ဘာလီကျွန်းက မျောက်များ
Eagle Breeze
ကြားဖူးတာလေး တစ်ခုပါ။ ဘာလီကျွန်းက မုဆိုးတွေဟာ မျောက်ကို ဘယ်လိုဖမ်းတယ်ထင်သလဲ။ အုန်းသီးကို အပေါ်ယံက ရှပ်ဖောက်လိုက်တယ်။ ပြီးတော့ အရည်တွေကို သွန်ပြီး အထဲမှာ ထန်းလျက်ခဲတွေ ထည့်ထားလိုက်တယ်။ အုန်းသီးတွေ့တော့ မျောက်က လှည့်ပတ်ကြည့်တယ်။
အထဲက ထန်းလျက်ခဲကိုတွေ့တော့ လက်နဲ့နှိုက်တယ်။ ထန်းလျက်တွေ့တော့ ဆုပ်ပြီးဆွဲထုတ်တယ်။ အပေါက်က မျောက်လက်တစ်နှိုက်စာပဲဆိုတော့ လက်ကိုဆုပ်ထားရင် ပြန်ထုတ်လို့မရဘူး။ ဒီမှာတင်မရပ်သေးပါဘူး။ နောက်ထပ်တစ်လုံးတွေ့တော့ ကျန်တဲ့ လက်နဲ့ ထပ်နှိုက်ပြန်ရော။
ဒီလက်လဲထုတ်လို့ မရပြန်ဘူး။ လူက မျောက်ကိုလိုက်ဖမ်းတော့ သစ်ပင်ပေါ်တက်ပြေးချင်ပေမယ့် လက်က အုန်းသီးမှာ စွပ်နေလေတော့ တက်လို့မရဘူး။ ဒီလိုနဲ့ မုဆိုးဖမ်းတာ ခံလိုက်ရပါလေရော။
ကျွန်တော်တို့လည်း ဒီမျောက်နဲ့ သိပ်ထူးမယ်မထင်ပါဘူး။ ဆုပ်ကိုင်ထားတဲ့ အရာတွေများလိုက်တာ။ ချစ်ခြင်းမေတ္တာများ၊ သံယောဇဉ်နှောင်ကြိုးများ၊ အမုန်းတရားများ၊ အလိုရမ္မက်များ။ ဆုပ်ကိုင်လေလေ နှောင်ဖွဲ့လေလေ။ ကျွန်တော်တို့ ဆုပ်ကိုင်ထားချင်တဲ့ ဆန္ဒကြောင့် လွတ်မြောက်ဖို့ ဝေးကွာဆဲပါ။
လွတ်မြောက်ချင်ရင်တော့ ဆုပ်ထားတဲ့ လက်တွေကို အရင်ဖြေရပါလိမ့်မယ်။
ဒါပင်မဲ့ပေါ့နော်...
Sunday, February 23, 2014
မိဘကိုလုပ်ကျွေးရန်အခွင့်အရေး( ၅ )ပါး
မိဘကိုလုပ်ကျွေးရန်အခွင့်အရေး( ၅ )ပါး
----------------------------------------
# မိဘကိုပြုစုကျွေးမွေးစောင့်ရှောက်ရန်..မိမိမှာစေတနာရှိခြင်း။
# မိမိမှာ..ကျွေးနိုင်သော..အင်အားရှိခြင်း။
# မိမိကိုမိဘက..အားကိုးခြင်း။
# မိဘများ..အသက်ရှင်လျှက်ရှိခြင်း။
# မိဘများ..ကျန်းမာချမ်းသာစွာရှိခြင်း။
သူငယ်ချင်းတို့ရေ...မိမိက..မိဘတွေကိုပြုစုကျွေးမွေးစောင့်ရှောက်ချင်ရင်တောင်မှဒီလိုအချက်လေးတွေနဲ့ပြည့်စုံမှ..ဖြစ်နိုင်တာမို့..မိဘနှစ်ပါးလုံးရှိစဉ်မှာ..ကျေးဇူးဆပ်ကြမယ်နော်....

ပန်းမပွင့်တတ်တဲ့
ပန်းမပွင့်တတ်တဲ့ မြက်ဆိုတာ မရှိဘူး။အဖိုးတန်ပန်းအိုးနဲ့ စိုက်ထားတဲ့ ပန်းဟာလည်း မြက်ပဲ။
ကျွန်တော်တို့ ၁၅ , ၁၆နှစ် အရွယ်တွေပေါ့။
နှင်းစက်တွေနဲ့ ဆေးကြောပြီးစ နွေဦးရာသီတစ်ခုမှာ ပေါင်းမြက်တွေက ရွက်နုတွေဝေပြီး သူ့ထက်ငါအပြိုင် မြေကြီးထဲက ထိုးထွက်လာကြတယ်။ ဆောင်းခိုငှက်လေးတွေက တစ်အုပ်ပြီးတစ်အုပ် တောင်အရပ်ကနေ ပြန်လာကြပြီး ကျွန်တော်တို့ တံစက်မြိတ်အောက်မှာ နေရာယူကြတယ်။ ကျောင်းဝင်းထဲက သစ်ပင်တွေလည်း ငှက်လျှာသဏ္ဍာန်ရွက်နုလေးတွေ အစီအရီ ဖူးပွင်...့လာကြတယ်။
ကျွန်တော်တို့ရွာနဲ့ မိုင်ပေါင်းများစွာဝေးတဲ့ မြို့နယ်တစ်ခုက စာစီစာကုံးပြိုင်ပွဲအတွက် ကျောင်းက ကျောင်းသား ၁ဝယောက်ကိုရွေးချယ်မယ်ဆိုတဲ့အကြောင်း ဆရာကပြောတယ်။ အဲဒီသတင်းကြားတော့ ကျွန်တော်တို့ပျော်မိသလို စိုးရိမ်စိတ်လည်း ဝင်ခဲ့မိတယ်။ ပထမဆုံးအကြိမ် ကားစီးပြီး စည်ကားတဲ့မြို့ကိုလည်ပတ်ဖို့ ကျွန်တော်တို့အခွင့်အရေးရခဲ့လို့ ပျော်ရွှင်မိပေမယ့် စာစီစာကုံးပြိုင်ပွဲမှာ ကျွန်တော်တို့လို တောမှာကြီးပြင်းခဲ့သူတွေက မြို့သားတွေကို ယှဉ်နိုင်ပါ့မလားလို့ စိုးရိမ်ခဲ့မိတယ်။
တစ်ခေါင်းလုံး ဆံပင်တွေဖွေးဖွေးဖြူနေတဲ့ ကျောင်းအုပ်ကြီးက ကျွန်တော်တို့ရဲ့စိုးရိမ်စိတ်ကို မြင်သွားပြီး ပြိုင်ပွဲဝင်မယ့် ကျောင်းသားတွေကိုတွေ့ဆုံခဲ့တယ်။
“ဆရာတို့တစ်တွေဟာ တောမှာပဲ ကြီးလာခဲ့ကြတယ်။ မင်းတို့လည်း လက်စိုက်၊ ထင်းခုတ်နဲ့ တောထဲတောင်ထဲ သွားခဲ့ကြတယ်။ တောတောင်ထဲမှာ ပန်းမပွင့်တတ်တဲ့ မြက်ပင်ကို ဘယ်သူသိလဲ၊ ဘယ်သူမြင်ဖူးလဲ သိရင် ဆရာကို ပြောပြပါ”
ပန်းမပွင့်တတ်တဲ့ မြက်? တွေ့ဖူးသမျှပေါင်းမြက်ထဲက ဘယ်မြက်က ပန်းမပွင့်တတ်လဲ... ကျွန်တော်တို့ အပြေးအလွှား စဉ်းစားကြတယ်။ မိုးရာသီမှာပေါက်တဲ့ ဟိုမြက်လေး .. သူ့မှာလဲ အပွင့်ဝါဝါလေးတွေ ရှိတာပဲ။ မြေကြီးမှာကပ်ပေါက်တဲ့ ဟိုမြက်ပင်လေးလည်း အပွင့်လေးတွေ ပွင့်တာပဲ။ လယ်ကန်တင်းရိုးပေါ်ကပေါင်းမြက်တွေလည်း အပွင့်ပွင့်တာပဲ။ လယ်တောတစ်ခွင်၊ တောတောင်တစ်ကျောသာ ကုန်သွားတယ်။ ပန်းမပွင့်တတ်တဲ့မြက်ပင်ကို ကျွန်တော်တို့ စဉ်းစားမရခဲ့ကြဘူး။
ကျောင်းအုပ်ကြီးက “ကလေးတို့... ပန်းမပွင့်တတ်တဲ့ မြက်ဆိုတာ မရှိဘူး။ ပေါင်းမြက်တိုင်း ပန်းပွင့်တတ်တယ်။ အဖိုးတန်ပန်းအိုးနဲ့ စိုက်ထားတဲ့ ပန်းဟာလည်း မြက်ပဲ။ လယ်တောဘေးမှာပေါက်နေတဲ့ မြက်ဟာလည်း ပန်းပါပဲ။ ဘယ်နေရာ၊ ဘယ်လိုပတ်ဝန်းကျင်မှာပဲ ကြီးပြင်းခဲ့ပါစေ မင်းတို့ဟာ အပွင့်ပွင့်တတ်ကြတဲ့ မြက်တွေပါ။ အပွင့်မပွင့်တတ်တဲ့ မြက်ဆိုတာ မရှိဘူး။ ကလေးတို့ မြဲမြဲမှတ်ထားကြပါ”
နှစ်တွေကြာခဲ့ပါပြီ... တောနက်ထဲကနေ မြို့ပေါ်ကတက္ကသိုလ်ကို ကျွန်တော်ရောက်ခဲ့တယ်။ ကျွန်တော် အားမငယ်ခဲ့ဘူး။ ကျွန်တော် ဂဏာမငြိမ် မဖြစ်ခဲ့ဘူး။ ကျောင်းအုပ်ကြီးရဲ့စကားကိုပဲ ကျွန်တော်အမြဲကြားယောင်ခဲ့တယ်။ “ပန်းမပွင့်တတ်တဲ့ မြက်ဆိုတာမရှိဘူး”
ကျွန်တော်တို့ဟာ မြက်တစ်ပင်ပဲဖြစ်ခဲ့တာ မဟုတ်ပါဘူး.. လူတိုင်းက ပန်းကိုယ်စီ ဖူးပွင့်တတ်တဲ့ဘဝကို ပိုင်ဆိုင်ထားကြပါတယ်။ ကျွန်တော်တို့ဟာ ပန်းတစ်ပွင့်ပဲ ဖြစ်ခဲ့တာ မဟုတ်ပါဘူး.. ရွက်နုတွေဝေဖြာတတ်တဲ့ မြက်တစ်ပင်လည်း ဖြစ်ခဲ့ပါတယ်။
Credit-နိုင်းနိုင်းစနေ

Thursday, February 6, 2014
Illusion
" "Illusion" "
++++++++++++
စာတွေမတင်ဖြစ်တာကြာသွားပြန်ပြီဗျာ...
ဒီကြားထဲ ရုံးမှာကလည်း လိုင်းတွေပိတ်လိုက်တာလွန်ပါရော ကျွန်တော့ဘလော့ကာလေးတောင် ၀င်လို့မရ ဖြစ်နေတယ်ဗျာ
ဘာပဲပြောပြော ကျွန်တော့်ကိုယ်ပိုင်ပေါက်ကရ တွေတင်လိုက်ပါအုန်းမယ်..
ဒီပုံကိုသေချာကြည့်ပါ၊
ကျွန်တော်တို့ အသိဥာဏ်က ကျွန်တော်တို့ကို လှည့်စားနေတဲ့ Illusion ကို သေချာတွေ့အောင်ကြည့်ပါ၊
ကျွန်တော်လည်း ဒီပုံကို အရင်ကတည်းတွေ့ဘူးပါတယ်.. (ကျွန်တော် ဖန်တီးတာမဟုတ်ပါဘူး) ဘယ်နှစ်ခါကြည့်ကြည့်
ခင်ဗျားတို့ မြင်သလိုပဲ ကျွန်တော်လဲ မြင်မိနေတုန်းပါပဲ…
ကျွန်တော်ပြောချင်တဲ့
Illusion ဆိုတဲ့စကားလုံးက မျက်လှည့်ဆရာတွေရဲ့အသက်ပါ… ဒီ Illusion သဘောတရားက ကျွန်တော်တို့
ဘ၀ကို အများကြီးပြောင်းလဲစေနိုင်ပါတယ်… ဘာတွေပြောင်းလဲစေတာလဲ….
တကယ်ရှိနေတဲ့အရှိတရားတွေကို
ဖုံးကွယ်ထားပြီး မရှိတာတွေကို တော့ အရှိထင်စေတာ Illusion ရဲ့ သတ္တိပါ.
ဒီသဘောတရားကို
အကောင်းဆုံးဖော်ပြပေးနိုင်တဲ့ပုံလေးပါ… လူတစ်ယောက်မှာ မျက်လုံး ၂ လုံး၊ နှစ်ခေါင်း
တစ်ပေါက်နဲ့ ပါးစပ် တစ်ခု ဆိုတဲ့ ကန့်သတ်ချက်ဘောင်ကို ကျွန်တော်တို့အသိဥာဏ်က သတ်မှတ်ထားတဲ့အတွက်
ဒီပုံက မျက်လုံးတွေ ပါးစပ်တွေက နေရာပြောင်းနေသလို ဖြစ်နေတာ တွေ့ရတာပါပဲ... အဲဒီနေရာပြောင်းတောတွေကိုသာလိုက်ကြည့်
သေချာတယ် ချာချာလည်မူးပြီသာမှတ်
ဒီ
Illusion ထောင်ချောက်ကနေရုံးထွက်ဖို့က
(၁) အာရုံမှား (Illusion) နေမှန်းသိပါ
(၂) အရှိအတိုင်း လက္ခံလိုက်ပါ
တခြားကိစ္စတွေကိုလည်း
Illusion များဖြစ်နေမလားလို့ စဉ်းစားကြည့်ပါ…
ကျော်စံလင်း
(ထင်ရာမြင်ရာရေးသည်)
Subscribe to:
Posts (Atom)