မနာလိုမဖြစ်ကြနဲ့ 
---------------
ဆင်းရဲခြင်းအကြောင်း ၃ မျိုးရှိတယ်
ဒါနမပြုခဲ့သောကြောင့်၎င်း
သူများပစ္စည်း ခိုးခဲ့ဘူးသောကြောင့်၎င်း
မနာလိုခဲ့သောကြောင့်၎င်း
ဤအကြောင်းသုံးပါးကြောင့်
ဆင်းရဲကြရကုန်၏
ဤသုံးမျိုးတွင် ကိုယ့်ထက်သာသူအပေါ်၌
မနာလိုဝန်တိုခြင်းသည် အဆိုးဆုံးဖြစ်သည်
ဗုဒ္ဓလက်ထပ်က လောသကတိဿ အမည်ရှိ
မထေရ်တပါးသည် ရဟန္တဖြစ်သော်လည်းအတိတ်ဘဝက
သူတပါးကိုမနာလိုခဲ့ခြင်းကြောင့် ဆွမ်းငတ်ပြီး
ပရိနိဗ္ဗါန် ပြုခဲ့ရသည်
မနာလိုကင်း
ဝန်တိုရှင်း
လက်ငင်းချမ်သာကြရမည်
No comments:
Post a Comment