Wednesday, May 28, 2014

ပျော်ရွှင်အောင်လုပ်နည်း

ယောကျာ်းတစ်ယောက်ကိုပျော်ရွှင်အောင်လုပ်နည်းနှင့် မိန်းမတစ်ယောက်ကို ပျော်ရွှင်အောင်လုပ်နည်း
Wednesday, May 28, 2014
ယောကျာ်းတစ်ယောက်ကိုပျော်ရွှင်အောင်လုပ်နည်း
------------------------------------------------------
1. ကျွေးမွေးပါ
2. တူတူအိပ်ပါ
3. သူငြိမ်းချမ်းစွာနေပါစေ
4. သူ့ဖုန်းကိုလျှောက်မကြည့်ပါနဲ့
5. သူ့ကိစ္စတွေကိုဝင်မရှုပ်ပါနဲ့
6. နားလည်ပေးပါ
အရမ်းကြီးမခက်ပါဘူးနော်?
---
မိန်းမတစ်ယောက်ကိုပျော်ရွှင်အောင်လုပ်နည်း
------------------------------------------------
1. သူငယ်ချင်းတစ်ယောက်အဖြစ်
2. ရဲဘော်ရဲ့ဘက်တစ်ယောက်အဖြစ်
3. ချစ်သူတစ်ယောက်အဖြစ်
4. အစ်ကိုတစ်ယောက်အဖြစ်
5. အဖေတစ်ယောက်အဖြစ်
6. ဆရာတစ်ယောက်အဖြစ်
7. စားဖိုမှုးတစ်ယောက်အဖြစ်
8. မီးပြင်သမားတစ်ယောက်အဖြစ်
9. ရေပြင်သမားတစ်ယောက်အဖြစ်
10. စက်ပြင်သမားတစ်ယောက်အဖြစ်
11. လက်သမားတစ်ယောက်အဖြစ်
12. အိမ်တွင်းအလှဆင်တတ်သူတစ်ယောက်အဖြစ်
13. စတိုင်ကျသူတစ်ယောက်အဖြစ်
14. Sex နဲ့ပတ်သတ်လို့နားလည်တတ်သူတစ်ယောက်အဖြစ်
15. အထွေထွေဗဟုသုတရှိသူတစ်ယောက်အဖြစ်
16. စိတ်ဓါတ်အားပေးနိုင်သူတစ်ယောက်အဖြစ်
17. ဒါဏ်ရာရရင် အနာကျက်အောင်ဆေးထည့်ပေးတတ်သူတစ်ယောက်အဖြစ်
18. စိတ်ရောဂါကုသတတ်သူတစ်ယောက်အဖြစ်
19. စိတ်ပျော်ရွှင်အောင်လုပ်ပေးနိုင်သူတစ်ယောက်အဖြစ်
20. သူပြောတဲ့စကားတွေကိုနားထောင်ပေးတတ်သူတစ်ယောက်အဖြစ်
21. စီမံခံ့ခွဲတတ်သူတစ်ယောက်အဖြစ်
22. သန့်သန့်ရှင်းရှင်းနေတတ်သူတစ်ယောက်အဖြစ်
23. နွေးထွေးတတ်သူတစ်ယောက်အဖြစ်
24. အသိဥဏ်ရှိသူတစ်ယောက်အဖြစ်
25. ဟာသဥဏ်သူတစ်ယောက်အဖြစ်
26. တီထွင်တတ်သူတစ်ယောက်အဖြစ်
27. စိတ်ဓါတ်ခိုင်မာသူတစ်ယောက်အဖြစ်
28. နားလည်ပေးတတ်သူတစ်ယောက်အဖြစ်
29. အားပေးတတ်သူတစ်ယောက်အဖြစ်
30. အားကိုးထိုက်သူတစ်ယောက်အဖြစ်
31. ချစ်တတ်သူတစ်ယောက်အဖြစ်
နေပေးပါ
ဒါတွေကိုမမေ့ပဲနဲ့
32. သူ့ကိုချီးကျုးဖို့
33. သူနဲ့တူတူဈေးလိုက်ဝယ်ပေးဖို့
34. ရိုးသားဖို့
35. တင့်တောင့်တင့်တယ်ထားနိုင်ဖို့
36. သူ့ကိုဖိအားမပေးဖို့
37. တခြားကောင်မလေးတွေကိုလိုက်မငန်းဖို့
38. သူ့ကိုဂရုစိုက်ဖို့
39. အားတဲ့အချိန်တိုင်းသူ့အတွက်ပေးဖို့နဲ့ အရေးကြီးဆုံးက
40. ဘယ်တော့မှမမေ့ပါနဲ့ဒီနေ့တွေကို
*မွေးနေ့
*နှစ်ပတ်လည်နေ့
*Valentine နေ့
*သူမချိန်းဆိုတဲ့နေ့
ပျိုမေတို့သိစေဖို့မှ ပြန်လည်မျှဝေပါသည်။
Credit : လူဗိုဟူသည်

ကမ္ဘာမှာ တန်ဖိုးအကြီးဆုံးအရာ

ကမ္ဘာမှာ တန်ဖိုးအကြီးဆုံးအရာ
တစ်နေ့မှာတော့ ဘုရင့်သားနှင့်အမတ်ကြီးသည် နိုင်ငံရပ်ခြားမှလာသော ကုန်သည်များရဲ့ဈေးသို့သွားကြည့်ကြသည်။မမြင်ဘူး မတွေ့ဘူးသော ပစ္စည်းများကားပြည့်နှက်နေသဖြင့် မင်းသားကားအရာအားလုံးကို ထူးဆန်းစွာလိုက်ကြည့်နေ၏။ကျောက်သံပတ္တမြားနှင့် လက်ဝတ်ရတနာများပါရောင်းချနေသည်ကိုတွေ့သော် မင်းသားကအမတ်ကြီးအားမေး၏။
" အမတ်ကြီးလောကတွင် ဈေးအကြီးဆုံးအရာကား မည်သည့်အရာဖြစ်သနည်း"
အမတ်ကြီး က " အရှင့်သားရွှေငွေပစ္စည်းများစွာတို့သည် အခကြေးငွေပေးပြီး ၀ယ်ယူလို့ရ၏။အချိန်ကား အခကြေးငွေပေး၍ ၀ယ်ယူ၍မရ ဆွဲဆန့်၍သာရ၏ ထို့ကြောင့်အချိန်ကား ဈေးကြီးပေသည် "
ဘုရင့်သားက " ထို့ထက်ဈေးကြီးတာ ရှိသေးသလော "
" ရှိပါသည်အရှင့်သား လောကတွင်ဈေးအကြီးဆုံးအရာကား ယုံကြည်မှုဖြစ်ပေသည်။ယုံကြည်မှုဆိုသည်မှာ ဈေးကြီးလှစွာသော အချိန်များအလွန်အကျွံ့သုံးပြီးမှ ရရှိတတ်၏။
ယုံကြည်မှုဆိုသည်မှာ သစ်ပင်နှင့်တူ၏။အချိန်ပေး၍ ရေလောင်းရ၏၊ပြုစုရ၏၊ကြီးထွားလာဖို့ကို နှစ်ပေါင်းများစွာ စောင့်ရ၏။
ယုံကြည်မှုသည်လဲ ထိုနည်းလည်းကောင်းဖြစ်ပေသည်။ လူတစ်ယောက်နဲ့တစ်ယောက်ယုံကြည်မှုရဖို့ နှစ်ပေါင်းများစွာ ပေါင်းဖက်နေထိုင် မှသာရရှိပေသည်။
သို့ပေမယ့် နှစ်ပေါင်းများစွာ ပြုစုလာတဲ့ သစ်ပင်ကို ခုတ်ပစ်ဖို့မှာ နေ့တစ်ပိုင်းမျှပင်အချိန်မကုန်ပေ။လူတစ်ယောက်နဲ့ အနှစ်နှစ်အလလဆောက်တည်ထားတဲ့ ယုံကြည်မှုကို စကားတစ်ခွန်းဖြင့်ပင် ဖျက်ဆီးပစ်နိုင်သည်။
ထို့ကြောင့် ယုံကြည်မှု ကား ဈေးအကြီးဆုံးဖြစ်ပေသည်။"
အရှင့်သား ချစ်သူခင်သူ၊လင်မယားအချင်းချင်း၊လုပ်ဖော်ကိုင်ဖက်၊မောင်နှမအချင်းချင်း ဝေးကွာရခြင်း၏ အကြောင်းသည် ယုံကြည်မှုကို အခြေခံလေသည်။မလိုသူရဲ့ စကားတစ်ခွန်းကြောင့် ထိုယုံကြည်မှုကို ပျက်ပြယ်ချင်းဖြစ်နိုင်ပေသည်။ထို့ကြောင့် အနှစ်နှစ်အလလ တည်ဆောက်ထားတဲ့ ယုံကြည်မှုကိုသာ မပျောက်ပျက်အောင် ဉာဏ်နှင့်ယှဉ်၍ စောင့်ထိန်းလော့ "
အမတ်ကြီးနှင့်ဘုရင့်သားလဲ ဈေးမှ ပြန်လာခဲ့လေသည်၊
မောင်စိုင်း

အိန္ဒိယ သမ္မတပြောသွားတဲ့

အိန္ဒိယ သမ္မတပြောသွားတဲ့ မင်းရဲ့နိုင်ငံအတွက် အချိန် ၁၀ မိနစ်လောက်ပေးနိုင်မလား တဲ့ ပေးနိုင်ရင် ဒီစာလေးကိုဖတ်ကြည့်ပါ
မြန်မာနိုင်ငံ က လူတွေ အတွက် လည်း
တိုက်ဆိုင်လွန်းလို့ သူငယ်ချင်းတို့
အချိန်ယူပြီး ဖတ်စေချင်တယ်။ အချိန်
နည်းနည်းပေးပြီးဖတ်ပေးပါ။
ဒီစာကို ဖတ် ပြီးသွားရင် သူငယ်ချင်းတို့ရဲ့ စိတ်ထဲမှာ ကိုယ့်တိုင်းပြည်အတွက် ငါတို့ဟာ တိုင်းပြည်ရဲ့ အနာဂတ်တွေ ဆိုတာ သဘောပေါက်လာလိမ့်မယ်။ တာဝန် သိစိတ်တွေ ဖြစ်ပေါ်လာလိမ့်မယ်။
အိန္ဒိယသမ္မတပြောတဲ့ မိန့်ခွန်းထဲက လက်ရှိမြန်မာလူမျိုး အတော်များများရဲ့ စိတ်ဓါတ်ကို ထင်ဟပ်စေတဲ့ အကြောင်းလေးပါ။ သဘောတူတယ် သဘောကျ တယ် နှစ်သက်တယ်ဆိုရင် ကျန်တဲ့လူတွေ သိအောင်ရှဲးပေးစေချင်ပါတယ်။ အခုလို ပြောထားပါတယ်။
" မင်းရဲ့နိုင်ငံအတွက် အချိန် ၁၀မိနစ်ရမလား..?
ရတယ်ဆိုမှ ဒီစာကိုဆက်ဖတ်ပါ…
အချိန်မရှိရင်တော့ မင်းသဘောပဲ…။
အိန္ဒိယသမ္မတ:
"တို့အိန္ဒိယအစိုးရက လုပ်ဆောင်မှုတွေမထိရောက်ဘူး မင်းပြောတယ်။ တို့နိုင်ငံရဲ့ဥပဒေတွေကလဲ အိုဟောင်းပြီး ခေတ်မမီတော့ဘူး။
မင်းပြောတယ်…စည်ပင်ကလဲ အမှိုက်တွေမရှင်းဘူး
မင်းပြောတယ်….ဖုန်းလိုင်းတွေကလဲ အလုပ်မလုပ်တာခပ်များများလို့
မင်းပြောတယ်… မီးရထားဆိုတာ ဟာသတစ်ခုပဲ..အဲလိုင်းတွေဆို ကမ္ဘာမှာ
အဆိုးဆုံး…စာပို့စနစ်မှာလဲ ဘယ်တော့မှ ပို့တဲ့စာက မရောက်ဘူး…တို့တိုင်းပြည်မှာ
အားလုံးက ခွေးစာကျွေးပစ်ရတော့မလောက် ပျက်စီးစုတ်ပြတ်မှုတွေချည်းပဲ လို့
မင်းပြောတယ်… မင်းပြော… မင်းအဲ့ဒါတွေချည်းပဲ ပါးစပ်ကနေပြောပြီး။
မင်းကရောဘာတစ်ခုလုပ်လဲ…? ကောင်းပြီ..မင်းစင်ကာပူကိုရောက်တဲ့အခါကျတော့...
စင်ကာပူကလမ်းတွေပေါ် မင်းဆေးလိပ်လွှင့်မပစ်ရဲဘူး..စတိုးဆိုင်မှာ မုန့်မစားရဲဘူး..
ညနေ ၅ နာရီနဲ့ ၆ နာရီကြား အောခတ်လမ်းပေါ်ကားဖြတ်မောင်းဖို့ ၅ ဒေါ်လာ
မင်းပေးတယ်… အဲ့လိုစင်ကာပူမှာ မင်းတစ်ခုခုများပြောလား..ပြောခဲ့လား…?
ဒူဘိုင်းမှာ ဥပုသ်လမျိုး လူမြင်ကွင်းမှာ မင်းအစားစားရဲလား…
မကာရ်မှာ ခေါင်းမဆောင်းပဲ မင်းအပြင်ထွက်ရဲလား.. ၀ါရှင်တန်မှာ တစ်နာရီ
၅၅မိုင်ထက်ကျော်ပြီး မင်းကားမောင်းရဲလား… မောင်းမိလို့ ရဲလာဖမ်းရင်
ငါ့ကိုဘာမှတ်နေလဲ ငါဘာကောင်လဲ သိလား ငါဘယ်သူ့သားလဲ သိလားလို့ ရဲကို
မင်းပြောရဲလား…. အော်ဇီနဲ့ နယူးဇီလန်ကမ်းခြေတွေမှာ စားပြီးသား
အုန်းခွံတွေကို တွေ့ကရာမင်းလျှောက်ပစ်ရဲလား….
တိုကျိုကလမ်းတွေပေါ်မှာမင်းကွမ်းတံတွေးလျှောက်ထွေးရဲလား။ဒါတွေက မင်း
ကိုမေးနေတာ။
သူများတိုင်းပြည်မှာ သူ့စည်းကမ်းနဲ့အညီ အတိအကျလေးစားလိုက်နာနိုင်ပြီးကိုယ့်နိုင်ငံပြန်ရောက်မှ စည်းကမ်းကိုမလေးစား စည်းကမ်းပျက်တတ်တဲ့မင်းကိုပဲ မေးနေတာ။
အိန္ဒိယမြေကို စနင်းပြီဆိုတာနဲ့စိတ်ထင်သလို ဆေးလိပ်တွေ စက္ကူစတွေ အမှိုက်လျှောက်ဖွတတ်တဲ့
မင်းလိုလူတွေကို မေးနေတာ။
တခြားတိုင်းတပါးမှာစည်းကမ်းလိုက်နာလေးစားတတ်ခဲ့တဲ့မင်းက ကိုယ့်မွေး
ရပ်နိုင်ငံမှကျတော့ ဘာလို့ပုံစံအတူတူမလုပ်နိုင်ရတာလဲ
အင်တာဗျူးတစ်ခုမှာအငြိမ်းစားဘုံဘေမြို့စည်ပင်အရေးပိုင်ကြီး Mr.Tinaikar ဘာပြောသွား
လဲသိလား။လူ့မလိုင်တွေက သူတို့ခွေးတွေနဲ့လမ်းလျှောက်ထွက်ပြီး
လမ်းတွေပေါ်မှာ ခွေးအညစ်အကြေးတွေထားခဲ့ကြတယ်။
ပြီးတာ့ အဲ့လူတွေကပဲတစ်ခါပြန်ပြီး ညစ်ပေနေတဲ့လူသွားလမ်းတွေအတွက် တာဝန်ရှိသူ
အဖွဲ့အစည်းတွေညံ့ဖျင်းလှချည်ရဲ့ဆိုပြီး အပြစ်တင်တတ်ကြတယ်… တာဝန်ရှိသူတွေကို
သူတို့ကဘယ်လိုလုပ်ပေးစေချင်တာလဲ။
သူတို့ခွေးတွေနောက်ကနေတံမြက်စည်းတစ်ချောင်းကိုင်ပြီး ခွေးစွန့်ခဲ့သမျှ
အညစ်အပတ်တွေကိုတကောက်ကောက်လိုက်ရှင်းပေးစေချင်တာလား။
အမေရိကားမှာကိုယ့်အိမ်မွေးတိရစ္ဆာန်ဆီက ထွက်တဲ့ အညစ်အကြေးတွေ
သန့်စင်ပေးဖို့ ပိုင်ရှင်ကတာဝန်ယူရတယ်..ဂျပန်မှာလဲဒီလိုပဲ… ဒီ အိန္ဒိယကလူတွေ
အဲ့လိုလုပ်လား..? တို့လူတွေကကျတော့ မဲပေးပွဲသွား။ မဲလေးပေးပြီး..ဖြစ်သမျှ
အကုန်ကို တာဝန်လွှဲချခေါင်းခံပေးဖို့ လူတစ်ယောက်ရွေးလိုက်သလိုပဲ။
ကိုယ်ကိုယ်တိုင်ကဘာတာဝန်မှမရှိသလိုနေပြီး အရာအားလုံးကို အစိုးရကပဲ ကကြီး
ခခွေးကအစ လိုက်ဖြေရှင်းပေးဖို့ထိုင်မျှော်လင့်နေကြတယ်။
ကိုယ်တိုင်ပါဝင်အားဖြည့်မှု သုည…. အမှိုက်လေးတွေ
ကြုံသလိုလျှောက်ပစ်ရင်း မြို့တော်သာယာလှပဖို့ အာဏာပိုင်တွေကို
ထိုင်စောင့်နေကြတယ်။ အဲဒီ့အစား အမြင်မတော်တဲ့ စက္ကူတစ်စကို
အမှိုက်ပုံးလေးထဲရောက်အောင်ထည့်လိုက်ဖို့တော့မသိချင်ယောင်ဆောင်ထားတယ်။
ရထားဘူတာရုံတွေမှာ သန့်စင်ခန်းတွေ
ထားပေးစေချင်ကြတယ်..ဒါပေမဲ့ အဲဒီ့သန့်စင်ခန်းတွေကို
ကျကျနနဘယ်လိုသုံးရမလဲတော့ အလေးမထားဘူး။
အိန္ဒိယအဲလိုင်းတွေမှာအကောင်းဆုံးအစားအသောက်တွေ ရေအိမ်တွေရှိစေချင်ကြတယ်။
ဒါပေမဲ့လစ်ရင်လစ်သလို ရသလောက်လေး ပိုယူလာဖို့ ခိုးလာဖို့လဲ ၀န်မလေးဘူး။
ကဲ..ဒီတော့ ပျက်စီးပုပ်သိုးနေပါတယ်ဆိုတဲ့ ဒီစနစ်ကြီး အဖွဲ့အစည်းအတွက်
ဘယ်သူ့မှာ တာဝန်ရှိတာလဲ။
ဘယ်သူတွေက ပြောင်းလဲဖို့လိုနေတာလဲ…အဲဒီ့စနစ်ကြီးမှာ ဘယ်သူတွေ ပါဝင်လှုပ်ရှား
လည်ပတ်နေတာလဲ။ကိုယ့်အိမ်ကိုယ့်ပတ်ဝန်းကျင် ကိုယ့်မြို့ ကိုယ့်အဖွဲ့အစည်း တခြား
အဖွဲ့အစည်းတွေနဲ့ အစိုးရအကုန်လုံးပါဝင်နေတာမဟုတ်ဘူးလား။
ဒါပေမဲ့ သေချာပါတယ်..တကယ်တမ်းလက်တွေ့ကျကျ ပါဝင်ပြောင်းလဲလုပ်ဆောင်
ရမယ့်အချိန်ကျတော့ အားလုံးကကိုယ့်မိသားစုလေးနဲ့အတူတူစိတ်ချလုံခြုံတဲ့အိမ်လေး
ထဲအတူတူထိုင်နေကြပြီး ပြတင်းပေါက်ကနေခပ်လှမ်းလှမ်းပဲ စောင့်ကြည့်နေကြမှာပါ။
သူတို့စိတ်ထဲမှာတော့ မောင်သန့်ရှင်းကြီးတစ်ယောက် မိုးပေါ်ကနေကျလာပြီး
အာလုံးကိုနေရာတကျပြန်ဖြစ်သွားအောင်လှဲကျင်းရှင်းလင်းပြောင်းလဲပေးသွားလိမ့်မယ်လို့
မျှော်လင့်ရင်လဲ မျှော်လင့်နေကြမှာပေါ့။
ဒါမှမဟုတ်လဲ တတ်နိုင်သူတွေကတခြားတိုင်းတပါးကို ပြောင်းရွှေ့သွားရင်လဲသွားလိမ့်မယ်…. ဘာနဲ့တူလဲဆိုတော့အမဲလိုက်ခွေးကြီးလက်ကနေ ကိုယ်လွတ်ရုန်းပြေးတဲ့
သူရဲဘောလေးတွေလိုပဲ။
သူတို့စိတ်ထဲမှာ ကြီးကျယ်ခမ်းနားတယ်လို့ထင်ရတဲ့အမေရိကားရဲ့ ဂုဏ်သရေတော်အောက်
မှာနေပူစာလှုံခွင့်တောင်းခံကြပြီးအမေရိကားရဲ့ လူနေမှုစနစ်တွေကို တဖွဖွချီးမွန်းခန်းဖွင့်နေကြလိမ့်မယ်။
အဲ့လိုနေရင်းနဲ့မှာ နယူးယောက်က မလုံခြုံဘူးလို့ ခံစားလာရရင်အင်္ဂလန်ကိုဆက်ပြေးကြ
အင်္ဂလန်မှာ အလုပ်အကိုင်ရှားပါးလာရင်ပင်လယ်ကွေ့ကို လေယာဉ်နဲ့ပြေး... ပင်လယ်ကွေ့မှာ စစ်ဖြစ်လာတဲ့အခါကျတော့လူမှုကယ်တင်ရေးအစီအစဉ်နဲ့ အိန္ဒိယကိုပြန်ပို့ပေးဖို့ တောင်းဆိုကြ။
ကိုယ့်နိုင်ငံရဲ့စနစ် ခေတ်ကို အားပြည့်တိုးတက်လာဖို့တော့ ဘယ်သူမှ အပင်ပန်းခံပြီး
မစဉ်းစားချင်ကြဘူး။
အကောင်းအဆိုးပိုင်းခြားနိုင်တဲ့အသိဥာဏ်ကို ငွေကြေးပကာသနတွေနဲ့
အပေါင်ခံထားကြလိုက်သလိုဖြစ်နေတယ်။၃၅ ယောက်မြောက်အမေရိကန်သမ္မတ
J F Kennedy ကသူ့နောက်လိုက်အမေရိကန်တွေကို တောင်းဆိုခဲ့တဲ့ စကားလေးနဲ့ပဲ
နိဂုံးချုပ်လိုက်မယ်။
“DO NOT ASK WHAT YOUR COUNTRY DO FOR YOU.. ASK WHAT YOU CAN DO FOR YOUR COUNTRY..”
"တိုင်းပြည်က သင့်ကို ဘာပေးနိုင်လဲလို့ မေးမယ့်အစား.. တိုင်းပြည်အတွက် သင်ဘာပေးနိုင်မလဲ ဆိုတာပဲ မေးပါ" ….တဲ့……။ "
from: ရွှေမြန်မာမီဒီယာ

Sunday, May 25, 2014

မိန်းကလေးအတွက် ဘဝဒဿန (သို့) ကျွန်မဖတ်ဖို့

မိန်းကလေးအတွက် ဘဝဒဿန (သို့) ကျွန်မဖတ်ဖို့
_____________________

(၁) သင့်မှာ အဝတ်အစားတွေ အများကြီးရှိဖို့ မလိုပါဘူး။ ခေတ်နဲ့မလိုက်ဖက်တော့တဲ့ ဇာပန်းထည်တွေကို ခေါက်သိမ်းလိုက်ပါ။ သင့်အသက်အရွယ်နဲ့ မလိုက်ဖက်တော့တဲ့ အနားပန်းဖွားအင်္ကျီတွေကို ခေါက်သိမ်းလိုက်ပါ။ ဒီကနေ့ကစ ဘီရိုထဲမှာရှိတဲ့ အင်္ကျီတစ်ထည်တိုင်းဟာ သင်နဲ့လိုက်ဖက်တဲ့အရောင်၊ သင်နဲ့သင့်တော်တဲ့စတိုင်လ်တွေဖြစ်နေပါစေ။

(၂) အားကစားရုံသွားဖို့ အပိုဝင်ငွေမရှိဘူးဆိုရင် လှေကားထစ်တွေကို သင်နေ့တိုင်းတက်နိုင်၊ ဆင်းနိုင်ပါတယ်။ Lancôme၊ Clinique၊ Estée Lauder တွေကို သင်မသုံးနိုင်ဘူးဆိုရင် အရက်၊ ဆေးလိပ်မသောက်၊ အိပ်ချိန်မှန်၊ စားချိန်မှန်ရင်လည်း သင့်အသားအရည်ကို စိုပြေဝင်းပစေပါတယ်။ SPAတွေလုပ်ဖို့ ငွေကြေးမတတ်နိုင်ဘူးဆိုရင် green tea၊ နွားနို့၊ ရေတွေကို အမြဲသောက်ဖို့ မမေ့ပါနဲ့။ ဒါတွေဟာလည်း အကျိုးရှိတဲ့အရာတွေဖြစ်တယ်။

(၃) အချစ်ကို သင်ယုံကြည်လို့ရတယ်။ ယောက်ျားလေးတွေရဲ့ ချိုချိုသာသာစကားတွေကို သင်နားထောင်လို့ရတယ်။ ဒါပေမဲ့ တစ်ဖက်နားက နားထောင်ရင် ကျန်တစ်ဖက်နားက ထွက်သွားပါစေ။ ပျားရည်လိုချိုတဲ့ အဆိပ်တွေကို ရင်ထဲ သိမ်းဆည်းမထားပါနဲ့။ တော်ထက်တဲ့ယောက်ျားတွေကို သင်တန်ဖိုးထားနိုင်တယ်။ တကယ်လို့ အိမ်ထောင်သည်ဆိုတဲ့ တံဆိပ်ကပ်ထားသူဆိုရင် သင်တတ်နိုင်၊ လက်ခံနိုင်တဲ့သူ မဟုတ်ကြောင်း မမေ့ပါနဲ့။ ဒီလိုလူမျိုးနဲ့ကြုံခဲ့ရင် ဘာအတွယ်အတာမှမချန်ဘဲ ဝေးဝေးခွာပါ။

(၄) ကိုယ့်ရဲ့အပြင်ပန်းအလှကို တန်ဖိုးထားပါ။ ထိုနည်းတူ အတွင်းစိတ်ကိုလည်း မပြတ်ဖြည့်ဆည်းပါ။ စာများများဖတ်ပါ၊ များများသင်ယူပါ။ လူမှုရေး၊ ယဉ်ကျေးမှု၊ နိုင်ငံရေး၊ ဖက်ရှင်၊ မိသားစု.....စတဲ့စာအုပ်တွေ။ ဘုရားသခင်က သင့်ကို လှပတဲ့မျက်နှာမပေးခဲ့ရင် အသိဉာဏ်ပြည့်တဲ့ စိတ်နှလုံးတစ်စုံရှိဖို့ကို သင်ကိုယ်တိုင် တာဝန်ယူပါ။ ပန်းအိုးတွေက ကွဲလွယ်တယ်၊ ရုပ်ရည်က အိုလွယ်တယ်။ အသိဉာဏ်က နှစ်လကြာလေ တိုးပွားလေ၊ ခိုင်မြဲလေဖြစ်တယ်။

(၅) လက်ဆောင်ပစ္စည်းရတဲ့ အံ့သြဝမ်းသာခြင်းမျိုးကို သင်ခံစားနိုင်ပါတယ်။ ဒါပေမဲ့ အလကားစားရတဲ့ ညစာဆိုတာ မရှိဘူးဆိုတာကိုတော့ မမေ့ပါနဲ့။ ယောက်ျားတစ်ယောက်ကပေးတဲ့ အဖိုးတန်ဈေးကြီးလွန်းတဲ့ လက်ဆောင်ပစ္စည်းကို ဘယ်လိုဂုဏ်ပုဒ်မျိုးနဲ့ သင်လက်ခံယူမလဲ! ဇနီးမယား? ချစ်သူရည်းစား? တကယ်လို့ ဇနီးမယားလည်းမဟုတ်၊ ချစ်သူရည်းစားလည်း မဟုတ်ဘူးဆိုခဲ့ရင် ဒီလက်ဆောင်အတွက် ဘယ်လိုပေးဆပ်ခြင်းမျိုးကို သင်ပေးဆပ်ရလိမ့်မလဲဆိုတာကို သေသေချာချာ စဉ်းစားပါ။ ကိုယ်ကြိုက်နှစ်သက်တဲ့အရာကို ကိုယ်တိုင်ဝယ်ယူနိုင်ဖို့ ကြိုးစားပါ။ ယောက်ျားတွေပေးမယ့် လက်ဆောင်ကိုပဲ မျှော်ကိုးမနေပါနဲ့။

(၆) ရိုးသားလို့ရတယ်၊ ဒါပေမဲ့ ရိုးစင်းနုံအလို့ မရဘူး။
ရိုးရှင်းလို့ရတယ်၊ ဒါပေမဲ့ အလွယ်လိုက်လို့မရဘူး။
အိမ်အလုပ်၊ အိမ်ပစ္စည်းတွေကို သင်နားမလည်လို့ရတယ်၊ ဒါပေမဲ့ အနည်းဆုံးတော့ အိမ်သုံးလျှပ်စစ်ပစ္စည်းတွေရဲ့ အညွန်းစာအုပ်ကို သင်ဖတ်နိုင်ရမယ်။ ကိုယ့်အပေါ် ကူညီခဲ့သူတွေအတွက် ကျေးဇူးတရားကို ရင်ထဲအမြဲထည့်ထားပါ။ ကိုယ့်အပေါ် ကဲ့ရဲ့လှောင်ပြောင်သူတွေအတွက် ပုံမှန်၊ သာမန်စိတ်ကိုမွေးပါ။

(၇) ငွေကြေးတွေကို အမြော်အမြင်ရှိရှိ သုံးပါ။
ကိုယ့်အတွက် ကောင်းမွန်တဲ့အတွင်းခံ၊ ဖိနပ်တွေဝယ်ဖို့ မနှမြောပါနဲ့။
အပြင်ပန်းလှပအောင် ဝတ်ဆင်တယ်ဆိုတာ သူတစ်ပါးကြည့်ဖို့အတွက်ပါ။ ဒါဟာ ဝင့်ဝါခြင်းကို ဝတ်ဆင်တာဖြစ်တယ်။ သင့်တော်ကောင်းမွန်တဲ့ အတွင်းဝတ်တွေက ကိုယ်တိုင်အတွက်ပါ။ ဒါဟာ သက်တောင့်သက်သာရှိခြင်းကို ဝတ်ဆင်တာဖြစ်တယ်။

(၈) လိုက်လျောညီထွေတဲ့စကားကို ပြောဆိုတတ်ရမယ်။ ကလေးကလားနိုင်တဲ့၊ ကပ်ချွဲနှပ်ချွဲစကားတွေက သင့်မှာရှိသင့်တဲ့ အမှတ်တံဆိပ်တွေ မဟုတ်ဘူး။
သင့်မှာ ဗဟုသုတမရှိလို့ရတယ်၊ ဒါပေမဲ့ အဆင့်အတန်းမရှိလို့ မရဘူး။
အမြင်မတူ၊ အသွင်ကွဲလို့ရတယ်။ ဒါပေမဲ့ လေးစားရိုသေမှုတော့ ရှိရတယ်။
ဖြစ်ခဲ့၊ ပျက်ခဲ့တဲ့အကြောင်းကိုပဲ ထပ်တလဲလဲ နာနာကျင်ကျင် မရွတ်ဆိုပါနဲ့။
ဒေါသထွက်နေတုန်း စကားတစ်ခွန်းပြောဖို့ ၁ကနေ ၂ဝအထိ ရေတွက်ပြီးမှ ပြောပါ။

(၉) သင်ဟာ တကိုယ်တည်းသမားပဲဖြစ်ဖြစ်၊ အိမ်ထောင်သည်ပဲဖြစ်ဖြစ် ဒါတွေက အရေးမကြီးပါဘူး။ အရေးကြီးတာက တစ်ပါးသူကို မှီတွယ်မယ်ဆိုတဲ့စိတ် မရှိဖို့ပဲလိုတယ်။ အရာရာတိုင်း သူတစ်ပါးကို အားကိုးနေလို့မဖြစ်ပါဘူး။ သိန်းသောင်းချီတဲ့ လခရနေတာက အကောင်းဆုံးပေါ့။ ထောင်ဂဏန်းလခဆိုလည်း မဆိုးပါဘူး။ အနည်းဆုံးတော့ ကိုယ့်ကိုယ်ကိုရှင်သန်အောင် ရပ်တည်နိုင်တဲ့အစွမ်း သင့်မှာရှိသေးတယ်။ ဒါဟာ သင့်ရဲ့ဂုဏ်ယူစရာဖြစ်တယ်။

(၁ဝ) ဘဝကပေးတဲ့ အရာတိုင်းကို တန်းဖိုးထားမြတ်နိုးပါ၊ သင်ယူပါ။
အချစ်ခံရ၊ အနှစ်သက်ခံရတယ်ဆိုတာ ပျော်ရွှင်တဲ့ဥစ္စာပစ္စည်းဖြစ်တယ်။
သူတစ်ပါးကိုချစ်တယ်၊ နှစ်သက်တယ်ဆိုတာ ပျော်ရွှင်တဲ့ပေးဆပ်ခြင်းဖြစ်တယ်။
တကယ်လို့ သင့်ကို သူခွဲသွားမယ်ဆိုရင် ပြုံးပြုံးရွှင်ရွှင်နဲ့ တောင်းဆုတွေပေးပါ။
အထီးကျန်တာကို ဂုဏ်ရှိရှိခံယူတာက နာနာကျင်ကျင်ချစ်နေရတာထက်စာရင် ကောင်းပါတယ်။
ကိုယ့်ကိုယ်ကို ကောင်းကောင်းဆက်ဆံပါ။ သူ့တစ်ပါးကို ခွင့်လွှတ်နားလည်တတ်ပါစေ။
ကိုယ့်ကိုယ်ကို ယုံကြည်တဲ့စိတ်၊ ခွင့်လွှတ်နားလည်တဲ့စိတ်၊ တာဝန်သိတတ်စိတ် .. စတဲ့စိတ်တွေ တစ်ခုမှ သင့်မှာ လျော့နေလို့ မဖြစ်ဘူးဆိုတာကို နားလည်ထားပါ။

မူရင်း-- http://www.duwenzhang.com/wenzhang/shenghuosuibi/shenghuoganwu/20110510/183457.html

နိုင်းနိုင်းစနေ (Friday, May 20, 2011)

ပျော်ရွှင်ခြင်းကို ဖမ်းဆုပ်ပါ

ပျော်ရွှင်ခြင်းကို ဖမ်းဆုပ်ပါ
_________________
တချို့ကပြောတယ်။ ယောက်ျားနဲ့မိန်းမဆိုတာ မတူတဲ့ဂြိုလ်တွေက ဆင်းသက်လာတာကြောင့် တစ်ယောက်ကိုတစ်ယောက် နားလည်ဖို့ခက်သတဲ့။
ပျော်ရွှင်ခြင်းဆိုတာ ဘုရားသခင်ပေးသမျှကို ခံစားတတ်ခြင်းပဲလို့ ကျွန်တော်ဆိုချင်ပါတယ်။
ဥပမာ-- (၁) တစ်ဘက်လူရဲ့ ဘဝအခြေအနေကို လေးစားပါ
ကျွန်တော်သိတဲ့ ကောင်မလေးတစ်ယောက်က ရုပ်ချောတဲ့အပြင် အရည်အချင်းလည်းရှိတယ်။ ဒါပေမယ့် သူ့ကို ကြိုက်မယ့်သူ မရှိဘူးဖြစ်နေတယ်။ နောက်တော့ သူ့ကို ကျွန်တော်ကောင်လေးတစ်ယောက်နဲ့ မိတ်ဆက်ပေးလိုက်တယ်။ အဲဒီမှာသူတို့ချစ်သွားတယ် ဆိုပါတော့။ သူတို့ဟာ အရမ်းလိုက်ဖက်တဲ့အတွဲလို့ လူတွေပြောကြတယ်။ ဒါပေမယ့် သိပ်မကြာပါဘူး.. သူတို့ လမ်းခွဲလိုက်ကြတယ်။
နောက်မှ ကျွန်တော်အကြောင်းစုံသိရတာက မိန်းကလေးက ကောင်လေးကို ကျောင်းဆက်တက်စေချင်တယ်။ ဒါမှ ယှဉ်ပြိုင်မှုတွေကို အောင်နိုင်မယ်လို့ဆိုတယ်။ ကောင်လေးကိုအတင်းအဓမ္မ စာကျက်ဝိုင်းတွေ တက်စေတယ်။ ဒါမှ "နှစ်ယောက်အတူ ရှင်သန်ကြီးပြင်းနိုင်မယ်"လို့ဆိုတယ်။ ဒါပေမယ့် ကောင်လေးက စာမဖတ်ချင်ဘူး။ တနင်္ဂနွေနေ့ရောက်တိုင်း ကောင်မလေးက ကောင်လေးကို ဘုရားကျောင်းတွေ အတင်းတက်ခိုင်းတယ်။ "ဘာသာတစ်ခုထဲကို နှစ်ယောက်အတူ ယုံကြည်ကိုးကွယ်မှ ချစ်ခြင်းတွေ ကြာရှည်တည်မြဲစေမယ်" လို့ ကောင်မလေးကဆိုတယ်။
စစချင်းမှာ ကောင်မလေးရဲ့ တောင်းဆိုသမျှကို ကောင်လေးလိုက်လျောခဲ့တယ်။ ဒါပေမယ့် ရက်ကြာလာတာနဲ့အမျှ ဒါတွေကို ညှင်းပန်းနှိပ်စက်မှုတစ်မျိုးလို့ သူမြင်လာတယ်။
"ကျွန်တော့်ကို သူအရမ်းဖိအားပေးတယ်။ ဒါတောင် မင်္ဂလာမဆောင်ရသေးပါဘူးဗျာ.. မင်္ဂလာဆောင်ပြီး အတူနေရင် ဒီထက်ပိုဆိုးမယ်" လို့ ကောင်လေးက ပြောပါတယ်။
"ကျွန်မတို့ရဲ့အနာဂတ်အတွက် ကျွန်မပြင်ဆင်တာပဲ.. ကျွန်မ မှားလို့လား" လို့ ကောင်မလေးက စိတ်ပျက်လက်ပျက်ပြောတယ်။
တစ်ယောက်ကိုတစ်ယောက် ဘယ်လောက်ပဲချစ်ချစ် လူတိုင်းမှာ ကိုယ်ပိုင်အမြင်၊ လွတ်လပ်မှုတွေရှိတယ်။ ကျွန်တော်တို့ "ကောင်းတယ်" လို့ ထင်တဲ့အရာက တခြားလူရဲ့အမြင်မှာ ကောင်းချင်မှကောင်းလိမ့်မယ်။ ကိုယ့်အထင်၊ ကိုယ့်အမြင်၊ ကိုယ့်ဆုံးဖြတ်ချက်နဲ့ တခြားလူအပေါ် အတင်းအဓမ္မ ဝတ်မပေးပါနဲ့။
ဥပမာ--(၂) တစ်ဘက်လူရဲ့ဂုဏ်သိက္ခာကို လေးစားရမယ်
ကျွန်တော်တို့ဟာ အရင်းနှီးဆုံးသူတွေနဲ့ ပြောဆိုဆက်ဆံလေ မယဉ်ကျေးလေ အမြဲဖြစ်တတ်တယ်။ ဒီလို တစ်ဘက်သားကို မလေးစားတတ်မှုတွေက နောက်ဆုံးမှာ ရင်းနှီးမှုတွေကို လဲပြိုစေတဲ့ ကောက်ရိုးတစ်မျှင်ဖြစ်တယ်။
အင်တာဗျူးတစ်ခုမှာ မင်းသမီးတစ်ဦးက သူ့ချစ်သူဟောင်းအကြောင်း ပြောပြတယ်။ သူတို့လမ်းခွဲရတဲ့အကြောင်းကို ပြန်သုံးသပ်ပြတယ်။ "ကိုယ့်ကိုယ်တိုင်ကို ပိုအလေးထား" မိတဲ့အတွက် သူတို့လမ်းခွဲခဲ့ရတယ်လို့ ဆိုတယ်။ အရင်က သူ့အတွက် သူ့ချစ်သူ ပေးဆပ်သမျှ၊ အကောင်းလုပ်ပေးသမျှကို လုပ်သင့်လုပ်ထိုက်တယ်လို့ပဲ သူထင်ခဲ့တယ်။ တကယ်လို့ ချစ်သူက အမှားလေးတစ်ခုခု၊ ဒါမှမဟုတ် သူ့ကို ဥပေက္ခာပြုမိတာနဲ့ သူစိတ်တိုဒေါသထွက်ပြီး ချစ်သူကို ရန်ရှာခဲ့တယ်။ ဒီလိုနဲ့နောက်ဆုံးမှာ ချစ်သူက သူ့ကိုလမ်းခွဲဖို့ စကားစခဲ့တယ်လို့ဆိုတယ်။ "နင်ငါ့ကို ချစ်သူလို မဆက်ဆံဘဲ လက်အောက်ငယ်သားလို ဆက်ဆံနေတယ်" ဆိုတဲ့ချစ်သူရဲ့ စကားတစ်ခွန်းက သူ့အမှားကို သူသိစေခဲ့တယ်လို့ မင်းသမီးကပြောပါတယ်။
သေချာစဉ်းစားကြည့်ပါ.... သင် နောက်ဆုံးအကြိမ် ဘယ်သူ့အပေါ် သည်းခံစိတ်ပျောက်ခဲ့သလဲ၊ စိတ်တိုဒေါသထွက်ခဲ့သလဲ၊ များသောအားဖြင့် အဖြေက ကိုယ့်မိသားစု၊ ကိုယ့်ချစ်သူ အပေါ်မှာပဲဖြစ်တယ်။ တကယ်တော့ သူတို့ဟာ ကိုယ်နဲ့ပိုရင်းနှီး ပိုလေးစားရမယ့်လူတွေဖြစ်တယ်။ တစ်ဘက်လူကို လေးစားရမယ့် အမှုအကျင့်တွေ မဲ့လာတာနဲ့အမျှ ကျွန်တော်တို့ကြားက အချစ်တွေလည်း လျော့လျော့လာမှာဖြစ်တယ်။ ဒါဟာလုံးဝ မဖြစ်ထိုက်တဲ့အရာတွေပါ။
ဥပမာ-- (၃) ဝေဖန်ခြင်းကို ချီးမွမ်းခြင်းဖြင့် အစားထိုးပါ
ကျွန်တော်တို့က တခြားလူကို စကားမာတွေနဲ့ ပြောဆိုဆက်ဆံနိုင်ပေမယ့် တခြားလူဆီကနေတော့ နူးညံ့တဲ့တုန့်ပြန့်မှုကို လိုချင်ကြတယ်။ နူးညံ့သိမ်မွေ့တဲ့စကား၊ တည့်မတ်အကောင်းမြင်တဲ့စကားတွေက သံထည်လိုမာကျောတဲ့ နှလုံးသားကိုတောင် အရည်ပျော်စေနိုင်ပါတယ်။
မိန်းမကြီးတစ်ဦးဟာ သူ့ယောက်ျား အမှိုက်သွန်ပျင်းတဲ့အကြောင်းကိုပဲ ပြောဆိုညည်းတွားနေခဲ့တယ်။ ဒီလိုကိစ္စအသေးအမွှားက သူ့ကိုအမြဲ စိတ်တိုဒေါသထွက်စေပြီး လင်ယောက်ျားကို အိမ်ထောင့်တာဝန် မမျှဝေသူ၊ သူ့ပင်ပန်းတာကို နားမလည်သူဆိုပြီး ဆဲဆိုနေခဲ့တယ်။ အဲဒီလို ဆဲဆိုဒေါသဖြစ်တဲ့အပြင် လင်ယောက်ျားကိုလည်း စကားမခေါ်မပြောပဲနေတယ်။ သူဘယ်လိုစိတ်တိုတို၊ ဘာနည်းနဲ့ပဲ သုံးခဲ့သုံးခဲ့ ယောက်ျားဖြစ်သူ အမှိုက်သွန်ဖို့အရေးကို မလှုံ့ဆော်နိုင်ခဲ့ဘူး။
ဒီလိုနဲ့တစ်နေ့မှာ သားရဲ့မူကြိုဆရာမက "ရှင့်ယောက်ျားကို ကလေးတစ်ယောက်လို သဘောထားပါ။ ၅နှစ်အရွယ် ကလေးတစ်ယောက်ကို စကားပြောတဲ့ လေသံနဲ့ပြောကြည့်ပါ" လို့ သူ့ကို အကြံပေးခဲ့တယ်။
ဆရာမရဲ့ အကြံကို မယုံတစ်ဝက် ယုံတစ်ဝက်နဲ့ သူစမ်းသပ်ခဲ့တယ်။ အမှိုက်ကားလာတဲ့အချိန် ဧည့်ခန်းမှာ ခြေချိတ်ပြီး အခန့်သား တီဗီထိုင်ကြည့်နေတဲ့ ယောက်ျားကို လေသံလျော့ပြီး သူပြောလိုက်တယ်။
"ယောက်ျားရေ... ငါ့ကို အမှိုက်သွန်ပေးနိုင်မလား၊ သွန်ပေးနိုင်ရင် ငါ့ကိုနင် အများကြီး ကူညီလိုက်တာပဲ"
အမှိုက်သွန်ပြီးပြန်လာတဲ့ ယောက်ျားကို (၅)နှစ်အရွယ်ကလေးတစ်ယောက်ကို ချီးမွမ်းလိုက်သလို သူချီးကျူးလိုက်သေးတယ်။
"အရမ်းကျေးဇူးတင်တယ်။ ငါ့အပေါ် နင်အရမ်းသိတတ်တာပဲ"
အဲဒီနောက်မှာတော့ မိန်းမဖြစ်သူဟာ စိတ်တိုဒေါသထွက်၊ မျက်နှာစူပုပ်တဲ့ အပြုအမူတွေ မလုပ်ခဲ့သလို ယောက်ျားဖြစ်သူကလည်း သူ့အသိနဲ့သူ အမှိုက်တွေ ကူသွန်ပေးခဲ့တယ်။ "ကဲ့ရဲ့ဝေဖန်"တာကို "ချီးမွမ်း" တာနဲ့ အစားထိုးတာဟာ အရာရာကို အကောင်းဖက်ပြောင်းလဲစေပါတယ်။
လူတွေအချင်းချင်း ပြောဆိုဆက်ဆံရာမှာ ကိုယ့်ထင်မြင်ချက်၊ ကိုယ့်အယူတွေကို ရှေ့တန်းတင်ပြီး ပြောဆိုဆက်ဆံတတ်ကြတယ်။ ဒီလိုအခြေအနေမျိုးမှာ ငြင်းခုန်ရန်ဖြစ်ဆိုတဲ့ဘက်ကို အများဆုံး ဦးတည်နေပါတယ်။ လောကကြီးမှာ ကျွန်တော်တို့ အချင်းချင်းလာဆုံကြတယ်။ ချစ်ကြိုက်ကြတယ်။ အပြစ်မြင်တာကို ခွင့်လွှတ်တာနဲ့ အစားထိုးမယ်၊ တစ်ဘက်လူရဲ့ ကောင်းကွက်တွေကို တန်ဖိုးထားမယ်။ ဒါမှ ပျော်ရွှင်ခြင်းသော့ကို သင်မြဲမြဲဆုပ်ကိုင်နိုင်မှာဖြစ်ပါတယ်။
မူရင်းရေးသားသူ-- Huang Tong (黃桐)老天給的幸福 要懂得享受
နိုင်းနိုင်းစနေ (Friday, August 13, 2010)

သင်ရှောင်ရမည့် အချက်များ

စင်ပေါ်တက်လို့ စကားပြောလျှင် သင်ရှောင်ရမည့် အချက်များ
Monday, May 26, 2014
စင်ပေါ်တက်လို့ စကားပြောမယ်၊ မိန့်ခွန်းပြောမယ် မယ် ဆိုရင် ပြင်ဆင် စရာတွေ အများကြီး ရှိပါတယ်။ ယင်းပြင်စင် စရာတွေထဲမှာ ကာယကံရှင်တို့ မဖြစ် မနေ ရှောင်ရမယ့် အချက် များကို ရေးသား ဖော်ပြ လိုက်ရ ပါတယ်။
၁။ ဟယ်လို တက်စတင် ဝမ်းတူးတွီး၊ မိုက်ချက်ချက်
ဟယ်လို တက်စတင် ဝမ်းတူးတွီး၊ Mic Check (မိုက်ချက်ခ်) အစရှိသဖြင့် တို့ကို မိမိ မဟောပြောခင် အစောမှာ ပြုလုပ်ရမယ့် အရာတွေ ဖြစ်ပါတယ်။ ကိုယ့်က ပြောဖို့ အလှည့်ကျပြီး စင်ပေါ် ရောက်ရှိတဲ့ အချိန် အများစု Attention ရထားချိန်မှာ ယင်းကဲ့သို့ ပြုမူ မှုများက မိမိ သေချာ မပြင်ဆင် ထားဘူး ဆိုတာကိုလည်း ပြပါတယ်။ ပြီးတော့ ပရိသတ် အာရုံစူးစိုက်မှုလည်း လျော့ကျ သွားနိုင်ပါတယ်။

၂။ အလင်းရောင်များနေလို့ အောက်မှာ ဘယ်တွေသူရှိလဲ မသိဘူး.
အချို့ဟာ စင်ပေါ်တက်ပြီး ပြောရတော့မယ့် အချိန် အောက်မှာ ဘယ်သူတွေ ရှိကြလဲ မသိဘူး။ အလင်းရောင် များနေလို့ ကျနော် ဘာမှ မမြင်ရဘူး အစရှိသဖြင့် ပြောပါတယ်။ အချို့ ဆိုရင် ကျနော့ မိတ်ဆွေတွေ ပါလား မသိဘူး ဆိုတာနဲ့ အစချီပါတယ်။ ယင်းဟာ ပရိတ်သတ် အခြေအနေပေါ် မူတည်ပြီးမှ ကိုယ့်ရဲက Speech က အမျိုးမျိုး ပြောင်းလဲနိုင်တယ် ဆိုတာကို ပြတာ ဖြစ်တာကြောင့် စောင့်ကြည့်ရှု သူများ ကို စိတ်ပျက် သွားစေ နိုင်ပါတယ်။
၃။ ကျနော် အချိန်မရလို့ သိပ်ပြင်မလာ လိုက်ရဘူး
အချို့ ဟောပြောသူတို့ဟာ စင်ပေါ်တက်ပြီးတော့ ပြောမယ်လို့ လုပ်ခါမှ 'ကျနော် အချိန်မရလို သေချာ ပြင်မလာခဲ့ရဘူး။. ကျနော် ခရီးလွန်နေလို့ မနေ့ညကမှ ပြန်ရောက်လို့။ ဘယ်နေရာကို သွားနေရလို့ အစရှိသဖြင့် အကြောင်းပြချက် ပေးပါတယ်။ အချို့ဆိုရင် မဆီမဆိုင် ကိုယ့်ရဲ့ Personal ကိစ္စတွေပါ ထည့်ပြော တတ်ပါသေးတယ်။ ဒါတေါကို ရှောင်ကြဉ်ရန် လိုအပ် ပါတယ်။
၎။ နောက်တစ်ခါမှပဲ ကျနော် ဒီထက်ပို ပြည့်စုံတဲ့....
'နောက်တစ်ခါမှပဲ ဒီထပ် ပိုပြည့်စုံတဲ့ ရှင်းလင်းမှုကို' ထပ်ဖြည့်ဆွက်ထားတဲ့ .. ပရော်ဂျက်တွေကို' အစရှိသဖြင့် ထည့်ပြောတတ်ကြ ပါတယ်။ ဒါဟာလည်း ယခု ဟောပြောချက်၊ ရှင်းလင်း ပြသချက် များက မပြီးပြည့်စုံဘူး။ သို့တည်း မဟုတ် သတင်းအချက်အလက် အပြည့်အစုံ မပါဝင်ဘူးလို့ ပြောတာနဲ့ တူညီ ပါတယ်။ ဒီတော့ မကောင်း ပါဘူး။
၅။ ဟိုလေ....
ပြောနေရင်းက ပြောစရာ မေ့သွားတာမျိုး၊ တွေဝေနေတာမျိုးမှာ ကိုယ်က ဟိုလေ.. အဲ.. ဟိုဒင်း. သိလားမသိဘူး .. အစရှိသဖြင့် ပြောဆိုမှုများက ပရိတ်သတ် အာရုံ စူးစိုက်မှုကို လျော့ကျ သွားစေ ပါတယ်။ အဲ့ဒီအချိန်မှာ ကိုယ်ဟာ အခြားသော အကြောင်းအရာ တစ်ခုခုနဲ့ အစားထိုး ပြောနေ နိုင်ဖို့ လိုအပ် ပါတယ်။
၆။ စာလုံးသေးနေလို့ ကျနော် ဖတ်ပြမယ်...
Power Point, Slideshow တွေနဲ့ ပြတဲ့အခါ Audience တွေက စာဖတ်ဖို့ လာတာ မဟုတ်ပါဘူး။ မိမိရဲ့ တင်ဆက်မှု၊ သရုပ်ဖော်ပြသမှု နဲ့ ရှင်းလင်းမှုကို လာရောက် ကြည့်ရှုတာ ဖြစ်ပါတယ်။ အဲ့ဒီအချိန်မှာ ကိုယ်က Slide Show က စာလုံးတွေ အရမ်း သေးနေလို့ ကျနော် ဖတ်ပြမယ် လို့ပြောတာမျိုး။ ပြီးတော့ Slide ကို Zoom ဆွဲပြီး ဖတ်ရှုစေတာမျိုးတို့ လုပ်တာမျိုးတို့က မသင့်တော် ပါဘူး။ မိမိရဲ့ Present ဟာ ဆွဲဆောင်မှု ကျဆင်းသွားမှာ ဖြစ်ပါတယ်။
.
အောင်ခမ်း (ရိုးရာလေး)

ခေတ်သစ်စကားလုံးများ

ခေတ်သစ်စကားလုံးများ
++++++++++++++++++++++++++++++++++++++++++++++
မင်္ဂလာပါ သူငယ်ချင်းတို့ ရေ.................။
မနက်က အပြင်ထွက်တော့ အိတ်ကပ်ထဲ" ဉာဏ်ထွန်း"ဘဲပါတယ်ဗျ..
အိမ်က ဘာမှစားမလာခဲ့တော့ လမ်းထိပ်ကဆိုင်မှာ" သိန်းစိန်" တစ်ခွက်ဝင်ဆွဲလိုက်ရတယ်၊
အဲဒီဆိုင်အထွက်မှာ ဘော်ဒါတစ်ယောက်နဲ့ တွေ့တယ် လက်ထဲမှာလည်း သူ့မိန်းမ ပြုပ်စားဖို့တဲ့ "အောင်သိန်းလင်း " လေးငါးဖူး ကိုင်လို့ ဟဟဟ၊
ဒီကောင်အရင်က အရမ်းသောက်တယ် ၊လူရိုက်တယ် သူ့ နောက်က "သန်းရွေ "တွေ တွေရှိလို့ ပေါ့။
မူးလာရင်ဆိုးတယ် ဟိုလူ့ "အုန်မြင့်" လုပ်မယ် ဒီလူ့ "အုန်းမြင့်" လုပ်မယ်နဲ့ တခါကဆို ကားယူလာပြီး "ဉာဏ်ဝင်း" လုပ်မယ်လုပ်လို့ မနည်းတားရတယ် သူမူးရင် ဘုရားပေါ် "တင့်ဆန်း "စီးလို့ စီး....ကိုယ့်မှာအမြဲတမ်း "ရဲထွဋ် "လိုက်လုပ်နေရတာ ခုတော့လိမ္မာနေပြီ ၊

သီလတွေဘာတွေယူလို့ "ညဏ်ဝင်း "တွေ ဘာတွေလုပ်နေပြီ မြို့ပြင်မှာ ခြံဝယ်ပြီး " ခင်ညွန့် " လုပ်စားနေတယ် ။
သူသေရင်တဲ့ "ခင်ရွှေ "လုပ်ပေးဖို့ တောင်မှာနေသူဗျ၊သူ့ကိုနုတ်ဆက်ပြီးအထွက် အော်.... မေ့တော့မလို့ ကျုပ်မိန်းမ တရုတ်မ မှာတာ သတိရတယ် ညမိုးရွာရင် "ဇော်မင်း"က မသေချာဘူး "ကိုကိုလှိုင် "တစ်ထုပ်လောက်ဝယ်ခဲ့မှာလိုက်တာ မေ့လို့မဖြစ်ဘူး တော်ကြာ "လှဆွေလုပ်ပြီး" လိမ်ဆွဲခံရဦးမယ် ဘာလို့ကြောက်မှာလဲ ချစ်တာဗျ ဘာကျုပ်ကိုများ 'အောင်မင်း"ဘဲ ခုတော့အားနေတယ် ရှစ်ပူး(ဖဲ)မရိုက်တော့ပါဘူး အိမ်သေပြီးအောက်ပြုတ်နဲ့ ဟန်ဆောင်ပြီး လိုက်နေရတာ မလွယ်ဘူးလေ၊ အလုပ်မရှိလို .့ 'အမေစု "သွားကြည့်မလို့ ဗျ၊ အားလုံးကို တာတာနော် ။
----------------------------------------------------------------------- (News of Myanmar အားထပ်တိုးပြင်ဖေါ်ပြသည်)
ဉာဏ်ထွန်း=(၂၀၀၀)
သိန်းစိန်တစ်ခွက်=(နွားနို့ )
သန်းရွေ တွေ နောက်ကွယ်ကမြောက်ပေးနေသူ)
ဦးခင်ညွန့်(အိမ်ဌားစားသူ )
ရဲထွဋ်(ဖါထေး)
အုန်မြင့်=(နယ်လှည့်ပါးရိုက်ပါးရိုက်)
တင့်ဆန်း(ဘုရားပေါ်ဖနပ်စီး)
အောင်သိန်းလင်= ပြောင်းဖူး
ဦးမြင့်လှိုင်(ထမင်းတနပ်လျှောစား)
ဉာဏ်ဝင်း(ပဆိုးလှန်ပြသူ)
ခင်ရွှေ=(ထီးဖြူဆောင်း)
ဇော်မင်းက=(မီးလျှက်စစ်)
လှဆွေ(ဗိုက်လှန်ပြ)
အောင်မင်း(အပြောကောင်းငြိမ်းချမ်းရေး)
ဦးကိုကိုလှိုင်=( ဖယောင်းတိုင်)
အမေစု= (ဘောပွဲ ကြိုက်သူ )

Friday, May 9, 2014

ကမ္ဘာမှာ တန်ဖိုးအကြီးဆုံး ဘောလုံးအသင်းများ

ကမ္ဘာမှာ တန်ဖိုးအကြီးဆုံး ဘောလုံးအသင်းများ
ကမ္ဘာ့ တန်ဖိုးအကြီးဆုံး ဘောလုံးအသင်းဟာ ရီးယဲလ် မက်ဒရစ် ဖြစ်တယ် လို့ Forbes စီးပွားရေး မဂ္ဂဇင်းကြီးက ဖော်ပြ လိုက်ပါတယ်။ စပိန်က ရီးယဲလ် ရဲ့ တန်ဖိုးဟာ ဒေါ်လာ သန်း ၃၄၀၀ ကျော် ရှိတယ်လို့ ဆိုပါတယ်။
ဈေးအကြီးဆုံးအသင်း ၁၀ သင်းထဲမှာ အင်္ဂလိပ်အသင်း ၅ သင်းပါဝင်ပြီး မန်ချက်စတာ ယူနိုက်တက်က နံပါတ် ၃ နေရာရှိပြီး ဒေါ်လာ သန်း ၂၈၀၀ လောက် တန်ဖိုးရှိတယ်လို့ ဖော်ပြပါတယ်။ တခြားအင်္ဂလိပ် အသင်းတွေကတော့ အာဆင်နယ်၊ ချဲလ်ဆီး၊ မန်ချက်စတာ စီးတီး နဲ့ လစ်ဗာပူးလ်တို့ ဖြစ်ပါတယ်။
အသင်းအလိုက် တန်ကြေး
၁။ ရီးယဲလ် မက်ဒရစ် (စပိန်) - ဒေါ်လာ ၃၄၄၀ သန်း
၂။ ဘာစီလိုးနား (စပိန်) - ဒေါ်လာ ၃၂၀၀ သန်း
၃။ မန်ချက်စတာ ယူနိုက်တက် (အင်္ဂလန်) - ဒေါ်လာ ၂၈၁၀ သန်း
၎။ ဘိုင်ယန် မြူးနစ် (ဂျာမနီ) - ဒေါ်လာ ၁၈၅၀ သန်း
၅။ အာဆင်နယ် (အင်္ဂလန်) - ဒေါ်လာ ၁၃၃၀ သန်း
၆။ ချဲလ်ဆီး (အင်္ဂလန်) - ဒေါ်လာ ၈၆၈ သန်း
၇။ မန်ချက်စတာ စီးတီး (အင်္ဂလန်) - ဒေါ်လာ ၈၆၃ သန်း
၈။ အေစီ မီလန် (အီတလီ) - ဒေါ်လာ ၈၅၆ သန်း
၉။ ယူဗင်တပ်စ် (အီတလီ) - ဒေါ်လာ ၈၅၀ သန်း
၁၀။ လစ်ဗာပူးလ် (အင်္ဂလန်) - ဒေါ်လာ ၆၉၁ သန်း

အမှတ်မှားကြတဲ့ သိပ္ပံပညာ

Written by - ဒေါက်တာခင်မောင်ညို

“ဓာတုဗေဒနဲ့ ပတ်သက်လို့သာ ပြောရတာပါ။ ကျွန်တော် မပြောချင်ဘူး ဆရာညိုရေ”

ကိုဘသစ်ထံ ကျွန်တော်ရောက်တော့ သူက ညည်းတွားနေတာကို တွေ့ရတယ်။

“ဘာများပါလဲ”

“သိပ္ပံပညာကို ကျွန်တော်တို့က သစ္စာရှိကြရတယ်။ မှားလို့မရတာတွေ အများကြီးရှိတယ်”

“ဒါပေါ့။ ပညာရပ်ကို သစ္စာဖောက်လို့ မရဘူး။ ၀ိဇ္ဇာဘာသာရပ်မှာတော့ တို့တစ်တွေ့ အငြင်းပွားလို့ ရပေမယ့် သိပ္ပံဘာသာရပ်မှာတော့ မှားလို့မရဘူး။ ဓာတ်လိုက်ရင် ၀န်ကြီးလည်းသေ၊ သမ္မတလည်းသေ။ သူတောင်းစားလည်း သေတာပဲ။ ဒါပေမဲ့ အမှားအချို့ကိုတော့ သည်းခံလို့ ရကောင်းပါတယ်”

“ဟုတ်ကဲ့။ ဂျာနယ်လစ်တွေကတော့ လုပ်တတ်ကိုင်တတ် လာကြတယ်။ သူတို့က ပညာရှင်တွေကို မေးထားတာကို ပြောတာပါ။ အဲဒီ ပညာရှင်တွေကလည်း ဒေါက်တာ (ဆရာဝန်၊ ပါရဂူ) တွေဆိုတော့ အမှားတွေ ပြောလို့မသင့်ဘူး”

“ဘာဖြစ်လို့လဲ”

“သူတို့ ယူထားတဲ့ဘွဲ့တွေဟာ ပညာရဲ့ အထိမ်းအမှတ်တွေလေ။ သူတို့မသိဘဲ ရမ်းသန်းပြောတယ်ဆိုရင် သူတို့ကို အထင်သေးတာနဲ့ မပြီးဘူး။ ပညာကိုလည်း အထင်သေးတာပေါ့။ သူတို့ ပညာသင်ခဲ့တဲ့ကျောင်းတွေ နိုင်ငံတွေကိုလည်း အထင်သေးတော့တာပေါ့။ ခုဟာက “ဒေါက်တာ” ဆိုတဲ့ ဘွဲ့တွေကို ခံယူထားတဲ့လူတွေ ပြောတာတွေပါ”

“သူတို့ သတိထားသင့်ပါတယ်။ သူတို့ပြောတာက ဘာအကြောင်းအရာတွေ ပါလို့လဲ”

“Themos ဆိုတဲ့ ရေနွေးဓာတ်ဘူး အကြောင်းပါ။ မြန်မာတွေ အများစုကတော့ ဓာတ်ဘူးလို့ပြောတဲ့ Themos Flask အကြောင်းနဲ့ ပတ်သက်နေတယ်။ ရေနွေးဓာတ်ဘူးအကြောင်း မှားပြောကြတာပါ”

“ဒီအကြောင်းကတော့ ပညာရှင်တွေရယ်လို့ မဟုတ်ပါဘူး။ အင်တာနက်ထဲဝင်ပြီး Wikipedia လို စွယ်စုံကျမ်းမှာ Themos ဆိုပြီး ရိုက်ထည့်ကာကြည့်လိုက်ရင် ရတာပါပဲ။ အနောက်တိုင်းလို ခေတ်မီတိုးတက်တဲ့ နိုင်ငံရပ်ခြားမှာတော့ ဓာတ်ဘူးအကြောင်းကို မူလတန်း ကလေးကအစ သိပါတယ်။ သူတို့ ဘာတွေပြောလို့လဲ”

“တိတိကျကျ ပြောမှဖြစ်မယ် ဆရာညိုရေ။ ခင်ဗျားကရေးလိုက်ရင် ပြဿနာတက်နိုင်တယ်။ အကြောင်းကတော့ ယခုနှစ် ဧပြီ ၃၀ ရက်ထုတ်တဲ့ နေ့စဉ်သတင်းစာတစ်စောင်မှာ ရေးထားတာပါ။ ခေါင်းစဉ်က “ဓာတ်ဘူးအတွင်း ကြာရှည်ထားသည့် ရေကျက်အေးကို သောက်သုံးခြင်းသည် အန္တရာယ်ဖြစ်စေနိုင်သည်ဟုဆိုသော ယူဆချက် မှားယွင်းနေဟုဆို” ဖြစ်တယ်”

“အဲဒါ မှားလို့လား”

“ဒါမမှားပါဘူး။ သူတို့သုံးယောက် ဆွေးနွေးထားတယ်။ အဲဒီ သူတို့သုံးယောက်လုံးပြောတဲ့ စကားတွေကို နားထောင်ကြည့်ပါဦး။ ဓာတ်ဘူးတွေအထဲမှာ Silver Mirroring လုပ်ထားတာကို ပြဒါးပါတယ်လို့ ပြောနေကြလို့ပါ။ Silver ဆိုတာ Ag ပါ။ ပြဒါး (မာကျူရီ) Hg ပါ။ Ag နဲ့ Hg က တခြားဆီပါပဲ။

“ဒါက မြန်မာတွေ အမှတ်မှားတဲ့ ကိစ္စပါ။ ကြည့်မှန်တွေမှာ Silver Mirroring လုပ်တာကို ပြဒါးသုတ်တယ်လို့ ပြောကြတယ်။ အချို့ စာအုပ်တွေကလည်း ဒီလိုပဲရေးတယ်။ ဒီတော့ ဓာတ်ဘူးမှာလည်း ပြဒါးသုတ်တယ်ပဲ ပြောလေ့ရှိတာကိုး”

“သာမန်လူတွေ အမှတ်မှားတာကိုတောင် ပြန်တည့်ပေးရမယ့် ခေတ်ပါ။ ဒီခေတ်ဟာ ပညာခေတ် (knowledge Age) ပါ။ ဒေါက်တာဆိုတဲ့သူတွေ မှားတာကတော့ ဘယ်လိုပြောရမှန်းတောင် မသိအောင် ဖြစ်နေပါတယ်”

“နေပါဦး။ ဒီသုံးယောက် ဘာတွေပြောလဲဆိုတာကို ရှင်းရှင်းပြောပါဦး”

“ပထမတစ်ယောက် ကျန်းမာရေးဦးစီးဌာနက အကြီးစားပါ။ သူပြောတာက ‘ပြဒါးက ရေနွေးနဲ့ မထိပါဘူး။ အပြင်မှာ သုတ်ထားတဲ့အတွက် ရေကဘယ်လောက်ကြာကြာ အန္တရာယ်ရှိ ရှိပါဘူး’ တဲ့”

“ဒုတိယ တစ်ယောက်ကရော”

“သူက ‘ဒီလိုညသိပ် ရေနွေးသောက်လို့ အဆိပ်ဖြစ်ပြီး အစာအိမ်ထိခိုက်တာကတော့ ရေနွေးဓာတ်ဘူးထဲမှာ မာကျူရီဓာတ်တွေ၊ ပြဒါးဓာတ်တွေ အများကြီးပါလို့ ဖြစ်တာ’ တဲ့”။

“သြော်သြော်။ ဖြစ်ရလေ။ နောက်တစ်ယောက်က ဘာပြောလဲ”

“သူက ‘ဓာတ်ဘူးတွေမှာ မာကျူရီဓာတ် ၁၅ 15 ppb ပဲရှိရင် ဓာတ်ပြုဖို့ အင်မတန် နည်းပါတယ်။ လက်ဖက်ခြောက်ခတ်တဲ့ ရေနွေးထည့်ရုံနဲ့ စိုးရိမ်စရာ မရှိဘူး။ အက်စစ်တွေ ဗေ့တွေသုံးမှ မာကျူရီက ဓာတ်ပြုတာ။ ရေနွေးအဖြူဆိုရင် ပိုတောင်မဖြစ်ဘူး’ လို့ ပြောသွားတယ်”

“အင်း သူတို့သုံးယောက်တောင်ပြောတော့ ကျွန်တော်သိထားတဲ့ (Knowledge) တောင် ဘယ်ပျောက်သွားမှန်း မသိတော့ဘူး”

“ဖော်ပြထားတဲ့ ဓာတ်ဘူးပုံကို ကြည့်ပါ”

“ဖန်ဘူးဟာနှစ်ထပ်။ လေဟာနယ် လုပ်ထားတယ်။ အထဲမှာ (Silvered) လုပ်ထားတယ်။ ကြည့်မှန်လိုပါပဲ။ ဒါကြောင့် ပြဒါးသုတ်ထားတယ်လို့ အမှတ်မှားကြတာပါ”

“ကြည့်မှန်လည်း (Silvered) လုပ်ထားတာပဲ မဟုတ်လား။ မြန်မာတွေကသာ ပြဒါးသုတ်ထားတယ် ပြောတာလေ။ ပြဒါးက ဒီလိုသုတ်လို့ မရဘူး။ အငွေ့ပြန်ကုန်မှာပေါ့။ ပြီးတော့ (Silvered) လို့ နိုင်ငံခြားကလာတဲ့ မှန်တွေမှာ ရေးထားတယ်”

“ကျွန်တော်က တက္ကသိုလ်မှာ အနှစ် ၂၀ ကျော် ဆရာလုပ်ခဲ့ပါတယ်။ ကျောင်းသားတွေကိုလည်း ဒီလို Silver Mirror Test ကို အကြိမ်ပေါင်းများစွာ လုပ်ပြခဲ့ဖူးတယ်။ အထူးသဖြင့် အင်္ဂလန်မှာရှိစဉ်က ခရစ္စမတ် လက်ဆောင်ပေးတဲ့အခါ အလကားရတဲ့ အရက်ပုလင်းခွံ လှလှတွေကို (Silvered) လုပ်ပြီး မီးအုပ်ဆောင်းအတွက် ဒါမှမဟုတ် ပန်းအိုးထိုးကာ လက်ဆောင်ပေးတယ်။ သူငယ်ချင်းတွေလည်း လာတောင်းကြတယ်။ ခုလောလောဆယ် Peru မှာကျောင်း ဆရာလုပ်နေတဲ့ မြန်မာပြည်သူ Alan တင်ဝင်းနဲ့ အတူလုပ်ကြတာပါ”

“ဒါကတော့ ရှင်းပါတယ်။ ဓာတ်ဘူးမှာ ပြဒါးမပါတဲ့အတွက် ပြဒါးဆိပ် မသင့်ဘူးဆိုတာကို ရှင်းရှင်းသိအောင်တော့ ပြည်သူတွေကို အသိပေးဖို့ လိုတာပေါ့”

“မှန်ပါတယ်။ ဒါကြောင့်လည်း ကျွန်တော်တို့ဒါကို ဆရာညို့ကို ရေးစေချင်တာပါ။ ကျွန်တော်တို့ တစ်ခါကလည်း ဖြစ်ဖူးတယ်။ အဲဒါက နိုင်ငံခြားကုမ္ပဏီတစ်ခုက ခဲတံကြော်ငြာတော့ သူတို့ခဲတံတွေဟာ ခဲဆိပ်မသင့်ဘူးဆိုပြီး ကြော်ငြာတယ်”

“ဒါကတော့ ဘယ်ခဲတံမဆို ခဲဆိပ်သင့်စရာ မရှိပါဘူး”

“ဟုတ်ပါတယ်။ ခဲတံတွေရဲ့ ခဲဆန်တွေဟာ Graphite နဲ့လုပ်ထားတာပါ။ ခဲ (Lead) မပါဘူး။ ဒါပေမဲ့ အားလုံးက ခဲဆန်တွေကို ခဲ (Lead) လို့ပဲ ခေါ်ကြတာကိုး။ အမှတ်မှားကြတာပေါ့”

“ကျွန်တော်ကတော့ ပညာရှင်များကို မေတ္တာရပ်ခံချင်တယ်။ တတ်နိုင်သမျှ အမှားတွေကို မပြောကြပါနဲ့။ အမှားစကားကို အမှီပြုပြီး လိမ်ညာစားသောက်သူတွေက လူထုကို လှည့်ဖြားကြလို့ပါပဲ။ အကြောင်းအရာ တစ်ခုကို တတ်နိုင်သမျှ လေ့လာကြပါ။ Little knowledge is dangerous. ဆိုတာ ကြားဖူးတယ် မဟုတ်လား”

“ခင်ဗျားပြောဖူးတဲ့ Integrity ဆိုတဲ့စကားဟာ Little knowledge is dangerous. ဆိုတာနဲ့ ဆန့်ကျင်ဘက်ဆိုတာ သဘောပေါက်ပါတယ် ကိုဘသစ်ရယ်။ ကျွန်တော်တို့ဟာ Integrity ဆိုတဲ့ အပြည့်အ၀ တတ်သိဖို့ အရေးကြီးတယ်”

“မှန်ပါတယ်။ သင်္ဘောအကြီးကြီးမှာ အပေါက်သေးသေးလေးဟာ အရေးမကြီးဘူးလို့ မထင်ပါနဲ့။ ဒါဟာ Integrity နဲ့ ဆိုင်တာကို သတိရကြဖို့ပါ”

Eleven Media Group

အမေရိကန်လူမျိုးရဲ့ ဦးနှောက်

အမေရိကန်လူမျိုးရဲ့ ဦးနှောက်
___________________
သင်ယူခြင်း = စာမေးပွဲဖြေဆိုခြင်းမဟုတ်ပါဘူး
(၁) တကယ်လို့ သင်ဟာ သိပ္ပံ၊ အင်ဂျင်နီယာကျောင်းသားဆိုရင် သမိုင်းစာပေ၊ ဒဿနစာပေတွေကိုလည်း ဖတ်ပါ။ တကယ်လို့ သင်ဟာ စာပေ အနုပညာကျောင်းသားဆိုရင် သချာင်္၊ ရူပ၊ ဓာတုဘာသာရပ်တွေကိုလည်း လေ့လာပါ။ အကြောင်းက လူမဆန်တဲ့သိပံ္ပပညာရှင်တစ်ဦးဟာ ကြောက်စရာကောင်းတဲ့ အရှုးမို့ပါ။ နေအဖွဲ့အစည်းအပြင် တခြားမရေမတွက်နိုင်တဲ့ ကြယ်စုတွေရှိတယ်ဆိုတာကိုမသိတဲ့ ကဗျာဆရာတစ်ဦးဟာ အသိပညာမဲ့တဲ့မျက်ကန်းမို့ပါ။
(၂) စာကြည့်တိုက်နဲ့ လက်တွေ့စမ်းသပ်ခန်းတွေဟာ အခမဲ့ပါ။ ဒါကြောင့် စီးပွားရေးအမြင်နဲ့ပြောရရင် စာကြည့်တိုက်၊ လက်တွေ့စမ်းသပ်ခန်းတွေကို သင်မသုံးရင်၊ သင်မလာရင် ဒါဟာ သင်ရဲ့ဆုံးရှုံးနစ်နာမှုပါ။ ဒါကို သေချာမှတ်ထားပါ။
(၃) ကျောင်းသားတွေနဲ့ များများပြောဆိုဆက်ဆံဆွေးနွေးပါ။ ကိုယ်အမှန်တကယ်တွေးတောနေတဲ့ အတွေးတွေကို ထုတ်ဖော်ပြောပါ။ တိုက်မိ၊ ထိမိမှ မဟာ့အသိဉာဏ်ပညာတွေ ထွက်ပေါ်လာရတာပါ။
(၄) သင်ယူခြင်းဆိုတာ ဘာလဲဆိုတာကို သဘောပေါက်နားလည်ထားရပါမယ်။ လူ့ဘဝက တိုတောင်းပါတယ်။ ကောင်းမွန်တာတွေအားလုံးကို သင်တွေ့ကြုံခံစားချင်မှ ခံစားရပါတယ်။ သင်ယူခြင်းက သင်မတွေ့ကြုံ မခံစားဖူးတာကို ခံစားတွေ့ကြုံစေနိုင်ပါတယ်။ ဒါကြောင့် သင်ယူခြင်းက အရေးကြီးပါတယ်။ ဒါပေမယ့် အမှန်တကယ် လက်တွေ့ရှင်သန်ရေးက ပိုအရေးကြီးပါတယ်။ အယူအဆတိုင်းက ဘက်လိုက်မှုရှိပါတယ်။ ဒါကြောင့် အယူအဆသဘောတရားကိုပဲ လေ့လာသင်ယူပါ၊ တပြိုင်နက်တည်းမှာပဲ အဲဒီအယူအဆသဘောတရားကို သံသယရှိပါ။ တကယ်လို့ ထမင်းစားဗိုက်ဝဖို့အတွက်ပဲ သင်တက္ကသိုလ်တက်တယ်ဆိုရင် KFC သွားပြီး ဆိုင်ဝန်ထမ်းသွားလုပ်တာက ပိုကောင်းပါလိမ့်မယ်။ အမှန်တရားကိုရရှိဖို့က ထမင်းစားဗိုက်ဝဖို့အတွက်ပဲ မဟုတ်ရပါဘူး။
(၅) ကျောင်းဝင်းထဲမှာ လမ်းလျှောက်တုတ်တွေ (Walking stick)မရှိပါဘူး။ အတိုင်ပင်ခံပုဂ္ဂိုလ်တွေပဲရှိပါတယ်။ အားထုတ်ပြီး သင် "နို့မညှစ်"ရင်၊ ဘယ်ပါမောက္ခ၊ ဘယ်ဆရာကမှ အပင်ပန်းခံပြီး သင့်ကို"နို့လာတိုက်"မှာ မဟုတ်ပါဘူး။
(၆) ဟောပြောစွမ်းရည်တွေ ရှိပါစေ။ လူရှေ့သူရှေ့မှာ ကိုယ်ဆန်းစစ်လေ့လာထားတဲ့အရာကို ထုတ်ဖော်မပြောတတ်ရင် အဲဒီလူဟာ အရည်အချင်းမမီသူပါ။ လူဆိုတာ ကိုယ်ဆိုလိုချင်တာကို ထုတ်ဖော်ပြောတတ်ရပါတယ်။ ဒီလိုမှမဟုတ်ရင် သူဟာ စွမ်းအင်ထည့်ဂဏန်းတွက်စက်တစ်လုံးနဲ့ အတူတူပါပဲ။
မူရင်းရေးသားပြုစုသူ -- Fāng mù (方牧)
မူရင်း -- ၂ဝ၁၁ခုနှစ် အမှတ်စဉ် ၁ဝ မေလထုတ် Readers မဂ္ဂဇင်းမှ
နိုင်းနိုင်းစနေ (May. 8. 2014)

Wednesday, May 7, 2014

မိဘတွေဖတ်ဖို့

မိဘတွေဖတ်ဖို့


ကလေးတွေ ကို ဘာတွေးရမယ်ဆိုတာထက်
ဘယ်လို တွေးသင့်တယ်ဆိုတာကိုသာ သင်ပေးပါ
ကလေးတွေကို ငွေအများကြီးရှာရမယ်ဆိုတာထက်
ငွေရဲ့အသုံးဝင်ပုံနဲ့တန်ဖိုးကို သာသင်ပေးပါ
ကလေးတွေကို မုန့်ဖိုးအများကြီးပေးလိုက်တာထက်
အရာဝထ္ထုတွေရဲ့တန်ဖိုးကိုသာ သင်ပေးပါ
ကလေးတွေကိုအမှားတစ်ခုလုပ်မိတဲ့အခါ ရိုက်နှက်ဆုံးမတာထက်
အဲ့ဒီအမှားရဲ့ နောက်ဆက်တွဲအကျိုးတွေကို သေချာရှင်းပြပေးပါ
ကလေးတွေကို မျက်ရည် မကျပါစေနဲ့
သဘာဝတရားရဲ့ လှပမှုကို ချစ်တတ်အောင်သာ သင်ပေးပါ
ကလေးတွေကို ကလဲ့စားချေခြင်းနဲ့အမုန်းတရားတွေထက်
ခွင့်လွှတ်သည်းခံခြင်းနဲ့ ချစ်ခြင်းမေတ္တာကိုသာသင်ပေးပါ
ကလေးတွေကို အတန်းပညာတွေထက်
အသိပညာ နဲ့ ဆင်ခြင်တုံတရားကို သင်ပေးပါ
ကလေးတွေကို အဆင်ပြေချောမွေ့ခြင်းတွေချည်းပဲမပေးပါနဲ့
လောကဓံရဲ့ခက်ထန်ကြမ်းတမ်းမှုကိုနားလည်အောင် ထိတွေ့ပေးပါ
ကလေးတွေကို သူတို့အလို အလိုလိုက်ခြင်းထက်
သူတို့လိုချင်တာဟာ တန်ဖိုးရှိမရှိဆိုတာကိုသာ သင်ပေးပါ
“ ပျော့ညံ့တယ်ဆိုတာ အရှုံးပေးလိုက်ုတာမဟုတ်ပါဘူး
လိုချင်တဲ့အရာကို ပုံသွင်းယူခြင်းတစ်မျိုးပါပဲ ”
ကလေးတွေကို ချစ်တယ်ဆိုပြီး မနှစ် ပစ်လိုက်ပါနဲ့
တခါတခါ မိဘတွေရဲ့ ရူးရူးမိုက်မိုက်အချစ်ကြောင့်
ပေါ့ပေါ့နေ ပေါ့ပေါ့စား “ နစ် ” သွားရတဲ့ကလေးတွေအများကြီးရှိပါတယ် ။
သက်တန့်ချို