကျစေဖို့
Gentleman Magazine
Nay Min
NK
Credit: Original

ဝန်ထမ်းကောင်းတွေ ဘာကြောင့် ဆုံးရှုံးရသလဲ

ဝန်ထမ်းကောင်းတွေ ဘာကြောင့် ဆုံးရှုံးရသလဲ

တစ်ခါတစ်ရံမှာ ဝန်ထမ်းကောင်း တွေက ကိုယ့်ရဲ့ ကုမ္ပဏီကို စွန့်ခွာသွားကြ တယ်။ အဲဒီလိုစွန့်ခွာကြတဲ့ အကြောင်း အချက်လည်း များစွာရှိပါတယ်။ ဥပမာ အားဖြင့် ထိုက်သင့်တဲ့ရာထူးနဲ့ လစာမပေး နိုင်တာအပြင် တခြားအချက်များစွာလည်း ရှိနေပါသေးတယ်။ ဘယ်အချက်တွေက ဝန်ထမ်းကောင်းတွေကို ဆုံးရှုံးစေသလဲဆို တာ စုစည်းဖော်ပြပေးလိုက်ပါတယ်။
၁.Team Work အားနည်းတာ
ကုမ္ပဏီတစ်ခုပဲဖြစ်ဖြစ်၊ အဖွဲ့အစည်း တစ်ခုပဲဖြစ်ဖြစ်၊ စီးပွားရေးလုပ်ငန်းတစ်ခုပဲ ဖြစ်ဖြစ် လုပ်ဖော်ကိုင်ဖက်တွေအချင်းချင်း၊ ဌာနဆိုင်ရာအချင်းချင်း ခေါင်းဆောင်မှု အားနည်းတာ၊Team Work အားနည်း တာက နာတာရှည်ရောဂါတစ်ခု လိုဖြစ်စေ ပါတယ်။ မကြာခဏ ပုဂ္ဂိုလ်ရေးဆိုင်ရာ ပစ်ပယ်ခံရမှု၊ ထုတ်ပယ်ထားမှုစတဲ့အချက် တွေကြောင့် နောက်ဆုံးမှာ ဝန်ထမ်း ကောင်းတွေက သူတို့ရဲ့ ခေါင်းဆောင်ကို စွန့်ခွာလာကြပါတယ်။
၂.အလုပ်ပတ်ဝန်းကျင်ကောင်းမရှိတာ
ဘယ်နေရာမှာမဆို ပတ်ဝန်းကျင် ကောင်းလိုအပ်ပါတယ်။ နေထိုင်ရာပတ် ဝန်းကျင်ဖြစ်စေ၊ အလုပ်ပတ်ဝန်းကျင်ဖြစ် စေ၊ ပေါင်းသင်းဆက်ဆံရတဲ့ လူ့ပတ်ဝန်း ကျင်မှာဖြစ်စေ ပတ်ဝန်းကျင်ကောင်းဖို့ လိုအပ်ပါတယ်။ ဒီအတိုင်းပဲ အလုပ်ခွင် တစ်ခုမှာ အလုပ်ပတ်ဝန်းကျင်ကောင်းမရှိ တာက ဝန်ထမ်းကောင်းတွေ အလုပ်ခွင်ကို စွန့်ခွာဖို့ ဖြစ်စေနိုင်ပါတယ်။ အမြဲတမ်း Negativeအမြင်တွေချည်း စုဝေးနေတဲ့ အလုပ်ခွင်တစ်ခုမှာ ဘယ်လိုဝန်ထမ်းမျိုးက ကြာရှည်နေထိုင်နိုင်မလဲ။ အဲဒီ Negative အမြင်တွေချည်းရှိတဲ့ အလုပ်ခွင်မှာ စိတ်ဖိ စီးမှုတစ်ခုတည်းတင် မဟုတ်ပါဘူး၊ ကိုယ့် ရဲ့ စိတ်ဓာတ်ကိုပါ ထိခိုက်နစ်နာစေပါ တယ်။ ဒါ့ကြောင့် ဝန်ထမ်းကောင်းတွေက အဲဒီလို အလုပ်ခွင်မျိုးကို စွန့်ခွာကြပါ တယ်။
၃.မျှမျှတတမရှိတာ
ဒီအချက်ကလည်း လုပ်ငန်းခွင်တိုင်း အတွက် မရှိမဖြစ်အရေးပါပါတယ်။ လုပ်ငန်းခွင်တွေမှာ လုပ်သက်ကြာနေပြီ ဖြစ်တဲ့ ဝန်ထမ်းတွေထက် အတွေ့အကြုံ လည်း နည်းတဲ့ ဝန်ထမ်းအသစ်တွေကို လစာပိုပေးတာ၊ ခံစားခွင့်တချို့ပိုပေးတာ က ဝန်ထမ်းကောင်းတချို့ကို လက်လွတ် ဆုံးရှုံးစေတယ်လို့ ဆိုပါတယ်။ စစ်တမ်း ကောက်ယူမှုတွေအရ ဒီအချက်က အလုပ်က ထွက်ဖို့ နံပါတ်တစ်အချက်ဖြစ်နေတယ် လို့ ဖော်ပြနေပါတယ်။
၎.အရည်အသွေးမြှင့်တင်ဖို့ အခွင့်အလမ်း နည်းပါးတာ
ကိုယ့်ရဲ့ ဝန်ထမ်းတွေရဲ့ အသက်မွေး ဝမ်းကျောင်းပညာရပ်တွေမှာ ဘယ်လို ကူညီနိုင်မလဲဆိုတဲ့အချက်ကို စဉ်းစားပေး သင့်ပါတယ်၊ ဒါမှမဟုတ်ရင်တော့ သူတို့ အတွက် တိုးတက်ဖို့အခွင့်အလမ်းမပေး တာက ဝန်ထမ်းကောင်းတွေ ကိုယ့်ဆီက ထွက်သွားဖို့ အရှိန်ယူပေးလိုက်တာပါပဲ။ တစ်ချို့အလုပ်တွေမှာ ရှိပါတယ်၊ ဝန်ထမ်း တွေကို တခြားသင်တန်းပေးမတက်တာ၊ အလုပ်မှာလည်း သင်တန်းပေးတာမျိုးမရှိ တဲ့ အလုပ်ခွင်တွေကို ဝန်ထမ်းတွေက စွန့် ခွာကြတာများပါတယ်။
ကိုယ့်ရဲ့ ဝန်ထမ်းကို အလုပ်ခွင်မှာ ပိုပြီးတော့ Professional ဖြစ်အောင်၊ သက်ဆိုင်ရာပညာရပ် တစ်ခုခုမှာ ပိုပြီးထူး ချွန်လာအောင် လုပ်ဆောင်ပေးတဲ့ အလုပ် နေရာမျိုးကို ဝန်ထမ်းတွေအနေနဲ့ ပိုအလိုရှိ တယ်ဆိုတာကို လုပ်ငန်းရှင်တွေအနေနဲ့ စဉ်းစားသင့်တဲ့ အချက်တစ်ခုဖြစ်လာ ပါတယ်။
၅.ကျင့်ဝတ်မညီတာ
လုပ်ငန်းခွင်မှာ အကြီးအကဲဖြစ်စေ၊ မန်နေဂျာဖြစ်စေ ရိုးသားမှုမရှိတာ၊ စိတ် ဓာတ်ညံ့ဖျင်းတာတွေကြောင့်လည်း ဝန် ထမ်းကောင်းတွေ ဆုံးရှုံးရတဲ့ အချက်တစ်ခု ဖြစ်ပါတယ်။ ကိုယ့်ရဲ့ မရိုးသားမှု၊ လိမ်ညာ မှု၊ တာဝန်ယူမှုမရှိတာတွေကြောင့် ဝန် ထမ်းတွေရဲ့ လေးစားမှုရဖို့ ခက်ခဲနိုင်ပါ တယ်။ ဒီအချက်တွေကြောင့်ပဲ ဝန်ထမ်း ကောင်းတွေက တခြားနေရာမှာ အလုပ် သစ်ရှာဖို့ ခေါင်းဆောင်ဆိုသူတွေကို စွန့်ခွာသွားကြတာဖြစ်ပါတယ်။
၆.လုပ်ဖော်ကိုင်ဖက်တွေရှေ့မှာ အရှက်ရစေတာ
အလုပ်ခွင်မှာ ကိုယ်နဲ့ ရာထူးအဆင့် အတန်းတူသူ ဒါမှမဟုတ် ကိုယ့်ရဲ့လုပ် ဖော်ကိုင်ဖက်တွေရှေ့မှာ အမှားတစ်ခုခု ကြောင့် အော်ဟစ်ပြောဆိုတာမျိုးကလည်း ဝန်ထမ်းကောင်းတွေကို ဆုံးရှုံးစေတဲ့ အချက်တစ်ခုဖြစ်ပါတယ်။ ပရောဂျက် တစ်ခုခု မအောင်မြင်တာကြောင့် အဲဒီ ဝန်ထမ်းကို လူပုံအလယ်မှာ ရှုတ်ချပြောဆို တာက သူ့ရဲ့ ဂုဏ်သိက္ခာကို အလေးမထား ရာရောက်ပါတယ်။ ကိုယ့်ထက် ရာထူးနိမ့် သူပင်ဖြစ်ပါစေ တစ်ဦးဂုဏ်သိက္ခာကို တစ်ဦးက လေးစားရပါမယ်။
၇.ဝန်ထမ်းရဲ့ အကြံဉာဏ်ကို နားမထောင်တာ
လုပ်ငန်းခွင်တိုင်းမှာ အကြီးအကဲတွေ ရဲ့ အကြီးဆုံးအမှားကတော့ ကိုယ့်ရဲ့ ဝန် ထမ်းရဲ့ အိုင်ဒီယာ၊ အကြံÓဏ်ကို နား ထောင်ဖို့ အချိန်မပေးတာလို့ ဆိုကြပါ တယ်။ အကယ်၍ သူတို့ရဲ့ အိုင်ဒီယာတွေ၊ အကြံဥာဏ်တွေကို လက်မခံနိုင်ရင်တောင် အကောင်းမြင်ပေးရပါတယ်။ သင့်ရဲ့ အကောင်းမြင်တဲ့ မှတ်ချက်တစ်ခုက ဝန် ထမ်းတွေရဲ့ ကုန်ထုတ်စွမ်းအား၊ နေ့စဉ် လှုပ်ရှား ဆောင်ရွက်နေတဲ့ လုပ်ငန်းဆောင် တာတွေ မြင့်တက်လာနိုင်ပါတယ်။ ဒါ့ကြောင့် ဝန်ထမ်းတွေရဲ့ အသံကို နား ထောင်ပါ။ သူတို့တွေရဲ့ အကြံဉာဏ်တွေ ကို နားမထောင်တာက ဝန်ထမ်းကောင်း တွေကို ဆုံးရှုံးဖို့ ပိုမိုလွယ်ကူစေပါတယ်။
၈.ဝန်ထမ်းရဲ့ အောင်မြင်မှုကို အသိ အမှတ်မပြုတာ
လုပ်ငန်းခွင်အတွင်းက မိမိဝန်ထမ်း တွေရဲ့ အောင်မြင်မှုကို အသိအမှတ်မပြု တာက ဝန်ထမ်းတွေအတွက် စိတ်ဓာတ်ကျ စရာအပြင်၊ အနာဂတ်မှာ အခက်အခဲတွေ ကိုကျော်လွှားဖို့အတွက် အားအင်မဲ့စေပါ တယ်။ ဒီအချက်ကြောင့်ပဲ သင့်ရဲ့ ဝန်ထမ်းတွေက သင့်ရဲ့ ခေါင်းဆောင်မှုအောက်ကနေ ထွက်ခွာဖို့ တွန်းအားတစ်ခုဖြစ်စေတာ ကို အထူးဂရုပြုဖို့လိုပါတယ်။
Mie Mie

ဒီလို လူ (၁၀)မျိုး ကိုတွေ့ ခဲ့ရင် တန်ဖိုး ထားပါ

ဒီလို လူ (၁၀)မျိုး ကိုတွေ့ ခဲ့ရင် တန်ဖိုး ထားပါ
================================
၁။ကိုယ်တစ်ကယ်ချစ်တဲ့သူကိုတွေ့ခဲ့ရင် သူနဲ့ဘ၀တစ်လျှေက်လုံးလက်တွဲသွားဖို့အခွင့်အရေးရအောင်ကြိုးစားပါ။ ဘာကြောင့်လဲဆိုတော့သူထွက်သွား တဲ့အခါအရာအား လုံးနောက်ကျသွားပါလိမ့်မယ်။
၂။ ကိုယ်တစ်ကယ်ယုံကြည်ရတဲ့သူငယ်ချင်းကိုတွေ့ခဲ့ရင် သူနဲ့အဆင်ပြေပြေကောင်းကောင်းမွန်မွန်ဆက်ဆံသွားပါ။ ဘာဖြစ်လို့လဲဆိုတော့ ဘ၀မှာသူငယ်ချင်းအစစ်တွေ့ရဖို့ဆိုတာမလွယ်တော့လို့ပါ။
၃။ ကိုယ့်ကိုတစ်ချိန်တုန်းကကူညီပေးခဲ့ဖူးတဲ့သူကိုတွေ့ခဲ့ရင် သူ့ကိုကောင်းကောင်းကျေးဇူးတင်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူဟာကိုယ့်ဘ၀ရဲ့အလှည့်အပြောင်းဖြစ်ခဲ့လို့ပါဘဲ။
၎။ ကိုယ်တစ်ချိန်တုန်းကချစ်ခဲ့ဖူးတဲ့သူကိုတွေ့ခဲ့ရင် သူ့ကိုပြုံးပြုံးလေးနဲ့ကျေးဇူးတင်ဖို့မမေ့ပါနဲ့။ ဘာဖြစ်လို့လဲဆိုတော့သူက ကိုယ့်ကိုအချစ်အကြောင်းပိုနားလည်စေခဲ့လို့ပါ။
၅။ ကိုယ့် ကိုတစ်ချိန်တုန်းကမုန်းတီးခဲ့ဖူးတဲ့ သူကိုတွေ့ခဲ့ရင်ပြုံးပြုံးလေးနဲ့သူ့ကိုနှုတ်ဆက်လိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့သူ့ကြောင့်ကိုယ်ကပိုပြီးသတ္တိရှိလာခဲ့တယ်။
၆။ ကိုယ့်ကိုတစ်ချိန်တုန်းက သစ္စာဖောက်ခဲ့ဖူးတဲ့သူကိုတွေ့ခဲ့ရင် သူနဲ့အေးအေးဆေးဆေးစကားစမြည်ပြောလိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့သူ့ကြောင့်မဟုတ်ရင် ကိုယ်လည်းလောကအကြောင်းကိုသိလာမှာမဟုတ်ဘူး။
၇။ ကိုယ်တစ်ချိန်တုန်းက တိတ်တခိုးချစ်ခဲ့ဖူးတဲ့ သူကိုတွေ့ခဲ့ရင်သူ့ကိုပျော်ရွင်ပါစေဆိုပြီး ဆုတောင်းပေးလိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ကိုယ်သူ့ကိုတိတ်တခိုးချစ်ခဲ့တုန်းက သူပျော်၇ွင်တာကိုဘဲ လိုလားခဲ့တာမဟုတ်လား။
၈။ ကိုယ့်ဘ၀ထဲကနေထွက်သွားခဲ့တဲ့သူကိုတွေ့ခဲ့ရင် သူကိုယ့်ဘ၀ထဲဝင်ခဲ့တာကိုကျေးဇူးတင်လိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့သူကကိုယ့်ဘ၀ရဲ့ပျော်ရွင်စရာကောင်းတဲ့အစိတ်အပိုင်းတစ်ခုဖြစ်ခဲ့တယ်လေ။
၉။ ကိုယ့်ကိုတစ်ချိန်ကအထင်လွဲခဲ့ဖူးတဲ့သူကိုတွေ့ခဲ့ရင် အချိန်မှီဖြေရှင်းချက်ပေးလိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူနားလည်အောင်ဖြေရှင်းပေးဖို့အခွင့်အရေးကတစ်ခါဘဲရှိနိုင်လို့ပါ။
၁၀။ ယခု ကိုယ်နဲ့ဘ၀တစ်လျှောက်လုံး လက်တွဲသွားမယ့်သူကိုတွေ့ရင် သူကိုယ့်ကိုချစ်တာ ရွေးချယ်ခဲ့တာကို ရာနှုန်းပြည့်ကျေးဇူးတင်လိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့အ ခုနှစ်ယောက်လုံးပျော်ရွင်မှု့နဲ့အချစ်စစ်ကိုပိုင်ဆိုင်နေရလို့ပါ။
Credit- Original Writer

၂၀ကျော်အရွယ်

၂၀ကျော်အရွယ် နေထိုင်မှုပုံစံမှာ အမျိုးသားတွေ ဆင်ခြင်သင့်တဲ့ အလေ့အထများ

++++++++++++++++++++++++++++++++++++++


ကျောင်းသားတစ်ယောက်အဖြစ် ကုန်ဆုံးခဲ့ရတဲ့ ပျော်ရွှင်ဖွယ်ရာအချိန်တွေကုန်ဆုံးခဲ့ပြီးနောက် ၀မ်းနည်းစွာပဲ သင့်မှာ ရွေးချယ်ခွင့်မရှိတော့ပေမယ့် ဆက်လက်ပြီးတော့ ရှင်သန်ရပါဦးမယ်။ လူတွေက သင့်ကို အမြင်တစ်မျိုးနဲ့ ဆုံးဖြတ်ကြတော့မယ့်အချိန်မှာ ကျောင်းတုန်းက လုပ်ခဲ့တဲ့ ခပ်နောက်နောက် အလုပ်တွေဟာ အခုရောက်နေတဲ့ လူမှုအသိုင်းအ၀ိုင်းမှာတော့ လက်မခံနိုင်စွမ်းရပ်တန့်သွားပါပြီ။
အသက်အရွယ် ကြီးရင့်လာတာနဲ့အမျှ အသိပညာကြွယ်ဝမှုကလည်း အတူလိုက်လာရမှာ ဖြစ်သလို အရွယ်ရောက်တဲ့အချိန်ကစလို့ သင့်ဘ၀ကို သင့်လက်ထဲမှာ အပြည့်အ၀ဆုပ်ကိုင်ခွင့် ရှိနေပါပြီ။ အခုဖော်ပြပေးမှာကတော့ ၂၀ကျော်အရွယ်မှာ အမျိုးသားတွေ မလုပ်သင့်တဲ့ အရာ(၆)ခုပဲ ဖြစ်ပါတယ်။
(၁) အသင့်စား အစားအသောက်တွေကို မမှီခိုပါနဲ့။
ငယ်ငယ်က အမေလုပ်ပေးတတ်တဲ့ အသင့်စား အစားအသောက်တွေက ပိုလွယ်ကူ့မြန်ဆန်ပြီး အရသာရှိတတ်ပါတယ်။ ဒါပေမယ့် အချိန်တွေက ပြောင်းလဲခဲ့ပါပြီ။ အရွယ်ရောက်လာတဲ့ သင်နဲ့အတူ သင့်ရဲ့ ခန္ဓာကိုယ် ဓာတုဓါတ်ပြောင်းဖွဲ့စည်းမှုတွေကလည်း လိုက်ပါပြောင်းလဲနေပါတယ်။ ဒါကြောင့် သင့်အနေနဲ့ ပိုပြီး အာဟာရဓါတ်ပြည့်ဝတဲ့ အစားအစာတွေကို ချက်ပြုတ်စားသောက်ဖို့ လိုအပ်လာပါပြီ။ ပီဇာကဲ့သို့သော အသင့်စား အစားအစာတွေက သင့်ရဲ့ အာဟာရဓါတ်ပြည့်ဝနှုန်းကို ကန့်သတ်ထားပါတယ်။ ဒါကြောင့် နေ့တိုင်းအတွက် တကယ်အဟာရပြည့်တဲ့ အစားအစာ အစစ်တွေ လိုအပ်နေပါပြီ။
(၂) ပါတီတိုင်းကို မသွားပါနဲ့ ။
ဖိတ်ကြားခံရတိုင်း (ဒါမှမဟုတ်) သင့်ရဲ့အချစ်ဆုံး သူငယ်ချင်းတွေ အားလုံးစုံညီစွာ ရောက်ရှိနေတိုင်း သင့်အနေနဲ့ သွားရမယ်လို့မဆိုလိုပါဘူး။ အဲ့ဒီအစား စာအုပ်ကောင်းတစ်အုပ်၊ ဇာတ်ကားကောင်းတစ်ကားနဲ့ တစ်ကိုယ်တည်း အပြည့်အ၀အနားယူလိုက်ပါ။ ရက်သတ္တပတ်အဆုံး တွေမှာ ကလပ်သွားဖို့ရှိတယ်ဆိုရင်တောင် ပြန်ထိုင်လိုက်ပါ။ စိတ်လျော့ချလိုက်ပြီး ပြန်စဉ်းစားကြည့်ပါ။ သင့်မှာ အဲဒီလိုအမှတ်တရ ညနေခင်းမျိုး မလွဲမသွေ ရှိခဲ့ဖူးတာ သတိရလိုက်ပါ။
(၃) အလုပ်ကို အလွန်အကျွံမလုပ်ပါနဲ့။
မနက်လေးနာရီလောက်အထိ အိပ်မပျော်အောင် ကော်ဖီတွေ တစ်အိုးပြီးတစ်အိုး သောက်ကာ ကောလိပ်က assignment တွေပြီးဖို့အတွက် မနားမနေ ကြိုးစားဖူးပါလိမ့်မယ်။ ဘ၀က ဒီ့ထက်ပိုပြီးခက်ခဲပါတယ်။ ဒါပေမယ့် အခုကစပြီးတော့ ဒီလိုအကျင့်မျိုးကိုတော့ စွန့်လွှတ်ဖို့လိုပါလိမ့်မယ်။ ဒီလိုမညှာတာတတ်တဲ့ အလုပ်တွဲလုပ်ရတဲ့သူမျိုး ရှိနေရင်လည်း ဆန့်ကျင်ပစ်ဖို့လိုပါတယ်။ သင့်ရဲ့ အသက်မွေးဝမ်းကြောင်းကို ဒုတိယအကောင်းဆုံးအဖြစ်နဲ့ မရပ်တည်သင့်ပါဘူး။ သင့်အနေနဲ့ တိကျတဲ့အချိန်အပိုင်းအခြားအတွင်းမှာ သွက်လက်တက်ကြွစွာ အလုပ်လုပ်နိုင်ခြင်းကသာ သင့်အသက်မွေးမှုကို တိုးတက်စေမှာပါ။
(၄) စနေနေ့လို ပိတ်ရက်မျိုးမှာ နေ့လည်(၁)နာရီထိ အိပ်တာမျိုးရှောင်ရှားပါ။
၂၀ရာစု ရောက်တာနဲ့အညီ လူတွေက အကောင်ဆုံးနေ့တစ်နေ့ကို ပိုင်ဆိုင်ဖို့ မျှော်လင့်ကြပါလိမ့်မယ်။ အိပ်ရာထဲလဲနေတာက သင့်ရဲ့ရှားပါးတဲ့နေ့တစ်နေ့ကို ဖြုန်းတီးပစ်လိုက် တာပါ။ သွားစရာနေရာတွေ ၊ တွေ့ဆုံစရာ မိသားစုနဲ့ သူငယ်ချင်းတွေ ၊ စေခိုင်းစရာ အရေးကိစ္စတွေကို ဒီလိုနေ့မျိုးမှာ လုပ်ဆောင်ရမှာပါ။ ဒါကြောင့် ပိတ်ရက်တွေဟာ တန်ဖိုးရှိပါတယ်။ နေ့လည် (၁)နာရီ ၊ (၂)နာရီလောက်အထိ အိပ်ပစ်ပြီးတော့ မဖြုန်းတီးမိပါစေနဲ့။
(၅) တစ်ယောက်တည်းဖြစ်မှာ မကြောက်ပါနဲ့။
တစ်ကိုယ်တည်းနေခြင်းဟာ ကမ္ဘာကြီး ပျက်သုဉ်းခြင်းမဟုတ်ပါဘူး။ ပိုပြီးတောင် ကောင်းချင် ကောင်းနေနိုင်ပါတယ်။ ဒါတွေအားလုံးဟာ သင့်ရဲ့တစ်ကိုယ်တည်းသမားဘ၀ကို သင်ဘယ်လို လက်ခံထားသလဲဆိုတဲ့အပေါ်မှာပဲ မူတည်ပါတယ်။ ၀ါသနာသစ်တစ်ခုကို ရှာဖွေပါ။ အားကစားနည်း တစ်ခုကို လိုက်စားပါ။ ပြီးတော့ လူသစ်တွေနဲ့ တွေ့ဆုံသင်ယူပါ။ တစ်ကိုယ်တည်းဖြစ်နေတဲ့အတွက် သင့်အချိန်တွေအားလုံးဟာ သင့်အတွက်ချည်းပါပဲ။ ဒါကြောင့် အမြဲတမ်းဖြစ်ချင်ခဲ့တာတွေကို အကောင်အထည်ဖော်ပါ။ တစ်ကိုယ်တည်းဖြစ်နေရခြင်းကို တန်ဖိုးထားဂုဏ်ယူပါ။
Credit : trend.com.mm

Tuesday, April 7, 2015

စကားပုံများ(က မှ အ ထိ)

 စကားပုံများ(က မှ အ ထိ)
=======================
က
၁. “ကြက်ကန်း ဆန်အိုးတိုး”
၂. “ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ”
၃. “ကိုယ်ကကျူး ကိုယ့်ဒူးတောင်မယုံရ”
၎. “ကိုယ်ထင် ကုတင်ရွှေနန်း”
၅. “ကျွဲပါး စောင်းတီး”
၆. “ကတုံးပေါ် ထိပ်ကွက်”
၇. “ကျေးဇူးရှိမှ ကျေးစွပ်”
၈. “ကြမ်းကျွံရင် နှုတ်ရ..စကားကျွံရင် နှုတ်မရ”
၉. “ကျန်းမာခြင်းသည်..လဘ်တစ်ပါး”

၁၀. “ကြက်တူရွေးကတော်တော်...မယ်ဘော်က..ကဲ”
၁၁. “ကျူပင်ခုတ်..ကျူငုတ်ပါမကျန်”
၁၂. ကျားဆရာကြောင်...ကြောင်ဆရာကြွက်”
၁၃. “ကြွက်မနိုင်..ကျီမီးနဲ့ရှို့”
၁၄. “ကျီစားသန်က..ရန်များ၏”
၁၅. “က ရိုး မက ဆန်း၍က နှပ်ပစ်ခံရ”
၁၆. “ကျားကြောက်လို့...ရှင်ကြီးကိုး..ရှင်ကြီး.ကျားထက်ဆိုး”
၁၇. “ကံကိုယုံတော့..စုံလုံးကန်း”
၁၈. “ကျော်တော့..လှေသူကြီး...ညားတော့..လှေထိုးသား”
၁၉. “ကံကိုယုံပြီး...ဆူးပုံနင်း”
၂၀. “ကျားရှေ့...မှောက်ရက်လဲ”
၂၁. “ကြာကြာဝါးမှ..ခါးမှန်းသိ”
၂၂. “ကြာကြာဝါးမယ့်သွား...အရိုးကြည့်ရှောင်”
၂၃. “ကျားကြီး..ခြေရာကြီး”
၂၄. “ကံဆိုးမသွားရာ...မိုးလိုက်လို့ရွာ”
၂၅. “ကြွေတစ်လှည့်...ကြက်တစ်ခုန်”
၂၆. “ကြောင်သူတော်..ကြွက်သူခိုး”
၂၇. “ကျောသားကလည်းသား...ရင်သားကလည်းသား”
၂၈. “ကြွက်သေတစ်ခု....အရင်းပြု”
၂၉. “ကုသိုလ်တစ်ပဲ...ငရဲတစ်ပိဿာ”
၃၀. “ကုလားမနိုင်....ရခိုင်မဲ”
၃၁. “ကြောက်ရင်လာဘ်လွဲ...ရဲလျှင်မင်းဖြစ်”
၃၂. “ကွန်တစ်ချက်....ဟင်းတစ်ခွက်”
၃၃. “ကြောင်အိုတော့...ကြွက်မလေး”
၃၄. “ကြိုက်မရှက်...ငိုက်မရှက်”
၃၅. “ကျင်ကြီးစွန့်ရာ...ကျင်ငယ်ပါ”
၃၆. “ကြောင်ကဲ့သို့.ကျင့်လေ..ညောင်ကဲ့သို့..ကျင့်လေ”
၃၇. “ကောက်သော်..စားမလောက်...ဖြောင့်သော်..စားမနိုင်”
၃၈. “ကိုယ်ကောင်းရင်..ခေါင်းမရွေ့”
၃၉. “ကချင်ရက်...လက်ကျိုး”
၄၀. “ကံသာလျှင်အမိ..ကံသာလျှင်အဖ”
၄၁. “ကျည်ပွေ့ကောင်းလို့..ဆန်ဖြူ”
၄၂. “ကင်းခြေများ.ခြေတစ်ချောင်းကျိုး၍..အသွားမပျက်”
၄၃. “ကျားရဲလည်းသေ...တောလည်းကျေ”
၄၄. “ကြက်မ.တွန်လို့..မိုးမလင်း”
၄၅. “ကိုယ့်ဂုဏ်ကိုယ်ဖော်..မသူတော်ခုနစ်ပါး”
၄၆. “ကွမ်းသီးကြိုက်...တောင်ငူပို့”
၄၇. “ကိုယ့်ဒူး..ကိုယ်ချွန်”
၄၈. “ကြီးလျှင်မှီ..ငယ်လျှင်ချီ”
၄၉. “ကဆုန်.နယုန်..စွေ့စွေ့ခုန်”
၅၀. “ကျေးဇူးမတင်...-င်လှန်ပြ”
၅၁. “ကြပ်ပူထိုးလေ ရောင်လေ”
၅၂. “ကြက်မတွန်၍ မိုးမလင်း၊ ကြက်ဖတွန်မှ မိုးလင်းသည်”
၅၃. “ကိုယ်ဖြစ်.ကိုယ်ခံ”
၅၄. “ကုလားသိုက်...ကျားဝင်ကိုက်”
၅၅. “ကျီးကြည့်...ကြောင်ကြည့်”
၅၆. “ကြက်ကြော်မကြိုက်တဲ့....လူမိုက်”
၅၇. “ကြောင်မရှိ....ကြွက်ထ”
၅၈. “ကလေးကျမှ.လှေခါးထောင်....ရန်သူပြန်မှ..ဒူးလေးပြင်”
၅၉. “ကြိုက်မရှက်....ငိုက်မရှက်...ငတ်မရှက်”
၆၀. “ကြိုးကြာဆို....ဘာငှက်လဲမေး”
၆၁. “ကံကောင်းရင် တစ်ချက်....ကံမကောင်းရင် တစ်သက်”
၆၂. “ကံသည် အလုပ်....အလုပ်သည် ကံ”
၆၃. “ကုန်းပေါ်ရောက်မှ....ရေမမွန်းစေနှင့်”
၆၄. “ကိစ္စများမြောင်....လူတို့ဘောင်”

၁. “ခင်ရာဆွေမျိုး မြိန်ရာဟင်းကောင်း”
၂. “ခွေးလေးရောဝင် ပါးလျက်နားလျက်”
၃. “ခေါင်းတစ်လုံးနဲ့..အိုးနှစ်လုံးမရွက်နိုင်”
၎. “ချွေးထွက်များမှ...သွေးထွက်နည်းမည်”
၅. “ခလုတ်ထိမှ...အမိတ”
၆. “ခုစာကလေးကြော်...ခုဆီထမင်း”
၇. “ခွေးမြီးကောက်....ကျည်တောက်စွပ်”
၈. “ချစ်ခြင်းအစ...မျက်စိက”
၉. “ချက်ဆို...နားခွက်က...မီးတောက်”
၁၀. “ခဲလေသမျှ......သဲရေကျ”
၁၁. “ခရုခါးတောင်းကျိုက်ဖမ်း”
၁၂. “ခါချဉ်ကောင်မာန်ကြီးလို့..တောင်ကြီးဖြိုမယ်ကြံ...ခါးကမသန်”
၁၃. “ချောင်းကိုပစ်၍...မြစ်ကိုရှာ”
၁၄. “ခိုးစားတော့ခွေးဟောင်...လယ်လုပ်တော့မိုးခေါင်”
၁၅. “ခဲတစ်လုံးနဲ့...ငှက်နှစ်ကောင်ပစ်”
၁၆. “ချစ်စကိုရှည်စေ..မုန်းစကိုတိုစေ”
၁၇. “ချစ်တိုင်းလည်းမညား...ညားတိုင်းလည်းမချစ်”
၁၈. “ချဉ်ချဉ်တူးတူး...မူးပြီးရော”
၁၉. “ခြေမ.မကောင်း.ခြေမ...လက်မ.မကောင်း..လက်မ”
၂၀. “ခရမ်းသီးပိန်...ဓားတုံး”
၂၁. “ခြောက်ပစ်ကင်း...သဲလဲစင်”
၂၂. “ခွေးဟောင်တိုင်း..ထကြည့်လျှင်..အိပ်ရေးပျက်”
၂၃. “ခွေးရူးဖက်ကိုက်...ခွေးကောင်းနားရွက်ပျက်”
၂၄. “ချောင်းကြီးတော့....မြစ်ဖြစ်”
၂၅. “ချည်ပုဆိုးက..ပိုးပေါင်းချင်”
၂၆. “ချော့တစ်ခါ..ခြောက်တစ်လှည့်”
၂၇. “ခြောက်ပြော..မြှောက်ပြော”
၂၈. “ချီးမွမ်းခုနစ်ရက်..ကဲ့ရဲ့ခုနစ်ရက်”
၂၉. “ချော်လဲ..ရောထိုင်”
၃၀. “-ျီး..ပါခါနီးမှ....-ျီးခံတွင်းပေါက်ရှာ”
၃၁. “ခွေးဟောင်၍ တောင်ပို့မပြေး”
၃၂. “ခွေးဟောင်လို့...တောင်မရွေ့”
၃၃. “ခိုးစားမှ..လူမိ”
၃၄. “ခွေးရူးကောင်းစား...တစ်မွန်းတည့်”
၃၅. “ခုတ်ရာတစ်ခြား..ရှရာတစ်လွဲ”
၃၆. “ခြေမွှေးမီးမလောင်...လက်မွှေးမီးမလောင်”
၃၇. “ခေါင်ကမိုးမလုံလျှင်...တံစက်မြိတ်လည်း...မလုံနိုင်”

၁. “ဂိုက်ကောင်း..ဆိုက်ကောင်း”

၁. “ငါးခုံးမတစ်ကောင်ကြောင့် တစ်လှေလုံးပုပ်”
၂. “ငါးပိနဲ့လောက်..ရွှေနဲ့ကျောက်”
၃. “ငိုချင်ရက်...လက်တို့”
၎. “ငွေမရှိ...စကားမတည်”

၁. “စကား စကား ပြောပါများ စကားထဲက ဇာတိပြ”
၂. “စကားနောက် တရားပါ”
၃. “စုပ်လဲဆူး..စားလဲရူး”
၎. “စည်းကမ်းသည်..လူ့တန်ဖိုး”
၅. “စိန်ကောင်းကျောက်ကောင်းရောင်းဝယ်ရာ...ဆေးရိုးသည်က ကန့်လန့်”
၆. “စားရမှာလဲ...သဲနဲ့တရှပ်ရှပ်..ပစ်ရမှာလဲ...အဆီနဲ့တ၀င်းဝင်း”
၇. “စိုင်ကော်လို့...ချုံပေါ်ရောက်”
၈. “စကားနည်း...ရန်စဲ..”
၉. “စီးတဲ့ရေ ဆယ်တဲ့ကန်သင်း...”
၁၀. “စစ်မရောက်ခင်..မြှားကုန်”
၁၁. “စလယ်ဝင်... -င်မမည်းခင်.ကွဲ”
၁၂. “စာအုပ်စာပေ..လူ့မိတ်ဆွေ”
၁၃. “စားပြီးအိပ်နေ...ဘိက္ခဝေ”
၁၄. “စားရကံကြုံတော့...မုတ်ဆိတ်ပျားစွဲ”
၁၅. “စကောလောက်မှ..စောက်မနက်”
၁၆. “စားတော့ပြုံးပြုံး..ယိုတော့ကုန်းကုန်း”
၁၇. “စိုပြီးသောလက်...မခြောက်စေနှင့်”
၁၈. “စိန်နားကပ်ရောင်ကြောင့်..ပါးပြောင်”
၁၉. “စစ်ရောက်မှ...မြှားချွန်”

၁. “ဆရာမပြ..နည်းမကျ”
၂. “ဆရာထက်..တပည့်လက်စောင်းထက်”
၃. “ဆင်သွားရင်.လမ်းဖြစ်တယ်”
၎. “ဆေးမင်ရည်စုတ်ထိုး...အိမ်ထောင်မှုဘုရားတည်”
၅. “ဆရာများ..သားသေ”
၆. “ဆင်ကျီစားရာ...ဆိတ်မခံသာ”
၇. “ဆင့်ပါးစပ်...နှမ်းပက်”
၈. “ဆင်ဖိုးထက်...ချွန်းဖိုးကကြီး”
၉. “ဆီကိုရေချိုး......ဆေးရိုးမီးလှုံ”
၁၀. “ဆန်စင်ရာ..ကျည်ပွေ့မလိုက်နိုင်”
၁၁. “ဆရာ့ထက်..သားတစ်လကြီး”
၁၂. “ဆင်ပြောင်ကြီး..အမြီးကျမှတစ်”
၁၃. “ဆင်သေကို..ဆိတ်သားရေနဲ့..မဖုံးနဲ့”
၁၄. “ဆုပ်လည်းစူး...စားလည်းရူး”
၁၅. “ဆပ်ပြာကောင်းလို့...ခေါင်းပေါင်းဖြူ”
၁၆. “ဆန္မရွိ...ေ-ာက္စားႀကီး”
၁၇. “ဆင်စွယ်မှန်..ပိုးမစား”
၁၈. “ဆန်တစ်အိတ်နဲ့...ဆိတ်တစ်ကောင်”
၁၉. “ဆပ်ပြာသည်..လင်ပျောက်”
၂၀. “ဆင်ဖြူတော်မှီပြီး...ကြံစုပ်”

၁. “ညားတိုင်းမချစ် ချစ်တိုင်းမညား”
၂. “ညောင်မြစ်တူး..ပုတ်သင်ဥပေါ်”
၃. “ညောင်စေ့လောက်လှူသော်လည်း..ညောင်ပင်ကြီးလောက်ကုသိုလ်ရ”
၎. “ညောင်ဦးကမ်းပါးပြို....စမ္မာနဂိုက..နွားမပေါင်ကျိုး”

၁. “တောင်ကြီးဖ၀ါးအောက် လှိုင်းကြီးလှေအောက်”
၂. “တစ်ရွာမပြောင်း သူကောင်းမဖြစ်”
၃. “တလုတ်စားဖူး သူ့ကျေးဇူး”
၎. “တီးတိုးတီးတိုး သဖန်းပိုး”
၅. “တစ်ရွာ..တစ်ကျီဆောက်”
၆. “တပည့်မကောင်း ဆရာ့ခေါင်း”
၇. “တစ်နေ့တစ်လံ...ပုဂံဘယ်ရွေ့မလဲ”
၈. “တံငါနားနီး.တံငါ...မုဆိုးနားနီး.မုဆိုး”
၉. “တစ်လှေတည်းစီး..တစ်ခရီးတည်းသွား”
၁၀. “တုံးတိုက်တိုက်...ကျားကိုက်ကိုက်”
၁၁. “တရားမပျက်...ကျောင်းမခက်”
၁၂. “တစ်ယောက်စကား...တစ်ယောက်နား”
၁၃. “တစ်ခါသေဖူး...ပျဉ်ဖိုးနားလည်”
၁၄. “တောမီးလောင်....တောကြောင်လက်ခမောင်းခတ်”
၁၅. “တစ်ယောက်ဆိုတစ်ယောက်...ပိတောက်ဆို..ပိတောက်”
၁၆. “တစ်ပင်လဲမူ..တစ်ပင်ထူ”
၁၇. “တစ်နွယ်ငင်...တစ်စင်ပါ”
၁၈. “တစ်မိပေါက်...တစ်ယောက်ထွန်း”
၁၉. “တောပြော..တောင်ပြော”
၂၀. “တပည့်လိမ္မာ...ဆရာအာပတ်လွတ်”
၂၁. “တစ်လ.ကိုးသီတင်း”
၂၂. “တိတ်တိတ်နေ..ထောင်တန်”
၂၃. “တပည့်မကောင်း..ဆရာ့ခေါင်း”
၂၄. “တစ်ခြုံကွယ်..တစ်မယ်မေ့”
၂၅. “တော်သလင်းနေ ပုစွန်သေ”
၂၆. “တောင်းတစ်လုံးနဲ့..အလုပ်မဖြစ်”
၂၇. “တောင်လဲရာ...မြက်ပြတ်”
၂၈. “တစ်တက်စားလည်း ကြက်သွန်....နှစ်တက်စားလည်း ကြက်သွန်”
၂၉. “တတ်သည့်ပညာ...မနေသာ”
၃၀. “တောင်မှလာတဲ့မိုး....ဒေါင်ဒေါင်မြည်တဲ့အိုး”
၂၁. “တွေ့ရာသချို`င်္င်း....ဓားမဆိုင်း”
၂၂. “တောင်းဆိုး....ပလုံးဆိုးသာ....ပစ်ရိုးထုံးစံရှိ”

၁. “ထိုင်နေအကောင်းသား ထသွားမှကျိုးမှန်းသိ”
၂. “ထောင်မြင်ရင် ရာစွန့်”
၃. “ထမင်းရည်ပူ..လျှာလွှဲ”
၎. “ထမင်းကြမ်းက..အငွေ့ထွက်ချင်”
၅. “ထန်းသီးကြွေခိုက်...ကျီးနင်းခိုက်”
၆. “ထီးဖြူ..ဖိနပ်ပါး”
၇. “ထောင်အပြင်..တန်းမရှိ”
၈. “ထိပ်ပေါက်မှ..ထိမှန်းသိ”
၉. “ထိုးမယ့်ဆင်...နောက်တစ်လှမ်းဆုတ်”
၁၀. “ထောင်တန်တဲ့စကား...ရယ်ပေါ့”
၁၁. “ထင်ပေါ်ရင်..စင်တော်ကကောက်”
၁၂. “ထင်းခွေမကြုံ..ရေခပ်ကြုံမယ်”
၁၃. “ထန်းရေမူး...ကျွဲခိုးပေါ်”
၁၄. “ထားရာနေ...စေရာသွား”
၁၅. “ထုံးလိုမွှေ..ရေလိုနှောက်”
၁၆. “ထုလေ.မာလေ..ငါးဖယ်တေ”
၁၇. “ထောင်နေတဲ့ ဒူး လဲတာထက်ဆိုး”
၁၈. “ထမင်းရည်ချောင်းစီး....မောင်းတီးလှူ”
၁၉. “ထွက်ပြီးသားဆင်စွယ်...ပြန်ဝင်ရိုးထုံးစံမရှိ”

၁. “နွားပျိုသန်လှ နွားအိုပေါင်ကျိုး”
၂. “နွားရှေ့ထွန်ကျူး”
၃. “နတ်ကရာ...ကျီးမော့”
၎. “နေရိပ်လို..နေပူကစောင့်”
၅. “နီးရာပေါင်..ပြေးကပ်”
၆. “နှုတ်တစ်ရာ စာတစ်လုံး”
၇. “နွားကွဲရင်....ကျားဆွဲ”
၈. “နဂိုရှိမှ...နဂိုင်းထွက်”
၉. “နောင်ခါလာ..နောင်ခါဈေး”
၁၀. “နတ်တို့ဖန်....ရေကန်အသင့်..ကြာအသင့်”
၁၁. “နီးရာဓား...ကြောက်ရတယ်”
၁၂. “နေသာသပ...လေညာက”
၁၃. “နွားသိုး.ကြိုးပြတ်...”
၁၄. “နဂါးမှန်းသိအောင်..အမောက်ထောင်”
၁၅. “နှမ်းတစ်စေ့နဲ့..ဆီမဖြစ်နိုင်”
၁၆. “နှုတ်ကြောင့်သေ၊ လက်ကြောင့်ကြေ”
၁၇. “နေတော့ချုံကြား...စိတ်နေဘုံဖျား”
၁၈. “နဂါးပြည်..နဂါး..ဂဠုန်ပြည်...ဂဠုန်”
၁၉. “နှုတ်ခမ်းပဲ့ချင်း...မီးမှုတ်”
၂၀. “နောက်လာတဲ့..မောင်ပုလဲ..ဒိုင်းဝန်ထက်ကဲ”
၂၁. “နောင်တဆိုတာ..နောင်မှရ”
၂၂. “နူရာဝဲစွဲ..လဲရာသူခိုးထောင်း”
၂၃. “နေပူတုန်း...စပါးလှန်း”
၂၄. “နဂါးတို့မျက်စောင်း..အကြောင်းသုံးပါးမရွေး”
၂၅. “နေတော့ပျဉ်ထောင်..စားတော့ချဉ်ပေါင်”
၂၆. “နှာရည်စိုရွှဲ...တပို့တွဲ”
၂၇. “နီးတကျက်ကျက်..ဝေးတသက်သက်”
၂၈. “နှမလင်နေ...မောင်ဖင်ကျိန်း”
၂၉. “နဖူးစာ...ရွာလည်”
၃၀. “နှာခေါင်း...ကျည်ပွေ့တွေ့”
၃၁. “နေသေးသပ...ချုံထဲက....ချိုသွေးလို့ တမြမြ”
၃၂. “နွားအို...မြက်နုကြိုက်”

၁. “ပညာရှိသတိဖြစ်ခဲ”
၂. “ပြောမှသိ ထိမှနာ သာမှနေ သေမှခင်”
၃. “ပ၀ါပါးကို ကြက်သားထုပ်တော့ စွန်းရတတ်တယ်၊ တစ်ရွာသားကို ရည်းစားလုပ်တော့.လွမ်းရတတ်တယ်”
၎. “ပညာရှာ ပမာသူဖုန်းစား”
၅. “ပညာရွှေအိုး လူမခိုး”
၆. “ပွဲပြီး မီးသေ”
၇. “ပိုနေမြဲ..ကျားနေမြဲ”
၈. “ပျော်ပျော်နေ သေခဲ”
၉. “ပေါက်ပင်..ဘာကြောင့်ကိုင်းရတယ်...”
၁၀. “ပြောတော့မိုး..ထိုးတော့မြေကြီး..”
၁၁. “ပျံလေတဲ့ငှက်ခါး...နားကာမှသိရမယ်”
၁၂. “ပျက်အစဉ်...ပြင်ခဏ”
၁၃. “ပွဲလန့်တုန်း.ဖျာခင်း”
၁၄. “ပြောတော့မူး..လူးတော့အိုင်”
၁၅. “ပျောက်သောသူရှာရင်တွေ့...သေသောသူကြာရင်မေ့”
၁၆. “ပျာသလောက်...ဖွဲမထွက်”
၁၇. “ပြဿနာ..မီးခွက်ထွန်းရှာ”
၁၈. “ပန်းသတင်း.လေညှင်းဆောင်..လူသတင်း.လူချင်းဆောင်”
၁၉. “ပညာရှိအမျက်..အပြင်မထွက်”
၂၀. “ပုလင်းတူ...ဘူးဆို့”
၂၁. “ပညာလို...အိုသည်မရှိ”
၂၂. “ပလိုင်းပေါက်နဲ့..ဖားကောက်”
၂၃. “ပိုးသာကုန်..မောင်ပုံစောင်းမတတ်”
၂၄. “ပုဆိုးခြုံထဲက..လက်သီးပြ”
၂၅. “ပါးစပ်က..ဘုရား.ဘုရား..လက်က..ကားယား.ကားယား”
၂၆. “ပျားအုံကို..တုတ်နဲ့ထိုး”
၂၇. “ပုပ်လို့ပေါ်..ဟုတ်လို့ကျော်”
၂၈. “ပညာရဲရင့်...ပွဲလယ်တင့်”
၂၉. “ပြဒါးတစ်လမ်း...သံတစ်လမ်း”
၃၀. “ပန်းပဲသူကြီး...မီးပူမကင်းနိုင်”
၃၁. “ပေးတိုင်းလည်း..မယူနဲ့....ကျွေးတိုင်းလည်း...မစားနဲ့..
၃၂. “ပျိုတိုင်းကြိုက်တဲ့...နှင်းဆီခိုင်”
၃၃. “ပဒိုင်းသီးလို....ဆုပ်လဲစူး...စားလဲရူး”
၃၄. “ပြည်ပန်းညိုချိုပါလျက်....ဆားခတ်မှ အရသာပျက်”
၃၅. “ပါးပုပ်၍..လက်ဝှက်သည်”
၃၆. “ပြဿနာမရှိ...ပြဿနာရှာ”
၃၇. “ပန်းထိမ်တတ်မတတ်..ဂဟေစပ်သက်သေ”
၃၈. “ပျားရည်နဲ့ဝမ်းချ”
၃၉. “ပြုသူအသစ်...ဖြစ်သူအဟောင်း”
၄၀. “ပွဲမ၀င်ခင်..အပြင်ကကျင်းပ”
၄၁. “ပို့မယ့်ပို့...ကူးတို့ရောက်အောင်ပို့..”
၄၂. “ပလီစိ...ချောက်ချက်”
၄၃. “ပါးစပ်ပါ..ရွာရောက်”
၄၄. “ပြောမယုံ...ကြုံဖူးမှ.သိ”
၄၅. “ပလူမွှေး..ပလူတောင်”
၄၆. “ပေါက်တဲ့ နဖူး မထူး”
၄၇. “ပိုးဖလံမျိုး...မီးကိုတိုး”
၄၈. “ပြောပြောပြီးပြီး..တီးတီးမြည်မြည်”
၄၉. “ပြန်မပြော....နားမထောင်”
၅၀. “ပုထုဇနော..ဥမ္မတကော”

၁. “ဖောင်စီးရင်း ရေငတ်”
၂. “ဖားတုလို့..ခရုခုန်..အိုင်ပျက်ရုံရှိမပေါ့”
၃. “ဖြစ်သမျှအကြောင်း..အကောင်း”
၎. “ဖွတ်မရ...ဓားမဆုံး”
၅. “ဖတ်ပေါ်ဆူးကျလဲ..ဖတ်ပေါက်...ဆူးပေါ်..ဖတ်ကျလဲ..ဖတ်ပေါက်”
၆. “ဖားအော်တာ..လူသိသော်လဲ..မြွေကိုက်တာ..လူမသိ”
၇. “ဖိုးသူတော်မျက်စိလည်လေ...ဆန်ရလေ”
၈. “-င်မနိုင်ဘဲ..ပဲကြီးဟင်းစား”
၉. “ဖွတ်ကျော..ပြာစု”
၁၀. “ဖိတ်ချင်းဖိတ်..ကိုယ့်အိတ်ထဲဖိတ်”
၁၁. “ဖိုးသူတော်လဲ..တောင်ဝှေးမထူနိုင်”
၁၂. “ဖောင်လှေစီးစီး..လှေကြီးရခိုင်”
၁၃. “ဖာတစ်လုံး..ခေါင်းကျား”

၁. “ဘနဖူး သိုက်တူးမယ့်သူ”
၂. “ဘူးကောင်းမှ စင်ခံ”
၃. “ဘမျိုး...ဘိုးတူ”

၁“မပြည့်တဲ့အိုး ဘောင်ဘင်ခတ်”
၂. “မိုးထိအောင် လှေကားထောင်”
၃. “မိန်းမတို့အိနြေ္ဒ..ရွှေပေးလို့မရ”
၎. “မေးပါများ..စကားရ”
၅. “မအိပ်မနေ..အသက်ရှည်”
၆. “မြွေမသေ..တုတ်မကျိုး”
၇. “မျက်နှာသာပေး...ရွှေရေးပန်းကန်တက်”
၈. “မသိလျှင်မေး...မစင်လျှင်ဆေး”
၉. “မ..ဘက်လိုက်တော့...မိုက်ဘက်ပါ”
၁၀. “မောင်တစ်ထမ်း....မယ်တစ်ရွက်”
၁၁. “မြင်းကမလှုပ်...ခုံကလှုပ်”
၁၂. “မစားရတဲ့အမဲ..သဲနဲ့ပက်”
၁၃. “မယားနေစ...ကြောင်သေမှ”
၁၄. “မီးများမီးနိုင်...ရေများရေနိုင်”
၁၅. “မချစ်သော်လည်း...အောင့်ကာနမ်း”
၁၆. “မြေနိမ့်ရာ...လှံစိုက်”
၁၇. “မိုးရွာတုန်း...ရေခံ”
၁၈. “မျက်နှာကြီးရာ..ဟင်းဖတ်ပါ”
၁၉. “မသိသူကျော်စား...သိသူဖော်စား”
၂၀. “မြွေမြွေချင်း..ခြေမြင်”
၂၁. “မူးကို.မြစ်ထင်”
၂၂. “မျက်ကန်း..တစ္ဆေမကြောက်”
၂၃. “မယားဆို..ပျိုမှ..သမားဆို..အိုမှ”
၂၄. “မမှားသောရှေ့နေ...မသေသောဆေးသမား..မရှိ”
၂၅. “မျက်ဖြူစိုက်လေ...ဆရာကြိုက်လေ..”
၂၆. “မလို...ကူးတို့ခတောင်း”
၂၇. “မင်းနားတစ်ထောင်..မင်းမြှောက်တစ်သိန်း”
၂၈. “မျောက်ပြ..ဆန်တောင်း”
၂၉. “မကတတ်သော်....ဖျာကိုအပြစ်တင်”
၃၀. “မြွေပါလည်းဆုံး...သားလည်းဆုံး”
၃၁. “မည်းမည်းမြင်ရာ...ငါ့ယောက္ခမထန်းတောမလုပ်ချင်နဲ့”
၃၂. “မီးစတစ်မှုတ်...ရေတစ်မှုတ်”
၃၃. “မီးဝေး...ချိတ်မာ”
၃၄. “မြွေမကြောက်....ကင်းမကြောက်”
၃၅. “မောင်မောင်ဆိုလေ....ထီးရိုးရှည်”

၁. “ယုန်တောင်ပြေး..ခွေးမြောက်လိုက်”
၂. “ယုန်ကမတိုး..ပိုက်ကတိုး”
၃. “ယင်ကောင်မြင်တိုင်း..လေယာဉ်မထင်နဲ့”

၁. “ရည်းစားလူလု..အူနုကျွဲခတ်”
၂. “ရလေလိုလေ..အိုတစ္ဆေ”
၃. “ရိုးရိုးကျင့် မြင့်မြင့်ကြံ”
၎. “ရတာမလို..လိုတာမရ”
၅. “ရည်းစားတစ်ထောင်..လင်ကောင်းတစ်ယောက်”
၆. “ရာသီမသိ...ပန်းနဲ့ညှိ”
၇. “ရရစားစား..၀ါးဝါးမြိုမြို”
၈. “ရှိတန်ဆာ...မရှိဝမ်းစာ”
၉. "ရှိလျှင်တန်ဆာ၊ မရှိလျှင်ဝမ်းစာ"
၁၀. “ရွှေအကြောင်း..ဖယောင်းသက်သေ”
၁၁. “ရှဥ့်လည်းလျှောက်သာ..ပျားလည်းစွဲသာ”
၁၂. “ရွာနားကမြက်...ရွာနွားမစား”
၁၃. “ရာဇ၀တ်အိုး...တုတ်နဲ့ထိုး”
၁၄. “ရှမ်းကြိုက်ရင်..နွားချော”
၁၅. “ရတနာရှိရာ..ရတနာလာ”
၁၆. “ရေသာများ၍.ငါးမတွေ့”
၁၇. “ရှေ့နေငှားမှ...ထောင်လုံးလုံးကျ”
၁၈. “ရှေးထုံးလည်းမပယ်နဲ့...ဈေးသုံးလည်းမကြွယ်နဲ့”
၁၉. “ရေကြည်ရာ..မြက်နုရာ”
၂၀. “ရှာဖွေလေ..တွေ့ရှိလေ”
၂၁. “ရန်သူပြန်မှ..ဒူးလေးပြင်”
၂၂. “ရှားပင်အိုလေ...အနှစ်ပြည့်လေ”
၂၃. “ရယ်သောသူ...အသက်ရှည်၏”
၂၄. “ရာဇ၀တ်ဘေး..ပြေးမလွတ်”
၂၅. “ရေများရေနိုင်..မီးများမီးနိုင်”
၂၆. “ရန်ကိုရန်ချင်း..မတုံ့နှင်းနှင့်”
၂၇. “ရှင်နည်းရာ..အဂ္ဂလူထွက်”
၂၈. “ရှောင်လေဝေးဝေး..မူးယစ်ဆေး”
၂၉. “ရေစီးတစ်ခါ....ရေသာတစ်လှည့်”
၃၀. “ရှင်ဘုရင်တစ်ခါထွက်...ပဲကြီးတစ်လှေချက်”
၃၁. “ရေမနောက်.....ကြာမရှောက်”
၃၂. “ရွှေပင်နားတော့....ရွှေကျေး”

၁. “လူလိမ္မာသား ယဉ်ပါး”
၂. “လသာတုန်း ဗိုင်းငင်”
၃. “လည်လွန်းတဲ့ဘီး ချီးသင့်”
၎. “လူမိုက်သား ရမ်းကား”
၎. “လင်ကိုဘုရား..သားကိုသခင်”
၅. “လယ်ထွန်သွား..နွားမေ့”
၆. “လူပျို့လက်..၀က်မြီး”
၇. “လိုတာမရ...ရတာမလို”
၈. “လွယ်မယောင်နဲ့ခက်....တိမ်မယောက်နဲ့နက်”
၉. “လမ်းမသိ....ခွေးနောက်လိုက်”
၁၀. “လူမလေး....ခွေးမခန့်”
၁၁. “လာဘ်ပေးလာဘ်ယူ...တို့ရန်သူ”
၁၂. “လူတူမရှား...နာမည်တူမရှား”
၁၃. “လူ့အလို..နတ်မလိုက်နိုင်”
၁၄. “လူအကြောင်း..ပေါင်းမှသိ”
၁၅. “လူနေချုံကြား...စိတ်နေဘုံဖျား”
၁၆. “လှတာမက်ရင်...ညစာခက်တယ်”
၁၇. “လှေအဆင်း...ကုန်းအတက်”
၁၈. “လူ့စည်း..ဘီလူးစည်း”
၁၉. “လူတစ်ကိုယ်..အကြိုက်တစ်မျိုး”
၂၀. “လူအမျိုးမျိုး..စိတ်အထွေထွေ”
၂၁. “လူပြောမသန်...လူသန်မပြော”
၂၂. “လာမယ့်ဘေး...ပြေးတွေ့”
၂၃. “လင်နဲ့မယား...လျှာနဲ့သွား”
၂၄. “လွတ်တဲ့ငါး..ကြီး”
၂၅. “လင်းနို့ခွန်တောင်း.ကြွက်...ကြွက်ခွန်တောင်း.လင်းနို့”
၂၆. “လူမှာအမျိုး...ကြက်မှာအရိုး”
၂၇. “လိုက်လေ...ဝေးလေ”
၂၈. “လုံ့လလည်းထူ...မိုးလည်းကူ..နွားချေးလည်းချ..ကံလည်းမ”
၂၉. “လူပျင်းလုံ့လ..တစ်ခဏ”
၃၀. “လာချင်ရင်..အနီးလေး..မလာချင်ရင်..ခရီးဝေး”
၃၁. “လင်စံရွေး...လင်ခွေးနဲ့ရ”
၃၂. “လျင်သူ...စားစတမ်း”
၃၃. “လှေနံ..နှစ်ဖက်နင်း”
၃၄. “လက်ပံပွင့်ချိန်....ခွေးရူးထချိန်”

၁. “၀.မရှိဘဲ...၀ိ...မလုပ်နဲ့”
၂. “၀ါးလုံးခေါင်းထဲ..လသာ”
၃. “၀ါဝါမြင်တိုင်း...ရွှေအစစ်လို့မထင်နဲ့”
၎. “၀ါဆိုဝါခေါင်..ရေဖောင်ဖောင်”

၁. “သတိပညာ ဥာဏ်မြေကတုတ် ချွန်းကဲ့သို့အုပ်”
၂. “သူများအကျိုးဆောင် ကိုယ်ကျိုးအောင်”
၃. “သူခိုးပြေးမှ ထိုးကွင်းထ”
၎. “သေချင်တဲ့ကျား တောပြောင်း”
၅. “သေသောသူ ကြာရင်မေ့...ပျောက်သောသူ..ရှာရင်တွေ့”
၆. “သတိမမူ ဂူမမြင်”
၇. “သခွပ်ပင်က..မီးတကျည်ကျည်”
၈. “သူများယောင်လို့.လိုက်ယောင်...အမောင် တောင်မှန်းမြောက်မှန်းမသိ”
၉. “သစ်တစ်ပင်ကောင်း...ငှက်တစ်သောင်းနားနိုင်”
၁၀. “သူ့အိုးနဲ့သူ့ဆန်..တန်ရုံကောင်း”
၁၁. “သားသမီးမကောင်း မိဘခေါင်း”
၁၂. “သက်ကြီးစကား သက်ငယ်ကြား”
၁၃. “သူများမကောင်းကြံ..ကိုယ်သာခံ”
၁၄. “သေမြေကြီး....ရှင်ရွှေထီး”
၁၅. “သံသေ.တစ်ဆွေဝ....ပြဒါးသေ.တစ်ပြည်ဝ”
၁၆. “သားကိုသခင်..လင်ကိုဘုရား”
၁၇. “သားရေပေါ်အိပ်...သားရေနားစား”
၁၈. “သီးချိန်တန်သီး..ပွင့်ချိန်တန်ပွင့်”
၁၉. “သိသာသိစေ...မမြင်စေနဲ့”
၂၀. “သဲထဲရေသွန်”
၂၁. “သမီးမွေးမှ...ဓားတသွေးသွေး”
၂၂. “သူများတံတွေးခွက်....ပက်လက်မျော”
၂၃. “သူခိုးကျင့်...သူခိုးကြံ”
၂၄. “သားကောင်လည်း.မုဆိုး.....မုဆိုးလည်း.သားကောင်”
၂၅. “သံကိုကြွက်စား...သားကိုစွန်ချီ”
၂၆. “သခင်အားရ...ကျွန်ပါးဝ”
၂၇. “သူတော်ကောင်း..နတ်ကောင်းမ”
၂၈. “သူခိုးက..လူဟစ်”
၂၉. “သူခိုးရွှေရ...တပြပြ”
၃၀. “သမီးတစ်ကောင်...နွားတစ်ထောင်”
၃၁. “သမင်မွေးရင်း...ကျားစားရင်း”
၃၂. “သူကြီးဘုရား..ရွာသားကောင်းမှု”
၃၃. “သားသမီးယုံ...စုံလုံးကန်း”
၃၄. “သင်ကောင်းလျှင်...ကျွန်ုပ်မဆိုးပါ...”
၃၅. “သစ်မရှိခင်စပ်ကြား...၀ါးဖောင်ကွပ်”
၃၆. “သမင်ဆယ်လှမ်း..ကျားတစ်လှမ်း”
၃၇. “သစ်မရခင် ၀ါးကူ”
၃၈. “သောင်မတင်..ရေမကျ”
၃၉. “သူ့ဆန်စား ရဲရ”
၄၀. “သစ်ပင်မှန်ရင် အမြစ်နဲ့.....လူမှန်ရင် အချစ်နဲ့”
၄၁. “သင်ကောင်းလျှင်...ကျွန်ုပ်မဆိုးပါ”
၄၂. “သိကြားမင်း ကျွဲယောင်ဆောင်...ချိုကား”

၁. “ဟောက်တိုင်းလည်း..မကြောက်နဲ့”
၂. “ဟောင်လွန်းတဲ့ခွေး..လူမလေး”

၁. “ဠင်းတလောက်တော့...ငှက်တိုင်းလှ”

၁. “အိုးကမပူ စလောင်းကပူ”
၂. “အစကောင်းမှ အနှောင်းသေချာ”
၃. “အိုးချင်းထားတော့ အိုးချင်းထိ”
၎.“အချစ်ကြီးရင် အမျက်ကြီးတယ်”
၅. “အချိန်နှင့်ဒီရေသည်..လူကိုမစောင့်”
၆. “အမှိုက်ကစ..ပြသဒ်မီးလောင်”
၇. “အချိန်ရှိခိုက်...လုံ့လစိုက်”
၈. “အနာပေါ်တုတ်ကျ”
၉. “အပေါ်ယံရွှေမှုန်ကြဲ....အထဲကနောက်ချေးခံ”
၁၀. “အကြံကုန်...ဂဠုန်ဆားချက်”
၁၁. “အိုးမလုံ...အုံပွင့်”
၁၂. “အမေပြောတော့..တစ်လ....မယားပြောတော့ တစ်ည”
၁၃. “အကျိုးဆော့.....အကန်းမော့”
၁၄. အချစ်ကြီးရင် အမျက်ကြီးတယ်"
=====================
Credit to Myanmaalinn