Thursday, February 26, 2015

ဟိုတယ်မှာ ပြောတဲ့ စကားပြော

ဟိုတယ်မှာ ပြောတဲ့ စကားပြော ( At a Hotel )
==============================
ဒီစကားပြောခန်းကို လေ့လာထားရင် ကိုယ်တိုင် ဟိုတယ် တစ်ခုခုမှာ
English လို ပြောဆိုဆက်ဆံရတဲ့အခါ
အထောက်အကူ တစ်ခု ဖြစ်မှာပါဗျာ ။ smile emoticon
A: I wonder whether you have any vacancies for tonight .
ဒီည အခန်းအား ရှိလား သိချင်ပါတယ်ဗျာ ။
B: Yes, I can offer you Room 24 on the first floor.
ဟုတ်ကဲ့ ။ ပထမထပ် က အခန်း ၂၄ ကို ပေးနိုင်ပါတယ်ဗျာ ။
A: How much is it ?
ဘယ်လောက် ကျသလဲဗျ ။
B: $27.50 a night excluding service .
ဝန်ဆောင်မှု မပါဘဲ တစ်ညကို ၂၇.၅၀ ဒေါ်လာ ကျပါတယ် ဗျာ ။
A: Can I see it, please ?
ကျေးဇူးပြုပြီးတော့ တစ်ချက်လောက် ကြည့်လို့ ရမလားဗျ ။
B: Certainly, Would you take a seat for a moment?
ရပါတယ်ဗျာ ။ ခဏ လောက် ထိုင်ပါဦးလား ။
Notes
=====
I wonder = သိလိုပါတယ်
( မေးခွန်းပုံစံ စာကြောင်း တည်ဆောက်ပုံ သုံးစရာမလိုဘဲ
သွယ်ဝိုက်ပြီး မေးလိုက်ပြီးသား ဖြစ်သွားစေတဲ့ အသုံး အနှုန်းပါ )
Offer = ပေးသည် ၊ ဝန်ဆောင် ပေးသည် ။
excluding (something ) = တစ်စုံတစ်ခုကို ဖယ်ချန်၍ / တစ်စုံတစ်ခု မပါဘဲ
Certainly = သေချာတာပေါ့ ၊ သိပ် ရတာပေါ့ ဗျာ ။ ( Yes အစားထိုး သုံးနိုင်ပါတယ် ဗျာ )
take a seat = ထိုင်ပါဗျာ ( sit အစားထိုး သုံးလိုက်တာပါ )
for a moment = ခဏလောက် ( ခဏလောက် ကြာအောင် )
( for a minute လိုမျိုး အသုံးအနှုန်းပါပဲ ။ )
Ref : Longman
=======================
English ကနေ မြန်မာဘာသာ ကို ကူးပြောင်းတဲ့ အဓိပ္ပါယ် ဖွင့်ဆိုချက်တွေဟာ
ယခုလေ့လာနေတဲ့ Situation ( ဝန်းကျင် အနေအထား ) အတွက်ကို
အဓိက ရည်ရွယ်ပြန်ဆိုပေးထားတာ ဖြစ်ပါတယ် ။
ပြောချင်တာက အဓိပ္ပါယ် အသေကြီး လိုက်မမှတ်ထားဖို့ပါ ။
ဝန်းကျင် အနေအထား မတူတဲ့အခါ ၊
ရှေ့ နောက် စကားတွဲတွေ မတူတဲ့အခါ
အဓိပ္ပါယ် အပြောင်းအလဲတွေ ရှိနိုင်ပါတယ် ။ smile emoticon
" ပန်းတိုင်တွေ့၍ တွေ့သောပန်းတိုင် အရောက်လှမ်းနိုင်ကြပါစေဗျာ..." smile emoticon
လေးစားလျှက်
ကိုဇင်ဇေ
( Founder & Trainer @ Active English )
Phone မှ တဆင့်
English ဘာသာစကား ဆောင်းပါးများ သင်ခန်းစာများ ဖတ်ရှူရင်း
English ဘာသာစကားကို ထိတွေ့မှု မပြတ်စေဘဲ
အမြဲ လေ့လာလိုသူများ အတွက်
Android App ကို ဒီ link ကနေ download ရယူနိုင်ပါတယ် ။
သင်ခန်းစာ အသစ်များကို အင်တာနက် ဖွင့်လိုက်ချိန်မှာ
အလိုလျောက် Update လုပ်ပေးသွားပြီး
အင်တာနက် ပိတ်ပြီးရင်လည်း
အချိန်မရွေး ပြန်လည် ဖတ်ရှုနိုင်မှာ ဖြစ်ပါတယ် ။
(
http://www.mediafire.com/…/Active_English.learning.for.myan…
<<< Mediarfire ကနေ Download ချနိုင်တဲ့ Link ပါဗျာ
==============
Facebook ပေါ်မှာ သင်ခန်းစာ အချို့ လေ့လာလိုပါက
အောက်ပါ လင့်များကို နှိပ်ပါ ။
http://goo.gl/yl3EHo <<<
" Say, tell, talk , ask , reply , answer,speak "
အဲဒါတွေ ရောနေလား ?
==================
http://goo.gl/Xmf5XV <<<
နေ့စဉ် သုံးနေတဲ့ " Have " ဆိုတဲ့ စကားလုံး လေးကို
ပိုမိုကျယ်ပြန့် လွယ်ကူစွာ အသုံးချကြည့်ရအောင် ( ၂ )
================
http://goo.gl/14Emou <<<
နေ့စဉ် သုံးနေတဲ့ " Have " ဆိုတဲ့ စကားလုံး လေးကို
ပိုမိုကျယ်ပြန့် လွယ်ကူစွာ အသုံးချကြည့်ရအောင် ( ၁ )
================
http://goo.gl/Lu1554 <<<
မိန်းကလေး တစ်ယောက် လှပ ကြောင်းပြောဟန် ( ၁၀ ) မျိုး
======================
English ဘာသာစကား လေ့လာလိုသူ လေ့လာနေသူများအတွက်
အထောက်အကူပြုစေမယ့် Ebook တစ် အုပ် ကို
Active English ( Active Learning Society )သင်တန်းမှ စီစဉ် မျှဝေပေးလိုက်ပါတယ် ...
ဒီ လင့် ကနေ ရယူဖတ်ရှုနိုင်ပါတယ် ။ smile emoticon
http://www.mediafire.com/…/Active%20English-အင်္ဂလိပ်စာ%20လေ့…
<<< Mediafire မှ Download လုပ်ရန် )
English ဘာသာစကား အရံအတားကို ကျော်လွှားနိုင်ဖို့

ပျော်ရွှင်ခြင်းဆိုတဲ့ ပန်းတစ်ပွင့်

ပျော်ရွှင်ခြင်းဆိုတဲ့ ပန်းတစ်ပွင့်
-----------------------------------
(၁) ပန်းချီဆရာတစ်ဦးဖြစ်ဖို့ ငယ်ငယ်လေးတည်းက ကျွန်မစိတ်ကူးခဲ့တယ်။ ဒါကြောင့် အားလပ်ချိန်တိုင်း ကျွန်မ ပန်းချီပဲဆွဲနေခဲ့တယ်။ ပန်းချီဆွဲတာကို နှစ်သက်စွဲလမ်းတဲ့ကျွန်မကို ဖေဖေက ပန်းချီဆရာတစ်ဦးဆီ အပ်ပေးခဲ့တယ်။ ကျွန်မဆွဲတဲ့ပန်းချီကို ကြည့်ပြီး ပန်းချီဆရာက ကျွန်မကိုမေးတယ်။
"သမီး... ဘာဖြစ်လို့ ပန်းချီဆွဲသင်ရတာလဲ"
"ပန်းချီဆရာတစ်ဦးဖြစ်ချင်လို့ပါ"
"ပန်းချီဆွဲသင်တဲ့သူတိုင်း ပန်းချီဆရာ မဖြစ်ဘူးနော် သိလား၊ ပန်းချီဆွဲနေတဲ့အချိန် သမီးပျော်လား"
"ပျော်တယ်"
"ပျော်ရင် ပြီးတာပဲ"
ပန်းချီဆရာက လောကမှာပန်းနှစ်မျိုးရှိကြောင်း ကျွန်မကိုပြောပြတယ်။ ပထမပန်းတစ်မျိုးက အသီးသီးနိုင်တယ်။ နောက်ပန်းတစ်မျိုးက အသီးမသီးနိုင်ဘူး။ ဒါပေမယ့် အသီးမသီးနိုင်တဲ့ပန်းက ပိုလှတယ်။ ဥပမာ - နှင်းဆီပန်းလိုပေါ့။ နှင်းဆီပန်းဟာ လှပမွှေးကြိုင်တယ်။ သူဟာ (စားလို့ရတဲ့အသီး) အသီးမသီးနိုင်လို့ဆိုပြီး လှလှပပ ပွင့်လန်းနိုင်တဲ့အပျော်ကို လက်မလွှတ်ခဲ့ဘူး။
လူတွေကလည်း ပန်းနဲ့တူတယ်။
လူတစ်မျိုးက စီးပွားရေး အလုပ်အကိုင်တွေနဲ့ ကြီးပွားအောင်မြင်နိုင်တယ်။ နောက်လူတစ်မျိုးက ဘာကြီးကြီးမားမား အောင်မြင်မှုတွေမရှိဘူး။ သာမန်လူတစ်ယောက်ပဲဖြစ်တယ်။ သာမန်လူဆိုပေမယ့် ရင်ထဲမှာ ပျော်ရွှင်မှုရှိမယ်။ မျက်နှာပေါ်မှာ အရယ်အပြုံးတွေရှိမယ်ဆိုရင် သူဟာ နှင်းဆီပန်းလိုပဲ လှပမွှေးကြိုင်နိုင်တယ်။ လူတကာရဲ့ အားကျနှစ်သက်တာကို ခံနိုင်ပါတယ်။
ပန်းချီဆရာအိမ်ကနေ ကျွန်မ မထွက်ခွာခင် ပန်းချီဆရာက ကျွန်မပခုံးကို ပုတ်ပြီး "ပျော်ရွှင်တဲ့လူတစ်ယောက် ဖြစ်အောင်လုပ်ပါ။ ပျော်ရွှင်တဲ့လူကမှ ပျော်ရွှင်တဲ့ဘဝကိုရတယ်။ ပျော်ရွှင်တဲ့လူကမှ ဘဝရဲ့ပျော်ရွှင်တဲ့နေရောင်ခြည်ကို ရနိုင်တယ်... သမီး" လို့ ပြောခဲ့တယ်။
(၂)
တစ်ခုသော နွေရာသီမနက်ခင်းမှာ ဝရံတာပေါ်ရပ်နေတဲ့ ကောင်မလေးတစ်ယောက်ကို ကျွန်မတွေ့ခဲ့တယ်။ ကောင်မလေးဟာ လက်ထဲမှာ တုတ်တစ်ချောင်းကိုင်ထားပြီး တုတ်ထိပ်မှာ လှပတဲ့ဖဲကြိုးနီလေးတစ်ခု ချည်ထားတယ်။ ဖဲကြိုးက ဝရံတာအပြင်ဘက် လေထဲမှာ လွင့်ဝဲနေခဲ့တယ်။ ကောင်မလေးကို ဘာလုပ်နေသလဲလို့ ကျွန်မမေးတော့ လိပ်ပြာမျှားနေပါတယ်လို့ သူပြန်ဖြေတယ်။ ချိပ်မပါဘဲ လိပ်ပြာကို ဘယ်လိုမျှားမလဲလို့ ကျွန်မထပ်မေးတော့ သူက သူဟာ လိပ်ပြာရဲ့ခန္ဓာကို မျှားနေတာမဟုတ်ဘူး။ လိပ်ပြာကိုမျှားတဲ့ ပျော်ရွှင်ခြင်းကို မျှားနေတာပါလို့ ပြန်ဖြေတယ်။
ကောင်မလေးစကားကြောင့် သူငယ်ချင်းတစ်ယောက်ရဲ့အပြောကို ကျွန်မရုတ်တရက် သတိရလိုက်မိတယ်။ အဲဒီသူငယ်ချင်းက ငါးမျှားရတာကို နှစ်သက်သူဖြစ်တယ်။ ငါးမျှားဖို့ မနက်အစောကြီး သူထွက်သွားတတ်ပြီး ညနေမှ အိမ်ပြန်တတ်တယ်။ တစ်ခါက ပုခြုပ်ထဲမှာငါးတစ်ကောင်မှမပါဘဲ လေတချွန်ချွန်နဲ့ ငါးမျှားရာကနေ သူပြန်လာခဲ့တယ်။ ဒါကို တခြားသူငယ်ချင်းတစ်ယောက်က "ခင်ဗျား တစ်နေ့ကုန်ငါးထိုင်မျှားတာ ငါးတစ်ကောင်မှမရခဲ့တာတောင် ခင်ဗျားပျော်နိုင်တာပဲနော်" လို့ မေးခဲ့တယ်။
"ငါးမျှားချိပ်ကို ငါးမဟပ်တာ ငါးနဲ့ပဲဆိုင်တယ်။ ကျွန်တော်ကတော့ ပျော်ရွှင်ခြင်းတွေကို တစ်နေကုန်ထိုင်မျှားခဲ့တယ်"လို့ သူပြန်ဖြေပါတယ်။ တကယ့်မျှားသူတွေအတွက် အကောင်းဆုံးငါးဟာ ပျော်ရွှင်ခြင်းတွေပဲဖြစ်တယ်။
"ကောင်းကင်မှာ ငှက်တွေရဲ့ခြေရာ ထင်ကျန်မနေခဲ့ဘူး။ ဒါပေမယ့် ငှက်တွေ ပျံသန်းကြတယ်" ဒီကဗျာကို ဖတ်ခဲ့ရတုန်းက ကဗျာဟာ အရမ်းလှတယ်လို့ ကျွန်မခံစားခဲ့ရတယ်။ ဒါပေမယ့် ဘယ်နေရာမှာ လှနေမှန်း ကျွန်မ မပြောတတ်ခဲ့ဘူး။ အခုချိန်ကျမှ အဲဒီသူငယ်ချင်းရဲ့ကိုယ်ပေါ်ကနေ ဒီကဗျာရဲ့အဓိပ္ပာယ်ကို ကျွန်မနားလည်လိုက်တယ်။
"ပျံသန်းရတဲ့ ရည်ရွယ်ချက်က ခြေရာထင်ကျန်ဖို့ မဟုတ်ဘူး။ ပျံသန်းချိန်မှာ လွတ်လပ်တဲ့အရသာနဲ့ ပျော်ရွှင်ခြင်းကို ခံစားဖို့ဖြစ်တယ်"
အဲဒီလိုပဲ ဘဝဟာလည်း ကျွန်မတို့ပျော်ရွှင်ခဲ့တဲ့ခြေရာကို ချန်ထားမှာ မဟုတ်ဘူး။ ဒါပေမယ့် ကျွန်မတို့ပျော်ရွှင်ခဲ့ဖို့ လိုတယ်။ ဘဝအတွက် အကောင်းဆုံးငါးဆိုတာ ပျော်ရွှင်ခြင်းပဲဖြစ်တယ်။ ပျော်ရွှင်ခြင်းတွေကို ကျွန်မတို့ မျှားတတ်ရပါမယ်။
the express times

ခေါင်းစဉ်မပေးပါ (No Title)

ခေါင်းစဉ်မပေးပါ (No Title)

ဖိနပ်တိုက်ခဲ့တဲ့သူက သမ္မတဖြစ်တော့ ကတိအတိုင်းပြုလုပ်ခဲ့သည့်နောက် ဦးဆောင်မှုအောက်တွင် “မြက်ကိုစားခဲ့တဲ့ ဒိုင်နိုဆော ဘ၀ကနေ အမေရိကတိုက်ရဲ့ ခြင်္သေ့” အဖြစ် တကမ္ဘာလုံးရဲ့၁၀ နိုင်ငံမြောက် စီးပွားရေးနိုင်ငံကြီးဖြစ်စေခဲ့တယ်…
၁၉၄၅ ခုနှစ် အောက်တိုဘာ ၂၇ ရက်နေ့မှာ ဆင်းရဲသား
လယ်သမား မိသားစုဟာ ကောင်လေး တစ်ယောက်ကို
မွေးဖွားခဲ့ပါတယ်…
ဆင်းရဲလွန်းတာကြောင့် ကောင်လေးဟာ ၄ နှစ်သား
အရွယ်ကတည်းက လမ်းပေါ်မှာ
မြေပဲဆံလိုက်ရောင်းခဲ့ရတယ်…
ဒါတောင် အစားနပ်မှန်မှန် သူမစားခဲ့ရသလို အ၀တ်အထည်
လုံလုံလောက်လောက်လည်း မ၀တ်ဆင်ခဲ့ရပါဘူး…
ကျောင်းစတက်စအရွယ်မှာ ကောင်လေးဟာ ကျောင်းအားလပ်ချိန်တိုင်းအဖော်သူငယ်ချင်းနှစ်ယောက်နဲ့
ဖိနပ်လိုက်တိုက်ခဲ့ပါတယ်…
အကယ်၍ ဖိနပ်တိုက်တဲ့သူ မရှိရင်
သူတို့အငတ်ခံနေကြရပါတယ်…
ကောင်လေး ၁၂ နှစ်အရွယ်ရောက်စဉ်တစ်ညမှာ
ပင်းမင်းဆိုင်က သူဌေးတစ်ဦး ဖိနပ်လာတိုက် ပါတယ်…
ကောင်လေး နဲ့ အဖော်တွေဟာ သူ့ထက်ငါ
ဖိနပ်တိုက်ရဖို့ သူဌေးဆီ ၀ိုင်းအုံသွားခဲ့ကြတယ်…
ကောင်လေး ၃ယောက်ရဲ့ တောင့်တနေတဲ့
မျက်ဝန်းအစုံကိုကြည့်ပြီး သူဌေးဆုံးဖြတ်ရခက်နေပါတယ်…
နောက်ဆုံးတော့သူဌေးကအကြွေစေ့၂ စေ့ကိုထုတ်ပြီး
“ဖိနပ်တိုက်ခ၂ကျပ်ပေးမယ်…ဘယ်သူဖိနပ်တိုက်ပေးမလဲ”
ဆိုပြီးမေးပါတယ်…
ဖိနပ် တစ်ခါတိုက်မှ ပြား ၂၀ ပဲရတာ အခု ၁၀ ဆလောက်
ပိုရမယ်ဆိုတော့ ကောင်လေး ၃ ယောက်ရဲ့ မျက်ဝန်းတွေဟာ
အရောင်တွေလင်းလက် သွားတော့တာပေါ့…
တစ်ယောက်က
“ကျနော်တိုက်ပါရစေ.. မနက်ကတည်းက
အစာမစားရသေးပါဘူး…
စားဖို့ ပိုက်ဆံမှ မရရင် ကျနော် ဆာပြီးသေသွားနိုင်တယ်…”
ဆိုပြီး ပြောလေရာ…
နောက်တစ်ယောက်ကလည်း
“ကျနော်တို့အိမ်မှာအစာပြတ်နေတာ၃ရက်ရှိသွားပါပြီ…
အမေကလည်းနေမကောင်းဘူး…
အိမ်အတွက်ကျနော်စားစရာဝယ်ပြန်ပေးရမှာ…
ဒီလိုမှ မဟုတ်ရင် ညအိမ်ပြန်ရောက်ရင်
ကျနော်အရိုက်ခံရတော့မယ်” ဆိုပြီးပြောရှာပါတယ်…
ဒီအချိန်မှာ နောက်ဆုံး ကျန်နေတဲ့ ကောင်လေးက
သူဌေးလက်ထဲက ပိုက်ဆံကိုကြည့်ပြီး ခဏစဉ်းစားတယ်
.ပြီးတော့...
“တကယ်လို့ ဒီပိုက်ဆံ ၂ ကျပ် ကျနော်ရခဲ့မယ်ဆိုရင်
သူတို့နှစ်ယောက်ကို တစ်ယောက် တစ်ကျပ်
ပေးလိုက်ပါ့မယ်”
လို့ပြောတော့ သူဌေး နဲ့ ကျန်အဖော် နှစ်ယောက်
အံ့အားသင့်သွားကြပါတယ်..
“သူတို့က ကျနော့်ရဲ့အကောင်းဆုံးသူငယ်ချင်းတွေပါ…
သူတို့တကယ်ဆာနေကြတာပါ..ကျနော်ကတော့
နေ့လည်တုန်းက မြေပဲဆံလေး နည်းနည်းစားထားရတော့ ဖိနပ်တိုက်ဖို့အားရှိနေပါသေးတယ်…
သူဌေးဖိနပ်ကိုကျနော်တိုက်ပါရစေ…
သူဌေးကျေနပ်စေရပါ့မယ်”
ကောင်လေးရဲ့စကားကြောင့်သူဌေးခံစားသွားရတယ်…
ကောင်လေးကို ဖိနပ်တိုက်စေခဲ့ပြီး ငွေ ၂ ကျပ်ကို
ပေးလိုက်တယ်… ကောင်လေးက ဘာမှမပြောဘဲ .
သူ့အဖော် နှစ်ယောက်ကို ချက်ချင်းခွဲပေးလိုက်တယ်…
ရက်အနည်းငယ်အကြာမှာတော့သူဌေးက
ကောင်လေးကိုရှာပြီး ကျောင်းအားလပ်ချိန်တိုင်းမှာ
သူ့ပင်းမင်းဆိုင်မှာအလုပ်ဝင်စေပါတယ်…
ညစာထမင်းပါကျွေးခဲ့တယ်…လုပ်အားခနည်းပေမယ့်
ဖိနပ်လိုက်တိုက်တာထက်စာရင် ပိုအဆင်ပြေခဲ့ပါတယ်…
ဒါဟာ ကိုယ့်ထက်နွမ်းပါးတဲ့သူကို ကူညီလို့ ရလာတဲ့
အခွင့်အရေးဆိုတာကောင်လေးသိတယ်…
ဒါကြောင့် နောင်တွေမှာလည်း အခက်အခဲရှိသူတိုင်းကို
သူတတ်စွမ်းသလောက် ကူညီခဲ့ပါတယ်…
နောက်တော့ ကောင်လေး ဟာ ကျောင်းရပ်နားပြီး
အလုပ်ရုံမှာအလုပ်သမားဝင်လုပ်ခဲ့ပါတယ်…
အလုပ်သမားတွေအတွက် အလုပ်သမားအခွင့်အရေးရဖို့
သူတောင်းဆိုခဲ့တယ်… အသက် ၂၁ နှစ်အရွယ်မှာ
အလုပ်သမား အသင်းထဲ သူဝင်ခဲ့တယ်…
အသက် ၄၅ နှစ်မှာ အလုပ်သမားပါတီကို
သူတည်ထောင်ခဲ့တယ်…
၂၀၀၂ ခုနှစ် အောက်တိုဘာလမှာ
“ဒီနိုင်ငံမှာ ရှိတဲ့လူတွေအားလုံး တစ်နေ့ကိုထမင်းသုံးနပ်
မှန်မှန်စားစေရမယ်…”
ဆိုပြီးသူရွေးကောက်ပွဲဝင်ခဲ့တယ်…
ပြည်သူအများရဲ့ ထောက်ခံမှုကို ရရှိခဲ့ပြီး
အဲ့ဒီနိုင်ငံရဲ့ ၃၅ ဦးမြောက် သမ္မတဖြစ်လာခဲ့တယ်…
အဲ့ဒီနိုင်ငံရဲ့သမိုင်းမှာ ပထမဆုံး အလုပ်သမားကနေ
သမ္မတဖြစ်လာခဲ့သူအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်…
၂၀၀၆ ခုနှစ်မှာ ဒုတိယအကြိမ် သမ္မတအဖြစ်
ပြန်လည်အရွေးခံခဲ့ရပြီး သူသမ္မတသက်တမ်း ၈ နှစ်အတွင်းမှာ
သူပြောခဲ့တဲ့အတိုင်း လက်တွေ့
အကောင်အထည်ဖော်ခဲ့တယ်…
တစ်နိုင်ငံလုံမှာရှိတဲ့ ၉၃% ကလေးငယ်တွေနဲ့
၈၃% အရွယ်ရောက်ပြီးသူတွေကို
တစ်န့သုံးနပ်မှန်စေခဲ့တဲ့အပြင် သူ့ရဲ့ဦးဆောင်မှုအောက်မှာ
“မြက်ကိုစားခဲ့တဲ့ ဒိုင်နိုဆော ဘ၀ကနေ
အမေရိကတိုက်ရဲ့ ခြင်္သေ့” အဖြစ် တကမ္ဘာလုံးရဲ့
၁၀ နိုင်ငံမြောက် စီးပွားရေးနိုင်ငံကြီးဖြစ်စေခဲ့တယ်…
သူကတော့ တခြားလူမဟုတ်ပါဘူး…
၂၀၁၀ ခုနှစ်ကုန်ပိုင်းမှာ သမ္မတအဖြစ် ရပ်နားခဲ့တဲ့
ဘရာဇီးနိုင်ငံရဲ့ သမ္မတဟောင်း
Luiz Inacio Lula da Silva ပဲဖြစ်ပါတယ်…
ဒါကြောင့်ဘယ်လိုဘ၀ဘယ်လိုအခြေအနေမျိုးမှာပဲ
ဖြစ်နေပါစေ…ကိုယ့်ကိုယ်ကိုဘယ်တော့မှဇွဲမလျှော့ပါနဲ့…
လူတိုင်းမှာ အောင်မြင်မှုပန်းတိုင်ဆိုတာရှိနေပြီးသားပါ…
အဲ့ဒီပန်းတိုင်ကိုရောက်အောင် သွားဖို့ကြိုးစားရမှာကသာ
မိမိတာဝန်ဖြစ်ပါတယ်…
လင်းညှို့သွေး( “ကြိုး”စာအုပ်မှ)

အမေရိကန်ချွေးမ

'အမေရိကန်ချွေးမ ( နိုင်းနိုင်းစနေ ဘာသာပြန်သည်။ )

အမေရိကားမှာ ကျောင်းသွားတက်ခဲ့တဲ့သား ကျောင်းပြီးတော့ ကျွန်မအတွက် စူစန်လို့ခေါ်တဲ့ အင်္ဂလိပ်ချွေးမတစ်ယောက် ရှာပေးခဲ့တယ်။ ဒီကနေ့မှာ မြေးလေးထော်ဘီတောင် (၃)နှစ်ရှိခဲ့ပါပြီ။ ဒီနှစ်နွေရာသီမှာ သားက ကျွန်မကို အမေရိကားအလည်လာဖို့ ခေါ်ခဲ့တယ်။ အမေရိကားမှာနေခဲ့တဲ့ (၃)လအတွင်း ချွေးမစူစန်ရဲ့ သားသမီးကို ဆုံးမသွန်သင်နည်းတွေက ကျွန်မကို အတွေးအမြင် ပိုကျယ်စေခဲ့ပါတယ်။
(၁) မစားရင် အဆာခံပါ
----------------------
မနက်တိုင်း ထော်ဘီအိပ်ရာထလာတာနဲ့ စူစန်က မနက်စာကို စားပွဲပေါ်တင်ပေးခဲ့ပြီး သူ့အလုပ်ကို သူဆက်လုပ်နေခဲ့တယ်။
ထော်ဘီဟာ ကိုယ်တိုင် ကုလားထိုင်ပေါ်တက်၊ ကိုယ်တိုင်နွားနို့သောက်၊ ကိုယ်တိုင်ပေါင်မုန့်တွေ စားနေခဲ့တယ်။ စားပြီးတဲ့နောက် ကိုယ့်အခန်းထဲဝင်ပြီး အဝတ်ဘီရိုထဲကနေ အဝတ်အစား၊ ဖိနပ်တွေကို ကိုယ်တိုင်ဝတ်ဆင်ခဲ့တယ်။

(၃)နှစ်ပဲရှိတဲ့ ထော်ဘီလေးဟာ ခြေအိတ်ရဲ့အရှေ့အနောက်၊ ဘယ်ဖိနပ်၊ ညာဖိနပ်ကို ခွဲတတ်သေးသူ မဟုတ်ပါဘူး။ တစ်ခါက ထော်ဘီဟာ ဘောင်းဘီကို ရှေ့နဲ့နောက် ပြောင်းပြန်ဝတ်ထားခဲ့တယ်။ ဒါကို ကျွန်မက လဲပေးဖို့ပြင်တော့ စူစန်က ကျွန်မကိုတားတယ်။ တကယ်လို့ ဝတ်ရတာ သက်တောင့်သက်သာ မရှိဘူးဆိုရင် သူ့ဘာသာသူ ချွတ်ပြီးပြန်လဲလိုက်မယ်လို့ ဆိုပါတယ်။ တကယ်လို့သူနေရသက်တောင့်သက်သာရှိတယ်ဆိုရင်
ဒီအတိုင်းထားလိုက်ပါလို့ စူစန်ကပြောပါတယ်။

အဲဒီနေ့က ထော်ဘီတစ်ယောက် ဘောင်းဘီရှေ့နောက် ပြောင်းပြန်ဝတ်ပြီး
ပြေးလွှားဆော့ကစားနေခဲ့တယ်။ ဒါကိုစူစန်က ဘာမှမမြင်ခဲ့သလို ဘာသိဘာသာ နေခဲ့ပါတယ်။

တစ်ခါက ထော်ဘီတစ်ယောက် ဘေးအိမ်က ကလေးတွေနဲ့ဆော့ကစားနေခဲ့တယ်။ တအောင့်ကြာတော့ မောမောပန်းပန်းနဲ့ အိမ်ကို အပြေးပြန်လာပြီး "မေမေ...မေမေ.. လူစီကပြောတယ်။ သားဘောင်းဘီ ရှေ့နောက်ပြောင်းပြန်ဖြစ်နေတယ်တဲ့။ တကယ်လားဟင်!" လူစီဆိုတာ ဘေးအိမ်က အသက်(၅)နှစ်အရွယ် ကောင်မလေးပါ။

သားအမေးကို စူစန်ကရယ်ပြီး "ဟုတ်တာပေါ့သား... သားပြန်လဲမယ်မဟုတ်လား!" လို့ပြောတော့ ထော်ဘီခေါင်းညိတ်ပြတယ်။ ပြီးတော့ ဘောင်းဘီချွတ်ပြီး သေချာကြည့်တယ်။ ပြန်ဝတ်တယ်။ အဲဒီနောက်ပိုင်း ထော်ဘီ ဘယ်တော့မှ ဘောင်းဘီကိုပြောင်းပြန် မဝတ်ခဲ့မိတော့ဘူး။

ဒီအဖြစ်ကိုကြည့်ပြီး မြေးမလေးကို ကျွန်မသတိရလိုက်မိတယ်။ မြေးမလေးဟာ အသက်(၅)နှစ်(၆)နှစ်ထိ ဇွန်းမကိုင်တတ်ခဲ့သေးဘူး။ ဖိနပ်ကြိုး မချည်တတ်ခဲ့ဘူး။ ဒီကနေ့မှာ အလယ်တန်းတက်နေတဲ့အထိ
ကျောင်းဆောင်ကနေ အိမ်ကိုပြန်လာတိုင်း လျှော်စရာအဝတ်တွေ သယ်ပြန်လာတတ်သေးတယ်။

တစ်နေ့ နေ့လယ်မှာ ထော်ဘီတစ်ယောက် စိတ်ကောက်ပြီး ထမင်းမစားတော့ဘူး။ စူစူန်တစ်ခွန်းနှစ်ခွန်းပြောလိုက်တာကို စိတ်တိုပြီး ထမင်းပန်းကန်ကို မှောက်ပစ်လိုက်တယ်။ ပန်းကန်ထဲကအစာတွေ ကြမ်းပြင်ပေါ် ပြန့်ကျဲသွားခဲ့တယ်။

စူစန်က ထော်ဘီကိုကြည့်ပြီး သေချာပြောတယ်။

"ကြည့်ရတာ သား တကယ်ထမင်းစားချင်ပုံမရဘူး။ မှတ်ထား... အခုချိန်ကစပြီး မနက်ဖြန်မနက်အထိ သားဘာမှ မစားရဘူး။ သိလား"
ထော်ဘီခေါင်းညိတ်ပြီး ခိုင်ခိုင်မာမာနဲ့ ပြန်ဖြေတယ်။
"ဟုတ်ကဲ့..."
သားအမိနှစ်ယောက်ရဲ့အဖြစ်ကို ကြည့်ပြီး ကျွန်မစိတ်ထဲရယ်နေမိတယ်။

ညနေရောက်တော့ ညနေစာအတွက် စူစန်နဲ့ကျွန်မ တိုင်ပင်နေခဲ့တယ်။ ညနေစာကို တရုတ်အစားအစာပြင်ဆင်ဖို့ စူစန်ကပြောတယ်။
ထော်ဘီတရုတ်အစားအစာ သိပ်ကြိုက်မှန်း ကျွန်မချက်ချင်း သတိရလိုက်တယ်။ ကြည့်ရတာ နေ့လယ်စာသေချာမစားခဲ့တဲ့ ထော်ဘီကို ညနေမှာ စူစန်ပိုစားစေချင်ခဲ့ပုံ ရတယ်။
အဲဒီနေ့ ညနေစာကို ထော်ဘီအကြိုက် ကျွန်မချက်ပြုတ်ခဲ့တယ်။ အီတလီခေါက်ဆွဲနဲ့ တရုတ်စတိုင်လ် ချက်ခဲ့တယ်။ ဒါဟာ ထော်ဘီအကြိုက်ဆုံးပါ။ ကလေးဆိုပေမယ့် ပန်းကန်ပြားတစ်ချပ်အပြည့် သူစားနိုင်ပါတယ်။

ညနေစာ စစားတော့ ထော်ဘီတစ်ယောက် အားရဝမ်းသာ ကုလားထိုင်ပေါ် တက်ထိုင်တယ်။ ဒါကို စူစန်က သူ့ရဲ့ပန်းကန်နဲ့ ခက်ရင်းတွေကိုသိမ်းပြီး "ဒီနေ့ သားထမင်းမစားဘူးလို့ မေမေတို့ ပြောထားကြတယ်မဟုတ်လား? သားလည်း ဝန်ခံဂတိပြုထားတယ်လေ" လို့ပြောတယ်။

လေးလေးနက်နက်ပြောနေတဲ့ မေမေ့မျက်နှာကြောင့် ထော်ဘီ ဝါးခနဲထငိုတယ်။ ငိုနေရင်းက "မေမေ... သားဆာလို့ပါ.. သားဗိုက်ဆာလို့ပါ" လို့ပြောတယ်။"ဝန်ခံခဲ့တဲ့ ဂတိအတိုင်း လိုက်နာရမယ်လေ" စူစန်ကလည်း နည်းနည်းမှ စိတ်မပျော့ခဲ့ဘူး။

မြေးအဖြစ်ကိုကြည့်ပြီး ကျွန်မစိတ်မကောင်းဖြစ်မိတယ်။ ထော်ဘီအတွက် အသနားခံဖို့ပြင်တော့ သားက မျက်ရိပ်မျက်ခြေပြတယ်။ ကျွန်မအမေရိကားရောက်စက သားပြောခဲ့တဲ့စကားကို ကျွန်မ သတိရလိုက်မိတယ်။ အမေရိကားမှာ မိဘတွေ သားသမီးကို သွန်သင်ဆုံးမနေချိန်မှာ တခြားသူတွေ လုံးဝ ဝင်မပါရဘူးလို့ဆိုတယ်။ လူကြီးပဲဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ် ဝင်မပါရပါဘူးတဲ့။ အဲဒီလိုနဲ့ ကျွန်မလည်း အကူအညီမဲ့စွာ ခပ်ဆိတ်ဆိတ်ပဲ နေခဲ့တော့တယ်။

အဲဒီနေ့ ညစာစားပြီးချိန်ထိ သနားစရာ ထော်ဘီတစ်ယောက် ကစားစရာကားလေးထဲမှာ ထိုင်ပြီး လူကြီးတွေ အားရပါးရစားတာကို ပါးစပ်အဟသားနဲ့ ကြည့်နေခဲ့တယ်။ ကျွန်မကို တရုတ်အစားအစာ ချက်ခိုင်းခဲ့တဲ့ စူစန်ရဲ့ ဦးတည်ချက်ကို ကျွန်မနားလည်လိုက်ပါတယ်။

နောင်တစ်ချိန်မှာ ထော်ဘီတစ်ယောက် စိတ်တိုပြီး ထမင်းပန်းကန်လွင့်ပစ်ဖို့ကြံတိုင်း ဖေဖေမေမေ ဘွားဘွားတို့စားတာကို ဗိုက်အဟောင်းသားနဲ့ ထိုင်ကြည့်ခဲ့ရတဲ့အဖြစ်ကို သူသတိရမိလိမ့်မယ်လို့ ကျွန်မယုံကြည်မိတယ်။ ဆာတဲ့အရသာဟာ ခံရခက်ကြောင်းနဲ့ သူကြိုက်တဲ့အစားအစာတွေ မစားရတာဟာ ပိုခံရခက်ကြောင်း ထော်ဘီနားလည်သွားပါလိမ့်မယ်။

မအိပ်ခင် ထော်ဘီကို ကျွန်မနဲ့စူစန်တို့ ဂွတ်နှိုက်သွားနှုတ်ဆက်ခဲ့ကြတယ်။

အဲဒီမှာ ထော်ဘီက သတိလေးနဲ့ "မေမေ... သားအရမ်းဆာနေတယ်။ သား ခေါက်ဆွဲစားလို့ ရနိုင်မလား?" လို့ မေးတယ်။ စူစန်က ခပ်ပြုံးပြုံးလေးနဲ့ ခေါင်းခါပြပြီး

"မရဘူး သား..."
"ဒီလိုဆိုရင် သားအိပ်ပြီး နိုးလာတဲ့အချိန် စားလို့ရလား?"
"ရတာပေါ့..." နူးနူးညံ့ညံ့ပြန်ဖြေတဲ့ စူစန်ရဲ့အဖြေကြောင့် ထော်ဘီဝမ်းသာသွားခဲ့တယ်။ အစာအရပ်ခံလိုက်လို့ ခံစားရတဲ့ဝေဒနာမျိုး ထော်ဘီနောက်ထပ် ခံရဲတော့မယ် မထင်ပါဘူး။

အဲဒီနောက်ပိုင်း ပါးစပ်ဘေးမှာ အစာတွေကပ်ပြီး ထမင်းကို မြိန်ရည်ယှက်ရည်စားနေတဲ့ ထော်ဘီကိုကြည့်ရင်း မြေးမလေးကို ကျွန်မ သတိရမိတတ်တယ်။

မြေးမလေး ထော်ဘီအရွယ်တုန်းက ထမင်းစားတိုင်း ချော့မော့ရတယ်။ လူကြီးတွေက ထမင်းပန်းကန်ကိုကိုင်ပြီး သူ့နောက်လိုက်ပြေးရတယ်။ ဒါတောင် သူက ဈေးဆစ်သေးတယ်။ ဒီထမင်းစားပြီးရင် ကစားစရာအရုပ်တစ်ရုပ် ဝယ်ပေးရမယ်။
နောက်ထပ်ထမင်းစားရင် နောက်ထပ် အရုပ်တစ်ရုပ်ဝယ်ပေးရမယ်လို့ ဆိုပါတယ်။

(၂) သူတစ်ပါးကို နာအောင်လုပ်ပြီးရင် ပြန်လျော်ရတယ်
-------------------------
တစ်နေ့မှာ ထော်ဘီကိုခေါ်ပြီး ကျွန်မတို့ ပန်းခြံထဲရောက်ခဲ့ကြတယ်။ သိပ်မကြာပါဘူး.. ထော်ဘီတစ်ယောက် တခြားကောင်မလေးနှစ်ယောက်နဲ့ သူငယ်ချင်းဖြစ်သွားပြီး အတူဆော့ကစားနေကြတယ်။ ပလတ်စတစ်နဲ့လုပ်ထားတဲ့ အိုးတွေ၊ ခွက်တွေ၊ ပန်းကန်တွေက မြက်ခင်းပြင်တစ်ခုလုံးမှာ ခင်းကျင်းထားတယ်။

ရုတ်တရက် ထော်ဘီတစ်ယောက် အိုးတစ်လုံးယူပြီး ကောင်မလေးတစ်ယောက်ရဲ့ခေါင်းကို ခေါက်ထည့်လိုက်
တယ်။စစချင်းမှာထင်မှတ်မထားတဲ့အဖြစ်ကြောင့် ကောင်မလေးကြောင်သွားတယ်။ အဲဒီနောက် အသံကုန်အော်ငိုတော့တယ်။ အငယ်တစ်ယောက်ငိုတော့ အကြီးတစ်ယောက်ကလည်း လန့်ပြီးထငိုတော့တယ်။ ဒီလောက်ထိ ကြီးကျယ်သွားမယ်မှန်း မထင်ခဲ့တဲ့ ထော်ဘီဟာ
ဘေးမှာရပ်ပြီး ကောင်မလေးတွေငိုတာကို ကြောင်ကြည့်နေခဲ့တယ်။

အခင်းဖြစ်ရာကို စူစန်ရောက်သွားခဲ့တယ်။ အကျိုးအကြောင်းကို ခန့်မှန်းမိတဲ့စူစန်ဟာ စကားတစ်ခွန်းမှမပြောဘဲ အိုးယူပြီး ထော်ဘီခေါင်းကို အားနဲ့ခေါက်ထည့်လိုက်တယ်။ ထော်ဘီ ကာကွယ်ချိန်မရလိုက်ဘူး။
မြက်ခင်းပြင်ပေါ် ဖင်ထိုင်လဲကျသွားပြီး တဝါးဝါးနဲ့ အော်ငိုတော့တယ်။ ဒါကို စူစန်က "နာလား! နောက်တစ်ခါ ထပ်လုပ်ရဲသေးလား?" လို့ မေးတယ်။ ထော်ဘီ ငိုရင်း ခေါင်းခါပြတယ်။ နောက်တစ်ကြိမ် သူလုပ်ရဲတော့မှာ မဟုတ်မှန်း ကျွန်မ ယုံကြည်မိပါတယ်။

ထော်ဘီရဲ့ဦးလေးက ထော်ဘီကို အပြာနုရောင်စက်ဘီးလေးတစ်စီး လက်ဆောင်ပေးခဲ့တယ်။ အဲဒီစက်ဘီးကို ထော်ဘီအရမ်းနှစ်သက်ခဲ့ပြီး တခြားလူတွေ အထိမခံခဲ့ပါဘူး။ ဘေးအိမ်က သူငယ်ချင်းဖြစ်တဲ့ လူစီဟာ စက်ဘီးလေးခဏစီးရဖို့ ထော်ဘီကို အကြိမ်ကြိမ်တောင်းဆိုခဲ့တယ်။ ဒါကို ထော်ဘီ လက်မခံခဲ့ဘူး။

တစ်ခါမှာ သူငယ်ချင်းတချို့နဲ့ ထော်ဘီကစားနေခဲ့တယ်။ လူစီဟာ ထော်ဘီသတိမထားမိချိန်မှာ စက်ဘီးလေးကို တိတ်တိတ်စီးထွက်သွားတော့တယ်။ ဒါကို ထော်ဘီတွေ့တော့ ဒေါသတကြီးနဲ့ စူစန်ဆီအပြေးလာပြီး တိုင်ပါတော့တယ်။

ကော်ဖီသောက်ရင်း ကလေးမိဘတွေနဲ့ စကားပြောနေခဲ့တဲ့စူစန်က
ထော်ဘီကိုပြုံးပြပြီး "သားတို့ကိစ္စ သားတို့ရှင်းနော်။ မေမေနဲ့ မဆိုင်ဘူး" လို့ ပြောလိုက်တယ်။ ထော်ဘီတစ်ယောက် ခေါင်းငိုက်စိုက်နဲ့ စူစန်ဘေးကနေ ထွက်သွားခဲ့တယ်။

တအောင့်အကြာမှာ လူစီစက်ဘီးလေးစီးပြီး ပြန်လာတယ်။ လူစီကိုတွေ့တာနဲ့ ထော်ဘီဟာ လူစီကိုပြေးတွန်းပစ်ပြီး စက်ဘီးကိုပြန်လုလိုက်တယ်။ မြေပေါ်ထိုင်ပြီး လူစီအော်ငိုတော့တယ်။ ဒါကိုတွေ့တော့ စူစန်က လူစီကိုအပြေးပွေ့ပြီး ချော့မော့လိုက်တယ်။ သိပ်မကြာပါဘူး... လူစီတစ်ယောက် တခြားကလေးတွေနဲ့ ပျော်ပျော်ပါးပါး ကစားနေတော့တယ်။

ထော်ဘီဟာ စက်ဘီးစီးရင်းစီးရင်း ပျင်းလာပုံရတယ်။ တခြားကလေးတွေ ပျော်ပျော်ပါးပါး ကစားနေတာတွေ့တော့ သူလည်း ပါချင်လာခဲ့တယ်။ ဒါပေမယ့် ခုနားက လူစီကိုတွန်းထားတဲ့စိတ်က မနေသာခဲ့ပြန်ဘူး။ စူစန်ဆီလာပြီး စူပုပ်ပုပ်လေးနဲ့ "မေမေ...သားလည်း လူစီတို့နဲ့ ကစားချင်တယ်" လို့ဆိုတယ်။

"ကစားချင်ရင် သူတို့ကို သွားရှာလေ..."
"မေမေပါ လိုက်ခဲ့ပေးပါ..." ထော်ဘီက တောင်းတောင်းပန်ပန်နဲ့ဆိုတယ်။
"မရဘူး... ခုနက လူစီကိုငိုအောင် သားလုပ်ခဲ့တယ်။ ခုတော့ သူတို့နဲ့ သားကစားချင်ပြန်တယ်။ ဒါကို သားကိုယ်တိုင် သွားဖြေရှင်းမှရမယ်"

ထော်ဘီတစ်ယောက် စက်ဘီးလေးစီးပြီး လူစီတို့အနား တဖြေးဖြေးချည်းကပ်သွားတယ်။ လူစီနားရောက်ခါးနီး စက်ဘီးကို နောက်ပြန်လှည့်ပြန်တယ်။ အဲဒီလို အကြိမ်ကြိမ်လုပ်တာ ဘယ်လောက်ကြာသွားမှန်း မသိပါဘူး... ထော်ဘီနဲ့လူစီ ပြုံးပြုံးရယ်ရယ်နဲ့ ဆော့ကစားနေတာကို တွေ့လိုက်ပြန်ပါတယ်။

(၃) သားသမီးတွေကို သွန်သင်ဆုံးမတာ မိဘတွေရဲ့အလုပ်
-----------------------
စူစန်ရဲ့မိဘတွေက ကယ်ရီဖိုးနီးယားမှာ နေပါတယ်။ ကျွန်မရောက်လာသံကြားတော့ နှစ်ယောက်သား ကားမောင်းပြီး ကျွန်မဆီ အလည်လာကြတယ်။ အိမ်ကို ဧည့်သည်တွေလာတော့
ထော်ဘီတစ်ယောက် မြူးတူးခုန်ပေါက်နေတော့တယ်။

ထော်ဘီဟာ သဲထည့်တဲ့ ပုံးငယ်လေးထဲ ရေအပြည့်ထည့်ပြီး တစ်အိမ်လုံး ပြေးလွှားဆော့ကစားနေခဲ့တယ်။ ကြမ်းပြင်ပေါ် ရေမဖိတ်မိစေဖို့ စူစန်အထပ်ထပ် သတိပေးခဲ့ပေမယ့် ထော်ဘီ ဂရုမစိုက်ခဲ့ဘူး။

နောက်ဆုံးတော့ ရေတွေဖိတ်ပြီး ကြမ်းပြင်စိုရွဲသွားရုံမက ထော်ဘီဟာ အမှားလုပ်လိုက်မိမှန်း မသိဘဲ ဘောင်းဘီတွေ ရွဲရွဲစိုတဲ့အထိ ရေတွေကိုခြေထောက်နဲ့ နင်းဆော့ကစားနေခဲ့တယ်။
ကြမ်းတိုက်အဝတ်ယူပြီး ကြမ်းတိုက်ဖို့ ကျွန်မအမြန်ပြင်တော့ စူစန်က ကြမ်းတိုက်တံကို ကျွန်မလက်ထဲကလုပြီး ထော်ဘီကို ကမ်းပေးလိုက်တယ်။

"ထော်ဘီ... ကြမ်းကို ခြောက်အောင်တိုက်လိုက်။ ပြီးတော့ အဝတ်စိုတွေကို ချွတ်ပြီး ကိုယ်တိုင်လျှော်လိုက်ပါ"

စူစန်အပြောကို ထော်ဘီမနာခံဘဲ အော်လိုက် ငိုလိုက်လုပ်နေခဲ့တယ်။ စူစန်ဟာ စကားတစ်ခွန်းမှ မပြောဘဲ ထော်ဘီကိုဆွဲပြီး စတိုခန်းထဲထည့် သော့ခတ်ထားလိုက်တော့တယ်။ အကြောက်အလန့်အော်ငိုနေတဲ့ ထော်ဘီအသံကိုကြားတော့ ကျွန်မစိတ်တွေ နာကျင်ခဲ့မိတယ်။ စတိုခန်းထဲကနေ သူ့ကို ခေါ်ထုတ်ချင်ခဲ့မိတယ်။ ဒါကို စူစန်မိခင်က "ဒါ စူစန်ရဲ့ကိစ္စ" ဆိုပြီး ကျွန်မကိုတားခဲ့တယ်။
တအောင့်နေတော့ ထော်ဘီ့ဆီက ငိုသံမကြားရတော့ဘူး။ စတိုခန်းထဲကနေ "မေမေ... သားမှားပြီ" လို့ သူဆိုတယ်။

စတိုခန်းအပြင်ဘက်ကရပ်ပြီး စူစန်က "ဒီလိုဆိုရင် ဘာလုပ်ရမလဲဆိုတာ သားသိတယ်နော်" လို့မေးတယ်။
"သိပါတယ်"လို့ ထော်ဘီဆီက ဖြေသံကြားမှ တံခါးကို စူစန်ဖွင့်လိုက်တယ်။ စတိုခန်းထဲကနေ ထွက်လာတဲ့ ထော်ဘီ့မျက်နှာပေါ်မှာ မျက်ရည်စီးကြောင်းနှစ်ခုကို တွေ့လိုက်တယ်။ သူ့ထက်နှစ်ဆမြင့်တဲ့ ကြမ်းတိုက်တံကို မနိုင်မနင်းကိုင်ရင် ထော်ဘီကြမ်းတိုက်နေခဲ့တယ်။ အဲဒီနောက် ဘောင်းဘီချွတ်ပြီး ရေချိုးခန်းထဲဝင်ပြီး လျှော်ဖွတ်နေခဲ့ပါတယ်။

တအံ့တသြဖြစ်နေတဲ့ ကျွန်မကိုကြည့်ပြီး စူစန်မိဘတွေက ရယ်ပါတယ်။ ဒီလိုအဖြစ်က ကျွန်မရင်ထဲ နက်နက်နဲနဲ ဝင်ရောက်ခဲ့ပါတယ်။ ကျွန်မတို့ အရှေ့တိုင်းက မိသားစုအများဟာ သားသမီးတွေကို သွန်သင်ဆုံးမချိန်မှာ "ကမ္ဘာစစ်ဖြစ်အောင်" ဖန်တီးနေခဲ့သလိုပါပဲ။ ကလေးကို ဆိုဆုံးမချိန်မှာ အမေဘက်က အဘိုးအဘွားက တားလိုက်၊ အဖေဘက်က အဘိုးအဘွားက ကာကွယ်ပေးလိုက်၊ လင်မယားချင်း ရန်ဖြစ်လိုက်နဲ့ ဆူညံ့ဗွက်လောရိုက်နေတတ်ပါတယ်။

အဲဒီနောက် စူစန်မိဘတွေနဲ့ စကားပြောဆိုကြရင်း ကလေးတွေကို ဆိုဆုံးမတဲ့အကြောင်းတွေ ပြောဖြစ်ခဲ့ကြတယ်။ စူစန်မိဘပြောခဲ့တဲ့ စကားတချို့က ကျွန်မရင်ထဲ နက်နက်ရှိုင်းရှိုင်း တိုးဝင်စေခဲ့ပါတယ်။

"ကလေးကို မိဘတွေကပိုင်တယ်။ ဒါကြောင့် ကလေးကို သွန်သင်ဆုံးမတဲ့ မိဘတွေရဲ့ သွန်သင်ဆုံးမမှုကို ကျွန်မတို့လေးစားရမယ်။ ကလေးက ငယ်တယ်ဆိုပေမယ့် ပါးနပ်ကြတယ်။ သူ့ကိုသွန်သင်တဲ့ မိဘတွေ စိတ်ဝမ်းကွဲတာ၊ အမြင်မတူတာတွေ့ရင် သူ့အတွက် လွတ်ပေါက်၊ ကယ်ပေါက်ဖြစ်သွားမယ်ဆိုတာကို သူသိတယ်။ ဒါဟာ သူရဲ့အပြုအမှု တိုးတက်ကောင်းမွန်ဖို့ အကျိုးမရှိစေတဲ့အပြင် သွန်သင်ဆုံးမလေ ရှုပ်လေဖြစ်ပြီး ပြဿနာတွေ ပိုကြီးလာတတ်တယ်။ မိသားစုအချင်းချင်း စိတ်ဝမ်းကွဲတာတွေ၊ ငြင်းခုန်တာတွေဖြစ်ပြီး ကလေးကို ပိုမလုံခြုံစေဖြစ်တတ်တယ်။ ကလေးငယ်ရဲ့ စိတ်ဓာတ်ဖွံ့ဖြိုးမှုကို ဆိုးကျိုးသက်ရောက်စေပါတယ်"

"ဒါကြောင့် အဘိုးအဘွားပဲဖြစ်ဖြစ်၊ မိဘတွေပဲဖြစ်ဖြစ် ကလေးတွေကို ဆိုဆုံးမရာမှာ စိတ်ဝမ်းကွဲတာတို့၊ မိဘချင်း သွန်သင်ဆုံးမပုံ ကွဲပြားတာတို့ဟာ ကလေးရှေ့မှာ မငြင်းခုန်သင့်ဘူး။ မဖြစ်သင့်ဘူး"

စူစန်ရဲ့မိဘတွေ အိမ်မှာတစ်ပတ်ကြာနေပြီး ကယ်ရီဖိုးနီးယားကို ပြန်ဖို့ပြင်ဆင်ခဲ့တယ်။ မပြန်ခင်နှစ်ရက်မှာ စူစန်အဖေ့က စူစန်ကို လေးလေးနက်နက်နဲ့ "သမီး.. ထော်ဘီက ကစားစရာမြေကော်စက်လေး လိုချင်သတဲ့။ ဖေဖေ ဝယ်ပေးလို့ရမလား?" လို့မေးတယ်။

ဒါကို စူစန်က စဉ်းစားပြီး "ဖေဖေတို့ ဒီတစ်ခေါက်လာတာ သူ့ကို နှင်းစီးဖိနပ်တစ်ရံ လက်ဆောင်ပေးခဲ့တယ် မဟုတ်လား? ခရစ္စမတ်ရောက်ခါနီးမှပဲ မြေကော်စက်လေး ဝယ်ပြီး လက်ဆောင်ပေးလိုက်ပေါ့" လို့ဆိုတယ်။

အဲဒီနောက် ထော်ဘီကို သူ့အဘိုးဘာပြောလိုက်သလဲ ကျွန်မ မသိပါဘူး။ ထော်ဘီကိုကျွန်မ မောလ်(mall)ခေါ်သွားတိုင်း ထော်ဘီဟာ
မြေကော်စက်ရုပ်လေးကို လက်ညှိုးထိုးပြီး "ဘိုးဘိုးကပြောတယ်။ ခရစ္စမတ်ရောက်ရင် သားကို မြေကော်စက်လေး လက်ဆောင်ပေးမယ်တဲ့"လို့ ဝမ်းသာအားရ ပြောတတ်ပါတယ်။

စူစန်ဟာ ထော်ဘီ့အပေါ်မှာ စည်းကမ်းတင်းကျပ်တယ်ဆိုပေမယ့်
ထော်ဘီဟာ သူ့မေမေကို အရမ်းချစ်ခဲ့တယ်။ အပြင်ထွက်ကစားတိုင်း ပန်းပွင့်လေးတွေ ဒါမှမဟုတ် လှတယ်လို့သူထင်တဲ့ သစ်ရွက်လေးတွေကို ခူးပြီး တလေးတစားနဲ့ စူစန်ကို သူလက်ဆောင်ပေးတတ်တယ်။ တခြားလူတွေဆီက လက်ဆောင်ရရင်လည်း စူစန်ကို သူနဲ့အတူ ဖောက်ကြည့်ဖို့ခေါ်တတ်တယ်။ စားလို့ကောင်းတဲ့အရာကို စူစန်အတွက် သူတစ်ဝက်ချန်ထားတတ်တယ်။

အရှေ့တိုင်းက သားသမီးတချို့ မိဘအပေါ် အေးစက်၊ လျစ်လျူရှူတတ်တာကို ကြည့်ပြီး အမေရိကားက အင်္ဂလိပ်ချွေးမကို ကျွန်မ မချီးကျူးဘဲမနေနိုင်ခဲ့ပါဘူး။
ကလေးတွေကိုသွန်သင်ဆုံးမရာမှာ၊ ဖြေရှင်းရာမှာအမေရိကားမိခင်တွေဆီ
ကနေ ကျွန်မတို့ သင်ယူလေ့လာဖို့ အများကြီးရှိသေးကြောင်း ကျွန်မကောက်ချက်ချမိပါတယ်။
------------------
creditးနိုင်းနိုင်းစနေ'
 
အမေရိကန်ချွေးမ ( နိုင်းနိုင်းစနေ ဘာသာပြန်သည်။ )

creditးနိုင်းနိုင်းစနေ

Thursday, February 19, 2015

ဈေး ရောင်း ပွဲ တော် တဲ့

ဈေး ရောင်း ပွဲ တော် တဲ့
__________________
အကြောင်းမကြား ဘာမကြားနဲ့
ရောင်းစားခံနေရတဲ့ တိုင်းပြည် တစ်ပြည်
ဘိုးဘွားတို့ အမွေ
ချင်းတွင်းနဲ့သံလွင် ရေ
ဧရာဝတီ စစ်တောင်း
ကြေးနီတောင် လက်ပတောင်းနဲ့
သယံဇာတ တစ်ပုံ တစ်ခေါင်း
သိမ်းးး တိုင်ပါ ချွတ်ရောင်းလို့
ပိုက်ဆံအရှာ ကောင်းလိုက်ပုံက
နင်ရို့ အမေပါ တရုတ်ကို ရောင်းလိုက်ပါလား ဟဲ့
ဈေးကောင်းမှကောင်း
______________
Credit - ကိုနိုင်မြန်မာ

နှစ်လုံးတွဲ စကားတိုလေးများ

" နှစ်လုံးတွဲ စကားတိုလေးများ "
(1) About when? = ဘယ်တော့လောက်လဲ
(2) All set? = အားလုံး အဆင်သင့် ဖြစ်ပြီးလား
(3) Any clues? = ဘာ သဲလြန္စမ် ား ရွိလဲ
(4) Any discount ? = ဈေးလျှော့ဦးမလား
(5) Any seats? = ခုံလွတ်ရှိသေးလား
(6) Anything else? = ဘာလိုသေးလဲ
(7) Anything new? = ဘာထူးသေးလဲ
(8) Anything wrong ? = ဘာဖြစ်တာလဲ
(9) Apparently so = အဲဒီလို ထင်တာပဲ
(10) Back off ! = သွားစမ်းပါ
(11) Bad news ! = စိတ်မကောင်းပါဘူး (ဆိုးလိုက်တဲ့ သတင်း)
(12) Be patient ! = စိတ်ရှည်ရှည်ထားစမ်းပါ
(13) Be reasonable ! = နည်းလမ်းတကျ စဥိးစားကြည့်
(14) Beautiful job ! = ကောင်းလိုက်တဲ့ လက်ရာ
(15) Big deal ! = ဒါလေးများ
(16) Bless me ! = ဘုရားရေ
(17) Bless you ! = ဆုတောင်းပေးပါတယ်ကွာ
(18) Bye now ! = သွားပြီဗျို့ 
(19) Can't complain ! = ဘာမှပြောစရာ မရှိဘူး
(20) Certainly not ! = ဘယ်ဟုတ်ပါ့မလဲ
(21) Chill out ! = မကြောက်နဲ့
(22) Could be ! = ဖြစ်နိုင်ပါတယ်
(23) Damned fool ! = သောက်ရူး
(24) Drop dead ! = သွား...သေလိုက်
(25) Enjoy yourself ! = ပျော်ရွှင်ပါစေ
(26) Fat chance ! = မဖြစ်နိုင်တာပဲ
(27) Female troubles ! = မိန်းမတွေက သိပ်ပစိပစပ်များတာ
(28) For shame ! = ရှက်စရာ ကောင်းလိုက်တာ
(29) Get lost ! = ထွက်သွားစမ်း
(30) Go on ! / Keep on ! / Carry on ! /Go ahead ! = ဆက်လုပ် ဆက်ပြော
(31) Good job ! = တယ်ဟုတ်ပါလား
(32) Got that ? = နားလည်ရဲ့လား
(33) Guess what ? = မှန်းကြည့်စမ်း
(34) Hands off ! = မထိနဲ့ (လက်ရှောင်)
(35) Hard times ! = အတော် စိတ်ရှု ပ်ဖို့ ကောင်းတာပဲ
(36) Hot air ! = မဟုတ်တရုတ်တွေ
(37) How come ? = ဘယ်လို ဖြစ်ရတာတုန်း
(38) How maddening ! = စိတ်ညစ်အောင် တော်တော် လုပ်တာပဲ
(39) It stinks ! = နံစော်နေတာပဲ
(40) It's handy ! = အသုံးတည့်ပါတယ်
(41) Looking good ! = ကြည့်လို့ ကောင်းတယ်
(42) Lucky you ! = မင်း...တော်တော် ကံကောင်းတာပဲ
(43) My treat ! = ငါ့ ဧည့်ခံတာပါ /ကျွန်တော်၊မ ကျွေးမယ်
(44) Not likely ! = မဖြစ်နိုင်ဘူး / ဝေးပါသေးရဲ့
(45) Not yet ! = မပြီးသေးဘူး
(46) Over here ! = ဒီမှာ ဟေ့
(47) Watch out ! = သတိထား
(48) You guys ! = ကိုယ့်လူတို့
(49) Why bother ? = ဘာလို့ ဒုက္ခရှာနေတာလဲ
(50) Think positively ! = အကောင်းဖက်က တွေးစမ်းပါ
(51) Search me ! = ပန်းပေးတယ် / ကျွန်ုပ် မသိပါ
(52) You see ? = သိလား
(53) Have fun ! = ပျော်ကြ ...ပျော်ကြ.../ ပျော်သလို နေကြပါ
(54) Enjoyable ! Delighted! = ကြို က်တယ်
(55) Honest work! = သမ္မာ အာဇီဝ အလုပ်ပဲ
(56) Right away ! = အခုချက်ချင်း
(57) Come on ! = လာလေကွာ
(58) Shut up ! = ပါးစပ်ပိတ်
(59) Thumbs up ! = အောင်ပြီဟေ့
(60) Hold sit ! = ရပ်လိုက် /ခဏ နေဦး
(61) Hold still ! = မလှု ပ်နဲ့ ငြိမ်ငြိမ်နေ
(62) God forbid ! = ဖွ လွဲစေဖယ်စေ
(63) Poorly paid ! = လခ မစွံဘူး
(64) Need anything ? = ဘာလိုချင်ပါသလဲ
(65) That's weired ! = ကိုးရို့ကားယားကြီး
(66) It can ! = အဲဒါ ဖြစ်နိုင်တယ်
(67) Mutual reliance ! = ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီပေါ့
(68) Pardon me ! = တဆိတ်လောက်
(69) Need to talk ! = ပြောစရာရှိလို့
(70) So talk ! = အဲလိုဆို ပြောလေ
(71) Chat ! What? = ဘာပြောမှာလဲ ပြောလေ
(72) Stop that ! = တော်ပါ မပြောပါနဲ့တော့
(73) Well enough ! = အခြေအနေ ကောင်းပါတယ်
(74) What happen ? = ဘာဖြစ်နေလဲ
(75) Any hardship ? = ဘာခြားနားနေလို့လဲ
(76) How's everything ? = အစစအရာရာ အဆင်ပြေရဲ့လား
(77) Take that ! = ကဲကွာ
(78) Look alive ! = မြန်မြန်လုပ်
(79) Show time ! = လှုပ်ရှားလိုက်ကြစို့
(80) Let go ! = လွှတ်စမ်း / လွှတ်လိုက်ပါ
(81) Go ...go ! = လုပ်ထားကွ
(82) Nature calls! = အိမ်သာ သွားလိုက်ဦးမယ်
(83) Duty calls ! = ကိစ္စလေး ပေါ်လာလို့ သွားလိုက်ဦးမယ်
(84) Near miss ! = ထပ်လွဲသွားတယ်ကွာ
(85) far out ! = မိုက်တယ်ကွာ
(86) Thank God ! = တော်ပါသေးရဲ့
(87) Holy cow ! / Good Heavens! =အမလေး
(88)My ...my ! = အမလေး ...လေး
(89) Who cares ? = ဘာဂရုစိုက်စရာရှိလဲ
(90) Who supervise ? = ဘယ်သူ ကမကထလုပ်တာလဲ
(91) Better talk != ပြောသင့်တာပေါ့ကွာ
(92) Doing okay ? = အိုကေလား
(93) Been okay ! = အိုကေပါတယ်
(94) And you ? = ခင်ဗျာကော ဘယ်လိုလဲ
(95) Have courage ! = တရားနဲ့ ဖြေပါဗျာ
(96) Which country ? = ဘယ်နိုင်ငံကလဲ
(97) Have it ! = စားပါဦး
(98) What thing ? = ဘာတွေလဲ
(99) Dutch treat ! = ကိုယ်စားတာကိုယ်ရှင်း
(100) Where to ? = ဘယ်လဲ
(101) Just here! = ဒီနားလေးတင်
(102) Phone calling ! = ဖုန်းလာနေတယ်
(103) Keep trying ! = ဆက်ကြိုးစားပါ
(104) What about ? = ဘာတွေပြောနေတာလဲ
(105) Just gossip ! = အတင်းပြောနေကြတာပါ
(106) No doubt ! = အဲဒါတော့ သံသယ မရှိနဲ့
(107) Lovely voice ! = ကောင်းလိုက်တဲ့ အသံ
(108) Can't wait = မစောင့်နိုင်ပါဘူး
(109) Dear me ! = အဲလို ဒုက္ခပါပဲ
(110) So soon ! = မကြာတော့ပါဘူး
(111) Really splendid ! = တစ်ကယ့် သားနားတယ်
(112) Just relax ! = စိတ်အေးအေးထားပါကွာ
(113) You wish ! = မင်းပြောသလို ဖြစ်ပါစေ
(114) No lie ? = လိမ်တာ မဟုတ်ဘူးနော်
(115) Mind that ! = အဲဒါကို သတိရပါ
(116) Enjoying yourself ? = မင်း ပျော်နေလားဟင်
(117) All time ! = အချိန်တိုင်းပါပဲ
(118) Hurry on ! = သွက်သွက်လုပ်ပါ
(119) Hold , please ! = ခနလေး နေပါဦး
(120) This taken ? = ဒီခုံ လူရှိလား
(121) You decide ! = မင်းပဲ ဆုံးဖြတ်လိုက်
(122) Stop worrying ! = မစိုးရိမ်နဲ့တော့
(123) Any difference ? = ဘာကွာလို့လဲ
(124) Fairly act ! = သရုပ်ဆောင်ကောင်းတယ်
(125) Most pleased ! = ကျေနပ်သွားပြီ
(126) Behind you ! = နောက်မှာ အန္တရာယ်
(127) Noisy talk ! = ဆူညံနေတာပဲ
(128) Do justice ! = မှန်မှန်ကန်ကန်လုပ်
(129) Your hear ? = ငါပြောတာ ကြားလား
(130) Perhaps not ! = ဖြစ်ချင်မှ ဖြစ်မှာပါ
(131) Hope not ! = မဖြစ်ပါစေနဲ့ဗျာ
(132) Who then ? = ဒီလိုဆိုရင် ဘယ်သူလဲ
(133) Aim high ! = ရည်ရွယ်ချက် မြင့်မြင့်ထား
(134) No fair ! = မတရားဘူးကွာ
(135) Sure do ! = သေချာတာပေါ့
(136) Never before ! = အရင်က ဒီလို တစ်ခါမှ မကြုံ ဖူးဘူး
(137) Well done ! = ခင်ဗျာပြောတာ သိပ်ကောင်းတာပဲ
(138) Nightly - night ! = ဂွတ်ဒ်နိုက်ပါနော်
(139) Butt out ! = ၀င်မရှု ပ်စမ်းနဲ့
(140) Just thinking ! = ငါ စဉ်းစားနေပါတယ်
(141) Never better ! = မဆိုးပါဘူး
(142) Don't yan ! = စကားမများနဲ့
(143) First class ! = သိပ်ကောင်းတာပဲ
(144) Beautiful dreams! =အိပ်မက်ကောင်းကောင်းမက်ပါစေ
(145) Sure thing ! = စိတ်ချစမ်းပါ
(146) Any thing ? = ဘာ ကိစ္စရှိလို့လဲ
(147) So what ? = အဲဒီတော့ ဘာဖြစ်လဲ
(148) Look here = ဒီမှာ ကြည့်ပါဦး / ဒီမယ် ငါပြောမယ်
(149) Listen here = နားထောင်ပါဦး
(150 ) Just beyond = ဟိုဘက်လေးမှာ
(151) Just here = ဒီနားမှာပဲ
(152) Just things = စုံနေတာပဲ
(153) Just friendly = ခင်ခင်မင်မင်ပေါ့ / မိတ်ဖြစ်ဆွေဖြစ်ပေါ့
(154) Just relaxed = အပန်းဖြေရုံပါပဲ
(155) Just now = ခုလေးတင်ပဲ
(156) Just easy = အလွယ်လေးပါ
(157) Just usually = ခါတိုင်းလိုပေါ့ / ထုံးစံအတိုင်းပါပဲ
(158) Just arrived / Just got = ငါလိုချင်တာ ဒါပဲ
(159) Just so = ဒီလို ဖြစ်ရမယ်လေ
(160) I say = ဟေ့လူ
(161) I see = ဟုတ်ပြီ / သဘောပေါက်ပြီ
(162) I do = သဘောတူပါတယ်
(163) I quit = ကျွန်ုပ် နုတ်ထွက်တယ် / ငါမလုပ်တော့ဘူး
(164)Earliest memories=ငယ်ငယ်တုန်းက သတိရစရာတွေပေါ့
(165) Well dressed = ၀တ်ထားတာ ကြော့နေတာပဲ
(166) Something wrong = တစ်ခုခု မှားနေပြီ
(167) How much? = ဘယ်လောက်ကျ သလဲ
(168) Any time = ဘယ်အချိန်မဆို
(169) May be = ဟုတ်ချင် ဟုတ်မယ်
(170) Without fail = မပျ က်မကွက်
(171) So far = ခုချိန်ထိ
(172) Keep away / Keep out = အနားမကပ်နဲ့ ဝေးဝေးရှောင်
(173) Take care = သတိထား
(174) It depends = အခြေအနေအရပဲ
(175) Make ready = အသင့်ပြင်ပါ
(176) You insist = မင်းကတော့ ဇွတ်ပဲ
(177) Seem secretive = အုံ့ပုန်းကျနေတာပဲ
(178) Be friend = သူငယ်ချင်း ဖြစ်ချင်လို့ပါ
(179) Easy now = ဖြည်းဖြည်းပဲ / စိတ်အေးအေးထား
(180) That's great = သိပ်ကောင်းတာပေါ့ကွယ်
(181) Really say = တကယ်ပြောတာ
(182) Brace up = အားတင်းထားနော်
(183) Touch wood = တိုက်တိုက်ဆိုင်ဆိုင် စကားဆုံမိလျှင် ဆုတောင်းခြင်း
(184) Guess what ? = ဘာလဲဆိုတာ မှန်းကြည့်ပါလား
(185) Forget it = မေ့လိုက်ပါတော့
(186) Your treat ? = မင်းကျွေးမှာလား
(187) Any prides = မာန်တက်နေတာလား
(188) Be franked = ပွင့်ပွင့်လင်းလင်းပေါ့
(189) Here goes ! = စပြီဟေ့
(190) Hello again ! = ပြန်တွေ့ကြပြန်ပြီ
(191) Speak up! = ကျယ်ကျယ်ပြော
(192) Good job ! = တယ်ဟုတ်ပါလား
(193) Nice place ! = နေချင်စရာလေး
(194) Absolutely stunning = အံ့မခန်းပဲဟေ့
(195) Respective job! = လူရိုသေ ရှင်ရိုသေ အလုပ်လေးပဲ
(196) Oh quite ! = ငါ သဘောတူတယ်
(197) Any more? = နည်းနည်း ယူပါဦးလား
(198) No more = တော်ပါပြီဗျာ
(199) Need assistance = အကူညီလိုလို့လား
(200) Anything's wrong ?= ဘာဖြစ်လို့လဲ
(201) So difference = တစ်ခြားစီ
(202) You eavesdrop = မင်းက ချောင်းနားထောင်နေတာကိုး
(203) Bad trait = အကျင့်ကို မကောင်းဘူး
(204) Craning you = မျှော်လိုက်ရတာ
(205) Fully- engaged = လုံးဝကို မအားတာ
(206) Uneasy act-polite = လောကွတ်လုပ်ဖို့က မလွယ်ဘူးလေ
(207) l'm cardial = ငါဒီလောက်ပျူငှါတာ
(208) Quite off-hand ! = တယ်အလိုက်မသိတာပဲ
(209) Welcome back! = ပြန်ရောက်လာတာ ကြိုဆိုပါတယ်
(210) That's enough = တော်ပါပြီ
(211) Ever devoted = သိပ်ချစ်ကြတာပဲ
(212) Getting hurt = အထိနာတယ်
(213) Getting dressed = အ၀တ်ဝတ်နေတယ်
(214) What 's wrong ? = ဘာမ် ားမွားသြားလဲ
(215) Here comes = လာပါပြီ
(216) Fairly sensible = အမြော်အမြင် တော်တော် ရှိတယ်
(217) Look here! = ငါ ပြောမယ်
(218) Have courage = တရားနဲ့သာ ဖြေလိုက်ပါ
(219) Bitterly disappointed = အော့ နှလုံးနာတယ်
(220) Don't sweet- talk = မြှောက်ပင့် မပြောပါနဲ့
(221) Seriously ill = အသဲအသန် ဖျားနေတယ်
(222) Any hardships?= အခက်အခဲ ရှိလား
(223) Silly idea = ပေါက်တတ်ကရ စိတ်ကူးပဲ
(224) Narrow - minded = အမြင်ကျ ဉ်းတယ်
(225) Quick - sighted = မျ က်စိရှင်တယ်
(226) Better talk = ပြောသင့်တာပေါ့
(227) Need anything ? = ဘာလိုသေးလဲ
(228) Extra ordinary ! = ထူးခြားပါပေ့
(229) Really upset = တကယ် စိတ်ထိခိုက်ရတယ်
(230) Uneasy feeling = စိတ်ဂဏာမငြိမ် ဖြစ်နေတယ်