![]() |
ကွန်နရှင်ကောင်းကြောင်းကြွားတာ |
Monday, August 26, 2013
ကြိုက်တာဝယ်စား
ဒီတခါ ဟာသလေးတစ်ပုဒ်
ကြိုက်တာဝယ်စား
အမေရိကန်နိုင်ငံရှိ ၀က်မွေးမြူသူတစ်ဦးထံသို့ တစ်နေ့သောအခါ လူကြီးလူကောင်းတစ်ဦး ရောက်ရှိလာပြီးစုံစမ်းလေ၏ ။
" ခင်ဗျားရဲ့ဝက်တွေကို ဘယ်လိုအစာတွေကျွေးသလဲဗျ "
" ကျွန်တော့်ဝက်တွေကို ထမင်းကျန်၊ ဟင်းကျန်တွေနဲ့ ဟင်းသီးဟင်းရွက်အပုပ်တွေ ရောစပ်ပြီးကျွေးပါတယ် "
" ကြားရတာစိတ်မကောင်းစရာပဲ၊ ကျွန်တော်က ကမ္ဘာ့တိရိစ္ဆာန်များ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ကအရာရှိပါ ။ အခုလိုကျန်းမာရေးနဲ့မညီညွတ်တဲ့အစာတွေ ကျွေးမှုအတွက်ခင်ဗျားကို ဒေါ်လာတစ်ထောင်ဒဏ်ငွေရိုက်ရပါလိမ့်မယ် "
ဒဏ်ငွေဆောင်ပြီး ( ၃ ) လခန့်ကြာပြန်သော် နောက်ထပ်လူကြီးလူကောင်းတစ်ဦး ရောက်လာပြီး စုံးစမ်းပြန်၏ ။
"ခင်ဗျားဝက်တွေကို ဘယ်လိုအစာတွေကျွေးသလဲဗျ "
" ဟုတ်ကဲ့၊ ပေါင်မုန့်၊ ပူတင်း၊ ဒိန်ခဲ၊ အာလူး၊ ကြက်ပေါင်းနဲ့ ဗိုက်တာမင်အားဆေးတွေ ရောစပ်ပြီးကျွေးပါတယ်ခင်ဗျာ "
" အားပါး၊ အံ့သြစရာပဲ၊ ကျွန်တော်က ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့က အရာရှိပါ ။ ကမ္ဘာကြီးရဲ့လူဦးရေလေးပုံတစ်ပုံလောက် နှစ်စဉ်အငတ်ဘေးကြုံနေရတာကိုတောင်မှ ခင်ဗျားကခြိုးခြုံမှုမရှိဘဲ ဖြုန်းတီးပစ်နေတာ အဲဒီအတွက်ခင်ဗျားကို ဒေါ်လာတစ်ထောင်ဒဏ်ငွေရိုက်ပါတယ် "
ဒဏ်ငွေဆောင်ပြီး များမကြာမီနောက်တစ်ဦးလာပြန်လေ၏ ။
" ခင်ဗျားဝက်တွေကို ဘယ်လိုအစာတွေကျွေးပါသလဲခင်ဗျား "
" တစ်ကောင်ကို တစ်ဒေါ်လာစီပေးပြီး ကြိုက်တာဝယ်စားလို့ ပြောလိုက်တယ် "

စာများများဖတ်နိုင်ဖို့ခက်တယ်
ဖတ်သမျှစာကို နားလည်နိုင်ဖို့ ပိုခက်တယ်
ဖတ်သမျှစာကို နားလည်စွာနဲ့မှတ်မိဖို့ ပိုခက်တယ်
ဖတ်သမျှစာကို လက်တွေ့အသုံးချနိုင်ဖို့က လူတိုင်းမလုပ်နိုင်လောက်အောင်
ခက်တယ်..
ဒါကြောင့်
ဖတ်သမျှစာတိုင်းကို နားလည်စွာနဲ့မှတ်မိပြီး ပြန်အသုံးချနိုင်တဲ့ သူဖြစ်နိုင်ပါစေလို့
ဆန္ဒပြုရင်း
ကျော်စံလင်း
ကျော်စံလင်း
Thursday, August 8, 2013
မိတ်ဆက်
အတည် ပို့တွေစတင်ပါတော့မယ်
ကျွန်တော်အရင်တုန်းက Facebook တွေမပေါ်ခင်က Friendster တို့ ပီးတော့ Mysuboo တို့မှာ ညီသစ်မင်းဆိုတဲ့ နာမည်နဲ့ ကဗျာတွေစာတွေရေးခဲ့ဘူးပါတယ်..လူပျိုဘ၀ကပေါ့ဗျာ.. နောက်ပိုင်း google group လေးတစ်ခုဖြစ်တဲ့ အလင်းစေတမန် ရောပေါ့... အဲဒီအချိန်တုန်းက Internet ဆိုတာ ကျွန်တော့အိမ်ပါပဲ... ဒါပင်မဲ့ငှားနေရတဲ့အိမ်ပေါ့ဗျာ.. အဲဒီအချိန်က စုဆောင်းထားတာလေးတွေ (ကိုယ်ရေးတာကော သူများရေးတာကော) ကိုအခုအချိန်မှာ ပြန်ဝေမျှသင့်တယ်လို့ထင်လို့ပါ၊၊ ပြီးတော့ မြန်မာနိုင်ငံက လူငယ်တွေက facebook သုံးတာကို Internet သုံးတယ်လို့ တလွဲသုံးနေတာကိုလဲ ဘ၀င်မကျတာပါပါတယ်၊၊ ကျွန်တော့စာတွေဖတ်ပြီး နိုင်ငံတော်အတွက် အသုံးကျမဲ့ လူငယ်တွေဖြစ်ပါစေလို့ဆန္ဒပြုပါတယ်၊၊

သောင်ပြင်ထက်က သင်ခန်းစာ
ပုံပြင်လေးတစ်ပုဒ်လောက်ပြောပြချင်တယ်ဗျ
ကိုယ်တွေ့လဲမဟုတ်ပါဘူး
စာတွေ့လဲမဟုတ်ပါဘူး တရုပ်စာသင်တန်းကျောင်းက ဆရာပြန်ပြောပြတဲ့ တရုပ်ပုံပြင်လေးပါ…
အဓိပ္ပယ်လေးကောင်းလို့အားလုံးအတွက်ပြန်ဝေမျှချင်တာကြောင့်ပါ။
သိပြီးသားလူတွေလဲရှိမှာပါ..
ခေတ်ပညာတက်ကောင်လေးတစ်ယောက်ပေါ့ဗျာ
သူမှာတက်သင့်တက်ထိုက်တဲ့ပညာတွေအားလုံး သင်ယူပြီးတဲ့အချိန်မှာ ကိုယ်ကိုယ်ကို ရပ်တည်မယ်ဆိုတဲ့
ရည်ရွယ်ချက်နဲ့ အလုပ်လုပ်မယ်ပေါ့…
အဲဒီလိုစိတ်ကူးပြီး
အလုပ်လိုက်ရှာလိုက်တာ ဘယ်မှာမှ မရပဲ ရက်တွေလတွေကြာလာခဲ့တယ်..တဲ့
ဒါနဲ့ပဲ အဲ့ဒီလူငယ်လေးက
စိတ်ညစ်ပြီး ငါလိုအသုံးမကျတဲ့သူ သေသွားတာမှ ကောင်းဦးမယ်လို့ စဉ်းစားပြီး ကိုယ်ကိုယ်ကို
သတ်သေမယ် ဆိုပြီး မြစ်ထဲကို အဆုံးစီရင်ဖို့သွားတယ်တဲ့…
အဲ…ဖြစ်ချင်တော့
သူသက်သေမဲ့ မြစ်ကမ်းနားမှာ ငါးမျှားနေတဲ့ အဖိုးအိုတစ်ဦး ရှိနေတယ်…
အဖိုးအိုက
ဒီလူငယ်လေးဘာလုပ်မလဲလို့ ငါးမျှားရင်းစောင့်ကြည့်နေတာပေါ့…
လူငယ်လေးကလဲ
သူ့ရည်ရွယ်ချက်အတိုင်း ရေထဲကိုတစ်လှမ်းချင်း ဆင်းနေတာကို အဖိုးအိုကတွေ့တာပေါ့..
ဒါနဲ့အဖိုးအိုက
လူငယ်လေးရဲ့ အခြေအနေကို ရိပ်စားမိပြီး စကားစလိုက်တယ်
“လူလေး
ဘာလုပ်မလို့လဲ”
လူငယ်လေးကလဲ
“ကျွန်တော်လိုအသုံးမကျတဲ့ လူသေတာပဲကောင်းပါတယ် အဖိုးရယ်” လို့ပြောပြီး ရေထဲကို ဆက်ဆင်းသွားရော….
အဖိုးအိုကလဲ
“ဒါဆိုလဲ မသေခင် ခဏလောက်ငါပြောတာနားထောင်လိုက်ပါဦး လူလေးအတွက်အကျိုး မယုတ်ပါဘူး” လို့ပြောတယ်…
ဒါနဲ့လူငယ်လေးကလဲ
ရေထဲကပြန်တက်လာပြီး “ပြောပါ အဖိုး ဘာပြောမလို့လဲ” လို့မေးတယ်တဲ့..
အဖိုးအိုက
“လူလေးက ဘာလို့သေချင်ရတာလဲ” လို့မေးတော့…
လူငယ်လေးက
သူ့ဖြစ်ကြောင်းကုန်စင်ပြောပြတာပေါ့…
ဒီတော့မှ အဖိုးအိုက သဲလက်တဆုတ် ကောက်ယူလိုက်ပြီး လူငယ်လေးကိုပြပြီးမေးတယ်
“ဒါဘာလဲ”
လူငယ်လေးကလဲ
“သဲတွေပါ” လို့ဖြေတာပေါ့…
ဒီတော့မှအဖိုးအိုက
သဲတွေကို ကမ်းစပ်နားကိုပြန် လွင့်ပစ်လိုက်တယ်.. ပြီးတော့ လူငယ်လေးကို “ခုနကသဲတွေပြန်ကောက်ပေးပါ”
လို့ပြောတော့…
“အဖိုးရယ်
ဘယ်လိုလုပ်ပြန်ကောက်လို့ ရပါ့မလဲ” လို့လူငယ်လေးကပြန်ပြောတာပေါ့..
ဒါနဲ့
အဖိုးအိုက အိတ်ထဲမှာပါလာတဲ့ ပုလဲတစ်လုံးကို ပြပြီး ကမ်းစပ်ကိုပစ်လိုက်တယ်။
လူငယ်လေးကိုလဲ ခုနပစ်လိုက်တဲ့ ပုလဲကိုပြန်ပြီးကောက်ခိုင်းတယ်။
လူငယ်လေးက လွယ်လွယ်ကူကူပဲ ပြန်ကောက်ပေးလိုက်နိုင်တာပေါ့…
ဒီတော့မှအဖိုးအိုက
“ဒါကျတော့ဘာလို့ ကောက်နိုင်တာလဲ” လို့လူငယ်လေးကိုပြန်မေးတယ်..
“ဟာ
အဖိုးကလဲ အရွယ်အစားရော အရောင်အဆင်းရော ပုံသဏန်ရော
ဆင်တူမှမရှိတာ ကောက်နိုင်တာပေါ့” ပြန်ဖြေတယ်..
အဖိုးအိုက
ပြုံးပြီး ကောင်လေးကိုပြောတယ်..
“လူလေးလိုမျိုး
လူငယ်တွေက ဒီကမ်းစပ်မှာ ရှိနေတဲ့ သဲတွေတူတယ် လူလေး ပုံစံတူ အရွယ်အစားတူ ပုံစံတူတွေချည်းပဲ”
“ဘယ်သူက ဘယ်လောက်ပိုတော်တယ် ပိုတတ်တယ် ဆိုတာ သေချာကြည့်မှသိနိုင်တာပေါ့ လူလေးရဲ့ ဒါပင်မဲ့
သူများထက်ထူးအောင်ကြိုးစားတဲ့ လူငယ်ကျတော့ ဒီပုလဲနဲ့တူတယ်.. သေချာမကြည့်ရင်တောင် ထူးခြားနေမှန်းသိတယ်…ဒီတော့
လွယ်လွယ်နဲ့ရွေးချယ်လို့ရတာပေါ့..”
လူလေးနားလည်ရဲ့လားလို့
မေးလိုက်တယ်တဲ့…
ပုံပြင်လေးကတော့ဒါပါပဲ..
ကျွန်တော်တို့လို
လူငယ်တွေ ပညာတတ်တွေဆိုတာ အများကြီးပါပဲ…ဒါပင်မဲ့ သူများထက်ထူးခြားအောင် တော်အောင် တတ်အောင်လေ့ကျင့်တဲ့
သူတွေလောက်ပဲ အမြတ်တနိုးတန်ဖိုးထားခံရပြီး ပိုမြင့်မားတဲ့ ဘ၀ကိုရရှိမှာပါလို့ ကျွန်တော်ကတဆင့်ကျွန်တော့်သူငယ်ချင်းတွေကိုဝေမျှပေးလိုက်ပါတယ်…
စာများများဖတ်နိုင်ဖို့ခက်တယ်
ဖတ်သမျှစာကို နားလည်နိုင်ဖို့ ပိုခက်တယ်
ဖတ်သမျှစာကို နားလည်စွာနဲ့မှတ်မိဖို့ ပိုခက်တယ်
ဖတ်သမျှစာကို လက်တွေ့အသုံးချနိုင်ဖို့က လူတိုင်းမလုပ်နိုင်လောက်အောင်
ခက်တယ်..
ဒါကြောင့်
ဖတ်သမျှစာတိုင်းကို နားလည်စွာနဲ့မှတ်မိပြီး ပြန်အသုံးချနိုင်တဲ့ သူဖြစ်နိုင်ပါစေလို့
ဆန္ဒပြုရင်း
ကျော်စံလင်း
ကျော်စံလင်း
မရယ်ရတော့သော ဟာသတစ်ပုဒ်အကြောင်း
ဒီပို့က ပထမဆုံးတင်တဲ့ပို့ဖြစ်ပါလိမ့်မယ်....
ပီးတော့ ကျွန်တော်ကိုယ်တိုင်ခံစားချက်လဲဖြစ်ပါတယ်...
ရေးထားတာတော့ကြာပါပီ အခုမှ တင်ဖြစ်တာပါ ဖြစ်ရပ်မှန်လေးပါ....
ရှေ့နေလိုက်သက်ကြာပြီး
အောင်မြင်နေတဲ့ရှေ့နေတစ်ယောက် မှာသားတစ်ယောက်ရှိတယ်
သူ့သားကိုလဲ
သူ့လိုပဲ ရှေ့နေဖြစ်အောင် သင်ယူစေခဲ့ပြီး သားကရှေ့နေကျောင်းက ဘွဲ့ရရှေ့နေတစ်ယောက်ဖြစ်လာတယ်…
သူပထမဆုံးလိုက်တဲ့
အမှုက သူ့ဖေလိုက်ခဲ့တဲ့အမှု ဖြစ်နေတယ်…
နောက်ဆုံး
ရုံးချိန်း(၅) ချိန်းတည်းနဲ့ သားဖြစ်သူက အမှုကိုလိုက်ပေးခဲ့ပြီး… အဖေဖြစ်သူကိုပြောတယ်…
သား အဖေနှစ် ၂၀ လောက်လိုက်လာတဲ့အမှုကို သားရုံးချိန်း
(၅)ချိန်းတည်းနဲ့ ဖြတ်ပေးလိုက်တယ်
သားမတော်ဘူးလားလို့မေးတော့
အဖေ မင်းဒီအရွယ်ရောက်အောင် ဒီလိုရှေ့နေတစ်ယောက်ဖြစ်လာအောင်ဒီအမှုကနေရတာကွ
ဒါကိုမင်းက ရုံးချိန်း
(၅) ချိန်းတည်းနဲ့ ပြီးအောင်ဖြတ်ပြစ်တယ်ဆိုတော့ ဘယ်သူပိုတော်လဲ မင်းဖာသာမင်းစဉ်းစားလို့ပြောလိုက်သတဲ့…
အဲဒီဟာသလေးကိုဖတ်ပြီးရယ်ခဲ့တယ်
တော်တော်လေးကိုတော်တဲ့ရှေ့နေအဖေ အသုံးမကျတဲ့သားရှေ့နေ လို့လဲစိတ်ထဲမှာ မှတ်ချက်ချမိတယ်…လွန်ခဲ့တဲ့
၁၀ နစ် ဒီဟာသလေးကိုဖတ်မိတဲ့ ကျောင်းသားဘ၀တုန်းကပေါ့.
ရှေ့နေအလုပ်ဆိုတာ
သာသာယာယာနဲ့ ပိုက်ဆံရတဲ့အလုပ်ပါလား လို့လဲတွေးတောမိတယ်…
ဒါပင်မဲ့
အခု ၂၀၁၁ ကျောင်းတွေပြီးလို့ လူ့လောကထဲဝင်တော့မှ အဲဒီဟာသလေးက ရီစရာမကောင်းမှန်း သိခဲ့ရတယ်
အဖြစ်ကတော့
ကျွန်တော့်သူငယ်ချင်း ဆေးမှုနဲ့ အဖမ်းခံရတဲ့ အချိန်ပေါ့..
ကျွန်တော့်မှာ
သူငယ်ချင်း များများမရှိပါဘူး ၂ ယောက်တည်းရှိတာပါ.. အဲဒီတည်းက တစ်ယောက်က လူပေါင်းမှားပြီး
ချောက်တွန်းတာခံခဲ့ရတာပါ။ ထားပါတော့ သူအဖမ်းခံရတယ်… အမှုဖြစ်တယ်ပေါ့ဗျာ..
ဒီတော့ရှေ့နေငှားရတော့တာပေါ့…
ကျွန်တော့်သူငယ်ချင်းက တကယ်သုံးတာလဲမဟုတ်တော့ ဆေးစစ်တော့လဲ အောင်တယ်ဗျ.. ဒါနဲ့ရှေ့နေက သေချာပေါက်လွတ်မယ် ရှေ့နေခ သိန်း ၂၀ တောင်းတာပေါ့..
ကျွန်တော်ကလဲ
ဒီကိစ္စကို ကိုယ်ကိစ္စလို့ပဲသဘောထားပြီး လိုက်စုံစမ်းပေး ပိုက်ဆံလိုက်ရှာပေးနဲ့ တော်တော်ပင်ပန်းရပါတယ်…
ဒါပင်မဲ့ လမ်းမှားရောက်တဲ့ သူငယ်ချင်း လမ်းမှန်သွားရင် ပင်ပန်းရကျိုးနပ်ပါတယ် ဆိုပြီး သူ့အိမ်သားတွေရော ကျွန်တော်ရော လိုက်ပြီးအပင်ပန်းခံ
အောက်ကျနောက်ကျခံပြီး လွတ်အောင်လိုက်လုပ်ရပါတယ်.. ဒါပင်မဲ့ကျွန်တော်ပြောချင်တဲ့ ရှေ့နေအခန်းက
အခုမှဗျ…
သူတို့က ရှေ့နေခတ၀က်ကို
အရင်ပေးရမယ် အမှုပြီးမှ နောက်တစ်ဝက်ကို ပေးရမယ်ဆိုတော့ ကျွန်တော်တို့ကလဲ ကျေနပ်တယ်ပေါ့…
ဒါပင်မဲ့ဗျာ…
အဲဒီတော့မှ သိလိုက်ရတာ အမှုတစ်ခုဖြစ်တာ တောတော်လေးပိုက်ဆံကုန်တယ်ဆိုတဲ့အကြောင်း.. ရှေ့နေကိုလဲ
ဖားရ တရားသူကြီးကိုလဲဖားရ သူတို့မျက်နှာတစ်ချက်ပျက်သွားရင်တောင် ကိုယ်ကြောင့်လားဆိုပြီး
စိုးရိမ်နေရတဲ့ဘ၀ပါ.. ဒါနဲ့အချိန်က ၉ လကျော်လာတော့ နောက်ဆုံးအဆင့်ကိုရောက်လာရော.. အမိန့်ချမယ်ပေါ့…
ကိုယ့်မှာလဲ ဒါမျိုးက အတွေ့အကြုံရှိတာမှမဟုတ်တာ သူတို့လိုအပ်သလောက် ကျေနပ်အောင် လူအားရော
ငွေအားရောလိုက်နေတာ အားလုံးက ယဲ့ယဲ့ပဲကျန်တော့တဲ့အခြေအနေပါ..
အဲဒီအခြေအနေမှာ
တရားသူကြီးရှေ့နေနဲ့ ပေါင်းထားတဲ့အကြောင်းသိရတော့တာပဲ..
အမှုက လွတ်ချင်လဲလွတ်လို့ရတယ်
ထောင်ချချင်လဲ ချလို့ရတယ် အားလုံးတရားသူကြီးရဲ့ လက်ထဲမှာပဲရှိတယ် ဆိုတော့ ရှေ့နေပြောသမျှအဟုတ်ပေါ့…
သူကကြောက်ဆိုကြောက်လိုက်ရတာပဲ… ကိုယ့်လူက သူ့စီမံသလိုဖြစ်မှာလေ… ဒါနဲ့ပဲ တရားသူကြီးကိုကန်တော့ရမယ်
ဘယ်အချိန်ဘယ်နေရာ ဘယ်လောက်စသည်ဖြင့်ပေါ့… အဲဒီအချိန်မှာ ကျွန်တော်တို့အတွက်က ဘယ်လောက်ဆိုတာကြီးက တော်တော်ခေါင်းပူစေပါတယ်… သူပြောတဲ့ပမာဏက
လူငယ်တစ်ယောက်ရဲ့ ငယ်ရွယ်တဲ့ အချိန် ၇ နှစ်ကိုဝယ် ရမဲ့ငွေဖြစ်နေလို့ပါ… ဒါပင်မဲ့ အစပိုင်းမှာကုန်ထားတာတွေရယ်
ရမန်ယူတဲ့အချိန် ရုံးထုတ်တဲ့အချိန် သက်သေ ရှေ့နေတွေ ခေါ်တဲ့စရိတ် အားလုံးကြောင့်ကျွန်တော်တို့မှာ
ငွေအဖြစ်ပြန်ပြောင်းလို့ရတာဘာမှမရှိတဲ့အချိန်ဖြစ်နေတော့ သူတို့တောင်းတဲ့အချိန်မှာမပေးနိုင်တော့ဘူးပေါ့..
ဒါကြောင့်
အစပိုင်းမှာပြောခဲ့တဲ့ရှေ့နေစကားကို ပြန်ပြောကြည့်တော့ “သေချာပေါက်လွတ်ပါတယ်” ရှေ့နေက
ဟုတ်တယ်လေတဲ့ သူပြောတဲ့သူကို ပြောသလောက်ငွေပေးနိုင်ရင် လွတ်တာသေချာပါတယ်… ကျွန်တော့်ရှေ့နေခ
ကျန်တဲ့တ၀က်ကိုလဲရှာထားပါဦးဆိုပြီးပြောသွားတယ်။ ကျွန်တော်တို့ကလဲ မလိုက်ပဲနေလဲ ၇ နှစ်ကျမှာ
လိုက်တော့မှပိုက်ဆံပိုကုန်သွားပြီးမပေးနိုင်ဘူးလို့ပဲပြောလိုက်တော့… နောက် ၃ လေးရက်လောက်နေရင်
အယူခံတင်ပေးမယ် အယူခံမှာလဲ လွတ်ရင်လွတ်နိုင်တာပေါ့ပြောတယ်.. နောက်ပြီး ကျွန်တော်လဲ
လက်လွတ်စပယ်မလုပ်ပါဘူး သေချာလုပ်မှာပါလို့ ကတိထပ်ပေးရင်အယူခံတင်တာကိုစောင့်ကြတယ်။ အဲဒီမှာ
ကျွန်တော်ပြောချင်တဲ့ အယူခံဆိုတာ တရားခံအတွက် နောက်ဆုံးအခွင့်အရေးကိုပြောတာဗျ။ အဲဒီအချိန်မှာတောင်းသလောက်ပေးနိုင်ရင်
သေချာပေါက်လွတ်နိုငသေးတယ်။ ပြောရရင်တော့ တရားသူကြီးနဲ့ ရှေ့နေတို့ရဲ့ နောက်ဆုံးပိုက်ကွန်ပေါ့..
နောက်ဆုံးငွေရပေါက်ပဲ..
ဒီအချိန်ကိုလွန်သွားရင် ဒီတရားခံက သူတို့အတွက် ဘာမှအသုံးမ၀င်တဲ့အမှိုက်ဖြစ်သွားပြီပေါ့…
နောက်ဆုံးကျတော့
ကျွန်တော်တို့မှာ ချေးလို့ငှားလို့ ပေါင်လို့နှံလို့ရသမျှ ငွေလောက်နဲ့အဆင်ပြေမဲ့နည်းလမ်း
ပြောကြည့်တော့ ဒီငွေလောက်နဲ့ဆိုရင်တော့ တရားသူကြီးဆီမှာ ပြောကြည့်ဦးမယ်ဆိုပြီးတပတ်လောက်ပျောက်သွားတယ်။
တပတ်ကျော်တော့မှ ဒီငွေပမာဏလောက်နဲ့ဆိုရင် (၂) နှစ်လျှော့လို့ရတယ်ဆိုပြီးအကြောင်းပြန်တယ်..
ကျွန်တော်တို့လဲဘာတတ်နိုင်မလဲဗျာ လူငယ်တစ်ယောက်ရဲ့ ငယ်ရွယ်တဲ့အချိန် ၂ နှစ်ပြန်ယူနိုင်တယ်ဆိုလဲ
၂ နှစ်ပေါ့ဆိုပြီးလက်ခံလိုက်ရတယ်။
အဲဒီအမှု အစအဆုံးကြာချိန်
၁၀ လနဲ့ ပိုက်ဆံ သိန်း၁၅၀ ကျော်လောက်ကုန်သွားတယ်…
ဒါပင်မဲ့
နောက်ဆုံးတော့ ထောင်ကျတာပဲ..
ကျွန်တော်မေးချင်တာက
ရှေ့နေအလုပ်ဆိုတာ သမာအာဇီဝအလုပ်လား.. ဒါမှမဟုတ်
တရားဝင်ဒမြတိုက်ခွင့်လား ဒါမှမဟုတ်
ရေနစ်သူဝါးကူထိုးတဲ့ အခွင့်ရေးသမားတွေလား ကျွန်တော်မဝေခွဲ တတ်တော့ပါဗျာ
ဘယ်သူ့ကိုမှမရည်ရွယ်ပါဘူး ခံစားချက်သက်သက်ဖြစ်ပါတယ်...
စာများများဖတ်နိုင်ဖို့ခက်တယ်
ဖတ်သမျှစာကို နားလည်နိုင်ဖို့ ပိုခက်တယ်
ဖတ်သမျှစာကို နားလည်စွာနဲ့မှတ်မိဖို့ ပိုခက်တယ်
ဖတ်သမျှစာကို လက်တွေ့အသုံးချနိုင်ဖို့က လူတိုင်းမလုပ်နိုင်လောက်အောင်
ခက်တယ်..
ဒါကြောင့်
ဖတ်သမျှစာတိုင်းကို နားလည်စွာနဲ့မှတ်မိပြီး ပြန်အသုံးချနိုင်တဲ့ သူဖြစ်နိုင်ပါစေလို့
ဆန္ဒပြုရင်း
ကျော်စံလင်း
Subscribe to:
Posts (Atom)