ဒီခွေးရဲ့နာမည်ကို ကျွန်တော်တို့က Browny လိုခေါ်တယ်။ ကျွန်တော်နေပြည်တော်ရောက်ခါစက အမေကျွေးမွေးထားတဲ့ ခွေးအမ တစ်ကောင်က မွေးတဲ့ ခွေးလေး ၅ ကောင်ထဲက နောက်ဆုံးကျန်တဲ့ တစ်ကောင်ပေါ့ တစ်နှစ်အတွင်းမှာပဲ သူ့ကိုမွေးတဲ့ခွေးမကြီးအပါအဝင် အားလုံးအဆိပ်နဲ့သေကုန်တာ ကျွန်တော့်မျက်စိရှေ့တင်ပဲ သူတစ်ကောင်ရယ် နောက်ခွေးမလေးတစ်ကောင်ရယ်ပဲကျန်ခဲ့တယ်။ ဒီကောင်ကလည်း အဆိပ်နည်းနည်းမိတုန်းက သေပြီတောင်ထင်တာနည်းပြန်ကုထားပင်မဲ့ သူ့မှာကြောက်စိတ်ဝင်ပြီး သူ့ထက်အကောင်သေးတဲ့ ခွေးမကို ကြောက်လိုက်တာတုန်နေတာပဲ၊ ကျန်တဲ့အချိန်မှာ သူတို့ ၂ ကောင်က အေးအေးဆေးဆေးပဲ အဓိကအချိန်က အစာကျွေးချိန်မှာပါ အမကောင်က သူ့ကိုအရမ်းအနိုင်ကျင့်တော့ အစာကိုမနည်းခွဲကြွေးရတယ်၊ နောက်တော့ ခွေးမလေးက အချိန်အခါမဟုတ် ခွေးလေးတစ်ကောင်တည်းမွေးတယ်ဗျ။ အဲ့ဒီခွေးပေါက်လေးကလည်း ၂ ပက်လောက်ပဲ အသက်ရှင်လိုက်တယ်။ သေပြန်ရော။အဲဒီမှာ ခွေးမကပြန်ပြီးအနိုင်ခံရတော့တာပဲ။အဲဒီမှာ ကျွန်တော်သိလိုက်တာ ခွေးနဲ့လူနဲ့ တူနေတဲ့အချက်ပါ။ တချို့ချို့သောလူတွေ ကျွန်တော်နဲ့တွေ့ဘူးတဲ့လူတွေမှာ သူတို့ငယ်ငယ်ကခံခဲ့ရတဲ့ သူတို့မကြေနပ်ခဲ့တဲ့ ကိစ္စတွေကို သူတို့အသက်ကြီးလာပြီး ရာထူးတွေကြီးလာတဲ့အခါမှာ အလားတူပြန်လည်ပြုမူတာမျိုး ကျွန်တော်ကိုယ်တွေ့ကြုံခဲ့ရပါတယ်။
ကျွန်တော်နောက်နောင်လည်း စာတွေအလျည်းသင့်သလိုရေးပါအုံးမယ် ကျွန်တော့စာတွေက တချို့တွေရဲ့အမြင်မှာရိုင်းချင်ရိုင်းပါလိမ့်မယ် လူကြီးတွေအမြင်မှာပေါ့ ဒါပင်မဲ့ ကျွန်တော့ရဲ့ ရည်ရွယ်ချက်က လူငယ်တွေအတွက်ပါ သူတို့က တချိန် လူကြီးဖြစ်လာတဲ့အခါ ကျွန်တော်မွေးထားတဲ့ ခွေလိုမျိုးမပြုမူဖို့ သတိထားမိမယ်ဆို ကျွန်တော့ဆိုလိုရင်းပါပဲ
စာများများဖတ်နိုင်ဖို့ခက်တယ်
ဖတ်သမျှစာကို နားလည်နိုင်ဖို့ ပိုခက်တယ်
ဖတ်သမျှစာကို နားလည်စွာနဲ့မှတ်မိဖို့ ပိုခက်တယ်
ဖတ်သမျှစာကို လက်တွေ့အသုံးချနိုင်ဖို့က လူတိုင်းမလုပ်နိုင်လောက်အောင်
ခက်တယ်..
ဒါကြောင့်
ဖတ်သမျှစာတိုင်းကို နားလည်စွာနဲ့မှတ်မိပြီး ပြန်အသုံးချနိုင်တဲ့ သူဖြစ်နိုင်ပါစေလို့
ဆန္ဒပြုရင်း