ပုံပြင်လေးတစ်ပုဒ်လောက်ပြောပြချင်တယ်ဗျ
ကိုယ်တွေ့လဲမဟုတ်ပါဘူး
စာတွေ့လဲမဟုတ်ပါဘူး တရုပ်စာသင်တန်းကျောင်းက ဆရာပြန်ပြောပြတဲ့ တရုပ်ပုံပြင်လေးပါ…
အဓိပ္ပယ်လေးကောင်းလို့အားလုံးအတွက်ပြန်ဝေမျှချင်တာကြောင့်ပါ။
သိပြီးသားလူတွေလဲရှိမှာပါ..
ခေတ်ပညာတက်ကောင်လေးတစ်ယောက်ပေါ့ဗျာ
သူမှာတက်သင့်တက်ထိုက်တဲ့ပညာတွေအားလုံး သင်ယူပြီးတဲ့အချိန်မှာ ကိုယ်ကိုယ်ကို ရပ်တည်မယ်ဆိုတဲ့
ရည်ရွယ်ချက်နဲ့ အလုပ်လုပ်မယ်ပေါ့…
အဲဒီလိုစိတ်ကူးပြီး
အလုပ်လိုက်ရှာလိုက်တာ ဘယ်မှာမှ မရပဲ ရက်တွေလတွေကြာလာခဲ့တယ်..တဲ့
ဒါနဲ့ပဲ အဲ့ဒီလူငယ်လေးက
စိတ်ညစ်ပြီး ငါလိုအသုံးမကျတဲ့သူ သေသွားတာမှ ကောင်းဦးမယ်လို့ စဉ်းစားပြီး ကိုယ်ကိုယ်ကို
သတ်သေမယ် ဆိုပြီး မြစ်ထဲကို အဆုံးစီရင်ဖို့သွားတယ်တဲ့…
အဲ…ဖြစ်ချင်တော့
သူသက်သေမဲ့ မြစ်ကမ်းနားမှာ ငါးမျှားနေတဲ့ အဖိုးအိုတစ်ဦး ရှိနေတယ်…
အဖိုးအိုက
ဒီလူငယ်လေးဘာလုပ်မလဲလို့ ငါးမျှားရင်းစောင့်ကြည့်နေတာပေါ့…
လူငယ်လေးကလဲ
သူ့ရည်ရွယ်ချက်အတိုင်း ရေထဲကိုတစ်လှမ်းချင်း ဆင်းနေတာကို အဖိုးအိုကတွေ့တာပေါ့..
ဒါနဲ့အဖိုးအိုက
လူငယ်လေးရဲ့ အခြေအနေကို ရိပ်စားမိပြီး စကားစလိုက်တယ်
“လူလေး
ဘာလုပ်မလို့လဲ”
လူငယ်လေးကလဲ
“ကျွန်တော်လိုအသုံးမကျတဲ့ လူသေတာပဲကောင်းပါတယ် အဖိုးရယ်” လို့ပြောပြီး ရေထဲကို ဆက်ဆင်းသွားရော….
အဖိုးအိုကလဲ
“ဒါဆိုလဲ မသေခင် ခဏလောက်ငါပြောတာနားထောင်လိုက်ပါဦး လူလေးအတွက်အကျိုး မယုတ်ပါဘူး” လို့ပြောတယ်…
ဒါနဲ့လူငယ်လေးကလဲ
ရေထဲကပြန်တက်လာပြီး “ပြောပါ အဖိုး ဘာပြောမလို့လဲ” လို့မေးတယ်တဲ့..
အဖိုးအိုက
“လူလေးက ဘာလို့သေချင်ရတာလဲ” လို့မေးတော့…
လူငယ်လေးက
သူ့ဖြစ်ကြောင်းကုန်စင်ပြောပြတာပေါ့…
ဒီတော့မှ အဖိုးအိုက သဲလက်တဆုတ် ကောက်ယူလိုက်ပြီး လူငယ်လေးကိုပြပြီးမေးတယ်
“ဒါဘာလဲ”
လူငယ်လေးကလဲ
“သဲတွေပါ” လို့ဖြေတာပေါ့…
ဒီတော့မှအဖိုးအိုက
သဲတွေကို ကမ်းစပ်နားကိုပြန် လွင့်ပစ်လိုက်တယ်.. ပြီးတော့ လူငယ်လေးကို “ခုနကသဲတွေပြန်ကောက်ပေးပါ”
လို့ပြောတော့…
“အဖိုးရယ်
ဘယ်လိုလုပ်ပြန်ကောက်လို့ ရပါ့မလဲ” လို့လူငယ်လေးကပြန်ပြောတာပေါ့..
ဒါနဲ့
အဖိုးအိုက အိတ်ထဲမှာပါလာတဲ့ ပုလဲတစ်လုံးကို ပြပြီး ကမ်းစပ်ကိုပစ်လိုက်တယ်။
လူငယ်လေးကိုလဲ ခုနပစ်လိုက်တဲ့ ပုလဲကိုပြန်ပြီးကောက်ခိုင်းတယ်။
လူငယ်လေးက လွယ်လွယ်ကူကူပဲ ပြန်ကောက်ပေးလိုက်နိုင်တာပေါ့…
ဒီတော့မှအဖိုးအိုက
“ဒါကျတော့ဘာလို့ ကောက်နိုင်တာလဲ” လို့လူငယ်လေးကိုပြန်မေးတယ်..
“ဟာ
အဖိုးကလဲ အရွယ်အစားရော အရောင်အဆင်းရော ပုံသဏန်ရော
ဆင်တူမှမရှိတာ ကောက်နိုင်တာပေါ့” ပြန်ဖြေတယ်..
အဖိုးအိုက
ပြုံးပြီး ကောင်လေးကိုပြောတယ်..
“လူလေးလိုမျိုး
လူငယ်တွေက ဒီကမ်းစပ်မှာ ရှိနေတဲ့ သဲတွေတူတယ် လူလေး ပုံစံတူ အရွယ်အစားတူ ပုံစံတူတွေချည်းပဲ”
“ဘယ်သူက ဘယ်လောက်ပိုတော်တယ် ပိုတတ်တယ် ဆိုတာ သေချာကြည့်မှသိနိုင်တာပေါ့ လူလေးရဲ့ ဒါပင်မဲ့
သူများထက်ထူးအောင်ကြိုးစားတဲ့ လူငယ်ကျတော့ ဒီပုလဲနဲ့တူတယ်.. သေချာမကြည့်ရင်တောင် ထူးခြားနေမှန်းသိတယ်…ဒီတော့
လွယ်လွယ်နဲ့ရွေးချယ်လို့ရတာပေါ့..”
လူလေးနားလည်ရဲ့လားလို့
မေးလိုက်တယ်တဲ့…
ပုံပြင်လေးကတော့ဒါပါပဲ..
ကျွန်တော်တို့လို
လူငယ်တွေ ပညာတတ်တွေဆိုတာ အများကြီးပါပဲ…ဒါပင်မဲ့ သူများထက်ထူးခြားအောင် တော်အောင် တတ်အောင်လေ့ကျင့်တဲ့
သူတွေလောက်ပဲ အမြတ်တနိုးတန်ဖိုးထားခံရပြီး ပိုမြင့်မားတဲ့ ဘ၀ကိုရရှိမှာပါလို့ ကျွန်တော်ကတဆင့်ကျွန်တော့်သူငယ်ချင်းတွေကိုဝေမျှပေးလိုက်ပါတယ်…
စာများများဖတ်နိုင်ဖို့ခက်တယ်
ဖတ်သမျှစာကို နားလည်နိုင်ဖို့ ပိုခက်တယ်
ဖတ်သမျှစာကို နားလည်စွာနဲ့မှတ်မိဖို့ ပိုခက်တယ်
ဖတ်သမျှစာကို လက်တွေ့အသုံးချနိုင်ဖို့က လူတိုင်းမလုပ်နိုင်လောက်အောင်
ခက်တယ်..
ဒါကြောင့်
ဖတ်သမျှစာတိုင်းကို နားလည်စွာနဲ့မှတ်မိပြီး ပြန်အသုံးချနိုင်တဲ့ သူဖြစ်နိုင်ပါစေလို့
ဆန္ဒပြုရင်း
ကျော်စံလင်း
ကျော်စံလင်း
No comments:
Post a Comment