Thursday, February 6, 2014

Illusion



" "Illusion" "
++++++++++++ 
စာတွေမတင်ဖြစ်တာကြာသွားပြန်ပြီဗျာ...
ဒီကြားထဲ ရုံးမှာကလည်း လိုင်းတွေပိတ်လိုက်တာလွန်ပါရော ကျွန်တော့ဘလော့ကာလေးတောင် ၀င်လို့မရ ဖြစ်နေတယ်ဗျာ
ဘာပဲပြောပြော ကျွန်တော့်ကိုယ်ပိုင်ပေါက်ကရ တွေတင်လိုက်ပါအုန်းမယ်..



ဒီပုံကိုသေချာကြည့်ပါ၊ ကျွန်တော်တို့ အသိဥာဏ်က ကျွန်တော်တို့ကို လှည့်စားနေတဲ့ Illusion ကို သေချာတွေ့အောင်ကြည့်ပါ၊ ကျွန်တော်လည်း ဒီပုံကို အရင်ကတည်းတွေ့ဘူးပါတယ်.. (ကျွန်တော် ဖန်တီးတာမဟုတ်ပါဘူး) ဘယ်နှစ်ခါကြည့်ကြည့် ခင်ဗျားတို့ မြင်သလိုပဲ ကျွန်တော်လဲ မြင်မိနေတုန်းပါပဲ…
ကျွန်တော်ပြောချင်တဲ့ Illusion ဆိုတဲ့စကားလုံးက မျက်လှည့်ဆရာတွေရဲ့အသက်ပါ… ဒီ Illusion သဘောတရားက ကျွန်တော်တို့ ဘ၀ကို အများကြီးပြောင်းလဲစေနိုင်ပါတယ်… ဘာတွေပြောင်းလဲစေတာလဲ….
တကယ်ရှိနေတဲ့အရှိတရားတွေကို ဖုံးကွယ်ထားပြီး မရှိတာတွေကို တော့ အရှိထင်စေတာ Illusion ရဲ့ သတ္တိပါ.
ဒီသဘောတရားကို အကောင်းဆုံးဖော်ပြပေးနိုင်တဲ့ပုံလေးပါ… လူတစ်ယောက်မှာ မျက်လုံး ၂ လုံး၊ နှစ်ခေါင်း တစ်ပေါက်နဲ့ ပါးစပ် တစ်ခု ဆိုတဲ့ ကန့်သတ်ချက်ဘောင်ကို ကျွန်တော်တို့အသိဥာဏ်က သတ်မှတ်ထားတဲ့အတွက် ဒီပုံက မျက်လုံးတွေ ပါးစပ်တွေက နေရာပြောင်းနေသလို ဖြစ်နေတာ တွေ့ရတာပါပဲ... အဲဒီနေရာပြောင်းတောတွေကိုသာလိုက်ကြည့် သေချာတယ် ချာချာလည်မူးပြီသာမှတ်

ဒီ Illusion ထောင်ချောက်ကနေရုံးထွက်ဖို့က
          (၁) အာရုံမှား (Illusion) နေမှန်းသိပါ
          (၂) အရှိအတိုင်း လက္ခံလိုက်ပါ
တခြားကိစ္စတွေကိုလည်း Illusion များဖြစ်နေမလားလို့ စဉ်းစားကြည့်ပါ…

ကျော်စံလင်း
(ထင်ရာမြင်ရာရေးသည်)
 


No comments:

Post a Comment